fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သွေးအားနည်းရောဂါနှင့် သံဓာတ်၏အရေးပါပုံ

737
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/06/2021
in ရောဂါကြီးများ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

သွေးအားနည်းရောဂါဆိုသည်မှာ သွေးအတွင်းရှိအောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသည့် လုပ်ငန်းကို လုပ်ဆောင်ပေးသော ဟေမိုဂလိုဘင်ဒြပ်ပေါင်းများပါဝင်သည့် သွေးနီဥအရေအတွက် လျော့နည်းနေသည့် အခြေအနေဖြစ်ပါသည်။

သွေးအားနည်းရောဂါအမျိုးအစားများ

( ၁ ) သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်သောသွေးအားနည်းရောဂါ

၎င်းအမျိုးအစားသည် အဖြစ်များဆုံးသော သွေးအားနည်းရောဂါ အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်တွင် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

( ၂ ) Vitamin B 12 နှင့် Folate ဓာတ်များချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ

အထက်ပါသွေးအားနည်းရောဂါအမျိုးအစားသည် ခန္ဓာကိုယ်တွင် Vitamin B 12 နှင့် Folate ဓာတ်များ ချို့တဲ့ခြင်းကြောင့်ဖြစ်သော ရောဂါအမျိုးအစားဖြစ်ပါသည်။

( ၃ ) နာတာရှည်ရောဂါများတွင် တွေ့ရှိရသော သွေးအားနည်းရောဂါ

ကင်ဆာရောဂါ၊ ကျောက်ကပ်အားနည်းသောရောဂါ ၊ သွေးလေးဖက်နာရောဂါ အစရှိသော နာတာရှည်ရောဂါအချို့တွင် သွေးအားနည်းရောဂါကို ခံစားရနိုင်ကြောင်းတွေ့ရှိရပါသည်။

( ၄ ) Aplastic Anaemia

၎င်းသွေးအားနည်းရောဂါသည် ရိုးတွင်းခြင်ဆီအားနည်းသည့်အတွက် သွေးနီဥများ၊ သွေးဖြူဥများ နှင့် သွေးဆဲလ်မွှားများကို ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါအမျိုးအစားဖြစ်ပါသည်။

( ၅ ) သွေးကင်ဆာရောဂါတွင် တွေ့ရှိရသော သွေးအားနည်းရောဂါ

( ၆ ) Haemolytic Anaemia

သွေးနီဦများ ပုံမှန်မဟုတ်သည့်အတွက် သွေးနီဥများ ပြိုကွဲခြင်းမှုများပြားခြင်းအကြောင်းရင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ အမျိုးအစားတစ်မျိုး ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

– အလွန်အမင်းမောပန်းလွယ်ခြင်း
– အားနည်းခြင်း
– အသားအရေနှင့် နှုတ်ခမ်းများဖြူဖျော့နေခြင်း
– ရင်တုန်ခြင်း
– ခေါင်းမူးခေါင်းကိုက်ခြင်း
– ခြေဖျားလက်ဖျားအေးခြင်း
-လျှာနှင့် ပါးစပ်များရောင်ရမ်း၍ နာကျင်ခြင်း
-လက်သည်းများကျွတ်ဆတ်ခြင်း စသည့် ရောဂါလက္ခဏာများကို ခံစားရနိုင်ပါသည်။

သွေးအားနည်းရောဂါများတွင် အဖြစ်များဆုံးသော အမျိုးအစားမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ ဖြစ်ပါသည်။ အောက်ပါအကြောင်းရင်းများသည် ခန္ဓာကိုယ်တွင် သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

– ခန္ဓာကိုယ်မှ သွေးဆုံးရှုံးခြင်း
-စားသုံးသည့် အစားအစာများတွင် သံဓာတ်လုံလောက်စွာ ပါဝင်မှုမရှိခြင်း
-ခန္ဓာကိုယ်မှ သံဓာတ်ကို ကောင်းစွာစုပ်ယူနိုင်မှု မရှိခြင်း
-ကိုယ်ဝန်ဆောင်စဉ် အာဟာရဓာတ်များ လုံလောက်စွာရရှိမှုမရှိခြင်း စသည့် အကြောင်းရင်းများကြောင့် သံဓာတ် ချို့တဲ့နိုင်ပါသည်။

သံဓာတ်ချို့တဲ့မှုဖြစ်ခြင်း ဖြစ်နိုင်ခြေများသောသူများမှာ-

-အမျိုးသမီးများ
အမျိုးသမီးများတွင် ရာသီဓမ္မတာလာခြင်းအကြောင်းရင်းကြောင့် သွေးဆုံးရှုံးနိုင်သဖြင့် သံဓာတ်ချို့တဲ့ခြင်း ဖြစ်နိုင်ခြေများသောသူများ ဖြစ်ကြပါသည်။

-ကလေးများ
ကလေးများဖွံ့ဖြိုးကြီးထွားစေရန်အတွက် သံဓာတ်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်သောကြောင့် မိခင်များအနေဖြင့် ကလေးများအား ကျွေးမွေးသည့် အစားအစာတွင် အာဟာရဓာတ် များမျှတစွာ ပါဝင်မှုမရှိလျှင် ကလေးများတွင် သံဓာတ်ချို့တဲ့နိုင်ကြောင်း တွေ့ရှိရပါသည်။

-သက်သတ်လွတ်စားသောသူများ
သက်သတ်လွတ်စားသောသူများသည် သံဓာတ်ပြည့်၀သော ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းမရှိလျှင် သံဓာတ်ချို့တဲ့ခြင်းဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရပါသည်။

-မကြာခဏ သွေးလှူဒါန်းသောသူများ
သွေးလှူဒါန်းခြင်းကြောင့် သံဓာတ်များကို လျော့နည်းစေနိုင်သည့်အတွက် မကြာခဏသွေး လှူဒါန်းသောသူများတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သည့် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ များကြောင်း တွေ့ရှိရပါသည်။

သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးလုပ်ငန်းများအတွက် အရေးပါပုံ

အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် စားသုံးသည့် အစာအာဟာရတွင် သံဓာတ်များ လုံလောက်စွာ ပါဝင်ရန် အရေးကြီးကြောင်း လေ့လာသိရှိရပါသည်။

( ၁ ) ခန္ဓာကိုယ်အတွက် လိုအပ်သည့် စွမ်းအင်ပမာဏကို မြှင့်တင်ပေးခြင်း

သံဓာတ်သည် ဦးနှောက်နှင့်ကြွက်သားများဆီသို့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ရာတွင် အရေးပါသည့် ကဏ္ဍမှပါဝင်ပါသည်။ ထို့ကြောင့် အစားအစာများတွင် သံဓာတ်လုံလောက်စွာ ပါဝင်မှုမရှိလျှင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် စွမ်းအင်ပမာဏကို ပြည့်၀စွာ ရရှိနိုင်တော့မည်မဟုတ်ပါ။ ထို့ပြင် သံဓာတ်သည် အာရုံစူးစိုက်မှုကောင်းစေရန် ကူညီပေးခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်းကို လျော့နည်းသက်သာစေခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်သည့် အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

( ၂ ) အားကစားလုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်စေနိုင်ခြင်း

ခန္ဓာကိုယ်ရှိ တစ်ရှူးများဆီသို့ လိုအပ်သည့် အောက်ဆီဂျင်ကို အဓိကသယ်ယူပို့ဆောင်ပေးသည့် ဟေမိုဂလိုဘင် ဒြပ်ပေါင်းများပါဝင်သော သွေးနီဥများကို ထုတ်လုပ်ရာတွင် သံဓာတ်သည် မရှိမဖြစ် လိုအပ်သည့် အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။ အထက်ပါအကြောင်းရင်းကြောင့် သံဓာတ်ချို့တဲ့ခြင်းသည် အားကစားလုပ်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်းများကို အားနည်းခြင်းများဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

( ၃ ) ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများကို ကျန်းမာရေးကောင်းမွန်စေခြင်း

ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသားအတွက် လုံလောက်သော အာဟာရဓာတ်များကို ရရှိရန်အတွက် သွေးပမာဏနှင့် သွေးနီဥထုတ်လုပ်ခြင်းသည် ပိုမိုမြင့်မားလာကြပါသည်။ ထို့ကြောင့် သံဓာတ်လိုအပ်မှုသည်လည်း ပိုမိုမြင့်မားလာကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် သံဓာတ်လုံလောက်စွာရရှိခြင်းသည် နေ့စေ့လစေ့မဟုတ်ဘဲ ကလေးမွေးဖွားခြင်း၊ ကလေးများတွင် မွေးရာပါဦးနှောက်နှင့် ဉာဏ်ရည်ဖွ့ံဖြိုးမှုပုံမှန်မဟုတ်သည့် ရောဂါဖြစ်ခြင်း စသည်တို့မှ ကာကွယ်ပေးနိုင်ကြောင်းလည်း တွေ့ရှိရပါသည်။

( ၄ ) ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း

သံဓာတ်မှ ထုတ်လုပ်ပေးသော သွေးနီဥများသည် တစ်ရှူးများနှင့် ဆဲလ်များပျက်စီးခြင်းကို ကောင်းစွာ ကာကွယ်ပေးနိုင်သည့် အာနိသင်ရှိပါသည်။ ထို့ပြင် သွေးနီဥများတွင် ပါဝင်သော ဟေမိုဂလိုဘင်ဒြပ်ပေါင်းများသည် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးကူးစက်ခံရခြင်းမှလည်း ကာကွယ်ပေးနိုင်သည့် ဂုဏ်သတ္တိရှိကြောင်း တွေ့ရှိရပါသည်။

( ၅ ) ဦးနှောက်ဉာဏ်ရည်ပို်င်းဆိုင်ရာ လုပ်ငန်းများကို တိုးတက်ကောင်းမွန်စေခြင်း

သံဓာတ်သည် ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်သည့်အတွက် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်း၊ အာရုံစူးစိုက်မှုအားကောင်းစေခြင်း ၊ လူကြီးများတွင် မှတ်ဉာဏ်ကျဆင်းစေ သည့် ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း စသည့် ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။

( ၆ ) နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကို အားပေးကူညီခြင်း

သံဓာတ်၏ နောက်ထပ်တွေ့ရှိရသော ကောင်းကျိုးတစ်ခုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကို အားပေးကူညီခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် တစ်နေ့တာလုံး ပင်ပန်းစွာ အလုပ်လုပ်သော်လည်း ညဘက်တွင် ကောင်းစွာအိပ်မပျော်သောသူများသည် သံဓာတ်ပြည့်၀သည့် အစားအစာများကို စားသုံးခြင်း သို့မဟုတ် သံဓာတ်အားဆေး ဖြည့်စွက်စာများကို သောက်သုံးခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုလိုပါသည်။

Author: Dr. မွန်

Previous Post

ဒူးနာခြင်းဖြစ်စေသော အကြောင်းရင်းများ

Next Post

သားသားမီးမီးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ မေမေတို့ ဘာတွေလုပ်ပေးနိုင်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
591

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
550
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

1 year ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ မေမေတို့ ဘာတွေလုပ်ပေးနိုင်မလဲ

အရေပြားပွေးယားနာရောဂါဆိုတာ

ရာသီချိန်ခါ အေးလာသည့်အချိန်တွင်အဖြစ်များသည့် ချွဲကပ်ချောင်းဆိုးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.