fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ချောမွတ်ဝင်းပတဲ့အသားအရေကို ထိန်းသိမ်းမယ်ဆိုရင်

229
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/02/2022
in အမျိုးသမီး ကျန်းမာရေး, အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသားအရေလေး ချောမွတ်ဝင်းပမှုကို ပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်း၏စိတ်ကူးဆန္ဒတစ်ခု ဖြစ်မည်မှာ အသေအချာပဲဖြစ်ပါတယ်။ အသားဖြူခြင်း၊ လတ်ခြင်း၊ ညိုခြင်း မတူညီသောအသားအရောင်မရွေး ချောမွတ်ဝင်းပသည့်အနေအထားရအောင် ထိန်းသိမ်းနိုင်သော အသားအရေစောင့်ရှောက်မှု နည်းလမ်းများစွာရှိပါသည်။

ပထမဆုံးအဆင့်အနေဖြင့် အရေပြားရှိ ချွေးပေါက်များတွင် အဆီ၊ဖုန်မှုန့်၊ အညစ်အကြေးများ ပိတ်ဆို့မနေစေရန် အပျော့စားမျက်နှာသစ်ဆေးရည် သို့မဟုတ် ဆပ်ပြာဖြင့် တစ်နေ့လျှင် နံနက်၊ညတစ်ကြိမ်စီ သန့်စင်ပေးပါ။ မိတ်ကပ်၊သနပ်ခါး၊ နေရောင်ကာများလိမ်းထားသည့်မျက်နှာကို သင့်လျော်သော မိတ်ကပ်ဖျက်ဆေး၊ မျက်နှာသန့်စင်ဆေးရည်ဖြင့် ညအိပ်ရာမဝင်ခင် ချွေးပေါက်များအထိ သန့်စင်ပေးပါ။ ထိုသို့သန့်စင်ပေးခြင်းဖြင့် အရေပြားအတွင်းထိ အညစ်အကြေးများ ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်ဆို့ပြီး အဆီဖု၊ ဝက်ခြံများထွက်ခြင်းကို သက်သာစေနိုင်သည်။

အရေပြားအပေါ်ယံလွှာရှိ ဆဲလ်အသေအဟောင်းများကို Physical Exfoliant သို့မဟုတ် Chemical Exfoliant  ပုံမှန်အသုံးပြုပြီး ဖယ်ရှားပေးပါ။ ကြေးချွတ် Scrub ကဲ့သို့ Physical Exfoliant ကို တစ်ပတ် ၂-၃ ကြိမ် အသုံးပြုပေးနိုင်သည်။ အရေပြားကို တိုက်စားမှု အနည်းငယ်ပြင်းသော Peeling-chemical Exfoliant များကို တစ်ပတ်လျှင် တစ်ကြိမ်ခန့်အသုံးပြုပေးခြင်းက ခြောက်သွေ့သော၊ထိခိုက်လွယ်သော အရေပြားပိုင်ရှင်များအတွက်ပါ သင့်တော်ပါသည်။

အရေပြားကို အထက်ပါအတိုင်း အတွင်းပိုင်းထိ သန့်စင်ပြီးလျှင် အရေပြား၏ အစိုဓာတ်ကို ထိန်းပေးနိုင်ရန် မိမိအသားအရေနှင့် သင့်လျော်သောအစိုဓတ်ထိန်းခရင်မ် Moisturizer တစ်မျိုးမျိုးကို မနက်၊ ညတစ်နေ့နှစ်ကြိမ် အသုံးပြုပေးပါ။ အရေပြားခြောက်သွေ့ပြီး အစိုဓာတ်မရှိလျှင် အရေပြားတောက်ပမှုမရှိ ကြမ်းတမ်းပြီး အရေးအကြောင်းများ ပို၍ဖြစ်ပေါ်စေနိုင်ပါသည်။

အရေပြား၏ အလှကိုပျက်ဆီးစေသည့် ဝက်ခြံ၊ တင်းတိပ်၊ နေလောင်ဒဏ်၊ အမဲစက်တို့ကို ဖြစ်စေနိုင်သည့် နေရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ရန် Sun Protection Factor- SPF ပါဝင်သည့် နေရောင်ကာလိမ်းဆေးကို ပုံမှန်လိမ်းပေးပါ။ အပြင်မထွက်ခင်နာရီဝက်အလို ကြိုလိမ်းပေးရုံမက အိမ်မှာနေစဉ်လည်းလိမ်းပေးရပါမည်။ နေရောင်အောက်တွင် အချိန်ကြာကြာနေရသောအခါ နေရောင်ကာလိမ်းဆေးကို ထပ်လိမ်းပေးရန်လိုအပ်ပါသည်။

ချောမွတ်ဝင်းပသည့် အသားအရေကို ရရှိနိုင်ရန် နေ့စဉ်အသုံးပြုသော အလှကုန်ပစ္စည်းများတွင် Vitamin C ၊  Vitamin B3- Niacinamide စသည့် ပါဝင်ပစ္စည်းများပါသည့် အလှကုန်များကို အသုံးပြုပေးပါ။ အရေပြားကို ရေဓာတ်နှင့်အစိုဓာတ်ဖြည့်တင်းပေးသည့် မျက်နှာပေါင်းတင်ကပ်ခွာ Face Mask ကို အသုံးပြုပေးခြင်းဖြင့် အသားအရေကို ချောမွတ်ဝင်းပစေနိုင်သည်။ ထို့ပြင် မျက်နှာ၏ သွေးလည်ပတ်မှုကောင်းမွန်စေရန် ညင်သာစွာ နှိပ်နယ်ပေးခြင်းကို ပြုလုပ်ပေးသင့်ပါသည်။

အထက်ပါအသားအရေ ထိန်းသိမ်းမှုနည်းလမ်းများအပြင် ဆီကြော်၊ တာရှည်ခံ အစားအစာများ ရှောင်ကြဉ်ခြင်း၊ အာဟာရမျှတစွာ စားသုံးပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်မှု Antioxidants ကြွယ်ဝသည့် လတ်ဆတ်သော အသီးအနှံများ စားပေးခြင်း၊ ခန္ဓာကိုယ်အတွက် ရေဓာတ်လုံလောက်အောင် တနေ့လျှင် ရေ ၂-၃ လီတာ သောက်ပေးခြင်း၊ အိပ်ရေးဝအောင် ညအိပ်ချိန်ပုံမှန်အိပ်ခြင်း၊ ခန္ဓာကိုယ်သွေးလည်ပတ်မှု ကောင်းမွန်အောင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်းတို့ကလည်း အသားအရေလေး ချောမွတ်ဝင်းပမှု ရရှိအောင် ကူညီပေးနိုင်ပါသည်။

အကယ်၍ ဝက်ခြံ၊တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းစက်၊ အမာရွတ်ကဲ့သို့ အရေပြားပြဿနာများကို ကြုံတွေ့ရလျှင် တတ်ကျွမ်းနားလည်သော အရေပြားအထူးကု၊ အလှအပဆိုင်ရာ ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သော ဆေးကုသမှု၊ လိမ်းဆေး၊ ဆဲလ်သေခွာကုသနည်း၊အလင်းရောင်၊ နှုန်းလွန်အသံလှိုင်းနှင့် လေဆာကုထုံးစသည့် နည်းလမ်းများသုံး၍ ကုသမှုခံယူသင့်ပါသည်။

Author: Dr. Yee Mon

Previous Post

သတိလက်လွတ်ဖြစ်တတ်တဲ့ အရေပြားကိုထိခိုက်စေတဲ့ နေ့စဉ်အမူအကျင့်များ

Next Post

အဆစ်အမြစ်ရောင်တိုင်း လေးဖက်နာလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
650
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
805

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
813
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.5k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.9k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆစ်အမြစ်ရောင်တိုင်း လေးဖက်နာလား

ဗီတာမင်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ (Vitamin Deficiency Anemia)ဆိုတာ

သင့်ကလေး အိုမီခရွန်ကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.