fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

ကလေးမွေးပြီးနောက်ဖြစ်တဲ့ စိတ်ကျရောဂါ (Post partum depression) က ကလေးအတွက် ဘယ်လောက် အန္တရာယ်ကြီးလဲ ?

125
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/07/2019
in ကျန်းမာသောစိတ်, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကလေးမွေးပြီးခါစမှာ မိခင်အတော်များများရဲ့ စိတ်ခံစားမှုဟာ အပြောင်းအလဲမြန် အတက်အကျမြန်နေတတ်ပါတယ်။
ခုပျော်သလိုခံစားရပြီး ခဏနေအလိုလိုဝမ်းနည်းငိုချင်လာတာမျိုး ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိစ္စတစ်ခုအပေါ်အာရုံစူးစိုက်ဖို့ခက်တာ၊ အစားအသောက်ပျက်တာ၊ ကလေးအိပ်နေပေမယ့် ကိုယ်အိပ်မပျော်တာ၊ စိတ်ဓါတ်ကျသလို ခံစားရတာ၊ စိတ်ထိခိုက်လွယ်တာ မျိုးတွေလည်းဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်တာကို Post-partum blue သို့မဟုတ် Baby blue လို့ဆေးပညာအရခေါ်ပါတယ်။

Post-partum blue သို့မဟုတ် Baby blue ကို ရောဂါအဖြစ် မသတ်မှတ်ပါဘူး။ ကလေးမွေးပြီးတဲ့အချိန်မှာ ဟော်မုန်းတွေအပြောင်းအလဲဖြစ်တာကြောင့် ခဏတာ စိတ်ပြောင်းလဲမှုဖြစ်တယ်လို့ပဲယူဆပါတယ်။
သုတေသနတွေအရ ကလေးမွေးပြီးခါစ မိခင်တွေရဲ့ ၈၀ ရာခိုင်နှုန်း (အယောက် ၁၀၀ မှာ အယောက် ၈၀) လောက်ဟာ Post-partum blue ဖြစ်တတ်ကြောင်းသိရပါတယ်။ ကလေးမွေးပြီးစကနေ နှစ်ပတ်လောက်အထိဖြစ်တတ်ပြီး အများအားဖြင့်တော့ အရမ်းစိုးရိမ်စရာမရှိဘဲ ၁၀ ရက် သို့မဟုတ် နှစ်ပတ်လောက်မှာ သူ့အလိုလို ပြန်ကောင်းသွားတတ်ပါတယ်။

တကယ်လို့ တစ်လ နှစ်လလောက်ထိ မပျောက်ဘဲ လချီကြာလာမယ်၊ စိတ်ထိခိုက်ခံစားလွယ်တာ၊ စိတ်ဓါတ်ကျတာပိုဆိုးလာမယ်၊ အကြောင်းမရှိ စိုးရိမ်ပူပန်မှုများတာတွေ ပိုဆိုးလာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သည်အထိ ဖြစ်လာမယ်၊ စိတ်ထဲမှာလစ်ဟာသလိုဖြစ်နေမယ်၊ မိသားစု သူငယ်ချင်းအပေါင်းသင်းတွေနဲ့ဆက်ဆံရတာမကြိုက်ဘဲ တကိုယ်တည်းသီးသန့်နေချင်လာမယ်၊ အရင်ကဝါသနာပါတာတွေလုပ်သော်လည်း စိတ်ထဲမပျော်သလိုခံစားရမယ်၊ ခဏခဏကိုငိုကြွေးတာ၊ မျက်ရည်လွယ်တာ၊ ပြင်းပြင်းထန်ထန်ငိုကြွေးတာ ဖြစ်လာမယ်၊ နည်းနည်းလောက် စိတ်ထဲမကြိုက်တာတွေ့တာနဲ့ အရမ်းဒေါသထွက်တာ၊ စိတ်တိုလွယ်တာတွေဖြစ်လာမယ်၊  အစားအသောက်သိသိသာသာပျက်တာ သို့မဟုတ် အရမ်းအရမ်းတအားစားတာမျိုးဖြစ်လာမယ်၊ အိပ်ရေးပျက်တာ၊ အိပ်ပျော်ဖို့ခက်တာ သို့မဟုတ် လိုအပ်တာထက် အရမ်းအိပ်တာမျိုးဖြစ်လာမယ်၊ အားအင်ကုန်ခမ်းနေသလိုဖြစ်လာမယ်၊ အသက်ရှင်ရတာ အဓိပ္ပာယ်မဲ့သလို မျှော်လင့်ချက်မဲ့သလို ဖြစ်လာမယ်၊ သေသွားရင်ကောင်းမယ်ဆိုတဲ့အတွေးတွေဝင်လာမယ်၊  မိမိကိုယ်မိမိ တန်ဖိုးမဲ့သလို အပြစ်ရှိသလို မျိုးခံစားရမယ်၊ ကလေးအပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းလာမယ်၊ ကိုယ့်ရင်သွေးကို ချစ်ရမယ့်အစား ကိုယ့်ကို ဒုက္ခပေးတဲ့သူအဖြစ် ရှုမြင်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် ကိုယ့်ကလေးကို ထိခိုက်အောင် လုပ်ချင်စိတ်ပေါ်လာမယ် စသဖြင့် ဖော်ပြထားတဲ့အချက်တွေထဲက တစ်ခုခုဖြစ်လာပြီဆိုရင်တော့ သင်ဟာ Post partum depression လို့ခေါ်တဲ့ ကလေးမွေးပြီးဖြစ်တတ်တဲ့စိတ်ကျရောဂါကို ခံစားနေရပြီဖြစ်ပါတယ်။

သုတေသနတွေအရ ကလေးမွေးပြီးတဲ့မိခင်တွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ဟာ Post-partum depression (ကလေးမွေးပြီးဖြစ်တဲ့ စိတ်ကျရောဂါ) ကို ခံစားရနိုင်ခြေရှိကြောင်းသိရပါတယ်။ဘာလို့ဒီရောဂါဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကိုတော့ သေချာမသိပါဘူး။

– ငွေကြေး အဆင်မပြေတဲ့ မိခင်တွေ

– အိမ်ထောင်ရေး အဆင်မပြေတဲ့ မိခင်တွေ

– ချို့ယွင်းချက် သို့မဟုတ် ရောဂါတခုခုပါလာတဲ့ ကလေးကို မွေးတဲ့မိခင်တွေ

– ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပေမယ့် မမျှော်လင့်ဘဲကလေးရလာကာ မွေးရတဲ့မိခင်တွေ

– စိတ်ကျရောဂါအခံရှိတဲ့ မိခင်တွေမှာ အဖြစ်များတယ်ဆိုပေမယ့်

အစစအရာရာပြည့်စုံ၊ အဖက်ဖက်ကလိုလေသေးမရှိ အဆင်ပြေကာ ကျန်းမာတဲ့ကလေးကို မွေးတဲ့မိခင်တွေဟာလည်း post-partum depression ကို ခံစားရတာမျိုး ရှိပါတယ်။

Post partum depression ခံစားရပြီဆိုတာနဲ့ (အထက်မှာဖော်ပြတဲ့ လက္ခဏာတွေထဲက တခုခုရှိနေပြီဆိုတာနဲ့) အချိန်မဆွဲဘဲ စိတ်ဆရာဝန်နဲ့ ပြသဆွေးနွေးကာ ကုသမှု ခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မကုသဘဲထားပါက Post partum depression စိတ်ကျရောဂါခံစားနေရကနေ

Post partum psychosis လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားဖြစ်တဲ့အဆင့်ကို ရောက်သွားပြီး

မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိနိုင်လို့ပါ။

Post partum depression စိတ်ကျရောဂါကို ကုသတဲ့အခါမှာ စိတ်ဆရာဝန်နဲ့ပြသပြီး စိတ်ဆေးတွေသောက်တာနဲ့ မလုံလောက်ပါဘူး။

ဆေးသောက်တာအပြင် ခင်ပွန်းသည်ရဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ နားလည်ပေးမှု၊ ဖေးမပေးမှု၊ ကူညီမှု၊ စောင့်ရှောက်မှုတွေပါလိုအပ်ပါတယ်။

ခင်ပွန်းသည်အနေနဲ့ ကလေးမွေးပြီး စိတ်ကျရောဂါခံစားနေရတဲ့ ဇနီးကို ပိုဂရုစိုက်ပေးပါ။ ကြင်နာစွာဆက်ဆံပေးပါ။ ဇနီးသည်ကို အရမ်းချစ်ကြောင်း ခဏခဏပြောပေးပါ။

မိသားစုဆွေမျိုးတွေအနေနဲ့ကလည်း ပစ်ပယ်ထားတာမျိုး၊ စိတ်ပိုထိခိုက်စေမယ့် စကားတွေပြောတာမျိုးတွေ မလုပ်ဘဲ အားပေးတာ၊ ကလေးကို ဝိုင်းထိန်းပေးတာ ကြည့်ရှုပေးတာမျိုးတွေ လုပ်ပေးပါလို့ အကြံပေးချင်ပါတယ်။

Dr 528

Previous Post

သက်ငယ်မုဒိမ်း ရန်ကနေ ကိုယ့်သားသမီးတွေကို ဘယ်လိုကာကွယ်မလဲ

Next Post

Liposuction ဆိုတာ ??

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
616

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
582
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Liposuction ဆိုတာ ??

ကလေးအချင်းချင်းဖြစ်တဲ့ မုဒိမ်း

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.