fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရင်သားပြုပြင်တော့မယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအရင်းများ

259
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/06/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးတယောက်ရဲ့ အလှအပစွဲဆောင်မှု အချက်တွေထဲမှာ ရှိသင့်ရှိထိုက်တဲ့ ရင်၊ တင် အရွယ်အစားရှိခြင်းဟာလည်း အချက်တခုအနေနဲ့ပါပါတယ်။

အမျိုးသားအများစုအနေနဲ့ ရင်၊ တင် ဖွံ့ဖြိုးပြီးကြီးတဲ့ အမျိုးသမီးတွေကို ပိုမိုနှစ်ခြိုက်သဘောကျလေ့ရှိကြပါတယ်။

စစ်တမ်းတွေအရလည်း ရင်တင် ဖွံ့ဖြိုးပြီး ကြီးတဲ့အမျိုးသမီးတွေ အများစုဟာ မိမိကိုယ်မိမိ အလှအပဆိုင်ရာ ယုံကြည်မှုပိုရှိပြီး ဆန့်ကျင်ဘက်လိင်ကို ပိုမိုစွဲဆောင်နိုင်စွမ်းရှိကြောင်း သိရပါတယ်။

ဒီဘက်ခေတ်မှာ မော်ဒယ် မင်းသမီး တချို့က မိမိရဲ့ ရင်အရွယ်အစား၊ တင်အရွယ်အစားတွေ ဘယ်လောက်ရှိလဲဆိုတာကို ဖေ့ဘွတ်ပေါ်မှာ မသိမသာ ပုံတင်ကြွားလေ့ရှိပါတယ်။

ထို့အတူ တချို့သာမန်အမျိုးသမီးတွေလည်း အဲ့လိုမျိုးလိုက်လုပ်ကာ အချင်းချင်းမသိမသာ ပြိုင်ဆိုင်လေ့ရှိပါတယ်။

အဲ့လိုလုပ်တိုင်းလည်း ပုရိသအများစုရဲ့ အာရုံစိုက်ခြင်း အားပေးခြင်းကို ခံရပါတယ်။

ဒီလိုအချက်တွေကို အားကျပြီး ရင်သားအရွယ်အစားသေးငယ်တဲ့ အမျိုးသမီးအချို့အနေနဲ့ မိမိရဲ့ရင်သားအရွယ်အစားကို နဂိုရှိတာထက် ပိုပြီးကြီးထွားလာချင်ကြပါတယ်။

ဟိုးအရင်ခေတ်တွေတုန်းကတော့ ကျွန်တော်တို့နိုင်ငံမှာ ရင်သားကြီးထွားအောင် လုပ်ဖို့ဆိုရင် စားဆေး၊ လိမ်းဆေးကိုပဲ သုံးလေ့ရှိပါတယ်။

ဒီဘက်ခေတ် ၂၁ ရာစုမှာတော့ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ ကျွန်တော်တို့ဆီမှာ တဖြည်းဖြည်းနဲ့ ပိုပိုခေတ်စားလာပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ရင်သားခွဲစိတ်ပြုပြင်ခြင်း အကြောင်းကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။

ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုရင် အများစုအနေနဲ့က ဆီလီကွန် ရင်သားတုထည့်တယ်ဆိုတာကိုပဲ အသိများကြပါတယ်။

တကယ်တော့ ရင်သားခွဲစိတ်ပြုပြင်ရာမှာ ဆီလီကွန်ရင်သားတု (Silicone filled implant) ရှိသလို အရည်အိတ်ရင်သားတု (Saline filled implant) လည်းရှိပါတယ်။

ဒါ့အပြင် ကွန်ပို့စစ်ရင်သားတု (Composite filled implant) လည်းရှိပါတယ်။

ဒီသုံးမျိုးထဲမှာမှ ဆီလီကွန်ရင်သားတု (Silicone filled implant)၊ အရည်အိတ်ရင်သားတု (Saline filled implant) ထည့်ခြင်း နှစ်မျိုးကိုပဲ အသုံးများပါတယ်။

Composite implant ကိုတော့ လေ့လာမှုတွေအရ ကျန်းမာရေးဆိုးကျိုးများတဲ့အတွက် အခုခေတ်မှာ မသုံးတော့ပါ။

ရင်သားပြုပြင်ခွဲစိတ်မှု ခံယူတဲ့ အမျိုးသမီးတိုင်းကို ရင်သားကြီးချင်လို့ လုပ်တယ်ပဲ လို့ ပုံသေမှတ်လို့မရပါဘူး။

– ရင်သားကင်ဆာဖြစ်လို့ ရင်သားဖြတ်ထုတ်လိုက်ရတဲ့ အမျိုးသမီးတွေ

– မွေးရာပါ ရင်သား ဘယ်ညာမညီတဲ့ အမျိုးသမီးတွေ

– အကြောင်းကြောင်းကြောင့် ရင်သားပုံပျက်သွားတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားပြုပြင်ခွဲစိတ်မှု ခံယူကြလေ့ ရှိပါတယ်။

အမျိုးသမီးတွေပဲ ရင်သားခွဲစိတ်ပြုပြင်မှု ခံယူတာ မဟုတ်ပါဘူး။ မိန်းမလျာအချို့လည်း ရင်သားခွဲစိတ်ပြုပြင်တာ လုပ်ကြပါတယ်။

ရင်သားခွဲစိတ်ပြုပြင်မှု ခံယူရာမှာ အရည်အိတ်ရင်သားတု (Saline filled implant ) ထည့်ခြင်းကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လုပ်နိုင်ပြီး ဆီလီကွန်ရင်သားတု (Silicone filled implant) ထည့်ခြင်းကိုတော့ အသက် ၂၂ နှစ်ပြည့်ပြီးမှသာ လုပ်နိုင်ပါတယ်။

ရင်သားခွဲစိတ်ပြုပြင်မှုလုပ်တာကို အကြမ်းဖျင်းခြုံပြောရရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခွဲစိတ်မှု ခံယူမယ့်သူဆီက သဘောတူညီကြောင်း လက်မှတ်ရပြီးနောက် ဆရာဝန်က မေ့ဆေး သို့မဟုတ် ထုံဆေးသုံးပြီး ရင်သားအောက်နဲ့ လက်မောင်းအောက်နေရာ၊ သားမြတ်နို့သီးခေါင်း နေရာတဝိုက်ကနေ ခွဲကြောင်းပေးခွဲပါတယ်။ အများအားဖြင့်တော့ မေ့ဆေးသုံးလေ့ရှိတတ်ပါတယ်။

ထို့နောက် မိမိထည့်ချင်တဲ့ မိမိနဲ့သင့်တော်မယ့် ရင်သားတုအမျိုးအစား အရွယ်အစားကို ထည့်ပေးပါတယ်။

ထို့နောက် ခွဲထားတဲ့အရာအတိုင်း ပြန်ချုပ်ပါတယ်။ ကြာချိန်အနေနဲ့ တနာရီကနေ နှစ်နာရီ အထိ ကြာနိုင်ပါတယ်။

ခွဲစိတ်ကုသပြီးနောက် ရက်အနည်းငယ်လောက် အနားယူပြီးတာနဲ့ အလုပ်ခွင် ပြန်ဝင်နိုင်ပါတယ်။ နို့တိုက်မိခင်တွေဆိုရင်လည်း ကလေးကို နို့တိုက်လို့ရပါတယ်။

ဒါပေမယ့် အလေးအပင်မတာ တွေကိုတော့ ခွဲစိတ်ပြီးနောက် ၄၅ ရက်အထိ ရှောင်ဖို့လိုပါတယ်။

ရင်သားခွဲစိတ်ပြုပြင်မှုရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေအနေနဲ့ကတော့

– ခွဲစိတ်မှုဖြစ်တဲ့အတွက် မေ့ဆေး၊ ထုံဆေး အန္တရာယ်ရှိတာ

– ခွဲပြီးနောက်မှာ ရင်သားနဲ့ နို့သီးခေါင်းနေရာမှာ ခံစားမှုပြောင်းလဲတာ

– ရင်သားနာတာ

– ပိုးဝင်တာ

– သွေးထွက်တာ

– အမာရွတ်ဖြစ်တာ

– တဖက်နဲ့ တဖက်မညီတာ စတဲ့ဆိုးကျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်။

လူတိုင်းဖြစ်မယ်လို့တော့မဆိုလိုပါ။

ဒါတွေအပြင် ထည့်တဲ့ ရင်သားတုပေါက်တာမျိုး လည်းဖြစ်နိုင်ပါတယ်။

ရင်သားတုပေါက်တယ်လို့ပြောရင် တချို့တွေအနေနဲ့က လေယာဉ်စီးလို့ အမြင့်ရောက်တဲ့အခါ ဖိအားအပြောင်းအလဲဖြစ်ပြီး ရင်သားပွင့်ထွက်တာမျိုးကို မျက်စိထဲသွားမြင်တတ်ကြပါတယ်။

တကယ်တော့ ရင်သားတုထည့်ထားလည်း လေယာဉ်စီးလို့ရပါတယ်။ ဖိအားအပြောင်းအလဲကြောင့် ပေါက်တာမျိုးဖြစ်လေ့မရှိပါ။

ရင်သားတုထည့်ထားပြီး အာကာသထဲသွားတဲ့ အမျိုးသမီးအာကာသယာဉ်မှူးလည်း ရှိပါတယ်။ ဘာမှမဖြစ်ပါ။

ဒါ့အပြင် ရင်သားတုပေါက်ခဲ့တယ်ဆိုရင်တောင် အများထင်သလို ရင်သားပွင့်ထွက်တာမျိုး မဖြစ်ပါဘူး။ ရင်သားအတွင်းထဲမှာပဲ ရင်သားတုထဲမှာထည့်တဲ့ ပစ္စည်းတွေ စိမ့်ထွက်တာပါ။

ဆီလီကွန်ရင်သားတုပေါက်ရင် ရင်သားတုထဲမှာထည့်တဲ့ ဆီလီကွန်ဂျယ်တွေစိမ့်ထွက်ပြီး အရည်အိတ်ရင်သားတုပေါက်ရင် ရင်သားတုထဲမှာထည့်တဲ့ ဆားရည်တွေစိမ့်ထွက်ပါတယ်။

အရည်အိတ်ရင်သားတု (Saline filled implant) ပေါက်ရင် ရင်သားဟာ သိသိသာသာပိန်ကျသွားတဲ့အတွက် ပေါက်လို့ပေါက်မှန်း သိသာပါတယ်။ ဒါ့အပြင် ပေါက်လို့ထွက်တဲ့ဆားရည်ကိုလည်း ခန္ဓာကိုယ်က စုပ်ယူနိုင်တဲ့အတွက် ကြီးမားတဲ့အန္တရာယ်မဖြစ်တတ်ပါဘူး။

ဆီလီကွန်ရင်သားတု (Silicone filled implant) ပေါက်တဲ့အခါမှာတော့ သိသိသာသာ ရင်သားပိန်ကျသွားတာ မရှိတတ်တဲ့အတွက် ပေါက်လို့ပေါက်မှန်းမသိရတတ်ပါ။

ဒါ့အပြင် ပေါက်လို့ထွက်လာတဲ့ ဆီလီကွန်ဂျယ်တွေကို ခန္ဓာကိုယ်က ပြန်မစုပ်ယူနိုင်တဲ့အတွက် ပေါက်လို့ထွက်လာတဲ့ ဆီလီကွန်ဂျယ်တွေက ရင်သားတစ်သျှူးတွေနဲ့ထိတွေ့တာ ကြာလာရင် ကင်ဆာဖြစ်စေနိုင်တတ်ပါတယ်။

ဒါကြောင့် ရင်သားခွဲစိတ်ကုသမှုခံယူပြီး ရင်သားတုထည့်ထားတဲ့သူတွေဟာ ရင်သားတုပေါက်နေသလား ပုံမှန်ပဲလားသိရအောင် ၂ နှစ်တကြိမ် ပုံမှန် MRI (သံလိုက်ဓါတ်မှန်) ရိုက်ကြည့်ဖို့လိုပါတယ်။

ရိုးရိုးရင်သားဓါတ်မှန် (Mammogram) ရိုက်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ရိုးရိုးရင်သားဓါတ်မှန်က ရင်သားတုထည့်ထားလို့ရိုက်ရင် သေချာမမြင်ရလို့ပဲဖြစ်ပါတယ်။

Dr 528

Previous Post

ငရုတ်သီးစားခြင်းရဲ့ ကောင်းကျိုး ၈ ပါး

Next Post

ဘယ်လိုအပူလောင် ဒဏ်ရာမျိုးက စိုးရိမ်ရသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘယ်လိုအပူလောင် ဒဏ်ရာမျိုးက စိုးရိမ်ရသလဲ

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

တင်ပဆုံခွက်နေရာမှာ နာတဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.