အပျင်းထူတဲ့ မတ်မတ်တွေအတွက် tip လေးတစ်ခု….
-ခုဆိုရင် ခေတ်ကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အလှအပအတွက် ကျန်းမာရေးအတွက် အစားအသောက်ပုံစံတွေ လူနေမှုစနစ်တွေ တိုးတက်ပြောင်းလဲလာပါတယ်။ ဒီထဲမှာမှ ဝါးမီးသွေး (Bamboo Charcoal) အကြောင်းလေးပြောပြချင်ပါတယ်ရှင်…။
-Activated Charcoal ? ဆိုတာ အရင်ကတော့ အဆိပ်တောက်ဖယ်ပေးတဲ့ Agent တစ်ခုအနေနဲ့ပဲ ဆေးပညာမှာ Poisoning Case ☠️ တွေမှာ အသုံးပြုခဲ့ပေမဲ့ ခုခေတ်မှာတော့ ဝါးမီးသွေးကို ကျန်းမာရေးအရရော အလှအပရေးရာအတွက်ပါ အသုံးပြုလာတာက Trend တစ်ခုဖြစ်လာပါပြီရှင်။
- Bamboo Charcoal ဝါးမီးသွေးက ဘာတွေကောင်းလဲ?
- အဓိကကတော့ ဝါးမီးသွေးဟာ Negative charge element ဖြစ်လို့ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆိပ်အတောက် Toxins & Waste Materials တွေကို စုပ်ယူပေးပြီး Flush down လုပ်ပေးပါတယ်။ သဘာဝနည်းအရ Detox လုပ်ပေးတာပေါ့..
- အသားအရည်ကို ကြည်လင်ဝင်းပစေပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်တောက်ကင်းစင်နေတော့ Skin ကောင်းဖို့ Inner Beauty အနေနဲ့ အထောက်အပံ့ဖြစ်စေတာပေါ့နော်။
- နောက်တစ်ခုကတော့ နေ့စဉ်စားသုံးနေတဲ့ထဲမှာ ပါတဲ့ အဆီတွေ၊ preservatives တွေကို အူလမ်းကြောင်းကနေ စုပ်ယူမှုနည်းအောင် ကာကွယ်ပေးပါတယ်။
- နောက်ဆုံးအနေနဲ့ကတော့ ဝါးမီးသွေးဟာ Powerful Anti-aging Element ပါရှင်။ အဲတော့ အရွယ်တင် နုပျိုစေပါတယ်ရှင်။
- Activated Charcoal က power type, tablet type တွေနဲ့မျိုးစုံ လာပါတယ်။
ကဲ…Bamboo Charcoal ရဲ့ ကောင်းကျိုးတွေကလည်း မနည်းဘူးဆိုတော့ အပျင်းထူတဲ့ မတ်မတ်တွေအတွက် tips လေးလာပါပြီ။
ခုလိုအရမ်းအေးတဲ့ဆောင်းရာသီမှာ ညဖက်ပြန်လာပြီး မိတ်ကပ်တွေ ကုန်စင်အောင် ဖျက်ဖို့ဆိုတာ ဝတ္တရားတစ်ခုလို ဖြစ်နေတတ်ပါတယ်။
မိတ်ကပ်ကို cleansing gel တွေ၊ cleansing cream တွေ micellar water တွေနဲ့ အဆင့်ဆင့် ဖျက်နေတဲ့အစား ဒီလိုအေးတဲ့ ရာသီမှာ steps တွေလျော့ချလိုက်တာက ပိုအဆင်ပြေပါတယ်။
အဲ့တော့ ဒီဝါးမီးသွေးက ချွေးပေါက်တွေထဲထိ နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးနိုင်တာကြောင့် အလုပ်များတဲ့နေ့တွေအချိန်မရတဲ့နေ့တွေမွာ မျက်နှာသစ်ဆပ်ပြာထဲ ဝါးမီးသွေးမှုန့် အနည်းငယ်ကို ရောပြီး မျက်နှာသစ်ပေးခြင်းအားဖြင့် step by step မိတ်ကပ်ဖျက်ရတာကို သက်သာစေမှာပါနော်..
အားလုံးပဲ အဆင်ပြေကြပါစေရှင်
Scarlette (ဆေး-၁)