fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးဟော်မုန်းတွေ သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများ

ways to naturally regulate female hormones
1.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/05/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးဟော်မုန်းများသည် အမျိုးသမီးတစ်ယောက် ခန္ဓာကိုယ်ကျန်းမာပြီး ဇီဝကမ္မဖြစ်စဉ်ပုံမှန်လုပ်ဆောင်နိုင်ဖို့ မရှိမဖြစ်အရေးပါသည့် ဟော်မုန်းများဖြစ်ပါသည်။ အမျိုးသမီးများအတွက် အဓိကကျသည့် ဟော်မုန်း (၄)မျိုးမှာ အီစထရိုဂျင် (estrogen)၊ ပရိုဂျက်စထရုန်း (progesterone)၊ မျိုးဥအိမ်မှထုတ်သော FSH နှင့် LH  ဟော်မုန်းတို့ ဖြစ်ပါသည်။ အမျိုးသမီးဟော်မုန်းတွေသည် ပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးခါနီးအချိန်များ၊ ခန္ဓာကိုယ်တွင် ရောဂါတစ်ခုခု ရှိသည့်အခါများတွင် မညီမျှမှုများ ဖြစ်ပေါ်တတ်ပါသည်။

အမျိုးသမီးများတွင် ဟော်မုန်းမညီမျှသည့်အခါ ရာသီသွေးပုံမမှန်ဆင်းခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များ၊ ဝက်ခြံများပုံမှန်ထက် ပို၍ပေါက်လာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ သွေးတွင်း သကြားဓာတ်ပမာဏ ပုံမမှန်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ရင်တုန်ခြင်း၊ ကလေးမရနိုင်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်တတ်သည်။ အမျိုးသမီးဟော်မုန်း သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများမှာ-

(၁) ခန္ဓာကိုယ်အတွက် အသားဓာတ်လုံလောက်မျှတအောင် စားသုံးပေးခြင်း

ကြက်ဥ၊ ကြက်ရင်ပုံ၊ ငါး၊ ပဲအမျိုးမျိုး ကဲ့သို့ အစားအစာများသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး peptide ဟော်မုန်းထုတ်လုပ်မှုကို အားပေးပါသည်။ peptide ဟော်မုန်းအချို့သည် အစားစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ဗိုက်ပြည့်သကဲ့သို့ ခံစားရအောင် လုပ်ဆောင်ပေးပါသည်။ အစားအသောက် စားသောက်ရာတွင် ပရိုတင်းအသားဓာတ် ၂၀-၃၀ ဂရမ်ခန့်ကို ဖြည့်စွက်စားပေးသင့်သည်။

(၂) လေ့ကျင့်ခန်း ပြုလုပ်ခြင်း

ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်းစေသည့် လေ့ကျင့်ခန်းများ၊ အေရိုးဗစ် လေ့ကျင့်ခန်း (aerobics)၊ လမ်းလျှောက်ခြင်း ကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် ဟော်မုန်းပမာဏမျှတအောင် ထိန်းညှိပေးပြီး အသက်အရွယ်ရလာသည်နှင့် ရောဂါဖြစ်ပွားမှုနှင့်  ကြွက်သားဆုံးရှုံးမှုမှ ကာကွယ်​ပေးနိုင်မည်ဖြစ်သည်။

(၃) ခန္ဓာကိုယ်အလေးချိန် ထိန်းညှိခြင်း

အဝလွန်ခြင်းဟာ ခန္ဓာကိုယ်မျိုးပွားအင်္ဂါအစိတ်အပိုင်းများ လုပ်ဆောင်နိုင်စွမ်းကို လျော့နည်းစေပြီး ဟော်မုန်းများမညီမျှမှုနှင့် သကြားဓာတ်ထိန်းဟော်မုန်း၏ လုပ်ငန်းဆောင်ရွက်မှုနှင့် မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ရှိရမည့် အတိုင်းအတာအတွင်း ထိန်းပေးပြီး ဟော်မုန်းပမာဏကို ထိန်းညှိပေးသင့်သည်။

(၄) အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး စောင့်ရှောက်ပေးခြင်း

အသီးအရွက်များ၊ အုတ်ဂျုံ၊ ဒိန်ချဉ်ကဲ့သို့ အချဉ်ဖောက်ထားသော အစားအစာများ စသည့် Probiotics ပါဝင်သော အစားအစာများကို ပုံမှန်မှီဝဲပေးခြင်းဖြင့် အစာအိမ်အူလမ်းကြောင်းရှိ အကျိုးပြုပိုးမွှားများ Gut microbes များစေပြီး အမျိုးသမီးဟော်မုန်းများအပေါ် သက်ရောက်မှု ရှိစေပါသည်။

(၅) ကဖင်းဓာတ်၊ သကြားဓာတ်လွန်ကဲမှု ရှောင်ကြဉ်ခြင်း

ကဖင်းဓာတ်၊ သကြားဓာတ်ပါဝင်မှု မြင့်မားသော အချိုများ၊ အစားအစာများ စားခြင်းဖြင့် သကြားဓာတ်ထိန်းဟော်မုန်း အင်ဆူလင်၏စွမ်းရည်နှင့် အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်ခြင်း၊ leptin ခေါ် ဆာလောင်ခြင်းနှင့် ခန္ဓာကိုယ်အလေးချိန် ထိန်းပေးသည့်ဟော်မုန်းကို လျော့နည်းစေခြင်းတို့ဖြစ်စေနိုင်ပြီး အမျိုးသမီးဟော်မုန်းများ မညီမျှမှုကို ဖြစ်စေနိုင်သည်။

(၆) ခန္ဓာကိုယ်အကျိုးပြု အစားအစာများ စားပေးခြင်း

အမျှင်ဓာတ်ကြွယ်ဝသည့် အသီးအနှံများ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ၊ ငါးအမျိုးမျိုး၊ အစေ့အဆံစသည့် အဆီဓာတ်၊ အိုမီဂါ omega-3 ကြွယ်ဝသော အစားအစာများ၊ ဖြည့်စွက်ဆေးများ စားပေးခြင်းဖြင့် သကြားဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုဟော်မုန်း ကော်တီဇောကို လျော့နည်းစေပါသည်။

(၇) စိတ်ဖိစီးမှု နည်းအောင်နေထိုင်ခြင်း

စိတ်ဖိစီးမှုများလျှင် ခန္ဓာကိုယ်မှ ကော်တီဇောဟော်မုန်းထွက်ပြီး ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုများ ဖြစ်စေနိုင်၍ အိပ်ရေးဝအောင်အိပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းကို နေ့စဉ် ၁၀-၅၀ မိနစ်ထိ ပြုလုပ်ပေးခြင်းတို့ဖြင့် အမျိုးသမီးဟော်မုန်းများကို သဘာဝအတိုင်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပါသည်။

 

Author: Dr. Yee Mon

Previous Post

မင်းဂွတ်သီးနဲ့ သကြား တူတူစားလို့ရသလား?

Next Post

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
600

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
557
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

mobile phone use and neck problems

မိုဘိုင်းဖုန်းသုံးခြင်းနှင့် လည်ပင်းအရိုးအဆစ် ပြဿနာ

why do people with kidney disease have anemia

​ကျောက်ကပ်​ရောဂါရှိသူ​တွေ ဘာလို့​သွေးအားနည်းလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.