မြတ်နိုးကို မျက်နှာမှာအမည်းစက်တွေရှိတယ် ဘာလုပ်ရင်သက်သာမလဲ ? ဘယ်လိုကာကွယ်ရမလဲ ? ဆိုပြီး မေးကြတာများပါတယ်။
မြတ်နိုးတို့ဆီမှာ အမည်းစက်ပြသနာဖြစ်ကြတာရဲ့ အဓိကအကြောင်းရင်းကတော့ နေလောင်ခံရတာပေါ့နော်။ အမဲစက်တွေ တင်းတိတ်တွေ အသားရောင် မညီတာတွေ ဖြစ်နေတဲ့သူတွေကို မေးလိုက်ရင် ၁၀၀ မှာ ၉၀ က suncare ကိုလုံးဝ ဂရုမစိုက်ကြပါဘူး။
ဒီပြဿနာတွေရဲ့ တရားခံ နေရောင်ခြည်က ကမ္ဘာကြီး ပူနွေးလာတာ အိုဇုန်းလွှာ ပေါက်လာတာတွေနဲ့ အမျှ အရေပြား ပျက်စီးစေတဲ့ rays တွေက ပြင်းအားပိုကောင်း လာပါတယ်။
နေရောင်ခြည်မှာ အရေပြားကို ပျက်စီးစေတဲ့ အဓိက rays ၂ ခုထဲက UV A ကအရေပြားအလွှာတွေကိုဖောက်ပြီး အတွင်းထဲထိပျက်စီးစေပါတယ် ။အင်္ကျီရှည်တွေ ဝတ်ထားရင်တောင် ဖောက်ဝင်နိုင်တာမို့ နေပူထဲမထွက်ပေမယ့် နေရောင်ရတဲ့နေရာမှာနေတာနဲ့တင် UV A ဒါဏ်ခံရနိုင်ပါတယ် ။ ရေတွေ မှန်တွေထဲလည်းဖောက်ဝင်နိုင်တယ် ။
UVB ကတော့ နေရောင်ကာလိမ်းဆေးတွေ မလိမ်းပဲ အတို အပြတ်လေးတွေ ဝတ်ပြီး နေပူထဲထွက်တဲ့အခါ အသားမည်းသွားစေတဲ့ အပေါ်ယံ အရေပြားကို လောင်စေတာပါ။
နောက်တစ်ချက် သတိထားရမှာက နေရောင်လိုပဲ အသားအရေကိုအမည်းစက်ဖြစ်စေတဲ့ နောက်အကြောင်းရင်းတွေက အဓိကက အိမ်ရှင်မတွေပေါ့။ မီးသွေးမီးဖို ဂတ်စ်မီးဖိုကနေ အပူဟပ်တာ လျှပ်စစ်မီးပူ မီးသီးမီးချောင်းတွေကနေ အပူဟပ်တာတွေကလည်း skin ကိုပျက်စီးစေပါတယ် ။
ဒါတွေ မဖြစ်ဖို့ suncare ကို မမေ့မလျော့ အမြဲသုံးပေးဖို့လိုအပ်ပါတယ်။ suncream တွေ ဝယ်ယူတဲ့အခါ SPF 35 နဲ့အထက် PA ++ ပါဝင်တာကို ရွေးရမှာပါ။ SPF က UVB ကို ကာကွယ်ပေးတာ ဖြစ်ပြီး နံပါတ်မြင့်လေ ပိုကောင်းလေပါ။ PA ကတော့ + များလေ ပိုကောင်းလေဖြစ်ပြီး UVA ကို ကာကွယ်ပေးတာပါ။
အမည်းစက်တွေရှိလာပြီဆိုရင်တော့ သက်သာအောင် ကုသဖို့က အရေပြားအတွင်းဆုံးလွှာထိ ပြုပြင်ပေးနိုင်တဲ့Skin serum တွေကို သုံးပေးရမှာပါ။ Spot correcting ၊Whitening ၊ Anti Spot ၊ Brightening ၊ Vitamin C စတာတွေပါတာကို ရွေးချယ်သုံးစွဲ သင့်ပါတယ်။
Vitamin C ပါတဲ့ serum သုံးရင်တော့ နေရောင်ထဲထွက်ရင် sunscreen သေချာပေါက် မမေ့မလျော့ သုံးပေးဖို့လိုပါတယ်။ ညဘက်မှလိမ်းတာကတော့ ပိုကောင်းပါတယ် ။ ဘာလို့လည်းဆိုတော့ vitamin C ပါဝင်မှုများတဲ့ skincare တွေက နေရောင်နဲ့တိုက်ရိုက်ထိရင် အမည်းစက်ပိုထွက်စေတဲ့ ပြသနာလေးရှိလို့ပါ ။
ကဲ အရေပြား အိုမင်းတာတွေ အမဲစက်ပြသနာတွေ ကြောင့် စိတ်ညစ်နေတဲ့ မမတို့ရေ ဒါတွေကို အဓိကဖြစ်စေတဲ့ ကြိုးကိုင်သူ နေရောင်ခြည်ကို သေချာကာကွယ်ကြရအောင်နော်။
Scarlette (ဆေး၁)