fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကိုယ်ဝန်ဆောင်မိခင်တွေ Morning Sickness သက်သာစေမယ့် အစားအသောက်များ

284
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/10/2021
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ချိန်မှာ မွေးလာမယ့်ကလေးလေးအတွက် ပျော်ရွှင်စိတ်လှုပ်ရှားရတဲ့ အချိန်ရှိသလို စိတ်ရောလူပါ ပင်ပန်းရတဲ့အချိန်တွေလည်းရှိကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ခံစားရတဲ့ ဝေဒနာအများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးသား‌ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ခြင်းဖြစ်ပါတယ်။ အတွေ့အများဆုံးပြဿနာကတော့ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဖြစ်တတ်တဲ့ Morning Sickness ပါ။ တချို့အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်စဉ် တစ်လျှောက်လုံးမှာ တွေ့ရတတ်ပါတယ်။

 

Morning Sickness လက္ခဏာများ

Morning Sickness ခံစားရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ပျို့တက်ခြင်း၊ အန်ခြင်းတွေ ခံစားရကြပါတယ်။ အစားအသောက်အနံ (သို့မဟုတ်) အရသာတစ်ခုခုကြောင့် ပိုဆိုးစေတတ်ပါတယ်။ Morning Sickness ဟာ ကိုယ်ဝန် ပထမအပိုင်းခြား (First Trimester) မှာ တွေ့ရတတ်ပြီး အထူးသဖြင့် ကိုယ်ဝန် သန္ဓေစတည်ပြီး ၉ ပတ်မြောက်မှာ စတင်ခံစားရတတ်ပါတယ်။

ဘယ်သူတွေမှာ Morning Sickness ပိုဖြစ်နိုင်မလဲဆိုရင်-

-ယခင် ကိုယ်ဝန်ဆောင်စဉ်က Morning Sickness ခံစားရဖူးသူ

-ရောဂါအခံရှိသူများ (အသည်းရောဂါ၊ သိုင်းရွိုက် ရောဂါ)

-ကိုယ်ဝန် မဆောင်ခင် ယခင်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် ပျို့အန်လွယ်သူများ (ဥပမာ- ကားမူးတတ်ခြင်း၊ Migraine ခေါင်းတစ်ခြမ်းကိုက်‌ ရောဂါ စသဖြင့်)

-အမြွှာပူးကိုယ်ဝန်ဆောင်မိခင်များ

စသူ‌တွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။

  • ကိုယ်ဝန်ဟာ မိန်းကလေး ကိုယ်ဝန်ဖြစ်နေလျှင်
  • မိသားစု မျိုးရိုးထဲမှာ Morning Sickness ဆိုးဆိုးရွားရွားခံစားရသူရှိခဲ့ဖူးလျှင်
  • ယခင်တစ်ခါ ကိုယ်ဝန်တုန်းကလည်း Morning Sickness ကို ဆိုးရွားစွာ ခံစားခဲ့ရဖူးလျှင်

ယခု ကိုယ်ဝန်ဆောင်ချိန်မှာ အခြား ကိုယ်ဝန်ဆောင်တွေထက် ခံစားရတဲ့ လက္ခဏာက ပိုဆိုးနေတတ်ပါတယ်။ ဒီလိုဖြစ်တာကို Hyperemesis Gravidarum လို့ ခေါ်ပါတယ်။

အများစုက သာမန်သောက်ဆေး၊ သို့ အစားအသောက်လောက်နဲ့ သက်သာပေမဲ့ တချို့အမျိုးသမီးတွေမှာ Hyperemesis Gravidarum လို့ခေါ်တဲ့ လက္ခဏာ ဆိုးဆိုးဝါးဝါးတွေ ခံစားရတတ်ပါတယ်။

ဘယ်လိုအခြေအနေတွေဆို စိုးရိမ်ရသလဲ

-ဘယ်အစားအသောက်မှ စားမဝင်ပဲ တောက်လျှောက် အန်နေခြင်း

-ရင်တုန်ခြင်း

-မတ်တပ်ရလိုက်စဉ် ရိပ်ခနဲမူးဝေသွားခြင်း

-ဆီးသွားနည်းပြီး ဆီးအရောင်ရင့်ခြင်း

စတာတွေဖြစ်လာခဲ့ရင် မိမိ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

Morning Sickness ဟာ မဖြစ်အောင် ကာကွယ်လို့ မရပေမယ့် သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုဟာ အစားအသောက် ပုံစံကို ပြောင်းလဲပေးလိုက်တဲ့အခါ Morning Sickness လက္ခဏာတွေ သက်သာလာပါတယ်။

 

Morning Sickness သက်သာအောင် ဘယ်လို စားသောက်ပေးရမလဲ

  • အစားစားတဲ့အခါ တစ်ခါစားရင် နည်းနည်းချင်းစီ ခွဲပြီး တ‌စ်နေ့ကို ငါးကြိမ်- ခြောက်ကြိမ် ခန့် ခွဲစားပါ။
  • ဖြည်းဖြည်းချင်း အစာကြေညက်နေအောင် ဝါးစားပါ။
  • အနံ့ပြင်းတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်ပါ။
  • အဆီအဆိမ့် များပြီး အီစေနိုင်သော အစားအစာများ၊ အလွန်စပ်သော အစားအစာများ၊အလွန်ပူသော အစားအသောက်များ ကိုရှောင်ပါ။
  • အရည်များများ သောက်ပေးပါ။
  • မနက် ထထချင်းကို ရင်ပြည့်အောင် မစားဘဲ အဆာပြေလောက် အရင်စားပေးပါ။

Morning Sickness ကို သက်သာစေမယ့် အစားအသောက်များ

  • ရေခဲထည့်ဖျော်ထားသော သစ်သီးဖျော်ရည်၊ Smoothies နဲ့ ဒိန်ချဉ်များ
  • အစာကြေလွယ်၊ ဝါးရလွယ်သော စားစရာများ၊ ဥပမာ-Cracker ၊ ဘီစကစ် စသည်
  • ဌက်ပျောသီး
  • ဖရဲသီး
  • Herbal Tea
  • ချင်းပြုတ်ရည်
  • စွပ်ပြုတ်အမျိုးမျိုး
  • Peppermint Tea
  • Cereals
  • ရေခဲမုန့်၊ ရေခဲချောင်းနဲ့ အအေးခံထားတဲ့ အစားအသောက်များ

 

Author: Dr. Aye Myat

Previous Post

ဗိုက်ထဲကရင်သွေးလေးက မိခင်ထံကနေ အဟာရဓာတ်တွေ ဘယ်လိုရလဲ

Next Post

ကိုဗစ်နောက်ဆက်တွဲနမိုးနီးယားရောဂါကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ ပြောပြလာတဲ့ စီစဉ်တင်ဆက်သူကောင်းထက်ဇော်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုဗစ်နောက်ဆက်တွဲနမိုးနီးယားရောဂါကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ ပြောပြလာတဲ့ စီစဉ်တင်ဆက်သူကောင်းထက်ဇော်

သတိထားရမယ့် ကိုဗစ်နောက်ဆက်တွဲပြဿနာများ

ရာသီအကူးအပြောင်းမှာ ဂရုစိုက်ရမယ့် တုပ်ကွေးရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.