fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

တစ်သားမွေးတစ်သွေးလှဆိုတာ

Pregnant woman holding belly in nature

Pregnant woman holding belly in nature

139
VIEWS
28/04/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

တစ်သားမွေးတစ်သွေးလှဆိုတာ

ဒီဆောင်းပါးက ကလေးအမေတွေအတွက် ရည်ရွယ်ပါသည်။ အိမ်ထောင်ကျပြီးတဲ့အမျိုးသမီးတွေဟာ အိမ်ထောင်ကျကာစအချိန်ကလေး မရခင်အချိန်တွေမှာတော့အပျိုဘဝတုန်းကလိုဘဲ၊ သိပ်မပြောင်းလဲတတ်ကြပါဘူး၊ ခန္ဓာကိုယ်လည်း ပုံစံမပြောင်းတတ်ဘူး၊ လှပနေတုန်းပါဘဲ၊ တားဆေးသုံးတဲ့အခါမှာတော့ တချို့တွေအရမ်းဝသွားတာ ပိန်သွားတာတော့ရှိတယ်၊ တချို့ကတော့အရင်လိုပါဘဲ။

ဒါပေမယ့်ကိုယ်ဝန်ဆောင်တဲ့အခါမှာတော့ အမျိုးသမီးအများစုက ဝလာတတ်ကြတယ်၊ ကိုယ်ဝန်ဆောင်တဲ့အခါဝတာကတော့ အတင်းကြီးပြန်ဝိတ်ချဖို့မလိုပါဘူး၊ ကလေးအတွက် လိုအပ်တဲ့အာဟာရပြည့်အောင်၊ ကျန်းမာအောင်စားသောက်နေထိုင်ဖို့လိုပါတယ်၊ ဒါပေမယ့်ကိုယ်ဝန်ဆောင်ကာလမှာ မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတော့လုပ်ဖို့လိုပါတယ်၊ အသက်ရှူလေ့ကျင့်ခန်းတွေ၊ လမ်းလျှောက်ခြင်းတွေစသည်ဖြင့်ပေါ့၊ ဒီလိုလုပ်ပေးခြင်းအားဖြင့်မွေးဖွားရလည်းလွယ်ကူပါတယ်၊ ဝိတ်လည်း အတော်အတင့်ထိန်းပေးမှာပါ၊ အစားအသောက်စားတဲ့အခါလည်း အားရှိတာတွေ စားရတယ် ဆိုပေမယ့် အဆီအဆိမ့်အငန်တွေအချိုတွေ အများကြီးမစားရပါဘူး၊ အသီးအရွက်လည်းမျှမျှတတ စားပေးရပါမယ်၊ ဒါမှ ကိုယ်ဝန်မှာဆီးချို၊သွေးတိုး ဖြစ်ခြင်းတွေ၊ ဝမ်းချုပ်ခြင်းတွေကို လျှော့ချနိုင်မှာပါ။

နောက်တစ်ခုက ကိုယ်ဝန်ဆောင်နေလို့လုပ်သမျှအလုပ်တွေ အကုန်နားစရာမလိုပါဘူး၊ ကိုယ်ဝန်စရှိကာစမှာ တချို့တွေမအီမသာ ဖြစ်တတ်ပေမယ့် အရမ်းမဆိုးဘူးဆိုရင်ပုံမှန်အလုပ်တွေဆက်လုပ်လို့ရပါတယ်၊ ကိုယ်ဝန်နဲ့ဖြစ်တဲ့အတွက်ကြောင့်တော့  အလေးအပင်မတာတွေကုံးကွရ တာတွေပြေးလွှားရတာ တွေကိုတော့ အတတ်နိုင်ဆုံးရှောင်ရမှာပါ၊ ကိုယ်ဝန်တောက် လျှောက်ကောင်း တယ်ဆိုရင် မွေးခါနီးတစ်လလောက်အထိ ကောင်းကောင်းလုပ်လို့ရပါတယ်၊တချို့တွေဆို မွေးရက်နားနီးတဲ့အထိတောင်လုပ်ကြပါတယ်။ ဒီလိုလှုပ်ရှားပေးနေခြင်းက စိတ်ကိုလည်းလန်းဆန်းစေတယ်၊ အရမ်းဝသွားတာကိုလည်းထိန်းပေးတယ်၊ လေ့ကျင့်ခန်းသဘောလည်းဖြစ်စေပါတယ်။

ကလေးမွေးပြီးတဲ့အခါလည်း ကိုယ်ဝန်ဆောင်နေစဉ်တုန်းကလိုဘဲ အစားအာဟာရ ဖြစ်တာတွေဆက်စားဖို့လည်းလိုတယ်၊ အစားရှောင်စရာမလိုပါဘူး၊ ဒါမှအမေ့ နို့ကနေ ကလေးဆီကို အာဟာရတွေရောက်မှာပါ၊ကလေးကိုအမေနို့ချည်းဘဲ (၆လ)တိုက်တဲ့ အချိန်ထိတော့ အစားသေချာစားရပါမယ်။ ကလေးမွေးပြီးတဲ့အခါကိုယ်ဝန်ဆောင် တုန်းက ဝထားတာတွေရယ်၊ ဗိုက်ကအသားကပျော့ဖတ်တာတွေကြောင့် စိတ်ညစ်ကြရတတ် တယ်၊ လေ့ကျင့်ခန်းကို ဘယ်အချိန်မှာပြန်လုပ်သင့်လည်းဆိုတာ  ကလေးကိုဘယ်လိုမွေးထားလည်း ပေါ်မူတည်တယ်။

ရိုးရိုးမွေးတဲ့သူတွေတစ်ပတ်နှစ်ပတ်လောက်နားပြီးတာနဲ့ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေစလုပ်လို့ရတယ်၊ ခွဲမွေးတဲ့သူတွေကတော့ ခွဲထားတဲ့အနာကျက်ဖို့ရော အထဲကသားအိမ်မှာ ချုပ်ထားတာကြောင့်ရော အနည်းဆုံး လေးလလောက်နေမှ ပေါ့ပါးတဲ့လေ့ကျင့်ခန်းစသင့်တယ်၊ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပိန်ချင်ဇောနဲ့တရားလွန်တစ်ရက်ထဲအကြာကြီးမလုပ်ပါနဲ့၊ ကလေးမွေးပြီးတဲ့အခါ အိပ်ရေးပျက်တာ၊ ကလေးနို့တိုက်ရတာ၊ ကလေးထိန်းရတာတွေကဘဲအလိုလို ပင်ပန်းစေပါတယ်၊ ဒါတွေလည်းခံနိုင်ရည်ရှိဖို့ အားဆေးလည်းဆက်သောက်ရမယ်၊ လေ့ကျင့်ခန်းလည်းဖြေးဖြေးနဲ့ပုံမှန်လုပ်ရပါမယ်၊ ဗိုက်စည်းလည်းစည်းလို့ရပါတယ်၊ အကောင်းဆုံးကတော့(၄၅)ရက်ပြည့်မှစည်းတာ ပိုကောင်းပါတယ်။

ကလေးမွေးပြီးတဲ့အခါအအေးမခံရဘူး၊ ချွေးထုတ်ရမယ်၊ နနွင်းစားရမယ်ဆိုတာတွေကြားဖူးကြပါတယ်၊ အအေးတော့မခံသင့်ဘူး၊ အမေအအေးခံလို့ဖျားသွားရင် ကလေးပါဖျားနိုင်တယ်။ချွေးထုတ်ရမယ်၊ နနွင်းစားရမယ်ကတော့တစ်ယောက်ချင်းစီရဲ့ သဘောပါ၊ နနွင်းစားတာကသွေးပုတ်တွေဆင်းအောင်လို့ပြောတတ်ကြတယ်၊ သွေးပုတ်ရယ်တာ့မဟုတ်ပါဘူး၊ ကလေးမွေးပြီးတဲ့အခါတစ်ရက်နှစ်ရက်ကနေ တစ်ပတ်လောက်တော့သွေးနည်းနည်းစီ ဆက်ဆင်းနေတတ်တယ်။ နနွင်းစားတာကလည်း သွေးဆက်ဆင်းစေတတ်တယ်၊ သွေးပုတ်ကျန်တာတော့မဟုတ်ပါဘူး၊ နနွင်းစားတာက အသားအရေတော့လှစေတယ်၊ စားမယ်ဆိုလည်း တော်သင့်ရုံဆိုရပါတယ်။ကလေးမွေးပြီးဘယ်အချိန်မှာ အလုပ်ပုံမှန်ပြန်လုပ်နေနိုင်မယ်ဆိုရင် ရိုးရိုးမွေးတဲ့သူရောခွဲမွေးတဲ့သူရော မီးဖွားခွင့်ပြည့်တယ်ဆိုရပါတယ်။ ဒါပေမယ့်ရိုးရိုးမွေးတဲ့သူတွေက ခွဲမွေးတဲ့သူတွေထက် စိတ်ပေါ့ပေါ့ပါးပါးပြန်လုပ်နိုင်ပါတယ်၊ ခွဲမွေးထားတဲ့သူတွေမှာ ချုပ်ရိုးများကွဲမလားဆိုတဲ့စိုးရိမ်စိတ်တွေရှိတတ်ကြတယ်။

နဂိုပိန်တဲ့သူတွေ ကိုယ်ဝန်ဆောင်ပြီးကလေးမွေးပြီးတဲ့အခါဝလာတတ်ကြတယ်၊ အဲ့နောက်ပိုင်းပြန်ပြီး လေ့ကျင့်ခန်းလုပ်ကြတဲ့အခါ အရင်လိုမပိန်ဘဲ ခန္ဓာကိုယ်ပြည့်ပြည့်လည်းဖြစ်လာတတ်ကြတယ်၊ တချို့တွေလည်း ကိုယ်ဝန်ဆောင်နဲ့မီးဖွားပြီးစတွေမှာ အစားအသောက်သေချာ ဂရုစိုက်ဖြစ်တာတွေကြောင့် အသားအရည်လည်းစိုပြည်လာတတ်ကြတယ်။ ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို ကလေးမွေးပြီးတဲ့အခါ ပုံပျက်ပန်းပျက် မဖြစ်ချင်ကြပါဘူး၊ တားဆေးကြောင့်ဝတဲ့သူတွေလည်းဒီလိုပါဘဲ၊ အစားနဲ့လျှော့လို့မရတဲ့အခါ လေ့ကျင့်ခန်းလုပ်ပါ၊ အစားလျှော့ရမယ့်အချိန် အစားနဲ့ထိန်းပါ၊ကလေးမွေးထားလို့လှစရာမလိုပါဘူး၊ အလှပြင်စရာမလိုတော့ဘူး မဟုတ်ပါဘူး၊ကိုယ့်အိမ်ထောင်ဖက်အတွက် လှအောင်လုပ်တာလည်းမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင်အတွက်ပါ၊ မိမိကိုယ်ကိုပြင်ဆင်နေထိုင်ခြင်းက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိလာစေပါတယ်၊ ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။ပထမဆုံးကိုယ်ဝန်က ထိန်းရတာပိုလွယ်ပါတယ်၊ သားသမီးများလာတာနဲ့အမျှ ခန္ဓာကိုယ်ထိန်းရတာပိုခက်လာပါတယ်၊ အထူးသဖြင့် ဗိုက်ပါ၊ အရေပြားတွေကကူကူပူစေပါတယ်၊ သေချာထိန်းမှရမှာပါ။ဘာပဲဖြစ်ဖြစ်ပါ၊ ကလေးအမေတိုင်း တစ်သားမွေးတစ်သွေးလှစေချင်တာပါ။

Author: Dr. CST

Previous Post

G6PD – Deficiency

Next Post

လည်ချောင်းနာတာ ပျောက်အောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လည်ချောင်းနာတာ ပျောက်အောင်

အစာစားပြီး ခေါင်းလေးသွားခြင်း

အစာနင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.