fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မီးယပ်သွေးဆုံးမှုကြောင့် ကိုက်ခဲနာကျင်မှုအကြောင်းသိကောင်းစရာများ။

516
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/12/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးများ ရာသီဓမ္မတာလာခြင်းမရှိတော့ဘဲ ကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိတော့သော အခြေအနေကို မီးယပ်သွေးဆုံးခြင်းဟု သတ်မှတ်ပါသည်။ ထိုအခြေအနေတွင် Oestrogen ဟုခေါ်သော အမျိုးသမီးဟော်မုန်းများ လျော့နည်းလာတတ်ပါသည်။

အမျိုးသမီးအများစုသည် အသက်( ၄၅ ) မှ ( ၅၅ ) ဝန်းကျင်တွင် မီးယပ်သွေးဆုံးသော အခြေအနေ ဖြစ်တတ်ကြပါသည်။

ထိုသို့ မီးယပ်သွေးဆုံးသောအခါ အဖြစ်များသော မီးယပ်သွေးဆုံးလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

–  ညအိပ်ချိန်တွင် ချွေးထွက်များခြင်း

–  ခန္ဓာကိုယ် ပူလိုက်အေးလိုက်ခံစားရခြင်း

–  အရိုးအဆစ် နာကျင်ကိုက်ခဲခြင်း

–  ကြွက်သား နာကျင်ကိုက်ခဲခြင်း

–  ခန္ဓာကိုယ်အလေးချိန် တက်လာခြင်း

–  ခေါင်းတစ်ခြမ်း ကိုက်ခဲခြင်း

–  ခေါင်းကိုက်ခြင်း

–  မူးဝေခြင်း

–  ပျို့ခြင်း

–  မှတ်ဉာဏ်ကျဆင်းခြင်း

–  ဆံပင်ကျွတ်ခြင်း

–  အရေပြားခြောက်သွေ့ခြင်း

–  စိတ်တိုလွယ်ခြင်း

–  စိတ်အတက်အကျမြန်ခြင်း

–  စိတ်ကျရောဂါဖြစ်ခြင်း

–  ဝမ်းဗိုက်ကယ်ခြင်း

–  ပါးစပ်ခြောက်ခြင်း

–  နှလုံးခုန်နှုန်းမမှန်ခြင်း

–  အိပ်မပျော်ခြင်း စသည်ရောဂါလက္ခဏာများ တွေ့ရှိရတတ်ပါသည်။

 

Oestrogen နှင့်  Progesterone စသော ဟော်မုန်းများသည် အမျိုးသမီးများမီးယပ်သွေးဆုံးချိန်တွင် ကျဆင်းလာပါသည်။ ထိုဟော်မုန်းများသည် ရောင်ရမ်းခြင်းဝေဒနာကို လျော့နည်းစေနိုင်သော အာနိသင်ရှိသောကြောင့် ၎င်းတို့လျော့နည်းသွားသောအခါ ကြွက်သားနှင့် အရိုးအဆစ် နာကျင်ကိုက်ခဲခြင်းဝေဒနာများ ပိုမိုဆိုးရွားလာရခြင်း ဖြစ်ပါသည်။

 

အောက်ပါနည်းလမ်းများဖြင့် မီးယပ်သွေးဆုံးခြင်းကြောင့် နာကျင်ကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။

 

၁။  နေ့စဉ် ရေနွေးဖြင့် ရေချိုးပါ။

                  ရေနွေးဖြင့် ရေချိုးခြင်းသည် အရိုးအဆစ် နာကျင်ခြင်းအပါအဝင် အခြား နာကျင်ကိုက်ခဲခြင်းများကို လျော့ပါးသက်သာစေနိုင်သော အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။

 

၂။   ရေနွေးအိတ်ဖြင့် ကပ်ပေးပါ။

                  နာကျင်ကိုက်ခဲသော အရိုးအဆစ်များ၊ ခါးနှင့် နောက်ကျော၊ ကြွက်သားများ အပေါ်တွင် ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းဝေဒနာကို များစွာသက်သာစေမှာ ဖြစ်ပါသည်။

 

၃။  တရားထိုင်ခြင်း။

                  တရားထိုင်ခြင်းဖြင့် မီးယပ်သွေးဆုံးချိန်တွင် အမျိုးသမီးများကြုံတွေ့ခံစားရသော စိတ်ဖိစီးမှုများနှင့် အိပ်မပျော်ခြင်းလက္ခဏာများကို လျော့ပါးစေရန် အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိရပါသည်။

 

၄။  ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

                  မီးယပ်သွေးဆုံးခြင်းကြောင့်ဖြစ်သော နာကျင်ကိုက်ခဲခြင်းသည် မနက်အိပ်ရာထသော အချိန်များတွင် ပိုမိုပြင်းထန်တတ်ကြောင်း တွေ့ရှိရပါသည်။

ရေကူးခြင်း၊ စက်ဘီးစီးခြင်းစသော အားကစားလေ့ကျင့်ခန်းများကို  ပုံမှန်ပြုလုပ်ခြင်းဖြင့်လည်း နာကျင်ကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။

 

၅။  အာဟာရပြည့်၀သော အစားအစာများကို စားပါ။

မဂ္ဂနီဆီယမ်၊ ဇင့်နှင့် ကယ်လ်ဆီယမ် စသော အာဟာရဓာတ်များသည် မီးယပ်သွေးဆုံး နာကျင်ကိုက်ခဲခြင်းအတွက် အလွန်အရေးပါသော အာဟာရဓာတ်များဖြစ်ကြပါသည်။

ထို့ကြောင့် အာဟာရဓာတ် လုံလောက်ပြည့်၀စွာ စားသုံးခြင်းသည်လည်း အရိုးအဆစ်များနှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေရန် အလွန်အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။

 

၆။  မကြာခဏ အနားယူပါ။

                  အချိန်နာရီကြာမြင့်စွာ မတ်တပ်ရပ်၍ အလုပ်လုပ်ရသောသူများအနေနှင့် နားချိန်များတွင် လုံလောက်စွာ အနားယူပေးရန် လိုအပ်ပါသည်။ သို့မှသာ နာကျင်ကိုက်ခဲခြင်းလက္ခဏာများ ပိုမိုဆိုးရွား လာခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

 

၇။  ညဘက်တွင် ကောင်းစွာအိပ်စက် အနားယူပါ။

                  ညဘက်တွင် လုံလောက်ပြည့်၀စွာ အိပ်စက်အနားယူခြင်းသည်  စိတ်ဖိစီးမှုများအား လျော့နည်းစေသည့်အတွက် နာကျင်ခြင်းများကို သက်သာစေရန် ကူညီပေးပါသည်။

 

၈။  ယောဂလေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

                  တရားထိုင်ခြင်းနည်းတူ ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်လည်း မီးယပ်သွေးဆုံး အမျိုးသမီးများခံစားရသော စိတ်ဖိစီးမှုများကို ကောင်းစွာလျှော့ချပေးနိုင်ပါသည်။

ထို့အတူ အရိုးအဆစ်များ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာ စေနိုင်ကြောင်း တွေ့ရှိရပါသည်။

 

၉။  ခန္ဓာကိုယ်အလေးချိန်မတက်စေရန်ထိန်းသိမ်းပါ။

                  ခန္ဓာကိုယ်အလေးချိန်တက်လာသောအခါ အရိုးအဆစ်များ ( အထူးသဖြင့် ဒူးဆစ်များ၊ ခြေချင်းဝတ် အဆစ်များ၊ ပေါင်ရိုး အဆစ်များသည်) ခန္ဓာကိုယ်၏အလေးချိန်ကို ထမ်းထားရသောကြောင့် ပို၍ နာကျင်ကိုက်ခဲ‌တတ်ပါသည်။ ထို့ကြောင့် အရိုးအဆစ် နာကျင်သောသူများသည် ခန္ဓာကိုယ်အလေးချိန် မတက်စေရန် ထိန်းသိမ်းထားသင့်ပါသည်။

Author : Dr. မွန်

Previous Post

ကလေးများတွင် တွေ့ရသော သွေးအားနည်းရောဂါအကြောင်းသိကောင်းစရာများ။

Next Post

သံဓာတ်ချို့တဲ့ သွေးအားနည်း‌ရောဂါကို ဘယ်လိုကာကွယ်မလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
633

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
607
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်ချို့တဲ့ သွေးအားနည်း‌ရောဂါကို ဘယ်လိုကာကွယ်မလဲ။

ကလေးများ၏ အစာခြေစနစ်နှင့် Prebiotics

 ကလေးများ စားလိုက်သော အာဟာရဓါတ်များကို အပြည့်အ၀စုပ်ယူနိုင်ဖို့ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.