ဇီဝကတို့ဆေးသမားတော်တွေ အနေနဲ့ အကြုံများတဲ့ ကျန်းမာရေး
ပြဿနာတွေထဲက တစ်ခုကတော့ နို့တိုက်မိခင်တွေရဲ့ ရင်သားပြဿနာပင် ။ထိုအ
ထဲမှ အမေးများတာကတော့
“ဆရာ ၊ကျွန်မ ကလေးကို နို့တိုက်ရင် နို့သီးခေါင်းက စပ်တက်တက်နဲ့ နာတယ် ။
ဘာဖြစ်တာလဲ ၊ဆရာ ။”
“ကလေးကို မိခင်နို့တိုက်ရင် နို့သီးခေါင်းက နာလို့ နို့တောင် မတိုက်ရဲလောက်
အောင်ပဲ ၊ဆရာ ။ဘယ်လိုလုပ်ရမလဲ ၊ဆရာ ။”
ဘာကြောင့် ဖြစ်တာလဲ ဆိုရင် နို့သီးခေါင်းကွဲလို့ ဖြစ်တာပါ ။
ဘာတွေကြောင့် ဖြစ်တာလဲ ဆိုရင် အထူးသဖြင့် ကလေးနို့မတိုက်ဖူးတဲ့ သားဦးမိခင်
တွေ ၊ကလေးနို့တိုက်သည့် အနေအထား မမှန်လို့ဖြစ်စေ ၊ကလေးက နို့သီးခေါင်း
အဖျားကိုသာ စုပ်၍ စို့လို့ဖြစ်စေ ဖြစ်တတ်တယ် ။ဒါ့အပြင် နို့သီးခေါင်းပြားရင် ၊နို့
သီးခေါင်း စူမထွက်ရင် ပိုဖြစ်တတ်ပါတယ် ။ကလေးပါးစပ်ထဲတွင် မှက်ခရုပေါက်နေ
ရင်လည်း နို့သီးခေါင်း ကွဲနိုင်ပါသေးတယ် ။
ဘာလက္ခဏာတွေ ခံစားရမလဲဆိုရင် နို့တိုက်စ ပထမ တစ်ပတ် ၊
နှစ်ပတ်အတွင်းမှာပဲ နို့သီးခေါင်းတွေ နာလာမယ် ။တစ်ခါတစ်လေ သွေးတောင်
ထွက်နိုင်တယ် ။ရင်သားတစ်ဖက်တည်းဖြစ်စေ ၊နှစ်ဖက်စလုံးမှာဖြစ်စေ ဖြစ်နိုင်တယ်။
တစ်ချို့တစ်လေမှာတော့ နို့သီးခေါင်းသည် နီရဲပြောင်တင်းလာနိုင်တယ် ။
ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့ ပြမလဲ ။
-နို့သီးခေါင်းက နာတာ ကိုက်တာအပြင် နီရဲ ပြောင်တားလာရင်
-နို့သီးခေါင်းမှာ အဖြူဖတ်တွေ့ရင်
-နို့သီးခေါင်းကနေ ပြည်လို ဝါဝါ အရည်တွေ ထွက်လာရင်
-နို့သီးခေါင်းအပြင် ရင်သားအရေပြားပါ နာရဲကိုက်လာ ၊ရောင်လာရင်
မိမိ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။
မိမိဘာသာ ဘာလုပ်ထားနိုင်လဲ ။
အများအားဖြင့် နို့သီးခေါင်းကွဲ ဝေဒနာသည် သူ့အလိုလိုပျောက်သွား
တတ်ပါတယ် ။
-ကလေးနို့တိုက်ပုံ မှန်ပါစေ ။ယေဘူယျအားဖြင့် ကလေးပါးစပ်သည် မိခင်ရဲ့ နို့သီး
ခေါင်းအပြင် နို့သီးခေါင်း အညိုကွင်းလေးကိုပါ ငုံမိပါစေ ။
-ကလေးနို့ဆာတိုင်း တိုက်ပါ။မကွဲသော နို့သီးခေါင်းဘက်မှ စတိုက်ပါ ။ကလေးနို့စို့
စဉ် အသက်ပြင်းပြင်းနဲ့ မှန်မှန်ရှူပါ ။အထူးသဖြင့် နာနေသော နို့သီးခေါင်းဘက်ကို
နို့တိုက်က သတိထားပြီး လုပ်ပါ ။
-ကလေးကို နို့နဲ့အပ်လျက် ပင့်မြှင့်ထားတဲ့အနေအထားအတိုင်း ကလေးနို့တိုက်က
အနာသက်သာစေနိုင်တယ် ။
-ကလေးကို ခေါင်းမြင့်မြင့်ထား ၊လက်မောင်ကြားတွင် ထွေးပွေ့ထား ၊ကလေးဝမ်းနဲ့
မိခင်ဝမ်းအပ်ထား ၊ကလေးကျောနဲ့ တင်ကို လက်နှစ်ဖက်ကြားပွေ့လို့ထားကာ
နို့တိုက်ပါ ။
-နို့သီးခေါင်းပြားနေသူ ၊အထဲဝင်နေသူတွေဆိုရင် နို့သီးခေါင်းကို ဆွဲဆွဲထုတ်ပါ ။
-နို့သီးခေါင်းကွဲအက် အနာကို လန်နိုလင်ခရင်မ် လိမ်းပေးပါ ။
-နို့တိုက်ပြီးတိုင်း နို့သီးခေါင်းကို ရေနွေးနွေးနဲ့ သေချာ ဆေးကြောသန့်စင်ပါ ။
ပြီးနောက် အခြောက်ခံပါ ။
-ရင်သားအခံပြားပါတာတွေ မဝတ်သင့် မသုံးသင့် ။
-အရမ်းနာက နို့မတိုက်မီ အကိုက်အခဲပျောက်ဆေးကို နာရီဝက် ကြိုတင်သောက်
နိုင်တယ် ။
Author: ခေတ်သစ် ဇီဝက