fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မိခင်ရော ကလေးပါ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း

35
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/06/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိခင်ရော ကလေးပါ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း

ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာဟာ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတဲ့သူမှာ ဝက်ရူးပြန်ရောဂါလို ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတွေ၊ သွေးတွင်းအချိုဓါတ်ကျတာတွေ စတဲ့ တက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေမရှိဘဲ ရုတ်တရက်ပစ်လဲပြီး ဆန့်ငင်ဆန့်ငင်ဖြစ်ကာ အမြှပ်တစီစီနဲ့ တက်တာဖြစ်ပါတယ်။

ဆေးပညာအရတော့ Eclampsia လို့ခေါ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်တာဟာ အရေးပေါ်အခြေအနေဖြစ်ပြီး မိခင်အသက်အန္တရာယ်ရော ကလေးအတွက်ရော စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။

လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်မိခင်တွေ သေဆုံးရခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ဒုတိယအဖြစ်များဆုံးနေရာမှာ ပါပါတယ်။

ကိုယ်ဝန်ဆိပ်တက်တဲ့အခါမှာ ချက်ချင်း နီးစပ်ရာဆေးရုံကို ပိုဖို့လိုပါတယ်။

ဆေးရုံရောက်လို့ တက်နေတဲ့ အခြေအနေ၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း စတာတွေကို တည်ငြိမ်အောင် ထိန်းချုပ်ကုသပြီးပြီဆိုတာနဲ့ ကိုယ်ဝန်ဘယ်နှစ်လဖြစ်ဖြစ် အသက်ရှင်နိုင်သည်ဖြစ်စေ မရှင်နိုင်သည်ဖြစ်စေ ချက်ချင်းကလေးကို ခွဲမွေးဖို့လိုပါတယ်။

တကယ်လို့ ကိုယ်ဝန်လအရမ်းနုတာကြောင့် မွေးတဲ့အခါ ကလေးအသက်မရှင်မှာစိုးတဲ့အတွက် ကလေးအသက်ရှင်နိုင်တဲ့ လအထိ အချိန်ဆွဲနေပါက မိခင်ရဲ့ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ မျက်စိ၊ ဦးနှောက်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးမှု ပိုပိုများလာပြီး
လေဖြတ်တာ၊ မျက်စိကွယ်တာ စသဖြင့်ဖြစ်ကာ အသက်အန္တရာယ်စိုးရိမ်ရသလို အဲ့အခါမှာ ကလေးကလည်း အသက်ရှင်ဖို့ မသေချာပါ။

ဒါကြောင့် ပြောရမယ်ဆိုရင် ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ဆုပ်လည်းစူး စားလည်းရူးတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။

လမစေ့ဘဲမွေးရင်လည်း မွေးတဲ့ကလေးက အသက်ရှင်နိုင်ခြေနည်းသလို လမစေ့သေးလို့မမွေးဘဲနဲ့ နေရင်လည်း မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိပြန်ပါတယ်။

ဒီတော့ ဒီလိုအခြေအနေမဖြစ်အောင် အစကတည်းက ကာကွယ်ထားဖို့လိုပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းမဖြစ်ခင် အကြိုအဆင့်မှာကတည်းက ကာကွယ်ကုသမှု ခံယူထားဖို့လိုပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးရာ (Gestational hypertension ဖြစ်ရာ) ကနေ အစပြုတာဖြစ်ပါတယ်။

Gestational hypertension ဟာ ကိုယ်ဝန်အပတ်နှစ်ဆယ်နောက်ပိုင်းမှာ စဖြစ်လေ့ရှိပါတယ်။

သွေးတိုးရာကနေတဆင့် သွားတဲ့ဆီးထဲမှာ အသားဓါတ် (Protein) တွေပါလာတယ်ဆိုရင် (၂၄ နာရီသွားတဲ့ ဆီးထဲမှာ ၃၀၀ မီလီဂရမ် ပါတယ်ဆိုရင်) ကိုယ်ဝန်ဆိပ်တက်ခြင်းအကြိုအဆင့် (Pre-eclampsia) ဖြစ်နေပြီလို့ သတ်မှတ်ပါတယ်။

ဘာလို့ ဒီလိုဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ခုထိသေချာပြောမရသေးပါဘူး။

ဒါပေမယ့် လေ့လာမှုတွေအရတော့ ကိုယ်ဝန်ဆိပ်တက်ခြင်းအကြိုအဆင့် (Pre-eclampsia) ဟာ

– သားဦးကိုယ်ဝန်၊ အမြွှာကိုယ်ဝန်ဆောင်တဲ့ သူတွေ

– ကလေးအမွေးများတဲ့ ကိုယ်ဝန်ဆောင်တွေ

– အသက်ကြီးမှ (၄၀ကျော်မှ) ကိုယ်ဝန်ဆောင်တဲ့ သူတွေ

– အဝလွန်တဲ့ ကိုယ်ဝန်ဆောင်တွေ

– မိသားစုမျိုးရိုးရှိတဲ့ ကိုယ်ဝန်ဆောင်တွေ

– ကိုယ်ဝန်မဆောင်ခင်မှာကတည်းက သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်စတဲ့ ရောဂါအခံရှိတဲ့ ကိုယ်ဝန်ဆောင်တွေ

– ကိုယ်ဝန်ဆောင်စဉ် သွေးတိုးလာတဲ့သူတွေ မှာဆိုရင် အဖြစ်များလေ့ရှိကြောင်း သိရပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်း အကြိုအဆင့် (Pre-eclampsia) ဖြစ်တဲ့အခါမှာ ခေါင်းကိုက်တာ၊ ထိုးအန်တာ၊ အမြင်ဝါးတာ၊ နှစ်ရိပ်နှစ်ထပ်မြင်တာ၊ အလင်းရောင်ပြိုးပြိုးပျက်တွေမြင်ရတာ၊ ဝမ်းဗိုက်အလယ်တည့်တည့်နဲ့ ညာဖက်အပေါ်ပိုင်းနေရာမှာနာတာ၊ ဆီးနည်းသွားတာ၊ ကိုယ်ခန္ဓာ (မျက်နှာ၊ လက်တွေ) သိသိသာသာ ဖောရောင်လာတာ၊ စသဖြင့်ခံစားရတတ်ပါတယ်။

ဒီလိုတွေခံစားရတယ်ဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသပြီး ကိုယ်ဝန်ဆိပ်တက်ခြင်း အကြိုအဆင့် (Pre-eclampsia) ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့ လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေ အနေနဲ့ကတော့ သွေးပေါင်ချိန်တာ၊ ဆီးစစ်တာ၊ သွေးစစ်တာ၊ အာထရာဆောင်းရိုက်တာ စသဖြင့်လုပ်ရနိုင်ပါတယ်။

စစ်ကြည့်လို့ ကိုယ်ဝန်ဆိပ်တက်ခြင်း အကြိုအဆင့် (Pre-eclampsia) ဖြစ်နေတယ်ဆိုရင်တော့ ကုသမှုခံဖို့ လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ သွေးပေါင်ချိန်နဲ့ စမ်းသပ်စစ်ဆေးမှု ရလဒ်တွေအပေါ် မူတည်ပါတယ်။

သွေးပေါင်ချိန်က သိပ်မတက်ဘူး၊ စစ်ဆေးတဲ့ တခြားရလဒ်တွေကလည်း ကောင်းတယ်ဆိုရင် ဆေးရုံတက်ဖို့မလိုပါဘူး။ ဆရာဝန်က ချိန်းတဲ့အကြိမ်အတိုင်း မှန်မှန်သွားပြရင် ရပါတယ်။

ဘာမှ အထွေအထူးမရှိရင် လစေ့တဲ့အထိစောင့်ပြီး မွေးလို့ရပါတယ်။

တကယ်လို့ သွေးပေါင်ချိန်ကလည်း အရမ်းတက်တယ်။ စစ်တဲ့ တခြားရလဒ်တွေကလည်း မကောင်းဘူးဆိုရင်တော့ ဆေးရုံတက်ဖို့လိုပါတယ်။

ဆေးရုံမှာလိုအပ်တဲ့ ကုသမှုတွေပေးပြီး စောင့်ကြည့်ကာ ဆိုးဆိုးဝါးဝါးဖြစ်မလာဘူး ကလေးရောမိခင်ပါ အခြေအနေတည်ငြိမ်တယ်ဆိုရင် ကိုယ်ဝန်အပတ် ၃၇ ပတ်မြှောက်မှာ မွေးပေးပါတယ်။

အခြေအနေသိပ်မကောင်းဘူး၊ ကလေးကကြီးထွားမှုနှေးနေတာမျိုးတွေ ရှိတယ်ဆိုရင်တော့
၃၇ ပတ်ထိမစောင့်ဘဲ သင့်တော်တဲ့အချိန်မှာ မွေးပေးပါတယ်။

တကယ်လို့ အခြေအနေတွေက အရမ်းဆိုးဝါးတယ်ဆိုရင် ချက်ချင်းမွေးရတာမျိုးလည်း ရှိနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ ကိုယ်ဝန်ဆိပ်တက်ခြင်းအကြိုအဆင့် (Pre-eclampsia) လက္ခဏာတွေဟာ ကိုယ်ဝန်ဆောင် အများစုမှာ မပြတတ်ကြတာများပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်း အကြိုအဆင့်ဖြစ်နေပေမယ့်လည်း ကိုယ်ဝန်ဆောင်အများစုဟာ ဘာမှမခံစားရတတ်ကြဘဲ နေလို့ကောင်းနေတတ်ကြပါတယ်။

အဲ့အခါကျ ကိုယ်ဝန်ဆောင်အများစုဟာ မိမိကိုယ်မိမိနေကောင်းတယ်ထင်ပြီး ဆရာဝန်နဲ့လည်းမပြသဘူးဆိုရင် ကိုယ်ဝန်ဆိပ်တက်ခြင်းအကြိုအဆင့် (Pre-eclampsia) ကို ထောက်လှမ်းမသိရှိနိုင်ပါ။

ကိုယ်ဝန်ဆိပ်တက်ခြင်း အကြိုအဆင့် (Pre-eclampsia) ထောက်လှမ်းမမိရင် ကုသမှုလည်းမခံရတဲ့အတွက် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးမှု ပမာဏများခြင်း၊ ကလေးကြီးထွားမှုနှေးခြင်း၊ ကလေးသေဆုံးခြင်း စတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နေလို့ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကိုယ်ဝန်အပ်ထားတဲ့ဆီက ရက်ချိန်းခေါ်တဲ့အတိုင်း မှန်မှန်ပြပြီး သွေးပေါင်မကြာမကြာချိန်ကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။

Dr 528

Previous Post

သွားကျဉ်တာ ပျောက်အောင်

Next Post

လည်ပင်းပေါ်ကအမည်းကွက်တွေ အမြန်ဆုံးပျောက်ကင်းစေမဲ့ အလွယ်ဆုံးနည်းလမ်း ၄ ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
618

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
587
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လည်ပင်းပေါ်ကအမည်းကွက်တွေ အမြန်ဆုံးပျောက်ကင်းစေမဲ့ အလွယ်ဆုံးနည်းလမ်း ၄ ခု

အရက်စကား အမှားများ

ဂေါက်သွားနိုင်သော အဆစ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.