အမျိုးသမီးအများစုက မိမိတို့မှာ သားအိမ်ခေါင်းကင်ဆာ ၊သားအိမ်ကင်ဆာဖြစ်မှာကို လွန်စွာစိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် မိမိတို့မှာ မသကာၤစရာဝေဒနာတစ်ခုရလျှင် OnDoctor ကိုလှမ်းမေးလေ့ရှိပါတယ်။
ထိုအထဲမှာမှ အိမ်ထောင်သည်အမျိုးသမီးများစိတ်ပူစရာခံစားရလေ့ရှိသော ဝေဒနာတစ်ခုက အမျိုးသားနဲ့အတူနေပြီးပါက နာကျင်ခြင်းနှင့်မိန်းမကိုယ်ပူလောင်ခြင်း ဝေဒနာတစ်ရပ်ကို စိုးရိမ်တကြီးမေးတတ်ကြပါတယ်။ အမျိုးသားများကလည်းဒီဝေဒနာကိုခံစားသိရှိကြပါတယ်။
ဒီလိုမိန်းမကိုယ်ပူခြင်းကိုဖြစ်စေသောအကြောင်းရင်းများစွာရှိသော်လည်း အဓိကအားဖြင့် ဆီးလမ်းကြောင်းနှင့်မျိုးပွားအင်္ဂါလမ်းကြောင်းများကြောင့် ဖြစ်လေ့ရှိပါတယ်။ ဒီဝေဒနာက ဘာကြောင့်ဖြစ်ရသလဲသိရှိရလျှင် ကုသပျောက်ကင်းသောဝေဒနာဖြစ်ပါတယ်။
ဘာကြောင့် အတူနေပြီးပါက ပူလောင်သောဝေဒနာခံစားရသလဲဆိုတာကတော့ အောက်ပါအချက်များကြောင့်ဖြစ်နိုင်ပါတယ်။
(၁)မိန်းမကိုယ်ခြောက်သွေ့ခြင်း
အတူနေစဉ် မိန်းမကိုယ်မှ အချွဲရည်ထွက်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ မထွက်ခဲ့သောကြောင့် မိန်းမကိုယ်ခြောက်သွေ့နေပါတယ်။ ထိုအခါမျိုးတွင် ဆက်ဆံလျှင် ပူလောင်သောဝေဒနာခံစားရတတ်ပါတယ်။
(၂)ကြွက်သားများတောင့်ခြင်း
မိန်းမကိုယ်ရှိကြွက်သားများတောင့်တင်းခြင်းသည် အတူနေစဉ် ဒဏ်ရာရတတ်ပါတယ်။ထို့သို့ကြွက်သားတောင့်ခြင်းသည် အတူနေပြီးနောက်ပြင်းထန်းသောနာကျင်မူနှင့် ပူလောင်မူကိုခံစားရတတ်ပါတယ်။
(၃)မှိုပိုးဝင်ခြင်း
မိန်းမကိုယ်ပူလောင်ခြင်းသည် မှိုပိုးကူးစက်မူရဲ့အဓိက လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။မှိုပိုးကြောင့် မိန်းမကိုယ် ရောင်ရမ်းခြင်းနှင့်အနာ များဖြစ်စေပါတယ်။
(၄)လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကူးစက်ခြင်း
လိင်မှတဆင့်ကူးစက်တတ်သောရောဂါများရှိပါကလည်း ဆက်ဆံစဉ်နှင့်ဆက်ဆံပြီး ပူလောင်သောဝေဒနာခံစားရပါတယ်။ ဒီရောဂါများကြောင့် မိန်းမကိုယ်အတွင်းပိုင်းတွင်အနာများဖြစ်နေပြီး ဆက်ဆံနေစဉ်ပိုမိုရောင်ရမ်းပူလောင်တတ်ပါတယ်။
(၅)ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အမျိုးသမီးအများစုဖြစ်လေ့ဖြစ်ထရှိပါတယ်။ ထို့ကြောင့် ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးနောက် ပူလောင်သောဝေဒနာခံစားရပါတယ်။
(၆)သားဥအိမ်တွင်ရေအိတ်ရှိခြင်း
သားဥအိမ်တွင်ရေအိတ်များရှိခြင်းသည် ဆက်ဆံစဉ်နာကျင်မူဝေဒနာပြင်းထန်စွာခံစားရလေ့ရှိပါတယ်။ ရေအိတ်ပေါက်ခဲ့လျှင်ထိုဝေဒနာခံစားရပါတယ်။ ရေအိတ်ရှိခြင်းသည် အန္တရာယ်မရှိဟု ယူဆရျ်ရနိုင်သော်လည်း ထိုသို့ဖြစ်လာလျှင် ကုသမူခံယူရပါမယ်။
(၇)သားအိမ်ထဲတွင်အလုံးရှိခြင်း
လိင်ဆက်ဆံစဉ် နှင့် ဆက်ဆံပြီးနောက် သားအိမ်အလုံးကြောင့် နာကျင်မှု၊ ပူလောင်မှုဝေဒနာ ခံစားရတတ်ပါတယ်။
(၈)သားအိမ်နံရံထူခြင်း
သားအိမ်နံရံထူခြင်းသည် မမျိုးပွားအင်္ဂါလုပ်ဆောင်မူအပေါ်သက်ရောက်ပါတယ်။ သားအိမ်နံရံထူနေလျှင် ဆက်ဆံစဉ်နှင့်ဆက်ဆံပြီး နာကျင်မူ ပူလောင်မူဝေဒနာကို ၂ရက်ခန့်ထိခံစားရတတ်ပါတယ်။
(၉)မွေးရာပါချို့တဲ့ခြင်း
မိန်းမကိုယ်အဝ မွေးရာပါချို့တဲ့ခဲ့လျှင် ဆက်ဆံလျှင် နာကျင်ပူလောင်မှုဝေဒနာခံစားရပါတတ်ပါတယ်။ ဒီဝေဒနာကတော့ ကုသမူခံယူလို့ရပါတယ်။
(၁၀)ဆက်ဆံစဉ်ပွန်းပဲ့ခြင်း
ဆက်ဆံစဉ်ပွတ်တိုက်မူဖြစ်ခြင်းကြောင့် ပူလောင်မှုဝေဒနာခံစားရပါတယ်။ ထိုသို့ဖြစ်လျှင် ချောဆီအသုံးပြုလို့ရပါတယ်။
Author : Dr. ပြည့်ရှင်း