အမျိုးသမီးတိုင်း ရာသီမလာခင် စိတ်အပြောင်းအလဲ ဖြစ်တတ်တာ
သတိထားမိကြမှာပါ ။လတိုင်း မဟုတ်ပေမယ့် အများအားဖြင့် ကြုံဖူးကြမှာပါ ။ဒီလို
ရာသီမလာခင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ Premenstrual Syndrome ဆိုတဲ့
ရောဂါလက္ခဏာစုမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ် ။အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး
တွေရဲ့ ၈၀ ရာခိုင်နှုန်းခန့် ခံစားရတတ်ပါတယ် ။ဆိုးဆိုးဝါးဝါးကြီး ဖြစ်တတ်တဲ့
Premenstrual Dystrophic Disorder ကတော့ ၃-၈ ရာခိုင်နှုန်းလောက် ဖြစ်တတ်
တယ် ။ဒီလိုဖြစ်လာရင်တော့ ဆေးကုသမှု သေချာခံယူဖို့ လိုပါတယ် ။
ဘာလို့ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်း အတိအကျ မသိပေမယ့်
ရာသီလာစဉ် ထွက်တဲ့ ဟိုမုန်းလ် ဓာတ်အပြောင်းအလဲတွေကြောင့်လို့ ယေဘူယျ
ယူဆကြပါတယ် ။ဘာတွေက ရာသီမလာခင် စိတ်အခြေအနေပြောင်းလဲမှုကို ပိုဆိုး
စေလဲ ဆိုရင် စိတ်ဖိစီးမှု ၊စိတ်ဓာတ်ကျမှု ၊အရက်သေစာ သောက်စားမှု ၊ကဖင်းဓာတ်
ပါတာတွေ နဲ့ ဆားအစားများမှု ၊ဗိုက်တာမင်နဲ့ သတ္တုဓာတ်နည်းမှု စတာတွေပဲ ဖြစ်
ပါတယ် ။
စိတ်အခြေအနေတွေက ဘယ်လို ပြောင်းလဲတာလဲ ။တချို့မှာ သိပ်မသိ
သာပါ ။ဟိုဟာစားချင် ၊ဒီဟာသောက်ချင် စတဲ့ ချင်ခြင်းတပ်တဲ့စိတ်လည်း ဖြစ်တတ်
တယ် ။အိမ်မှာ ၊ကျောင်းမှာ ၊အလုပ်မှာ ဘာလုပ်လုပ် အဆင်မပြေသလို ဖြစ်တတ်
တယ် ။လူတော မတိုးချင်ဘူး ။စိတ်ဓာတ်တွေလည်း အကြောင်းအရင်းမရှိ ကျ ။စိတ်
တို စိတ်ရှုပ် ။ဘာမဟုတ်တာလေးနဲ့လည်း အကြောင်းမဲ့ ဒေါသတွေထွက် ၊ရမယ်ရှာ
၊သည်းခံစိတ်နည်းပြီး ထစ်ခနဲဆို ပြန်တုန့်ပြန်ဖို့ ဝန်မလေးတတ်ဘူး ။စိုးရိမ်စိတ်များ ၊
ပူပန်စိတ်များမယ် ။ဇွတ်တရွတ် တဇောက်ကန်း လုပ်ချင်စိတ်များမယ် ။ဂနာမငြိမ်
လည်းဖြစ်မယ် ။
ဘာတွေလုပ်လို့ ရမလဲ ။
၁)အစားအသောက်နဲ့ အနေအထိုင်
-အာဟာရပြည့်ဝတာတွေ စားပါ ။
-ကဖင်းဓာတ်ပါတာ တွေရှောင်ပါ ။
-ဘီယာ အရက် စတာတွေ ရှောင်ပါ ။
-အငန်လျှော့စားပါ ။
-အချိုများတာ ရှောင်ပါ ။
-နွားနို့ တို့ ၊ချင်းမြစ်ပြုတ်တို့ ရှောင်ပါ ။
-စိတ်ဖိအားများစေတဲ့ ပတ်ဝန်းကျင်ကို ခေတ္တမျှရှောင်ပါ ။
-စိတ်ဖိအားလျှော့ချနည်းတွေဖြစ်တဲ့ တရားထိုင်တာ ၊ယောဂကစားတာ စတာတွေ
လုပ်ပေးပါ ။
-မိမိ ရင်ဖွင့်နိုင်တဲ့သူတွေ မိသားစု ၊သူငယ်ချင်းမိတ်ဆွေတွေနဲ့ အချိန်ပေးပြီး နေထိုင်
ပါ ။
၂)ဆေးဝါးများ
-ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါတဲ့ အားဆေးတွေ သောက်ပေးနိုင်တယ် ။
-စိတ်ဓာတ်ကျ သက်သာစေတဲ့ ဆေးတွေ ၊ဟိုမုန်းဆေးတချို့လည်း ရာသီမလာခင်
ခံစားရတာကို သက်သာစေနိုင်တယ် ။
၃)စိတ်ပိုင်းဆိုင်ရာကုထုံးများ
-အပြုအမူဆိုင်ရာကုထုံးဖြစ်တဲ့ Cognitive Behavioral Therapy တွေနဲ့ ကုသ
နိုင်တယ် ။
Author: ခေတ်သစ် ဇီဝက