fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများနဲ့ ဆီးပိုးဝင်ခြင်း

995
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ဆီးပိုးဝင္တယ္ဆိုတာ အမ်ိဳးသမီးေတြမွာ ခဏခဏျဖစ္ေနတတ္တဲ့ ေရာဂါေတြထဲကတစ္ခုပါ။ အသက္ႀကီးငယ္မေ႐ြးျဖစ္ႏိုင္ပါတယ္။ဆီးပိုးဘာေၾကာင့္ဝင္လဲ။
ဆီးပိုးအမ်ားစုက ဘက္တီးရီးယားေတြေၾကာင့္ျဖစ္တာပါ။ လိင္ဆက္ဆံျခင္းကတဆင့္ကူးစက္တာလည္း ျဖစ္ႏိုင္တယ္။ တစ္ကိုယ္ေရ သန႔္ရွင္းမႈအားနည္းတဲ့အခါလည္းျဖစ္ႏိုင္တယ္။ အဝတ္အစားနဲ႔ ေအာက္ခင္းေတြ ညစ္ပတ္တာေၾကာင့္လည္းျဖစ္ႏိုင္တယ္။ဆီးေအာင့္ထားတဲ့သူေတြမွာလည္းျဖစ္တတ္တယ္။ ဆီးေအာင့္တာၾကာလာတာနဲ႔အမွ် ဆီးထဲအနည္ထိုင္တာမ်ားလာၿပီး ဘက္တီးရီးယားေပါက္ဖြားမႈကိုအားေပးတတ္ပါတယ္။ တစ္ကိုယ္ေရအာသာေျဖတဲ့အခါ သုံးတဲ့ ပစၥည္းေတြမသန႔္လည္း ျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ အမ်ိဳးသမီးေတြမွာ ဆီးလမ္းေၾကာင္းကပိုတိုတဲ့အတြက္ေၾကာင့္ ဆီးပိုးဝင္ဖို႔အခြင့္ ပိုမ်ားပါတယ္။

ဆီးပိုးဝင္တဲ့ လကၡဏာျပတဲ့ အမ်ိဳးသမီးတိုင္း ေဆးကုဖို႔ လိုမလို ေစာင့္ၾကည့္တတ္ေပမယ့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမွာ ဆီးပိုးဝင္ရင္ေတာ့ ေဆးကုဖို႔လို  အပ္ပါတယ္။ သာမန္လူတစ္ေယာက္မွာ ဆီးပူတယ္ဆီးက်ဥ္တယ္။ ဆီးခဏခဏသြားခ်င္တယ္။ ဆီးတစ္ခါသြားထားလည္း မဝသလိုခံစားရၿပီး ထပ္ထပ္သြားခ်င္ေနတယ္ ဆိုရင္ ဆီးပိုးဝင္ခ်င္လို႔မ်ားလား ဆိုၿပီးစဥ္းစားၾကတယ္။ ဒီ့ထက္ပိုဆိုးတဲ့အခါမွာေတာ့ ဖ်ားတာ အန္ခ်င္တာေတြ ခါးနာတာေတြ ျဖစ္လာႏိုင္ပါ တယ္။ ဒီလိုအခါမွာ ေသခ်ာေအာင္ ဆီးကိုစစ္ေဆးတာေတြလုပ္လို႔ရတယ္။

ဆီးထဲမွာဘက္တီးရီးယားပိုး မပါတာျဖစ္ျဖစ္၊သတ္မွတ္ထားသေလာက္မပါတာျဖစ္ျဖစ္ဆိုရင္ ပိုးသတ္ေဆးေသာက္ဖို႔လိုခ်င္မွလိုတတ္ပါတယ္။ဒီလိုလကၡဏာေတြ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္မွာ ျဖစ္ေနတာျဖစ္ျဖစ္၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးက ဆီးစစ္ေဆးရင္းနဲ႔ ဘက္တီးရီးယားပိုးေတြ႕တာျဖစ္   ျဖစ္ ေသခ်ာကုဖို႔လိုပါတယ္။

ကိုယ္ဝန္သည္လည္း ဆီးပိုးဝင္ႏိုင္တယ္။ ကိုယ္ဝန္ကာလမွာ လႏုစဥ္မွာေတာ့ ဆီးခဏခဏသြားခ်င္စိတ္ျဖစ္တတ္တယ္။ ဆီးပိုးဝင္တာနဲ႔မဆိုင္ပါဘူး။ လရင့္လာတာနဲ႔အမွ် တျဖည္းျဖည္းဗိုက္ထြက္လာေတာ့ ဆီးအိမ္ကိုညႇစ္ထားသလိုျဖစ္ၿပီး ဆီးသိပ္မသြားခ်င္ေတာ့ဘူး။ ဆီးသြားခ်င္ၿပီဆိုလည္း သိပ္မေအာင့္ထား  ႏိုင္ေတာ့ဘူး။

ကိုယ္ဝန္ေဆာင္မွာ ဆီးပိုးဝင္တယ္ဆို ဘာေၾကာင့္ အေရးႀကီးတာလဲ။

ဆီးပိုးဝင္တဲ့အခါ ဆီးသြားရာလမ္းေၾကာင္းေနတဆင့္ သားအိမ္လမ္းေၾကာင္းတေလွ်ာက္ ဘက္တီးရီးယားပိုးကူးစက္ႏိုင္ပါတယ္။ ကိုယ္ဝန္သည္ေတြမွာျဖစ္ခဲ့ရင္ သေႏၶသားကိုပါ ထိခိုက္မွာစိုးလို႔ပါ။ ေနာက္တစ္ခုကေတာ့ ဆီးပိုးဝင္တဲ့အခါ ဖ်ားနာတာေတြ၊ ေအာ့အန္တာေတြလည္းျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္မွာ ဖ်ားနာတာက ကေလးအတြက္ေရာ၊ မိခင္အတြက္ပါ အားယုတ္ေစပါတယ္။ ဒါေၾကာင့္ အဖ်ားမၾကာရွည္ေစဖို႔ ပိုးသတ္ေဆးေတြ ေသာက္ဖို႔လိုတတ္ပါတယ္။

ေနာက္တစ္ခုကေတာ့ ကိုယ္ဝန္ေဆာင္ေနစဥ္မွာ အလိုလိုေနရင္းကို ေသြးေပါင္တက္တတ္ပါတယ္။ ဗိုက္ကဖိထားတာေၾကာင့္လည္း ေျခေထာက္ေတြေဖာ  ေယာင္ေနတတ္တယ္။ ဒီအခ်ိန္မွာ ဆီးပိုးကိုေသခ်ာမကုလို႔ ထားခဲ့ရင္ ေနာက္ဆက္တြဲ ေက်ာက္ကပ္ထိႏိုင္ပါတယ္။ သာမန္လူလည္း ဆီးပိုးေသခ်ာမကုရင္ထိႏိုင္ေပမယ့္ ကိုယ္ဝန္သည္ေတြ ပိုထိလြယ္ပါတယ္။

အဓိကကေတာ့ ကိုယ္ဝန္သည္ျဖစ္ျဖစ္၊ သာမန္သူျဖစ္ျဖစ္ ဆီးပိုးဝင္တဲ့ အခါ ေသခ်ာစစ္ေဆးကုသရင္ အေကာင္းဆုံးပါ။
ဆီးပိုးဝင္ခ်င္တဲ့အခါ ေရကိုမ်ားမ်ားေသာက္ပါ။ တစ္ခါတည္းအမ်ားႀကီးမေသာက္ႏိုငိရင္ နည္းနည္းစီကိုခဏခဏေသာက္ပါ။ ဆီးလည္းမေအာင့္ဘဲ ခဏခဏသြားေပးရပါတယ္။ ေအာက္ခင္းေတြေအာက္ခံေတြ သန႔္ရွင္းဖို႔လိုပါတယ္။ အိမ္ေထာင္သည္ေတြျဖစ္ခဲ့ရင္ ဆီးပိုးဝင္သလိုျဖစ္ေနတဲ့အခ်ိန္မွာ အမ်ိဳးသားနဲ႔ အတူတူမေနသင့္ပါဘူး။

ပိုးသတ္ေဆးေသာက္ဖို႔လိုတယ္ဆိုလည္း ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၿပီး ေသာက္ပါ။ ကိုယ္ဝန္သည္ျဖစ္ခဲ့ရင္ေတာ့ သားဖြားမီးယပ္ဆရာဝန္ဆို ပိုအဆင္ေျပပါတယ္။ဒါေၾကာင့္ဆီးပိုးဝင္ခ်င္သလိုျဖစ္တာနဲ႔ သက္ဆိုင္ရာဆရာဝန္ကို ေဆးေသာက္ဖို႔လိုမလိုတိုင္ပင္ပါ။ ေဆးေသာက္တဲ့အခါ ေဆး dose ျပည့္ေအာင္   ေသာက္ပါ။ ပိုးသတ္ေဆးအရွိန္ရလာတာနဲ႔ ဆီးပိုးဝင္တာ သက္သာတတ္တယ္။ သက္သာလာတယ္ဆိုၿပီးေဆးမရပ္ပါနဲ။့ မဟုတ္ရင္ ဆီးပိုးက ခဏခဏ     ျပန္ျဖစ္တတ္ပါတယ္။ ျဖစ္တဲ့အခါလည္း ေဆးမတိုးတာေတြျဖစ္လာႏိုင္ပါတယ္။ လြယ္လြယ္မေပ်ာက္တတ္ၾကေတာ့ဘူး။ ၾကာလာတာနဲ႔အမွ် ေက်ာက္ကပ္လည္းထိခိုက္လာႏိုင္တတ္ပါတယ္။

Author : Dr.CST

(Unicode)

ဆီးပိုးဝင်တယ်ဆိုတာ အမျိုးသမီးတွေမှာ ခဏခဏဖြစ်နေတတ်တဲ့ ရောဂါတွေထဲကတစ်ခုပါ။ အသက်ကြီးငယ်မရွေးဖြစ်နိုင်ပါတယ်။ဆီးပိုးဘာကြောင့်ဝင်လဲ။
ဆီးပိုးအများစုက ဘက်တီးရီးယားတွေကြောင့်ဖြစ်တာပါ။ လိင်ဆက်ဆံခြင်းကတဆင့်ကူးစက်တာလည်း ဖြစ်နိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အခါလည်းဖြစ်နိုင်တယ်။ အဝတ်အစားနဲ့ အောက်ခင်းတွေ ညစ်ပတ်တာကြောင့်လည်းဖြစ်နိုင်တယ်။ဆီးအောင့်ထားတဲ့သူတွေမှာလည်းဖြစ်တတ်တယ်။ ဆီးအောင့်တာကြာလာတာနဲ့အမျှ ဆီးထဲအနည်ထိုင်တာများလာပြီး ဘက်တီးရီးယားပေါက်ဖွားမှုကိုအားပေးတတ်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ သုံးတဲ့ ပစ္စည်းတွေမသန့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းကပိုတိုတဲ့အတွက်ကြောင့် ဆီးပိုးဝင်ဖို့အခွင့် ပိုများပါတယ်။

ဆီးပိုးဝင်တဲ့ လက္ခဏာပြတဲ့ အမျိုးသမီးတိုင်း ဆေးကုဖို့ လိုမလို စောင့်ကြည့်တတ်ပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဆီးပိုးဝင်ရင်တော့ ဆေးကုဖို့လို  အပ်ပါတယ်။ သာမန်လူတစ်ယောက်မှာ ဆီးပူတယ်ဆီးကျဉ်တယ်။ ဆီးခဏခဏသွားချင်တယ်။ ဆီးတစ်ခါသွားထားလည်း မဝသလိုခံစားရပြီး ထပ်ထပ်သွားချင်နေတယ် ဆိုရင် ဆီးပိုးဝင်ချင်လို့များလား ဆိုပြီးစဉ်းစားကြတယ်။ ဒီ့ထက်ပိုဆိုးတဲ့အခါမှာတော့ ဖျားတာ အန်ချင်တာတွေ ခါးနာတာတွေ ဖြစ်လာနိုင်ပါ တယ်။ ဒီလိုအခါမှာ သေချာအောင် ဆီးကိုစစ်ဆေးတာတွေလုပ်လို့ရတယ်။

ဆီးထဲမှာဘက်တီးရီးယားပိုး မပါတာဖြစ်ဖြစ်၊သတ်မှတ်ထားသလောက်မပါတာဖြစ်ဖြစ်ဆိုရင် ပိုးသတ်ဆေးသောက်ဖို့လိုချင်မှလိုတတ်ပါတယ်။ဒီလိုလက္ခဏာတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ ဖြစ်နေတာဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆီးစစ်ဆေးရင်းနဲ့ ဘက်တီးရီးယားပိုးတွေ့တာဖြစ်   ဖြစ် သေချာကုဖို့လိုပါတယ်။

ကိုယ်ဝန်သည်လည်း ဆီးပိုးဝင်နိုင်တယ်။ ကိုယ်ဝန်ကာလမှာ လနုစဉ်မှာတော့ ဆီးခဏခဏသွားချင်စိတ်ဖြစ်တတ်တယ်။ ဆီးပိုးဝင်တာနဲ့မဆိုင်ပါဘူး။ လရင့်လာတာနဲ့အမျှ တဖြည်းဖြည်းဗိုက်ထွက်လာတော့ ဆီးအိမ်ကိုညှစ်ထားသလိုဖြစ်ပြီး ဆီးသိပ်မသွားချင်တော့ဘူး။ ဆီးသွားချင်ပြီဆိုလည်း သိပ်မအောင့်ထား  နိုင်တော့ဘူး။

ကိုယ်ဝန်ဆောင်မှာ ဆီးပိုးဝင်တယ်ဆို ဘာကြောင့် အရေးကြီးတာလဲ။

ဆီးပိုးဝင်တဲ့အခါ ဆီးသွားရာလမ်းကြောင်းနေတဆင့် သားအိမ်လမ်းကြောင်းတလျှောက် ဘက်တီးရီးယားပိုးကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်သည်တွေမှာဖြစ်ခဲ့ရင် သန္ဓေသားကိုပါ ထိခိုက်မှာစိုးလို့ပါ။ နောက်တစ်ခုကတော့ ဆီးပိုးဝင်တဲ့အခါ ဖျားနာတာတွေ၊ အော့အန်တာတွေလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မှာ ဖျားနာတာက ကလေးအတွက်ရော၊ မိခင်အတွက်ပါ အားယုတ်စေပါတယ်။ ဒါကြောင့် အဖျားမကြာရှည်စေဖို့ ပိုးသတ်ဆေးတွေ သောက်ဖို့လိုတတ်ပါတယ်။

နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ အလိုလိုနေရင်းကို သွေးပေါင်တက်တတ်ပါတယ်။ ဗိုက်ကဖိထားတာကြောင့်လည်း ခြေထောက်တွေဖော  ယောင်နေတတ်တယ်။ ဒီအချိန်မှာ ဆီးပိုးကိုသေချာမကုလို့ ထားခဲ့ရင် နောက်ဆက်တွဲ ကျောက်ကပ်ထိနိုင်ပါတယ်။ သာမန်လူလည်း ဆီးပိုးသေချာမကုရင်ထိနိုင်ပေမယ့် ကိုယ်ဝန်သည်တွေ ပိုထိလွယ်ပါတယ်။

အဓိကကတော့ ကိုယ်ဝန်သည်ဖြစ်ဖြစ်၊ သာမန်သူဖြစ်ဖြစ် ဆီးပိုးဝင်တဲ့ အခါ သေချာစစ်ဆေးကုသရင် အကောင်းဆုံးပါ။
ဆီးပိုးဝင်ချင်တဲ့အခါ ရေကိုများများသောက်ပါ။ တစ်ခါတည်းအများကြီးမသောက်နိုငိရင် နည်းနည်းစီကိုခဏခဏသောက်ပါ။ ဆီးလည်းမအောင့်ဘဲ ခဏခဏသွားပေးရပါတယ်။ အောက်ခင်းတွေအောက်ခံတွေ သန့်ရှင်းဖို့လိုပါတယ်။ အိမ်ထောင်သည်တွေဖြစ်ခဲ့ရင် ဆီးပိုးဝင်သလိုဖြစ်နေတဲ့အချိန်မှာ အမျိုးသားနဲ့ အတူတူမနေသင့်ပါဘူး။

ပိုးသတ်ဆေးသောက်ဖို့လိုတယ်ဆိုလည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်ပါ။ ကိုယ်ဝန်သည်ဖြစ်ခဲ့ရင်တော့ သားဖွားမီးယပ်ဆရာဝန်ဆို ပိုအဆင်ပြေပါတယ်။ဒါကြောင့်ဆီးပိုးဝင်ချင်သလိုဖြစ်တာနဲ့ သက်ဆိုင်ရာဆရာဝန်ကို ဆေးသောက်ဖို့လိုမလိုတိုင်ပင်ပါ။ ဆေးသောက်တဲ့အခါ ဆေး dose ပြည့်အောင်   သောက်ပါ။ ပိုးသတ်ဆေးအရှိန်ရလာတာနဲ့ ဆီးပိုးဝင်တာ သက်သာတတ်တယ်။ သက်သာလာတယ်ဆိုပြီးဆေးမရပ်ပါနဲ။့ မဟုတ်ရင် ဆီးပိုးက ခဏခဏ     ပြန်ဖြစ်တတ်ပါတယ်။ ဖြစ်တဲ့အခါလည်း ဆေးမတိုးတာတွေဖြစ်လာနိုင်ပါတယ်။ လွယ်လွယ်မပျောက်တတ်ကြတော့ဘူး။ ကြာလာတာနဲ့အမျှ ကျောက်ကပ်လည်းထိခိုက်လာနိုင်တတ်ပါတယ်။

Author : Dr.CST

Previous Post

မှဲ့အကြောင်းနဲ့ မှဲ့ကင်ဆာ

Next Post

leprosy

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
593

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
551
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

leprosy

လိင်လမ်းကြွက်နို့

ကိုယ့်ကလေး အမှန်တကယ် သိပ်ညှက်နေသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.