fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရင်သား နာကျင်ခြင်း အကြောင်း သိကောင်းစရာ

11.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/07/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရင်သား နာကျင်ခြင်း အကြောင်း သိကောင်းစရာ

ရင်သားနာကျင်ခြင်းဝေဒနာဟာ အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ခံစားရနိုင်တဲ့ ဝေဒနာတခုဖြစ်ပါတယ်။

အထူးသဖြင့် အပျိုဖော်ဝင်ပြီး အချိန်ကနေ သွေးမဆုံးခင် အချိန်ကြားကာလမှာ အဖြစ်များပါတယ်။

ကျွန်တော်တို့ဆီက အမျိုးသမီးတချို့က ရင်သားနာကျင်မှုကို ခံစားရပြီဆိုရင် ရင်သားကင်ဆာများ ဖြစ်နေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

တကယ်တော့ ရင်သားနာကျင်ခြင်းနဲ့ ရင်သားကင်ဆာနဲ့ဟာ သိပ်ဆက်စပ်မှု မရှိပါဘူး။

ရင်သားနာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေက အများကြီးရှိပါတယ်။

ရင်သားနာကျင်ခြင်းကို ဆေးပညာအရ mastalgia လို့ခေါ်ပြီး cyclical mastalgia နှင့် non cyclical mastalgia ဆိုပြီး နှစ်မျိုးရှိပါတယ်။

Cyclical mastalgia ဆိုတာကတော့ ဓမ္မတာစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ဓမ္မတာ ပေါ်ခါနီးတပတ် သို့မဟုတ် နှစ်ပတ်လောက်မှာ ရင်သားနာကျင်မှုကိုခံစားရပြီး ဓမ္မတာပေါ်တဲ့အခါမှာ နာကျင်မှု သက်သာလျော့ပါးသွားတဲ့ အမျိုးအစားဖြစ်ပါတယ်။

လေးလေးကြီးနဲ့ ကိုက်ခဲနေတာမျိုးဖြစ်ပြီး ရင်သားနှစ်ဖက်လုံးဖြစ်လေ့ရှိပါတယ်။

တဖက်တည်းဖြစ်တာတော့ ရှားပါတယ်။

ဓမ္မတာပေါ်ခါနီးလေ နာကျင်မှုက ပိုဆိုးလေပါ။

ဖြစ်ရတဲ့အကြောင်းအနေနဲ့ကတော့ ဟော်မုန်း အပြောင်းအလဲ ဖြစ်တာကြောင့်ပါ။

ရာသီလာခါနီးအချိန်မှာ ဟော်မုန်းပမာဏတွေ အပြောင်းအလဲ ဖြစ်ပါတယ်။

အများအားဖြင့် စိုးရိမ်ဖို့မလိုတတ်ပါ။ သူ့ဘာသာသူ သက်သာသွားလေ့ ရှိပါတယ်။

Non cyclical mastalgia ဆိုတာကတော့ ဓမ္မတာစက်ဝန်းနဲ့ မဆိုင်တဲ့ ရင်သားနာခြင်းအမျိုးအစား ဖြစ်ပါတယ်။

အထဲက အချွန်တခုခုနဲ့ထိုးနေသလို၊ မီးစနဲ့ထိုးနေသလို မျိုးခံစားရပြီး ရင်သားတဖက်တည်းမှာပဲ အဖြစ်များလေ့ရှိပါတယ်။

ဖြစ်ချင်တဲ့အချိန်မှာ ဖြစ်လေ့ရှိပြီး ဓမ္မတာလာပြီးတဲ့အခါမှာလည်း နာကျင်မှုက သက်သာလျော့ပါးသွားတာ မရှိပါဘူး။

ဖြစ်စေတဲ့ အကြောင်းတွေ အနေနဲ့ကတော့

– ရင်သားအလုံးအကျိတ် သို့ ရင်သားအရည်အိတ်ရှိတာ

– မတော်တဆ ရင်သား ထိခိုက်ဒဏ်ရာရဖူးတာ၊ ရင်သားခွဲစိတ်ခံရဖူးတာ

– မှိုပိုးသတ်ဆေး အချို့သောက်နေတာ၊ သားဥကြွေဆေး သို့မဟုတ် သားဆက်ခြားဆေးလို
ဟော်မုန်းဆေးတွေ သောက်တာ၊ စိတ်ဆေးတွေ သောက်တာ

– နို့တိုက်မိခင်တွေမှာ နို့ချောင်း ပိုးဝင်ရောင်ရမ်းတာ

– နို့တိုက်ချိန်မှာ ကလေးနို့မစို့လို့ သို့မဟုတ် ကလေးနဲ့ ဝေးရာရောက်နေလို့ နို့တင်းလာတာ

– ဆေးလိပ်သောက်တာ၊ ကဖင်းဓါတ်ပါတာတွေ စားသောက်များတာ၊ အဆီအဆိမ့်တွေ အစားများတာ

– ရင်သားကြီးတာ စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။

cyclical mastalgia ဖြစ်ဖြစ် non cyclical mastalgia ဖြစ်ဖြစ် ရင်သားနာကျင်မှုကို ခံစားရတဲ့အခါမှာ သက်သာအောင် ရေနွေးပုလင်းလှိမ့်တာ၊ ရေခဲကပ်တာ၊ Ibuprofen လိုအကိုက်အခဲပျောက်ဆေးတွေ သောက်တာ၊ အရောင်ကျဆေးတွေ သောက်တာတွေ လုပ်နိုင်ပါတယ်။

ရင်သားအားကောင်းစွာ ထောက်ပံ့မှုပေးနိုင်မယ့် Sport bra လိုမျိုးဝတ်ပါ။

ဆေးသောက်တာက အစာအိမ်ရောဂါအခံရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီးမှပဲ သောက်သင့်ပါတယ်။

တကယ်လို့ ရင်သားနာကျင်မှုက နှစ်ပတ်ကျော်တဲ့ထိ မသက်သာရင်၊ နိစ္စဒူဝအလုပ်တွေ မလုပ်နိုင်တော့အောင် နာကျင်မှုက ပိုပိုဆိုးလာရင်၊ ရင်သားတနေရာတည်းမှ ဆက်တိုက်နာကျင်ရင်၊ ရင်သားမှာ မာမာခဲခဲအလုံးကျိတ်စမ်းမိရင်၊ နို့သီးခေါင်းချိုင့်ဝင်နေရင်၊ နို့သီးခေါင်းထိပ်က ပြည်အရည်ကျတာရှိရင်တော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နိုင်လို့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသပြီး စစ်ဆေးမှုတွေ လုပ်ကြည့်ဖို့လိုပါတယ်။

စစ်ဆေးမှုတွေအနေနဲ့ကတော့ ဆရာဝန်နဲ့ စမ်းသပ်တာအပြင် အာထရာဆောင်းရိုက်တာ၊ အရည်အိတ်ရှိပါက အပ်နဲ့စုပ်ထုတ်ပြီး (Fine Needle Aspiration Cytology) စစ်ဆေးကြည့်တာ၊ အသားစယူစစ်ဆေးကြည့်တာ စသဖြင့် လုပ်နိုင်ပါတယ်။

ရင်သားနာကျင်ခြင်းဖြစ်နိုင်ခြေနဲအောင်

– အဆီများတဲ့ အစားအသောက်တွေ၊ ကဖင်းဓါတ်ပါတဲ့ အစားအသောက်တွေ ရှောင်ပါ။

– ဆေးလိပ်ဖြတ်ပါ။

– ကိုယ့်ရင်သားအရွယ်အစားနဲ့ မတော်တဲ့ ဘရာစီယာကို မဝတ်ပါနဲ့။

– ညဘက် ဘရာစီယာချွတ်အိပ်ပါ။

– ဗီတာမင်အီး တနေ့တလုံးသောက်ပါ လို့အကြံပေးချင်ပါတယ်။

Dr 528

Previous Post

တခါသုံး သို့မဟုတ် ဆေးရုံဆေးခန်းသုံး နှာခေါင်းစည်းကို ဘယ်လို စနစ်တကျစည်းရမလဲ။

Next Post

ခေါင်းလျှော်ပြီးနောက် ဆံပင်ရေစိုနဲ့အိပ်ခြင်းကြောင့် ဖြစ်လာနိုင်သည့်ဆိုးကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
568
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခေါင်းလျှော်ပြီးနောက် ဆံပင်ရေစိုနဲ့အိပ်ခြင်းကြောင့် ဖြစ်လာနိုင်သည့်ဆိုးကျိုးများ

မွေးစမိခင် နို့လှိုင်လှိုင်ထွက်ဖို့

သင့်ထက် ဝီရိယကောင်းနေတဲ့ ရွှေပန်းလေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.