fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

လူသုံးများလာတဲ့ ရာသီခံခွက် (Menstrual cup) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

667
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/06/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

လူသုံးများလာတဲ့ ရာသီခံခွက် (Menstrual cup) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

ကျွန်တော်တို့ဆီက အများစုအနေနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းဆိုရင် အီဗာ၊ အန်းလီ၊ ဂွတ်ကဲ စတဲ့ တခါသုံးဂွမ်းထုပ် (Pad) တွေကိုပဲ အသိများကြပါတယ်။

တကယ်တော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေမှာ တခါသုံးဂွမ်းထုပ်အပြင် ပြန်လျှော်သုံးလို့ရတဲ့ရာသီခံဘောင်းဘီ၊ ရာသီခံဖော့၊ Tampon လို့ခေါ်တဲ့ ဂွမ်းအတောင့်၊ Menstrual cup လို့ခေါ်တဲ့ ရာသီခံခွက် စတာတွေလည်းရှိပါသေးတယ်။

အဲ့ဒါတွေထဲကမှ ခုနောက်ပိုင်း တဖြည်းဖြည်း အသုံးများလာကြတဲ့ ရာသီခံခွက် Menstrual cup အကြောင်းကို ခုတပတ်အမျိုးသမီးကျန်းမာကဏ္ဍမှာ ရေးသားတင်ပြချင်ပါတယ်။

ရာသီခံခွက် Menstrual cup ဟာ ကျွန်တော်တို့နိုင်ငံမှာ ခုနောက်ပိုင်းမှာမှ တဖြည်းဖြည်းအသုံးများလာတာဖြစ်ပေမယ့် ပေါ်ခဲ့တာကတော့ ကြာပါပြီ။

၁၉၃၀ ခုနှစ်လောက်မှာကတည်းက စပေါ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို စီလီကွန် သို့မဟုတ် ရာဘာအပျော့သားနဲ့ပြုလုပ်ထားပြီး ကျုံ့နိုင်ဆန့်နိုင်ပါတယ်။

ပုံစံက ကျွန်တော်တို့ငယ်ငယ်က ရေခဲမုန့်သည်၊ ရေခဲချောင်းသည်တွေ တီးတဲ့ ခေါင်းလောင်းကို ဇောက်ထိုးထားထားတဲ့ ပုံစံရှိပါတယ်။

တခါသုံးဂွမ်းထုပ်နဲ့ မတူတာက တခါသုံးဂွမ်းထုပ်ဟာ ကျလာတဲ့ ရာသီသွေးကို စုပ်ယူတာဖြစ်ပြီး ရာသီခံခွက်ကတော့ ခွက်ဆိုတဲ့အတိုင်း သူ့ထဲမှာ သိုလှောင်သိမ်းဆည်းထားတာပါ။

သုံးပုံသုံးနည်းအနေနဲ့လည်း တခါသုံးဂွမ်းထုပ်က အတွင်းခံဘောင်းဘီထဲ ကပ်ထည့်ဝတ်တာဖြစ်ပြီး ရာသီခံခွက်ကတော့ မိန်းမကိုယ်ထဲထည့်သုံးရတာဖြစ်ပါတယ်။

မိန်းမကိုယ်ထဲထည့်သုံးရတာဆိုပေမယ့် ခက်ခက်ခဲခဲ ကိရိယာတန်ဆာပလာအကူညီယူပြီး ထည့်ရတာ မဟုတ်ပါဘူး။

ဒီအတိုင်း လက်ကို သေချာဆေးပြီးနောက် ခွက်လေးကို လက်နဲ့ကျုံ့အောင် အသာလိပ်ကိုင်လိုက်ပြီး မိန်းမကိုယ်ထဲ ထည့်လိုက်တာပါပဲ။

မိန်းမကိုယ်ထဲ ရောက်သွားပြီဆိုရင် ကျုံ့လိပ်အောင်ကိုင်ထားတဲ့လက်ကို လွှတ်လိုက်ပါ။ အဲ့အခါ ခွက်က စီလီကွန် သို့မဟုတ် ရာဘာနဲ့လုပ်ထားတာဖြစ်လို့ ရုန်းပြန်အားနဲ့ ပြန်ဆန့်ပြီး အံဝင်ခွင်ကျဖြစ်သွားပါလိမ့်မယ်။

ရာသီလာတဲ့အခါကျ ရာသီသွေးက အဲ့ခွက်ထဲကျတဲ့အတွက် မိန်းမကိုယ်ကနေ အပြင်ကို ထွက်တာမျိုး မရှိတော့ပါဘူး။

စာဖတ်ပရိသတ် အမျိုးသမီးတချို့အနေနဲ့ ဒီအထိဖတ်ပြီး မေးစရာတွေရှိနိုင်ပါတယ်။

ပထမဆုံးကတော့ မိန်းမကိုယ်အကျဉ်းအကျယ်ဟာ တယောက်နဲ့တယောက်မတူနိုင်တဲ့အတွက် တချို့တွေအတွက်ကျ အဆင်ပြေနိုင်ပါ့မလားဆိုတဲ့ မေးခွန်းပါ။

ဟုတ်ကဲ့။ မိန်းမကိုယ်အကျဉ်းအကျယ်ဟာ တယောက်နဲ့ တယောက်မတူနိုင်တဲ့အတွက် ရာသီခံခွက်ကို ထုတ်လုပ်ရာမှာလည်း အရွယ်အစားအမျိုးမျိုးနဲ့ ထုတ်လုပ်တားပါတယ်။

ကိုယ်နဲ့ ကိုက်ညီမယ့် Size ကို ရွေးချယ်အသုံးပြုပါ။

ဒုတိယမေးခွန်းကတော့ ဆင်းတာများလို့ ရာသီခံခွက်ကပြည့်သွားရင်ကျ မိန်းမကိုယ်ကနေအပြင်ကို ယိုစီးတာမဖြစ်နိုင်ဘူးလားဆိုတာပါ။

ဟုတ်ကဲ့။ ဒါဟာဖြစ်နိုင်ခြေရှိပေမယ့် ဖြစ်နိုင်ခြေနည်းပါတယ်။ မိမိနဲ့ကိုက်ညီတဲ့ Size ကိုသုံးရင် ဖြစ်တာ အင်မတန်ရှားပါတယ်။

ဘာလို့လဲဆိုတော့ ရာသီခံခွက်ဟာ အရည်ပမာဏ ၁ အောင်စထိ သိမ်းဆည်းနိုင်ပါတယ်။

ဒီပမာဏဟာ တခါသုံးဂွမ်းထုပ်၊ ဂွမ်းတောင့်တို့ထက်စာရင် နှစ်ဆနီးပါး သိုလှောင်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။

တခါသုံးဂွမ်းထုပ်၊ ဂွမ်းတောင့်တွေသုံးတဲ့အခါ အကြမ်းအားဖြင့် ၄ နာရီကနေ ၈ နာရီခြားတခါလဲဖို့ လိုတတ်ပါတယ်။

ရာသီခံခွက်ကို အသုံးပြုတဲ့အခါမှာတော့ အကြမ်းအားဖြင့် ၁၂ နာရီကြာမှ တကြိမ် ပြန်ထုတ်ပြီး ခွက်ထဲမှာရှိနေတဲ့ ရာသီသွေးကို သွန်ဖို့လိုပါတယ်။

ဆင်းတာများတတ်တဲ့ သူဆိုရင်တော့ ၁၂ နာရီမပြည့်ခင် ပြန်သွန်ဖို့ လိုနိုင်ပါတယ်။

တတိယတခုကတော့ သွန်ဖို့ပြန်ထုတ်တဲ့အခါ ထုတ်ဖို့ခက်လားဆိုတာပါ။

မခက်ပါဘူး။ သွင်းတုန်းကလည်းလွယ်သလို သွန်ဖို့ပြန်ထုတ်တဲ့အခါမှာလည်း လွယ်ပါတယ်။ မိန်းမကိုယ်အဝကနေ ခွက်ရဲ့အညှာ (ခေါင်းလောင်းလက်ကိုင်နေရာ) လေးကို စမ်းပြီး လှမ်းဆွဲချလိုက်ရုံပါပဲ။

သွန်ပြီးရင်တော့ ဆပ်ပြာနဲ့ရေနဲ့ဆေးကြောပြီးမှ ပြန်ထည့်ပါ။

ရာသီလာရက်ပြီးသွားတဲ့အခါမှာတော့ ရေနွေးနဲ့ပြုတ်ဆေးပြီး အဝတ်သန့်နဲ့သုတ်ကာ သန့်သန့်ရှင်းရှင်းသိမ်းထားပါ။

စတုတ္ထတခုအနေနဲ့ကတော့ ရာသီခံခွက်ထည့်ထားတဲ့အခါ ဆီးသွားရအဆင်ပြေပါ့မလားဆိုတာပါ။

ပြေပါတယ်။ မိန်းမကိုယ်လမ်းကြောင်းထဲထည့်တာ ဖြစ်တဲ့အတွက် ဆီးသွားရာမှာ အဆင်မပြေတာ၊ ခက်ခဲတာတွေကို မဖြစ်စေနိုင်ပါဘူး။

ရာသီခံခွက် (Menstrual cup) ရဲ့ အားသာချက်တွေကတော့

၁။ ဈေးချိုခြင်း

ရာသီခံခွက်တခုကို သောင်းဂဏန်းလောက်ပေးရပေးမယ့် ၁၀ နှစ်လောက်ထိ နှစ်နဲ့ချီပြီး သုံးလို့ရလို့ တလချင်းစီနဲ့ ပြန်တွက်ရင် အတော်ဈေးချိုပါတယ်။

၂။ သက်တောင့်သက်သာရှိခြင်း

လစဉ်သုံးဂွမ်းထုပ်ခံတဲ့အခါ ခံထားလို့ခံထားမှန်းသိနေတဲ့အတွက် နေရထိုင်ရ သွားရလာရတာ ပေါ့ပေါ့ပါးပါး မရှိတတ်ပါ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေလုပ်ရမှာလည်း အဆင်မပြေတတ်ပါ။

ရာသီခံခွက်ကတော့ မိန်းမကိုယ်အတွင်းထဲမှာထည့်တာဖြစ်ပြီး ထည့်ထားမှန်းလည်း မသိသာတာမို့လို့ လှုပ်ရှားရတာပိုအဆင်ပြေပါတယ်။

၃ ။ရေစိုခံခြင်း

ဂွမ်းထုပ်၊ ဂွမ်းလိပ်တွေသုံးတာဟာ ရာသီလာချိန်မှာ ရေစိုစရာကိစ္စတခုခုနဲ့ကြုံရရင် (ဥပမာ- သြင်္ကန်လည်တာ၊ ရေကူးတာ၊ ရေဆော့တာ၊ မိုးရွာထဲထီး မိုးကာ မပါဘဲသွားရတာမျိုးတွေ) အဆင်မပြေနိုင်ပါ။

ရာသီခံခွက်ကကျ အဲ့လိုအခြေအနေတွေနဲ့ ကြုံရရင် အရမ်းအဆင်ပြေပါတယ်။

၄။ အိပ်ရေးပျက်၊ အလုပ်ပျက် သက်သာခြင်း

ဂွမ်းထုပ်(Pad)၊ ဂွမ်းတောင့် (Tampon) တွေဟာ ၄ နာရီခြား သို့မဟုတ် ၈ နာရီခြားတခါ လဲလှယ်ပေးရပါတယ်။ မလဲပါက ရာသီသွေးတွေစုလာပြီး စိမ့်ယိုတာ၊ သွေးဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ညအိပ်ချိန် အိပ်မောကျပြီး မလဲမိဘဲနေပါက အိပ်ရာခင်းတွေကို စွန်းထင်းနိုင်ပါတယ်။

ရာသီခံခွက်ကတော့ ၁၂ နာရီခြားမှသာ တခါလဲရတဲ့အတွက် အိပ်ရေးပျက်တာ၊ အလုပ်ပျက်တာတွေကို သက်သာစေနိုင်ပါတယ်။

၅။ ဂွမ်းထုပ်(Pad)၊ ဂွမ်းတောင့်(Tampon)တွေနဲ့ ယှဉ်ရင် ပိုးဝင်တာ၊ သွေးဆိပ်သင့်တာ၊ အသားပွန်းတာတွေ ဖြစ်နိုင်ခြေလျော့နည်းခြင်းတွေပဲ ဖြစ်ပါတယ်။

ရာသီခံခွက် (Menstrual Cup) ရဲ့ အားနည်းချက်တွေကတော့

– မိမိနဲ့ သင့်တော်မယ့် အရွယ်အစား Size ရှာရမလွယ်ခြင်း

– စသုံးတဲ့ အစောပိုင်းကာလမှာ အသားမကျသေးတဲ့အတွက် ကသိကအောင့်ဖြစ်ခြင်း

– ထည့်တာလွယ်ပေမယ့် တခါတရံပြန်ထုတ်ရတာခက်ခြင်း (တခါတရံ ပြန်ထုတ်ဖို့အတွက် ဆောင့်ကြောင့်ထိုင်ပြီး တင်ပဆုံကြွက်သားတွေကို ညှစ်ရတာမျိုးရှိနိုင်ပါတယ်။)

– ထုတ်သွန်ပြီးနောက် ပြန်မထည့်ခင် ဆေးကြောရခြင်း

– ရာသီခံခွက်သုံးပါက သားအိမ်ထဲထည့်တဲ့သားဆက်ခြားနည်း (IUD) သုံးမရခြင်းတွေပဲဖြစ်ပါတယ်။

Dr ရင်မွှေးပန်း

Previous Post

ဆေးနဲ့ မတည့်တဲ့ဆေး ၊   ဆေးနဲ့  မတည့်တဲ့အစာ

Next Post

ပူပြင်းလှတဲ့နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းမှကာကွယ်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပူပြင်းလှတဲ့နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းမှကာကွယ်ဖို့

ဘာလို့သင်းကွပ်ကြတာလဲ

ငရုတ်သီးစားခြင်းရဲ့ ကောင်းကျိုး ၈ ပါး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.