fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ

370
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/06/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)











ရောဂါလက္ခဏာများ

စားဆေးများ 


ဓာတ်ဆာ

Author: Dr.လွင်သန့်

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါသည် အမျိုးသမီးများတွင် ဖြစ်ပွားမှုများလေ့ရှိပြီး ရောဂါဖြစ်ပွားပါက မည်သို့နေထိုင်စားသောက်သင့်သည်များကို တင်ပြလိုက် ရပါသည်။

သံဓာတ်နည်းပါးလို့သွေးနီဥအတွင်း ဟေလိုဂလိုဘင်ထုတ်လုပ်မှု လျော့နည်းခြင်းဖြစ်သည့် သွေးအားနည်းခြင်းရောဂါ၏ ၇၀ ရာခိုင်နှုန်းသည်သံဓာတ်ချို့တဲ့ခြင်း ကြောင့် ဖြစ်ရသည်။ အမျိုးသမီးများ    အဖြစ်များသည်မှာ လစဉ်ဓမ္မတာမှန်မှန်မလာခြင်း၊ အပျိုဖော်ဝင်စအရွယ်မှာ စားသုံးသည့်အာဟာရမှာ သံဓာတ်ပါဝင်မှုနည်းခြင်း၊ အာဟာရ ညီညွတ်မျှတမှု မရှိခြင်း၊ အစာလမ်းကြောင်းတစ်လျှောက်     ရောဂါများကြောင့် ဖြစ်သည်။ နေ့စဉ်စားသောက်သည့်အစာအာဟာရထဲတွင် သံဓာတ်ပြည့်ဝဖို့ လိုသည်။

တစ်နေ့တာ သံဓာတ်လိုအပ်မှုပမာဏမှာ လူတစ်ဦးတွင် ၃ ဒသမ ၅ ဂရမ် လိုအပ် ပါသည်။ယင်းမှ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကို ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာသုံးစွဲပြီး ကျန်သည့် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ကို အသည်းနဲ့ သရက်ရွက်အပြင် တခြားကိုယ်တွင်းအင်္ဂါများမှာ သိုလှောင်ထားသည်။ခန္ဓာကိုယ်အတွက် နေ့စဉ်သံဓာတ် ၁၈ ဂရမ် သုံးစွဲနေရသည့်အတွက် အစာအာဟာရ သုံးစွဲခြင်းဖြင့် သံဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသင့်သည်။ ပြန်လည် ဖြည့်တင်းမပေးနိုင်ပါက သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါဖြစ်လာနိုင်သည်။

အမျိုးသမီးများတွင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းခြင်း အဖြစ်များကြောင်းတွေ့ရှိ ရသည်။အမျိုးသမီးများ အပျိုဖော်ဝင်စအချိန်တွင် သံဓာတ်လိုအပ်မှု များပြားသောကြောင့် အာဟာရထဲတွင်သံဓာတ်  နည်းပါးလျှင် သွေးအားနည်းခြင်းဖြစ်ရန် သေချာ သည်။
အမျိုးသမီးများ သံဓာတ်ချို့တဲ့စေသည့် အကြောင်းအရင်း သုံးချက်ရှိပါသည်။
-သံဓာတ်ဆုံးရှုံးခြင်း

-သံဓာတ်လိုအပ်မှုများခြင်းနှင့်

-အာဟာရထဲတွင်သံဓာတ်ပါဝင်မနည်းခြင်း တို့ဖြစ်သည်။

သံဓာတ်ဆုံးရှုံးခြင်း

ထိခိုက်ဒဏ်ရာကြောင့် သွေးဆုံးရှုံးခြင်း၊ သွေးယိုစိမ့်မှုအချိန်ကြာမြင့်ခြင်း၊ ဥပမာ- အစာအိမ်အနာ၊ အူသိမ်၊ အူမကြီးအနာ၊ ဓမ္မတာလာချိန်ရက်ကြာမြင့်ခြင်းနှင့် သွေးအလွန်အမင်း ဆုံးရှုံးခြင်းဖြစ်သည်။

သံဓာတ်လိုအပ်မှုများခြင်း
ဆယ်ကျော်သက်ဖွံ့ဖြိုးစချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်စဉ်ကာလများ တွင် အမျိုးသမီးများအဖို့ တစ်ရက်လျှင် သံဓာတ် ၃ ဂရမ်လိုအပ်ပါသည်။

အာဟာရထဲမှာ သံဓာတ်ပါဝင်မှုနည်းခြင်း
အစားအစာထဲမှာအာဟာရပါဝင်မှုမမျှတခြင်း၊ အလွန်အကျွံအစားလျှော့ခြင်း တို့ကြောင့် သံဓာတ်လုံလောက်စွာ မရနိုင်ပါ။ တစ်ခါတစ်ရံအစာထဲ၌ သံဓာတ်ပါဝင်မှု လုံလောက်သော်လည်း အစာလမ်း     ကြောင်းတွင်အကြောင်းတစ်ခုခုကြောင့် သံဓာတ် မစုပ်ယူနိုင်လျှင် ရရှိမှုနည်းပါးစေသည်။

ရောဂါလက္ခဏာများ
မောပန်နွမ်းနယ်ခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ အသက်ရှုမဝခြင်း၊ အသား အရည် ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ခေါင်းကိုက်တတ်ခြင်း၊ မူးဝေတတ်ခြင်း၊ လက်သည်း များ ချိုင့်ဝင်ခြင်း၊ အစားအသောက်ပျက်လာ   ခြင်း၊ အစာမျိုရခက်ခြင်း၊ နှုတ်ခမ်းထောင့် စွဲများ ကွဲခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်း၊ အလွန်အမင်းပင်ပန်းခြင်း၊ ပခုံးကြွက်သားများ တောင့်တင်းလာခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ နည်းခြင်းတို့ဖြစ်စေသည်။

စားဆေးများ 

ဖယ်ရိုဗစ်၊ ဖျူရာမင်ဘီစီ၊ ဖဲရပ်ဆာလဖိတ်စားဆေးအနက်မှ
တစ်မျိုးမျိုးအား တစ်လုံးနှုန်းဖြင့် တစ်နေ့နှစ်ကြိမ် သောက်သုံးနိုင်သည်။

ဓာတ်ဆာ
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အနီရောင်ရှိသော အသား၊ အသည်း အမြစ်၊ဘဲသား၊ ယုန်သား၊ ငှက်၊ သမင်သား တို့ကို စားသုံးနိုင်သည်။အသားကိုသာစားသုံးပြီး အဆီကိုဖယ်ရှားသင့်သည်။    အသားတွင်ပါဝင်သောအဆီမှာ ပြည့်ဝဆီ ဖြစ်နေခြင်းကြောင် ရှောင်ရခြင်းဖြစ်သည်။ ပဲအမျိုးမျိုး၊ သစ်သီး၊ လတ်လတ်ဆတ်ဆတ်များ စားသုံးသင့်ပါသည်။

Author: Dr.လွင်သန့်

Previous Post

ခရမ်းချဉ်သီးတစ်လုံးအစွမ်း

Next Post

သင်ဘာသွေးလဲ…

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်ဘာသွေးလဲ...

သားတို့သမီးတို့ အရပ်ရှည်စေဖို့

အရေ ပြားရဲ့အလှ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.