fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါအကြောင်း သိကောင်းစရာ

74
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/06/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ပုံမှန်ဆိုရင် ကျွန်တော်တို့ နေ့စဉ်စားသောက်ရာကနေ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ သွေးထဲမှာ သကြားဓါတ်လွန်ကဲမှု မရှိအောင် မုန့်ချိုအိတ် (Pancreas) ထဲမှာရှိတဲ့ ဘီတာဆဲလ်တွေကနေ အင်ဆူလင် (insulin) ဆိုတဲ့ ဟော်မုန်းထုတ်ပြီး ထိန်းပေးပါတယ်။

ထိုအင်ဆူလင်ဟော်မုန်းဟာ ကျွန်တော်တို့နေ့စဉ် အစားအသောက်တွေ စားသောက်ရာမှ ရရှိလာသော ဂလူးကို့စ် သကြားဓါတ်ကို ခန္ဓာကိုယ်ရှိ ဆဲလ်များအတွင်းဝင်ရောက်စေကာ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ဖို့အတွက် လိုအပ်သောစွမ်းအင်များအဖြစ်ပြောင်းလဲပေးပါတယ်။

အကြောင်းတခုခုကြောင့် မုန့်ချိုအိတ် (Pancreas) ကနေ အင်ဆူလင်ဟော်မုန်း မထုတ်ပေးနိုင်တဲ့အခါ သို့မဟုတ် ထုတ်ပေးနိုင်စွမ်းကျလာတဲ့အခါ သို့မဟုတ် ရှိတဲ့အင်ဆူလင်ကိုကိုယ်ခန္ဓာက ကောင်းကောင်းမသုံးနိုင်တဲ့အခါတွေမှာ ခန္ဓာကိုယ်ရှိဆဲလ်တွေက အစားအသောက်စားရာကနေရတဲ့သကြားဓါတ်တွေကို စွမ်းအင်အဖြစ်ကောင်းကောင်းမသုံးနိုင်တော့တာကြောင့် သကြားဓါတ်တွေဟာ သွေးထဲမှာပိုလျှံလာပါတယ်။

အဲအခါမှာ သွေးထဲမှာသကြားဓါတ်များလာပြီး ဆီးချိုရောဂါဖြစ်လာပါတယ်။

ဆီးချိုရောဂါမှာ

အမျိုအစား ၁ ဆီးချိုရောဂါ(Type 1 Diabetes Mellitus)

အမျိုးအစား ၂ ဆီးချိုရောဂါ(Type 2 Diabetes Mellitus)

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ (Gestational Diabetes Mellitus)

အခြားအကြောင်းတွေကြောင့်ဖြစ်တဲ့ဆီးချိုရောဂါ (DM due to other causes ;e.g pancreatitis and acromegaly) ဆိုပြီးစသဖြင့်အမျိုးအစားတွေရှိပါတယ်။

အဲ့ထဲကမှ  ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ(Gestational Diabetes Mellitus) အကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုတာဟာ ကိုယ်ဝန်မရှိခင်တုန်းက ဆီးချိုမရှိဘဲ ကိုယ်ဝန်ရှိတဲ့အခါမှာမှ သွေးတွင်းသကြားဓါတ်မြင့်လာပြီး ဆီးချိုဖြစ်လာတာကိုဆိုလိုတာပါ။

ဆေးပညာအရတော့ Gestational Diabetes Mellitus လို့ခေါ်ပါတယ်။

အများအားဖြင့် ကိုယ်ဝန် ၂၈ ပတ်လောက်မှာစဖြစ်လေ့ရှိတတ်ပြီး ကလေးမွေးပြီးတဲ့အခါမှာ ကိုယ်ဝန်ဆောင်ချိန်မှာတက်နေတဲ့သကြားဓါတ်ဟာ ပုံမှန်ပြန်ဖြစ်သွားပြီး ရောဂါ သူ့ဘာသာသူပျောက်သွားလေ့ရှိပါတယ်။

သို့သော် လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်စဉ် သွေးတွင်းသကြားဓါတ်မြင့်ပြီး ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်တဲ့အမျိုးသမီးတွေဟာ နောက်ပိုင်းမှာ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာနိုင်ခြေရှိတတ်တယ်လို့ ဆေးပညာရှင်များကပြောထားပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ အချင်းကနေ ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။အချင်းကနေ ထုတ်တဲ့ဟော်မုန်းတွေဟာ သွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေပါတယ်။

မြင့်တက်လာတဲ့သကြားဓါတ်ကို အင်ဆူလင်ဟော်မုန်းက လိုက်ပြီး မထိန်းချုပ်နိုင်တဲ့ ကိုယ်ဝန်ဆောင်သည်တွေဟာဆိုရင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကိုခံစားကြရပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ (Gestational Diabetes Mellitus) ဟာ

  • ကိုယ်အလေးချိန်များ (BMI အညွန်းကိန်း ၃၀ အထက်ရှိ)တဲ့ကိုယ်ဝန်ဆောင်သည်တွေ
  • မိသားစု၊မျိုးရိုးထဲမှာဆီးချိုဖြစ်ဖူးတဲ့သူရှိတဲ့ ကိုယ်ဝန်ဆောင်သည်တွေ
  • အရင်ကိုယ်ဝန်တုန်းကလည်း ကိုယ်ဝန်ဆောင်စဉ်ဆီးချိုတက်ဖူးတဲ့ကိုယ်ဝန်ဆောင်သည်တွေ
  • ၁၀ ပေါင်အထက်ရှိ ကလေးမွေးဖူးတဲ့ကိုယ်ဝန်ဆောင်သည်တွေ
  • ဘာအကြောင်းအရင်းမှရှာမရတဲ့ ကလေးအသေ မွေးဖူးတဲ့ ကိုယ်ဝန်ဆောင်သည်တွေ
  • အသက်ကြီးတဲ့ကိုယ်ဝန်ဆောင်သည်တွေ
  • သားဥအိတ်မှာရေအိတ်လေးတွေအများကြီးရှိတဲ့ရောဂါ (Polycystic Ovarian Syndrome) ရှိတဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာဆိုရင် ဖြစ်နိုင်ခြေပိုများကြောင်းလေ့လာမှုတွေအရသိရပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်တဲ့အခါ ဆီးခဏခဏသွားတာ၊ ရေအလွန်အမင်းဆာလောင်တာ၊ အမြင်အာရုံေ၀ဝါးတာ၊ မောပန်းနွမ်းနယ်တာ၊ မကြာခဏ ဆီးပိုးဝင်ပြီးဖျားတာ ဆီးအောင့်တာ မူမမှန်အဖြူဆင်းတာ စသဖြင့် ခံစားရတတ်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ နီးစပ်ရာဆေးရုံဆေးခန်းပြသပြီး ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိနေတာ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးကြည့်လို့ရှိနေတယ်ဆိုရင်တော့ အချိန်မဆွဲဘဲ သေချာကုသမှုခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဟာ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတိုးတာ၊ ဆီးပိုးခဏခဏဝင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ မွေးတာကလေးက အရွယ်အစားကြီးနေတာကြောင့် မွေးတဲ့အခါ မွေးရခက်တာ၊ ကလေးမှာမွေးရာပါ ချို့ယွင်းမှုတခုခုပါလာတာ၊ မီးတွင်းကာလမှာ မွေးလမ်းကြောင်းပိုးဝင်တာ၊ အနာကျက်နှေးတာ စတဲ့ဆိုးကျိုးတွေကိုဖြစ်စေနိုင်လို့ပါ။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်တဲ့အခါ ကုသမှုအနေနဲ့က ရောဂါအခြေအနေပေါ်မူတည်ပါတယ်။

တချို့တွေမှာဆိုရင် ဆေးထိုးဆေးသောက်ဖို့မလိုဘဲ အစားအသောက်အနေထိုင်ဆင်ခြင်ကာ ဆရာဝန်ညွန်ကြားတဲ့အတိုင်း စားသောက်ပြီး၊ ကိုယ်လက်လေ့ကျင့်မှု လုပ်တာလောက်နဲ့ရတာမျိုးရှိသလို တချို့တွေမှာတော့ စားဆေးထိုးဆေးတွေ သောက်ရထိုးရတာမျိုးလည်းရှိပါတယ်။

အရမ်းဆိုးတဲ့သူတွေမှာဆိုရင် ဆေးရုံတက်ကုသရတာမျိုးတွေလည်းလိုနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့မှာချင်တာကတော့ ကိုယ်ဝန်ဆောင်စဉ်ဆီးချိုတက်ခြင်းဖြစ်တဲ့အခါ ကိုယ်ဝန်ဆောင်အများစုအနေနဲ့က ဆီးချိုတက်ခြင်းရဲ့ရောဂါလက္ခဏာတွေ ဘာမှမခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။

အဲ့အခါမှာ ငါနေကောင်းနေတာပဲဆိုပြီး ဆေးခန်းပြတာ ဆီးချိုတကူးတကစစ်ကြည့်တာမျိုးတွေမလုပ်တော့ ဆီးချိုတက်လို့တက်နေမှန်းမသိ၊ကုသမှုလည်းမရဘဲ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ခြေများပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအားလုံးကို ကိုယ်ဝန် ၂၄ ပတ်နဲ့ ၂၈ ပတ်တွေမှာ ဆီးချိုစစ်ကြည့်ကြဖို့

အထူးသဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေများတဲ့ထဲမှာပါတဲ့သူတွေဆိုရင် ကိုယ်ဝန်စအပ်ကတည်းကကို ဆီးချိုစစ်ကြဖို့ လေးလေးနက်နက် အကြံပေးချင်ပါတယ်။

Author : Dr. 528

Previous Post

ကလေးတွေမှာဖြစ်တတ်တဲ့ လျှာနာခွာနာရောဂါအကြောင်း

Next Post

ငရုတ်ကောင်း၏ ကျန်းမာရေးအသုံးဝင်ပုံများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငရုတ်ကောင်း၏ ကျန်းမာရေးအသုံးဝင်ပုံများ

ဆေးနဲ့ မတည့်တဲ့ဆေး ၊   ဆေးနဲ့  မတည့်တဲ့အစာ

လူသုံးများလာတဲ့ ရာသီခံခွက် (Menstrual cup) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.