fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သုက်လွှတ်မြန်ခြင်းအကြောင်းရင်းနဲ့ ထိန်းနိုင်မယ့်နည်းလမ်းများ

2.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/01/2022
in အမျိုးသားကျန်းမာရေး
1 min read
A A

သုက်လွှတ်မြန်ခြင်းပြဿနာက ယနေ့ခေတ် အမျိုးသားတော်တော်များများ၌ ဖြစ်လေ့ရှိပြီး ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ အရွယ်ရောက်ပြီးအမျိုးသားများရဲ့ ၂၀% ကနေ ၃၀% လောက်ထိ ဒီပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပုံမှန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးဟာ လိင်စဆက်ဆံပြီး ၅ မိနစ်ကနေ ၁၂ မိနစ်လောက်အတွင်းသုက်လွှတ်လေ့ရှိပါတယ်။ အကယ်၍ အမျိုးသားဟာ ထိုးသွင်းဆက်ဆံခြင်း မလုပ်သေးခင်ကတည်းက သုက်လွှတ်တာ ဒါမှမဟုတ် ထိုးသွင်းဆက်ဆံနေတုန်း စဣန့်ပိုင်းလေးအတွင်းမှာ သုက်လွှတ်တာကို သုက်လွှတ်စောခြင်းလို့ ခေါ်ပါတယ်။

သုက်လွှတ်မြန်ခြင်းရဲ့အခြေခံအကြောင်းရင်းများကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ဇီ၀ဗေဒဆိုင်ရာ အခြေခံအကြောင်းရင်းများကြောင့်ပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကတော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်များခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံနည်းပါးခြင်း၊ အိမ်‌ထောင်ဖက်နဲ့ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ လိင်ဆက်ဆံဖက်အား အလိုမကျခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

ဇီ၀ဗေဒဆိုင်ရာအ‌ခြေခံအကြောင်းရင်းတွေကတော့ လိင်ဆက်ဆံရာမှာ အဓိကအခန်းကဏ္ဍအနေဖြင့် ပါ၀င်တဲ့ခန္ဓာကိုယ်ရှိ ဟိုမုန်းများ ကမောက်ကမဖြစ်ခြင်း၊ ကိုယ်ခန္ဓာရဲ့ဇီ၀ကမ္မဖြစ်စဉ်များ ပုံမမှန်ခြင်း၊ လိင်တံနဲ့ကယ်ပယ်အိတ်ဆိုင်ရာ အခြေခံရောဂါတစ်ခုခုရှိနေခြင်း၊ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အမျိုးသားရဲ့လိင်တံက ပုံမှန်ထက်ပို၍ ခံစားချက်ကို တောင့်မခံနိုင်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

ဆက်လက်ပီးတော့ သုက်လွှတ်မြန်ခြင်းကို ထိန်းထားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးပါ့မယ်။ ပထမဆုံးအနေနဲ့ ရပ်ပြီးမှပြန်စတဲ့ နည်းလမ်းလေးကို ဖော်ပြပေးပါ့မယ်။ ဒီနည်းလမ်းက လိင်ခံစားမှု အထွတ်အထိပ်ရောက်ခါနီးအချိန်၊ ဒါမှမဟုတ် သုက်လွှတ်ခါနီးအချိန်မှာ လိင်ဆက်ဆံနေခြင်းကို စက္ကန့်သုံးဆယ်လောက် ခဏနားပီးမှ နောက်တစ်ဖန်ပြန်စတာပဲ ဖြစ်ပါတယ်။ သုက်လွှတ်ချင်တဲ့အချိန်မရောက်မချင်း ဒီနည်းလမ်းကို သုံးလေးခါလောက် ထပ်တလဲလဲ ဆောင်ရွက်ပီးမှ အထွပ်အထိပ်ကို ရောက်စေပါ။ လွယ်ကူပီးရိုးရှင်းပေမဲ့ ထိရောက်တဲ့နည်းလမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

ဒုတိယနည်းလမ်းလေးကတော့ လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးပေးပါ။ ကွန်ဒုံးသုံးပေးခြင်းဖြင့်   လိင်အထိအတွေ့ခံစားမှုကို လျော့နည်းစေတာမို့ သုတ်လွှတ်ခြင်းကို သာမန်ထက် ပိုကြာကြာထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

တတိယတစ်ခုအနေနဲ့ကတော့ “Squeeze Method” လို့ခေါ်တဲ့ “ညှစ်ထားတဲ့ နည်းလမ်း” ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက လိင်စိတ်အထွတ်အထိပ် ရောက်ခါနီးအချိန်၊ ဒါမှမဟုတ် သုက်လွှတ်ခါနီးအချိန်မှာ လိင်တံကို မိန်းမကိုယ်ကထုတ်ပီး လိင်တံထိပ်ကို ခဏကြာညှစ်ထားပေးရမှာ ဖြစ်ပါတယ်။ ဒီလိုညှစ်ပီးတော့ လိင်ဆက်ဆံခြင်းကို စက္ကန့် ၃၀ လောက် နားလိုက်ပါ။ ပြီးမှနောက်တစ်ကြိမ်ပြန်စ‌ပေးပါ။ ကိုယ်လိုချင်တဲ့ အချိန်ရောက်တဲ့အထိ ဒီနည်းလမ်းကို ထပ်တလဲလဲလုပ်နိုင်ပါတယ်။

နောက်အသုံး၀င်တဲ့နည်းလမ်းလေးကတော့ တင်ပါးကြွက်သားတွေကို လေ့ကျင့်ခန်းပြုလုပ်တာပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းက အမျိုးသမီးတွေအတွက်ဆိုပေမဲ့ သုက်လွှတ်မြန်တဲ့ပြဿနာခံစားနေရတဲ့ အမျိုးသားတွေမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ လုပ်ပုံလုပ်နည်းကတော့ တင်ပါးကကြွက်သားတွေကို စက္ကန့်အနည်းငယ်လောက် ကျုံ့ထားပီးမှ ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရပ်နားခြင်းမရှိဘဲ ၁၅ ကြိမ်လောက်လုပ်ပေးခြင်းက လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာ သုတ်လွှတ်မြန်ခြင်းကို တားဆီးပေးပါတယ်။

နောက်နည်းလမ်းတစ်ခုကတော့ လိင်ဆက်ဆံတဲ့ပုံစံအနေအထားကို ကွဲပြားတဲ့ပုံစံနဲ့ကြိုးစားကြည့်ပါ။ လိင်ဆက်ဆံနေတဲ့အချိန်မှာ ပုံစံအနေအထားအမျိုးမျိုး ပြောင်းလဲဆက်ဆံတာက အမျိုးသားတွေရဲ့ လိင်အင်္ဂါအပေါ်  နှိုးဆမှုကို အတော်အသင့်လျော့ပါးစေနိုင်ပါတယ်။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် အထွတ်အထိပ်ရောက်မယ့်အချိန်ကို အထိုက်အလျောက် အချိန်ဆွဲထားနိုင်မှာဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပြီး ရေများများသောက်ပါ။ အမျိုးသားတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးပြီး ရေများများသောက်မယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေပီး သုက်လွှတ်မြန်တဲ့ပြဿနာကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

 

Author: Dr. KTZ

Previous Post

အမျိုးသမီးတွေမှာ သံဓာတ်ချို့ရတဲ့အဓိကအကြောင်းရင်းများ

Next Post

အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဝှေးစေ့ကင်ဆာ ကြောက်စရာ စောစောစီးစီး စမ်းသပ်ပါ

2 months ago
2k

အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဇင့်ဓာတ်

2 months ago
2.2k

အမျိုးသားအားတိုးဆေးသောက်ရင် သတိပြုသင့်တာတွေ

4 months ago
1.5k

အားကစားလုပ်ခြင်းက အမျိုးသားတွေရဲ့စွမ်းဆောင်‌ရည်ကိုမြှင့်တင်နိုင်သလား

4 months ago
245

အမျိုးသားတို့ စိတ်သွားတိုင်းကိုယ်ပါနိုင်စေမယ့် နည်းလမ်းများ

5 months ago
900

တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

5 months ago
2.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Macrocytic Anemia ဆိုတဲ့ သွေးနီဥဆဲလ်တွေ ပုံမှန်ထက်ပိုကြီးပြီးသွေးအားနည်းတဲ့ရောဂါ

အမျိုးသားအားတိုးဆေးသောက်ရင် သတိပြုသင့်တာတွေ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.