လူကြီးလူငယ်မရွေး တစ်နေ့အိပ်ချိန် (၆) နာရီမှ (၈) နာရီအတွင်းရှိရမယ်။ ကလေးအိပ်ချိန်ရှိသင့်တယ်။ မွေးကင်းစကလေးမှာ တစ်ရက်မှာ(၁၈)နာရီထိ အိပ်စက် ပြီး၊ အသက်ကြီးလာတာနဲ့အမျှ အိပ်ချိန်လျော့ကာ တစ်နေ့(၈)နာရီထိ အိပ်စက်သင့် ပါတယ်။ဉာဏ်ပညာအရည်အချင်းကလည်း နေ့ခင်းတစ်ရေးအိပ်ရင် ပိုကောင်း ပါတယ်။
မွေးကာစကလေးဟာ အချိန်တိုင်းလိုလို နေ့ရောညပါ အိပ်ပျော်တတ်တယ်။ သုံးလအရွယ်မှာ နှစ်ကြိမ်(သို့)သုံးကြိမ်အိပ်ပြီး အသက်(၁)နှစ်မှာ နှစ်ကြိမ်လောက်ထိ အိပ်တယ်။ သုံးနှစ်ကျော်ရင်အချို့မူကြိုကျောင်းပို့ပြီး နေ့လည်အိပ်စက်စေတယ်။ အချို့ ကလေးများ မအိပ်ကြတော့ပါ။ ကလေးများတစ်ယောက်နှင့် တစ်ယောက်အိပ်ချိန် မတူညီပါ။
မတူညီပါ။
အချို့အေးအေးဆေးဆေးရှိတယ်။ အချို့ပြေးလွှားဆော့ကစားရပါမှ ပျော်ပါး ကြတယ်။ စိတ်ပညာအလိုအရ အိပ်ချိန်အနည်းအများဟာ ကလေးရဲ့ဉာဏ်ပညာ အရည်အချင်းနဲ့ သက်ဆိုင်နေတယ်။ အိပ်ချိန်သတ်မှတ်ပေးသင့်တယ်။ တစ်ရက် (၈) နာရီထက် အိပ်ချိန်များတဲ့ကျောင်းသားဟာ ဉာဏ်ထိုင်းတတ်တယ်။
ညအချိန်ကလေးအိပ်ချိန်က နေ့လည်အိပ်ချိန်နဲ့ ဆက်စပ်နေတယ်။ မိဘများ က ကလေးများညနေ (၂) နာရီမှ (၅) နာရီထိ အိပ်စေတာ ညဖက် (၇) နာရီမှစပြီး ပြန်အိပ်စေတယ်။ ညနေဖက်တစ်ချိန်လုံးအိပ်ထားရင် ညအချိန်တော်ရုံနဲ့မအိပ်တော့ပါ။ အသက် (၁) နှစ်ပြည့်ပြီးရင် နေ့လည် (၁) နာရီလောက်သာ အိပ်တော့တယ်။
ကလေးဟာအသက် (၁) နှစ်ကျော်လာရင် ညဦးမှာလွယ်လွယ်နဲ့ မအိပ် တော့ပါ။ လူကြီးများစကားပြောခြင်း၊ အလုပ်လုပ်ခြင်းတို့မှာပါဝင်လာတယ်။ အချို့ မနက် (၅) နာရီကတည်းက နိုးလာပြီး၊ အချို့လူကြီးအိပ်ချိန်ရောက်မှ မနည်းအိပ်ရ တတ်တယ်။ မမောနိုင်၊ မပမ်းနိုင်ဆော့ကစားနေလို့ ည(၉း၀၀) နာရီမှ (၁၁း၀၀)နာရီထိမအိပ်တတ်ဘူး။ အချို့ကလေးများက အိပ်ချိန်အလွန်နည်းတယ်။ အလွန်ဆော့ ကစားတယ်။ နာရီဝက်လောက်အိပ်ပျော်သွားတယ်။ နိုးလာချိန် လန်းလန်းဆန်းဆန်း ဖြစ်နေပြီး၊ ပြေးလွှားဆော့ကစားနေတယ်။ ဆော့ကစားရာမှ အဖော်မရှိရင် ငိုတတ်တယ်။
ပညာရှင်များလေ့လာထားချက်မှာ ကလေးရဲ့အိပ်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်မတူပါ။ အသက် (၂)နှစ်ခွဲ မှာ ကလေး (၈၀၀) နီးပါးမှာ အိပ်ချိန်ဟာ (၈) နာရီမှ (၁၇) နာရိထိ ကွာခြားတတ်တယ်။ အသက်အရွယ်အလိုက် ကလေး အချင်းချင်း အိပ်ပျော်ချိန်ဟာ ကွာခြားတတ်လို့၊ ရင်သွေးရဲ့အိပ်ချိန်ကို တိတိကျကျ မသိနိုင်၊ အကောင်းဆုံးကလေးကိုလေ့လာရမယ်။ အိပ်ချိန်နည်းပေမယ့် နောက်တစ်နေ့ လန်းလန်းဆန်းဆန်းဖြစ်ရင် အဆိုပါကလေးအတွက် အိပ်ချိန်လုံလောက်ပြီလို့ ဆိုတယ်။ နေ့လည်မှာလည်းအိပ်လို့မရ။ ညအိပ်ချိန်တာဝန်မယူတဲ့ မိဘမှာ တစ်ပြပ်ပြပ် နှင့် သူ့ဘာသာသူပြင်သွားနိုင်တယ်။ မိဘကအတင်းတိုက်တွန်းလို့ မရမက မအိပ်စေသင့်ဘူး။ ပြဿနာက ကလေးမှန်သမျှ အိပ်ရာထဲတစ်ချိန် (သို့) တစ်ချိန် ပြဿနာလေးလုပ်တတ်တယ်။ အိပ်ရာထဲရောက်ရင်ပဲ ထငိုတတ်တယ်။ အဖေနှင့် အိပ်မယ်။ အမေနဲ့အိပ်မယ်ထငိုတတ်တာ၊ အိပ်ရာပေါ်ချရင် မအိပ်ပဲ၊ ဂျီကျတတ်တယ်။ တစ်ညလုံးလည်း ဆော့ကစားနေတတ်တယ်။ နံနက်အချိန်မတော် ထငိုတတ်တဲ့ ကလေးတွေမှာ ပြဿနာတစ်မျိုးမျိုးလုပ်တတ်တယ်။ အချို့အမေနဲ့အိပ်နေရင် အမေ မချော့တဲ့အခါ ထငိုတတ်တယ်။
အချို့ကလေးရဲ့သဘာဝနဲ့ ဆိုင်တယ်။ ကြီးထွားမှု၊ နို့ဝမှုနဲ့ဆိုင်တယ်။ ကလေးအိပ်ချိန်အနည်းအများ နံနက်စောထနိုင်ခြင်း၊ လက်မစုပ်ခြင်း၊ အိပ်ချိန် ပုခက်လွဲသိပ်မှအိပ်ခြင်း၊ အချို့ထငိုခြင်း၊ မအိပ်ခြင်းဖြစ်နိုင်တယ်။ မိခင်က၊ ကလေးကို ချော့တယ်။ လိမ္မာတဲ့ကလေးအိပ်ချိန်မှာ သူကဒုက္ခပေးလို့၊ အကုန်နိုးကုန်တယ်။ ပုံပြောပြရသလို ကလေးအနားအတူအိပ်ရတယ်။ ကလေးမကြောက်ရအောင် အခန်းကို တစ်ညလုံးမီးဖွင့်ထားရတယ်။ အချို့ဒုက္ခပေးတယ်။ အချို့ကလေးအိပ်ဖို့၊ မိဘများ ဒုက္ခရောက်ရတယ်။ ပြဿနာအစုံရှိတယ်။
ကလေးဟာတစ်ချိန်လုံး အိပ်နေတာမျိုးဖြစ်တယ်။ အချို့မွေးရာပါရောဂါရလို့၊ လန့်လန့်နိုးတတ်တယ်။ အသက် (၉) လမှ (၂၀) လကြားမှာ ကလေးဟာပုခက်ထဲ ထည့်သိပ်ရသလို၊ ခေါင်းကိုပွတ်ပေး၊ လှုပ်ပေးမှအိပ်တယ်။လိုအပ်ရင်ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။
Author: Dr.လွင်သန့်