ဇီဝက ဆေးခန်းမှာ လာပြနေကျ မိခင် ဖခင်တွေမေးလေ့ ရှိတာက
“ဆရာ ၊ကျွန်တော် ကျွန်မ ကလေးက အသက် ဘယ်လောက်ရှိပြီ ၊ခုထိ စကား
မပြောသေးဘူး”
“ကျွန်တော် ကျွန်မ ကလေးက ခုထိ တခြားကလေးတွေလို လမ်းကောင်းကောင်း
မလျှောက်သေးဘူး”
ထိုထိုသော စိုးရိမ်စွာဖြင့်မေးသော မိဘများအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးလေး
ကို ရေးဖြစ်ပါတယ် ။အောက်မှာ ကလေးအသက်အလိုက် ဘာတွေ ဖွံ့ဖြိုးကြီးထွားပုံ
အဆင့်ဆင့်ကို ဖော်ပြထားဒပါတယ် ။
မွေးစမှ အသက် ၄လအရွယ် ကလေးများ
-ဒီအရွယ်တွေမှာ ခေါင်းစခိုင်ပါတယ် ။မွေးမွေးချင်းတော့ ဘယ်ခိုင်မလဲ ။အသက်
၄လလောက်ဆိုရင် ခေါင်းကို မတ်မတ်ထောင်နိုင်ပါပြီ ။
-အရာဝတ္ထု ဒါမှမဟုတ် အမေ့မျက်နှာကို လိုက်ကြည့်တာမျိုး လုပ်တတ်ကြပါတယ်။
-ကလေး လက်ထဲကို ပစ္စည်းတစ်ခုထည့်လိုက်တာနဲ့ ဆုပ်ကိုင်တတ်ကြပါတယ် ။
-ချော့သံ ၊မြူသံ ကြားတာနဲ့ အသံ(တခစ်ခစ်ဖြင့်)ဖြင့်ဖြစ်စေ တုန့်ပြန်တတ်ကြပါ
တယ် ။
-ဒီအရွယ်တွေဟာ မိခင်မျက်နှာကို ကောင်းကောင်း ကျက်မိကြပါပြီ ။
အသက် ၁လခွဲလောက်ဆိုရင် ချော့မြူရင် ကောင်းကောင်းပြုံးပြတတ်ကြပါပြီ ။
အသက် ၆လ အရွယ် ကလေးများ
-ဟိုဘက် ဒီဘက်ကို ကောင်းကောင်း လှိမ့်တတ်နေပါပြီ ။
ကူပေးရင် ထိန်းပေးထားရင် ကောင်းကောင်း ထိုင်တတ်ပါတယ် ။
-ပစ္စည်းတွေကို လှမ်းယူပြီး လက်နှစ်ဖက်စလုံးနဲ့ ကောင်းကောင်း ဆုပ်ကိုင်ပြီး ပါးစပ်
ထဲ တောင် ထည့်တတ်နေပါပြီ ။ဒါကြောင့် ဆေးဝါးတွေ ၊ဓာတ်ခဲအသေးလေးတွေ
စတာတွေကို ကလေး လက်လှမ်းမီတဲ့နေရာတွေမှာ မထားပါနဲ့ ။
-အသံပြုတဲ့ဘက်ကို လှည့်ကြည့်တတ်ပါပြီ ။
-အစာမာမာလေးတွေကို ပါးစပ်ထဲ ကောက်ထည့်တတ်ပါပြီ ။
အသက် ၉လ အရွယ် ကလေးများ
-ခြေလက် လေးဘက်ထောက်ကာ ကောင်းကောင်းတွားသွားတတ်ပါပြီ ။
-လက်ညှိုးတစ်ချောင်းကို ကောင်းကောင်း အသုံးချတတ်ပါပြီ ။ဟိုထိုး ဒီထိုးနဲ့ပေါ့ ။
-“မေမေ ၊ဖေဖေ” စသဖြင့် စာလုံးတူ ၂ခုပါတာကို စတင်ပြောတတ်နေပါပြီ ။
မိမိနာမည် ခေါ်လိုက်ရင်လည်း ပြန်လည် တုန့်ပြန်တတ်ပါပြီ ။
-“တာတာ”ပြောရင် လက်ဝှေ့ရမ်းပြတတ်ပါပြီ ။တူတူရေ ဝါးလည်း ကောင်းကောင်း
ဆော့တတ်နေပါပြီ ။
အသက် ၁နှစ် အရွယ် ကလေးများ
-မတ်တပ် ကောင်းကောင်းရပ်နိုင်ပါပြီ ။ထိန်းပေးထားရင် ၊ဒါမှမဟုတ် တစ်ခုခုကို
ကိုင်ပြီး လမ်းလျှောက်တတ်နေပါပြီ ။
-ပုစွန်ဆိတ် စသဖြင့် လက်ညှိုးနဲ့ လက်မကို ထိပြီး လုပ်နိုင်တာတွေ ကောင်းကောင်း
လုပ်နိုင်ပါပြီ ။
-မိမိနာမည် ခေါ်သံကြားတာနဲ့ လှည့်ကြည့်တတ်ပါတယ် ။
စကားလုံး တော်တော်များများ နားလည်နေပါပြီ ။
-ခွက်ကို ကိုင်ကာ ရေကို ကောင်းကောင်း သောက်တတ်နေပါပြီ ။
လက်ခုပ်လည်း ကောင်းကောင်းတီးတတ်နေပါပြီ ။
အသက် ၁နှစ်ခွဲအရွယ် ကလေးများ
-ထိုင်ခုံတွေပေါ် တက်တတ်နေပြီ ။ပြေးလွှား ကစားတတ်နေပြီ ။
-စာအုပ်ပေးထားရင် ဟိုခြစ် ဒီခြစ်နဲ့ ပုံတွေ လျှောက်ဆွဲနေပြီ ။
-စကားလုံး ၃လုံးနဲ့ အထက် ကောင်းကောင်းပြောတတ်ပြီ ။
မျက်လုံး ဘယ်မှာလဲ မေးရင် ကောင်းကောင်း လက်ညှိုးထိုးပြတတ်နေပါပြီ ။
-အပေါ့သွား အလေးသွားချင်တာကို ကောင်းကောင်းဖော်ပြတတ်နေပါပြီ ။
မိဘတွေ ခိုင်းတာ တစ်ချို့ကို နားလည်နေပါပြီ ။
အသက် ၂နှစ်အရွယ် ကလေးများ
-လှေကားတွေကို ခြေထောက် စုံတက် နိုင်ပြီ ။
-စာရွက်တွေ ကောင်းကောင်း လှန်လှော စပ်စုတတ်ပါပြီ ။
-စာကြောင်းတစ်ကြောင်း အပြည့်ကို နားလည်ပါပြီ ။
မိမိနာမည်ကို ကောင်းကောင်း မှတ်မိပါပြီ ။
-ကော်ဇော်တို့ ၊စောင်တို့ကို ကောင်းကောင်း လှန်တတ်ပါပြီ ။
အသက် ၃နှစ်အရွယ် ကလေးများ
-လှေကားတတ်ရင် ခြေထောက် တစ်လှမ်းပြီး တစ်လှမ်း တက်နိုင်ပါပြီ ။
သုံးဘီးကလေးတွေ ကောင်းကောင်းစီးတတ်ပါပြီ ။
-ဝလုံးလေးတွေ ကူးရေးတတ်ပါပြီ ။အရောင်တွေဆိုရင်လည်း တူရာ ၂မျိုး ရွေးတတ်
ပါပြီ ။
-စကားတွေလည်း တီတီတာတာ ပြောတတ်ပါပြီ ။
-အရင်လို သေးတစိုစို မဟုတ်တော့ပါ ။အိမ်သာသွားတာ ကောင်းကောင်း လုပ်တတ်
နေပါပြီ ။
အသက် ၅နှစ်အရွယ် ကလေးများ
-ဘောလုံးတွေလည်း ခုန်ပေါက် ဖမ်းတတ်နေပါပြီ ။
-တြိဂံပုံတွေတောင် ကောင်းကောင်းဆွဲတတ်နေပါပြီ ။
-လူကြီးတစ်ယောက်လို စကားတွေ ကောင်းကောင်း ပြောတတ်နေပါပြီ ။
-အဝတ်အစားတွေလည်း ကောင်းကောင်း ဝတ်တတ်နေပါပြီ ။
တချို့ကလေးတွေကတော့ သူများ ရွယ်တူကလေးတွေထက် စာရင် အနည်း
ငယ် နောက်ကျတတ်ပါတယ် ။အထူးသဖြင့် မိဘမျိုးရိုးရှိသူတွေပေါ့ ။စကားစပြော
ရမယ့် အရွယ် မပြောသေးပေမယ့် အဲဒီ့အရွယ်မှာ လုပ်နိုင်တဲ့ တခြားအရာတွေ လုပ်
နိုင်နေရင် စောင့်ကြည့်ပါ ။ကလေးအသက်အလိုက် ဖွံ့ဖြိုးရမယ့် အရာတွေ တစ်ခုမှ
မလုပ်နိုင်ရင်တော့ အရေးကြီးပါတယ် ။အဲဒါဆိုရင် မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါ ။
Author; ခေတ်သစ်ဇီဝက