fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သွားရည် တမြမြ ဘာကြောင့် ဖြစ်ရတယ်

423
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/07/2017
in မိခင်နှင့်ကလေးကျန်းမာရေး, သွားနှင့် ခံတွင်း ကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိုးလေးဖွဲဖွဲနဲ့ အချမ်းပိုသော တစ်နေ့သော ညနေခင်းတွင် မလာတာကြာပြီဖြစ်တဲ့

ဝတ်ဆန် တစ်ယောက် လသားကလေး ချီထားတဲ့ ကလေးအမေတစ်ယောက်နဲ့ အသော့ကလေး

ပေါက်ချလာတယ် ။

ဝတ်ဆန် ။ ။ ဆရာရေ မတွေ့တာကြာပေါ့ ။

ဇီဝက ။ ။ အေး ၊ညည်းက ဘယ်ပျောက်နေတာတုန်း ။ဒီဘက်တောင် အလည်မလာတော့ ။

ဝတ်ဆန် ။ ။ ဒီလိုပဲ ဆရာရေ ၊အလုပ်တွေများနေတာနဲ့ မရောက်ဖြစ်တာ ။

အလည်လာမယ်ကြံတော့ ဆရာ လူနာများတွေများနေတာနဲ့ မလာတော့တာ ။

သိတယ်မလား ၊ဝတ်ဆန်လာရင် စပ်စုစရာတွေ အများကြီးနဲ့ဆိုတော့ ၊ဆရာ့

အားနာလို့ ၊တော်ရုံမရောက်တော့တာ ဆရာရေ ။

ဇီဝက ။ ။ အေးပါ ၊ဟုတ်ပါပြီ ။ခုလာရင်း ကိစ္စဆိုပါဦး ။

ဝတ်ဆန် ။ ။ ဒီလို ဆရာရေ ၊ဟောဒီ့က ကျွန်မယောင်းမက သူ့ကလေး သွားရည်တမြမြ

ဖြစ်နေလို့ စိုးရိမ်နေတာ ။အဲ့ဒါနဲ့ ဆရာ့ဆီ လာပြတာ ။

ဇီဝက ။ ။ ကလေး အသက်က ဘယ်လောက်ရှိပြီလဲ ။

ဝတ်ဆန် ။ ။ အခါလည်ပဲ ရှိပါသေးတယ် ၊ဆရာ ။

ဇီဝက ။ ။ နို့တွေ ဘာတွေရော ကောင်း ကောင်းစို့လား ။ပါးစပ်ထဲရော အနာတွေ ဘာတွေရှိ

လား ။

ကလေးအမေ ။ ။ စို့ပါတယ် ၊ဆရာ ။အနာတွေလည်း မရှိဘူးနဲ့ တူတယ် ။

ဇီဝက ။ ။ ကလေးက လန်းလန်းဆန်းဆန်းပဲလား ။ဆီး ၊ဝမ်းရော မှန်လား ။

ကလေးအမေ ။ ။ လန်းပါတယ် ဆရာ ။ဆီးဝမ်းလည်း မှန်ပါတယ် ။

ဇီဝက ။ ။ လာ စမ်းကြည့်ရအောင် ။

စမ်းသပ်ပြီးနောက်

ဇီဝက ။ ။ ကောင်းပါတယ် ။ဒါဖြစ်ရိုးဖြစ်စဉ် ပါ။

ကလေးအမေ။ ။ တော်သေးတာပေါ့ ဆရာရယ် ။ကျွန်မက တစ်ခုခုဖြစ်မှာ စိုးရိမ်နေတာ ။

ဝတ်ဆန် ။ ။ ဒါဆို ဘာလို့ ဒီလို သွားရည် တမြမြ ဖြစ်ရတာလဲ ၊ဆရာ ။

ဇီဝက ။ ။ ဒီအရွယ် ကလေး တွေကတော့ သွားရည်က အထွက်များတယ် ဟာ ။

နောက်ပြီး ကောင်းကောင်း တံတွေးကို မျိုမချတတ် ၊အိပ်ရင်တောင်မှ ပါးစပ်ဟပြီး

အိပ်တတ်ကြတော့ သွားရည်တွေ ကျတော့တာပေါ့ ။

အဓိက သွားရည်ခံတဲ့ အဝတ်ကို ကလေး လည်ပင်းမှာ ပတ်ထားရင်ပတ်ထား ၊

ဒါမှမဟုတ် မိဘတွေက သွားရည်ကို နိုင်နိုင်သုတ် ။

ဝတ်ဆန် ။ ။ တခြားအကြောင်းကြောင့်ရော ဖြစ်နိုင်သေးလား ၊ဆရာ ။

ဇီဝက ။ ။ ဖြစ်နိုင်တာပေါ့ဟာ ။ပြောရရင်တော့ ၂မျိုး ခွဲပြောရမှာပဲ ။

သွားရည် အထွက်များလို့ ရယ် ၊ထွက်လာတဲ့ သွားရည်ကို ကောင်းကောင်း

မရှင်းထုတ်နိုင်လို့ရယ်ကြောင့် သွားရည် တမြမြ ဖြစ်ကြရတာပေါ့ ။

သွားရည်အထွက်များတာကို အင်္ဂလိပ်လိုတော့ Hypersalivation ဟိုက်ပါစလိုက်

ဗေးရှင်း ရယ်လို့ခေါ်တယ် ဟ ။လူကြီးတွေမှာ ပါးစပ်ကောင်းကောင်း မစေ့နိုင်သူ

တွေ(ဥပမာ-လေဖြတ်နေသူတွေ)နဲ့ အစာမျိုရခက်သူတွေမှာ သွားရည်ကလေး

တမြမြ ဖြစ်နေတတ်တယ် ။

ဝတ်ဆန် ။ ။ ဖြစ်နိုင်ရင် နည်းနည်းလောက်ပြောပြပါလား ၊ဆရာ ။

ဇီဝက ။ ။ အေးပါ ၊ပြောပ့ါမယ် ။

သွားရည်အထွက်များတာ ဘယ်သူတွေလဲ ဆိုရင် စိုးရိမ်ပူပန်များသူတွေ ၊အချိုဓာတ်

အစားများသူတွေ ၊ပါးစပ်နဲ့ ခံတွင်းမှာ အနာရောဂါရှိသူတွေ ၊အစာအိမ်ကောင်းစွာ

အလုပ်မလုပ်သူတွေ (Gastroparesis) ၊အစာအိမ်အချဉ်ဓာတ်ပြန်ဆန်တတ်တဲ့

ရောဂါ(Gastoesophageal Reflux Disease)ရှိသူတွေ ၊ကိုယ်ဝန်ဆောင်သည်တွေ

ခွေးရူးပြန်ရောဂါဖြစ်တဲ့သူတွေ ၊မုန့်ချိုအိတ်ရောင်တဲ့ ရောဂါရှိသူတွေ ၊ဗိုက်တာမင်

ဘီ ၃ ချို့တဲ့သူတွေဟာ သွားရည်အထွက်များတယ် ဟ ။

နောက်ပြီး တစ်ချို့သောဆေးတွေနဲ့ အဆိပ်အတောက်တွေကလည်း သွားရည်

အထွက်များစေသေးတယ် ။ဥပမာ-မာကျူရီ အဆိပ်မိရင်ပေါ့ဟာ ။

ဝတ်ဆန်။ ။ဟုတ်ကဲ့ ဆရာ ။တစ်ခုတော့ သိသွားပြီ ။နောက် သွားရည် မရှင်းထုတ်နိုင်တဲ့သူ

တွေ ဆိုတာကရော ဘယ်လို လူတွေလဲ ဆရာ ။

ဇီဝက ။ ။ မေးရိုးနဲ့ခံတွင်း ခိုက်မိသူတွေ ၊ဓာတ်ကင်ခံထားရသူတွေ ၊ပါးစပ်နဲ့ ခံတွင်းမှာ အနာ

ရှိသူတွေ ၊အာရုံကြောရောဂါများ ခံစားရသူတွေ(ဥပမာ-ပါကင်ဆန်ရောဂါ ၊လေဖြတ်

တဲ့သူတွေ) ပေါ့ဟာ ။

ဝတ်ဆန် ။ ။ ဒါဆို သွားရည် တမြမြ ဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ၊ဆရာ ။

ဇီဝက ။ ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး ရောဂါရှာရမှာပေါ့ဟာ ။

အနာသိမှ ဆေးရှိတာ မဟုတ်လား ။

သွားကို စနစ်တကျတိုက် ၊ခံတွင်းသန့်ဆေးရည်နဲ့ ပုံမှန် အာလုတ်ကျင်းရင်လည်း

ပါးစပ်နဲ့ခံတွင်းကို ခြောက်သွေ့စေတယ် ။တချို့ဆေးတွေကလည်း သွားရည်

ထွက်နည်းစေတယ် ။ဒါကြောင့် နီးစပ်ရာ မိသားစုဆရာဝန်နဲ့ အရင်တိုင်ပင်ပေါ့ ။

ဝတ်ဆန်။ ။ ဝတ်ဆန် လေရှည်နေတာနဲ့ ၊ဆရာလည်း မောတော့မယ် ။

ခုလို စုံစုံလင်လင် သိရတဲ့အတွက် ကျေးဇူးပါပဲ ဆရာ ။

ဇီဝက ။ ။ အေးပါ ၊ကလေးကိုတော့ ဆရာမှာတဲ့ အတိုင်းလုပ်ပေး ။

ကလေး နို့မဝင် ၊မလန်း ၊အီ ၊မှိန်း ၊ဖျားရင်တော့ ပြန်လာပြပေါ့ဟာ ။

ကလေးအမ။ ။ဟုတ်ကဲ့ပါ ၊ဆရာ ။ကျေးဇူးအများကြီးတင်ပါတယ် ။

Author: ခေတ်သစ် ဇီဝက

Previous Post

တံထွေးအထွက်များခြင်း

Next Post

အူကျွံခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အူကျွံခြင်း

မြင်သူငေးမယ့် အလှမျက်နှာ

အစာအဆိပ်သင့်ခြင်း အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.