fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အုန်းလွဲခြင်း ၊ဇက်ခိုင်ခြင်း

560
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ေမွာင္ရီပ်ိဳးစ တစ္ေန႔ေသာ ညေနခင္းတြင္ ဇီဝကေဆးခန္းသို႔ အမ်ိဳးသမီး
ႏွစ္ဦး ေသာ့ေသာ့ကေလး ဝင္လာ၏ ။သက္ႀကီးပိုင္း အမ်ိဳးသမီးမွာ ဂုတ္မွာ ေဆးပလာစ တာေတြနဲ႔ ပ႐ုတ္ဆီနံ႔ တေထာင္းေထာင္းထလ်က္ ။သက္ငယ္ပိုင္း အမ်ိဳးသမီးမွာ ဝတ္ဆန္ ဆိုသည့္ ကေလးမပင္ ။

ဝတ္ဆန္။ ။ ဆရာ ၊ဒါကြၽန္မ အေမပါ ။

အုန္းလြဲသလို ျဖစ္ေနတာ ။ညအိပ္တုန္းက ေမေမရယ္ အေကာင္းဟာ ။

မနက္မိုးလင္းေတာ့ ခုလိုျဖစ္တာ ။မသက္သာတာနဲ႔ ဆရာဆီလာတာ ။

ဇီဝက ။ ။ ေအး ၊ေအး ။ဒါနဲ႔ အန္တီ ခုမွ ျဖစ္ဖူးတာလား ။အရင္တုန္းကေရာ ျဖစ္ဖူး
လား ။အုန္းလြဲတယ္ ဆိုတာကေရာ ဘယ္လို ျဖစ္တာလဲ ေျပာျပပါဦး ။

လူနာ ။ ။ အရင္တုန္းကလည္း ျဖစ္တတ္ပါတယ္ ။အၿမဲေတာ့ မဟုတ္ပါဘူး ။
ဒီလိုေပါ့ အိပ္ရာထေတာ့ ဂုတ္သားေခၚမလား ၊ဒီဇက္ႀကီးက ေတာင့္တင္း
ေနတာ ဆရာေလး ။

ဇီဝက ။ ။ တျခား ဘာျဖစ္ေသးလဲ ။ဘာေရာဂါ အခံ ရွိေသးလဲ ။ဥပမာ-လည္ပင္း
က်ီးေပါင္းတို႔ ဘာတို႔ေပါ့ ။

လူနာ ။ ။ တျခား ဘာမွ ေတာ့ မျဖစ္ပါဘူး ။ဒီလို ျဖစ္ေတာ့ လုပ္ရကိုင္ရ ေနရထိုင္ရ
အဆင္မေျပဘူး ။တစ္ခါတစ္ေလ ေသြးေလး ဘာေလး နည္းနည္း တိုး
တတ္တာကလြဲလို႔ ဘာမွ ေထြေထြထူးထူး မျဖစ္ဖူးပါဘူး ၊ဆရာရယ္ ။

ဇီဝက ။ ။ မ်က္မွန္ေတြ ဘာေတြေရာ တပ္ရလား ။အိပ္ေတာ့ေရာ ေခါင္းအုံး အျမင့္
ႀကီးေတြ အုံးတတ္လား ။ဘာအလုပ္လုပ္လဲ ။

လူနာ ။ ။ မ်က္မွန္လည္း မတပ္ရပါဘူး ။ေခါင္းအုံးကေတာ့ ၂လုံးေလာက္ ဆင့္အိပ္
တတ္တယ္ ။အလုပ္ကေတာ့ ထမင္းခ်က္ ဟင္းခ်က္ေပါ့ ။

ဇီဝက ။ ။ ဟုုတ္ကဲ့ ။အန္တီ့ကို တစ္ခ်က္ကေလး စမ္းသပ္ၾကည့္ရေအာင္ေနာ္ ။
စမ္းသပ္ စစ္ေဆးၿပီးေနာက္

ဝတ္ဆန္။ ။ ဘာျဖစ္တာလဲ ၊ဆရာ ။

ဇီဝက ။ ။ ေအး တို႔ျမန္မာလိုေတာ့ အုန္းလြဲတာ ၊ဇက္ခိုင္တာေပါ့ကြာ ။

ေဆးပညာအရေတာ့ Stiff Neck ၊Sore Neck လို႔ေခၚတာေပါ့ ။

ဝတ္ဆန္။ ။ ဘယ္သူေတြမွာ ဘာေၾကာင့္ ျဖစ္တတ္လဲ ၊ဆရာ ။

ဇီဝက ။ ။ အထူးသျဖင့္ေတာ့ အိပ္ပုံမမွန္တဲ့သူေတြ ၊အေနအထိုင္မမွန္တဲ့သူေတြ
က်ီးေပါင္းရွိသူေတြ မွာ ပိုျဖစ္တတ္တယ္ ။

ဝတ္ဆန္။ ။ အေသးစိတ္ေလး ေျပာျပေပးပါလား ၊ဆရာ ။ေနာင္ ညီမတို႔လည္း
ဆင္ျခင္ရေအာင္ပါ ။

ဇီဝက ။ ။ ေအးပါ ၊ညည္းက တယ္ေလာတာကိုး ။ေျပာျပမွာေပါ့ ။
ဒီလိုဟ ၊အိပ္တဲ့အခါ မိမိကိုယ္တိုင္က သိခ်င္မွ သိမယ္ ဇက္လိမ္ၿပီးအိပ္
တာမ်ိဳး ၊ေခါင္းအုံး ခပ္ျမင့္ျမင့္နဲ႔ အိပ္တာမ်ိဳးေပ့ါဟာ ။
ၿပီးေတာ့ ေခါင္းကို အၾကာႀကီးငုံ႔ကာ အလုပ္လုပ္ရတာမ်ိဳး ၊ဥပမာ-ကြန္ပ်ဴ
တာ အၾကာႀကီး ငုံ႔ၾကည့္ရတာ ၊စာေရးစာခ်ီ ၊စာရင္းကိုင္လုပ္ရတာ ေတြ
ေပါ့ ။
လည္ပင္းက်ီးေပါင္း အျပင္ တစ္ခါတစ္ေလ ဖ်ားလို႔ နာလို႔ပဲျဖစ္ျဖစ္
လည္ပင္းကို ထိမိ ခိုက္မိလို႔ပဲ ျဖစ္ျဖစ္ ျဖစ္တတ္ေသးတယ္ ။

ဝတ္ဆန္။ ။ ဘယ္လို လကၡဏာေတြ ျဖစ္တတ္လဲ ၊ဆရာ ။

ဇီဝက ။ ။ ဇက္ခိုင္သလို ဇက္ႀကီးက ေတာင့္မယ္ ၊တင္းမယ္ ၊နာမယ္ ။
ေခါင္းလွည့္ ၊ေခါင္းငုံ႔ ၊ဇက္လွန္ရင္ ပိုဆိုးမယ္ ။
ဒါေၾကာင့္ အုန္းလြဲတဲ့သူေတြ ေခါင္းကို ဘယ္မွ မလွည့္ရဲဘဲ ဇက္ခိုင္သလို
ျဖစ္တာေပါ့ ။

ဝတ္ဆန္ ။ ။ ဆရာ ၊ေဆးထိုးဖို႔ လိုဦးမလား ။

ဇီဝက ။ ။ မလိုပါဘူး ။ဇက္ေတာင့္တာ တင္းတာ နာတာ သက္သာေစမယ့္ ေသာက္
ေဆးေတြ ၊လိမ္းေဆးေတြ ဆရာေပးလိုက္မယ္ ။ဟုတ္ၿပီလား ။
ၿပီးေတာ့ အန္တီ့ကို ဆရာမွာသလို အိမ္မွာ ေသခ်ာလုပ္ခိုင္း ။အအိပ္အေန
နဲ႔ အေနအထိုင္ေတြ ဆင္ျခင္ခိုင္း ။

ဝတ္ဆန္။ ။ ဟုတ္ကဲ့ဆရာ ။ဘယ္လို လုပ္ရမလဲ ။

ဇီဝက ။ ။ ပုံမွန္ ထမင္းခ်က္ ဟင္းခ်က္ေတြေတာ့ ဆက္လုပ္ေပါ့ ။အရမ္းနာမွ ေရွာင္။
ေခါင္းအရမ္းေမာ့ၾကည့္ရတာ ၊ငုံ႔ရမယ့္ အလုပ္ေတြ မလုပ္နဲ႔ ။တီဗြီေတြ
အၾကာႀကီး မၾကည့္နဲ႔ ။
လည္ပင္း ေကာ္လာ တပ္ႏိုင္တယ္ ။တစ္ေနကုန္ ဝတ္ဖို႔လည္း မလိုဘူး ။
ညအိပ္ရင္လည္း ဝတ္အိပ္စရာ မလိုဘူးေနာ္ ။ခဏ တစ္ျဖဳတ္တပ္ေပါ့။
ညအိပ္ရင္လည္း လည္ပင္းေအာက္မွာ ခုေပးသလို လုပ္ထားတဲ့ေခါင္းအုံး
ေတြနဲ႔အိပ္ ။ကိုယ့္ဘာကိုယ္ အိမ္မွလုပ္လည္းရတယ္ ။ေခါင္းအုံးအလယ္
ကို ကန႔္လန႔္ျဖတ္ တစ္ခုခုနဲ႔ စည္း ။ခ်ိဳင့္သြားတဲ့ေနရာကို ေနာက္ေစ့
ထားၿပီး အိပ္ ။
မနက္ အိပ္ရာထ တစ္ႀကိမ္ ၊ည အိပ္ရာဝင္ခါနီး တစ္ႀကိမ္ လည္ပင္း
ဘယ္ညာ ၊အထက္ေအာက္ ၊ေခါင္းလွည့္ ေလ့က်င့္ခန္း ေပါ့ေပါ့ပါးပါးလုပ္
ဒဏ္ျဖစ္တဲ့ ဇက္ႂကြက္သားေတြ သက္သာဖို႔ ေရခပ္ေႏြးေႏြးနဲ႔ ခ်ိဳး ။
ေရေႏြးဖတ္ကပ္ေပးႏိုင္တယ္ ။တစ္ခါကပ္ ၁၅ မိနစ္ ၊တစ္ေန႔ ၄ႀကိမ္
ေလာက္ ကပ္ေပါ့ဟာ ။

ဝတ္ဆန္။ ။ ဟုတ္ကဲ့ပါ ဆရာ ။သတိထားရမွာ မ်ားရွိေသးလား ၊ဆရာ ။

ဇီဝက ။ ။ ထိခိုက္မိရင္ ၊ဇက္ခိုင္တာအျပင္ လက္ေမာင္းတို႔ လက္ဖ်ံတို႔ ထုံက်င္
ခ်ည့္နဲလာရင္ ၊ဖ်ားလာရင္ အေရးႀကီးတယ္ ။ဒါဆို နီးစပ္ရာ ေဆးခန္း ၊
ေဆး႐ုံသြား ၊ဟုတ္ၿပီလား ။

ဝတ္ဆန္။ ။ ေက်းဇူးပါ ၊ဆရာ ။ျပန္ခြင့္ျပဳပါဦး ။ေနာက္ရက္မွ လာျပပါဦးမယ္ ။

လူနာ ။ ။ ေက်းဇူးေနာ္ ၊ဆရာေလး ၊ခုလို႔ ျပည့္ျပည့္စုံစုံ သိရလို႔ ။

Author: ေခတ္သစ္ ဇီဝက

(Unicode)

မှောင်ရီပျိုးစ တစ်နေ့သော ညနေခင်းတွင် ဇီဝကဆေးခန်းသို့ အမျိုးသမီး
နှစ်ဦး သော့သော့ကလေး ဝင်လာ၏ ။သက်ကြီးပိုင်း အမျိုးသမီးမှာ ဂုတ်မှာ ဆေးပလာစ တာတွေနဲ့ ပရုတ်ဆီနံ့ တထောင်းထောင်းထလျက် ။သက်ငယ်ပိုင်း အမျိုးသမီးမှာ ဝတ်ဆန် ဆိုသည့် ကလေးမပင် ။

ဝတ်ဆန်။ ။ ဆရာ ၊ဒါကျွန်မ အမေပါ ။

အုန်းလွဲသလို ဖြစ်နေတာ ။ညအိပ်တုန်းက မေမေရယ် အကောင်းဟာ ။

မနက်မိုးလင်းတော့ ခုလိုဖြစ်တာ ။မသက်သာတာနဲ့ ဆရာဆီလာတာ ။

ဇီဝက ။ ။ အေး ၊အေး ။ဒါနဲ့ အန်တီ ခုမှ ဖြစ်ဖူးတာလား ။အရင်တုန်းကရော ဖြစ်ဖူး
လား ။အုန်းလွဲတယ် ဆိုတာကရော ဘယ်လို ဖြစ်တာလဲ ပြောပြပါဦး ။

လူနာ ။ ။ အရင်တုန်းကလည်း ဖြစ်တတ်ပါတယ် ။အမြဲတော့ မဟုတ်ပါဘူး ။
ဒီလိုပေါ့ အိပ်ရာထတော့ ဂုတ်သားခေါ်မလား ၊ဒီဇက်ကြီးက တောင့်တင်း
နေတာ ဆရာလေး ။

ဇီဝက ။ ။ တခြား ဘာဖြစ်သေးလဲ ။ဘာရောဂါ အခံ ရှိသေးလဲ ။ဥပမာ-လည်ပင်း
ကျီးပေါင်းတို့ ဘာတို့ပေါ့ ။

လူနာ ။ ။ တခြား ဘာမှ တော့ မဖြစ်ပါဘူး ။ဒီလို ဖြစ်တော့ လုပ်ရကိုင်ရ နေရထိုင်ရ
အဆင်မပြေဘူး ။တစ်ခါတစ်လေ သွေးလေး ဘာလေး နည်းနည်း တိုး
တတ်တာကလွဲလို့ ဘာမှ ထွေထွေထူးထူး မဖြစ်ဖူးပါဘူး ၊ဆရာရယ် ။

ဇီဝက ။ ။ မျက်မှန်တွေ ဘာတွေရော တပ်ရလား ။အိပ်တော့ရော ခေါင်းအုံး အမြင့်
ကြီးတွေ အုံးတတ်လား ။ဘာအလုပ်လုပ်လဲ ။

လူနာ ။ ။ မျက်မှန်လည်း မတပ်ရပါဘူး ။ခေါင်းအုံးကတော့ ၂လုံးလောက် ဆင့်အိပ်
တတ်တယ် ။အလုပ်ကတော့ ထမင်းချက် ဟင်းချက်ပေါ့ ။

ဇီဝက ။ ။ ဟုုတ်ကဲ့ ။အန်တီ့ကို တစ်ချက်ကလေး စမ်းသပ်ကြည့်ရအောင်နော် ။
စမ်းသပ် စစ်ဆေးပြီးနောက်

ဝတ်ဆန်။ ။ ဘာဖြစ်တာလဲ ၊ဆရာ ။

ဇီဝက ။ ။ အေး တို့မြန်မာလိုတော့ အုန်းလွဲတာ ၊ဇက်ခိုင်တာပေါ့ကွာ ။

ဆေးပညာအရတော့ Stiff Neck ၊Sore Neck လို့ခေါ်တာပေါ့ ။

ဝတ်ဆန်။ ။ ဘယ်သူတွေမှာ ဘာကြောင့် ဖြစ်တတ်လဲ ၊ဆရာ ။

ဇီဝက ။ ။ အထူးသဖြင့်တော့ အိပ်ပုံမမှန်တဲ့သူတွေ ၊အနေအထိုင်မမှန်တဲ့သူတွေ
ကျီးပေါင်းရှိသူတွေ မှာ ပိုဖြစ်တတ်တယ် ။

ဝတ်ဆန်။ ။ အသေးစိတ်လေး ပြောပြပေးပါလား ၊ဆရာ ။နောင် ညီမတို့လည်း
ဆင်ခြင်ရအောင်ပါ ။

ဇီဝက ။ ။ အေးပါ ၊ညည်းက တယ်လောတာကိုး ။ပြောပြမှာပေါ့ ။
ဒီလိုဟ ၊အိပ်တဲ့အခါ မိမိကိုယ်တိုင်က သိချင်မှ သိမယ် ဇက်လိမ်ပြီးအိပ်
တာမျိုး ၊ခေါင်းအုံး ခပ်မြင့်မြင့်နဲ့ အိပ်တာမျိုးပေ့ါဟာ ။
ပြီးတော့ ခေါင်းကို အကြာကြီးငုံ့ကာ အလုပ်လုပ်ရတာမျိုး ၊ဥပမာ-ကွန်ပျူ
တာ အကြာကြီး ငုံ့ကြည့်ရတာ ၊စာရေးစာချီ ၊စာရင်းကိုင်လုပ်ရတာ တွေ
ပေါ့ ။
လည်ပင်းကျီးပေါင်း အပြင် တစ်ခါတစ်လေ ဖျားလို့ နာလို့ပဲဖြစ်ဖြစ်
လည်ပင်းကို ထိမိ ခိုက်မိလို့ပဲ ဖြစ်ဖြစ် ဖြစ်တတ်သေးတယ် ။

ဝတ်ဆန်။ ။ ဘယ်လို လက္ခဏာတွေ ဖြစ်တတ်လဲ ၊ဆရာ ။

ဇီဝက ။ ။ ဇက်ခိုင်သလို ဇက်ကြီးက တောင့်မယ် ၊တင်းမယ် ၊နာမယ် ။
ခေါင်းလှည့် ၊ခေါင်းငုံ့ ၊ဇက်လှန်ရင် ပိုဆိုးမယ် ။
ဒါကြောင့် အုန်းလွဲတဲ့သူတွေ ခေါင်းကို ဘယ်မှ မလှည့်ရဲဘဲ ဇက်ခိုင်သလို
ဖြစ်တာပေါ့ ။

ဝတ်ဆန် ။ ။ ဆရာ ၊ဆေးထိုးဖို့ လိုဦးမလား ။

ဇီဝက ။ ။ မလိုပါဘူး ။ဇက်တောင့်တာ တင်းတာ နာတာ သက်သာစေမယ့် သောက်
ဆေးတွေ ၊လိမ်းဆေးတွေ ဆရာပေးလိုက်မယ် ။ဟုတ်ပြီလား ။
ပြီးတော့ အန်တီ့ကို ဆရာမှာသလို အိမ်မှာ သေချာလုပ်ခိုင်း ။အအိပ်အနေ
နဲ့ အနေအထိုင်တွေ ဆင်ခြင်ခိုင်း ။

ဝတ်ဆန်။ ။ ဟုတ်ကဲ့ဆရာ ။ဘယ်လို လုပ်ရမလဲ ။

ဇီဝက ။ ။ ပုံမှန် ထမင်းချက် ဟင်းချက်တွေတော့ ဆက်လုပ်ပေါ့ ။အရမ်းနာမှ ရှောင်။
ခေါင်းအရမ်းမော့ကြည့်ရတာ ၊ငုံ့ရမယ့် အလုပ်တွေ မလုပ်နဲ့ ။တီဗွီတွေ
အကြာကြီး မကြည့်နဲ့ ။
လည်ပင်း ကော်လာ တပ်နိုင်တယ် ။တစ်နေကုန် ဝတ်ဖို့လည်း မလိုဘူး ။
ညအိပ်ရင်လည်း ဝတ်အိပ်စရာ မလိုဘူးနော် ။ခဏ တစ်ဖြုတ်တပ်ပေါ့။
ညအိပ်ရင်လည်း လည်ပင်းအောက်မှာ ခုပေးသလို လုပ်ထားတဲ့ခေါင်းအုံး
တွေနဲ့အိပ် ။ကိုယ့်ဘာကိုယ် အိမ်မှလုပ်လည်းရတယ် ။ခေါင်းအုံးအလယ်
ကို ကန့်လန့်ဖြတ် တစ်ခုခုနဲ့ စည်း ။ချိုင့်သွားတဲ့နေရာကို နောက်စေ့
ထားပြီး အိပ် ။
မနက် အိပ်ရာထ တစ်ကြိမ် ၊ည အိပ်ရာဝင်ခါနီး တစ်ကြိမ် လည်ပင်း
ဘယ်ညာ ၊အထက်အောက် ၊ခေါင်းလှည့် လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလုပ်
ဒဏ်ဖြစ်တဲ့ ဇက်ကြွက်သားတွေ သက်သာဖို့ ရေခပ်နွေးနွေးနဲ့ ချိုး ။
ရေနွေးဖတ်ကပ်ပေးနိုင်တယ် ။တစ်ခါကပ် ၁၅ မိနစ် ၊တစ်နေ့ ၄ကြိမ်
လောက် ကပ်ပေါ့ဟာ ။

ဝတ်ဆန်။ ။ ဟုတ်ကဲ့ပါ ဆရာ ။သတိထားရမှာ များရှိသေးလား ၊ဆရာ ။

ဇီဝက ။ ။ ထိခိုက်မိရင် ၊ဇက်ခိုင်တာအပြင် လက်မောင်းတို့ လက်ဖျံတို့ ထုံကျင်
ချည့်နဲလာရင် ၊ဖျားလာရင် အရေးကြီးတယ် ။ဒါဆို နီးစပ်ရာ ဆေးခန်း ၊
ဆေးရုံသွား ၊ဟုတ်ပြီလား ။

ဝတ်ဆန်။ ။ ကျေးဇူးပါ ၊ဆရာ ။ပြန်ခွင့်ပြုပါဦး ။နောက်ရက်မှ လာပြပါဦးမယ် ။

လူနာ ။ ။ ကျေးဇူးနော် ၊ဆရာလေး ၊ခုလို့ ပြည့်ပြည့်စုံစုံ သိရလို့ ။

Author: ခေတ်သစ် ဇီဝက

Previous Post

ကလေး တီဘီရောဂါ

Next Post

သွေးဆုံးခြင်းလက္ခဏာများကို သက်သာစေနိုင်မည့်အစားအစာနှင့် ဖြည့်စွက်ဆေးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

2 years ago
1.6k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

2 years ago
162
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
857

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
877
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးဆုံးခြင်းလက္ခဏာများကို သက်သာစေနိုင်မည့်အစားအစာနှင့် ဖြည့်စွက်ဆေးများ

ကွမ်းသီးနှင့်ကျန်းမာရေး

ရင်ကျပ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.