fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီလာချိန်နဲ့ အယူအဆများ

816
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

မိန္းကေလးတစ္ေယာက္အတြက္ရာသီလာခ်ိန္သည္ စိတ္ဖိစီးမႈမ်ားရေသာအခ်ိန္ျဖစ္သည္။ရာသီလာခ်ိန္ေရာက္ရက္နဲ႔ ရာသီမလာရင္လည္းစိတ္ပူရသည္။ ရာသီလာခ်ိန္မွာလာတာမ်ားေနရင္လည္း စိတ္မေအးျဖစ္ရသည္။ ရာသီလာခ်ိန္တြင္ပုံမွန္ရက္ထက္ပိုဆင္းေနရင္လည္း ဘာမ်ားျဖစ္လို႔ပါလိမ့္ဟုေတြးပူရျပန္သည္။ရာသီလာေတာ့မယ္ဆိုရင္ ခံစားရမွာေတြရွိတယ္။ ဘယ္ဟာျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူပါ။ တခ်ိဳ႕ကရာသီမေပၚမီမွာခံစားရတာရွိသလို တခ်ိဳ႕က် ရာသီလာေနစဥ္မွာခံစားရသည္။ တစ္ေယာက္တည္းမွာလဲ တစ္လနဲ႔တစ္လ မတူတတ္ပါ။

ရာသီနဲ႔ဆက္ၿပီး ခံစားရတာေတြကို (PMS) လို႔ေခၚတယ္။ ဆီးစပ္ (ဝမ္းဗိုက္ေအာက္ပိုင္း) နဲ႔ ခါးနာတယ္။ အသင့္အတင့္ကေန ဆိုးတိုးဝါးဝါးနာႏိုင္တယ္။ စိတ္လႈပ္ရွားမႈ နဲ႔ စိတ္ေျပာင္းလဲမႈ ရွိတတ္တယ္။ ေခါင္းကိုက္၊ ေခါင္းမူး၊ ရင္ျပည့္တာနဲ႔ အန္ခ်င္တာေတြျဖစ္ႏိုင္တယ္။ ပင္ပန္းအားနည္းတာ၊ ရင္သား တင္းတာ၊ နာတာလဲ ရွိႏိုင္တယ္။ အိပ္ေရးပ်က္တတ္ေသးတယ္။ စိတ္မူေျပာင္းတာလဲ ရွိတတ္တယ္။ ဥပမာ ဝမ္းနည္းတာ၊ စိုးရိမ္တာ။ ဒီလိုစိတ္ဖိစီးမႈမ်ားရတဲ့အျပင္ ေရွးယခင္ကတည္းကရာသီလာစဥ္ ေခါင္းမေလွ်ာ္ရ ေရမကူးရ စသည့္ လက္ဆင့္ကမ္း ၾကားဖူးနား၀ စကားမ်ားလည္းရွိသည္။ ထိုစကားမ်ားမွန္မမွန္ကို
အတူတူအေျဖရွာၾကည့္ရေအာင္ပါ ။

၁။ရာသီလာစဥ္ေခါင္းမေလွ်ာ္ပါနဲ႔ ။
ဒီစကားကို ျမန္မာမိန္းကေလးေတာ္ေတာ္မ်ားမ်ားၾကားဖူးၾကလိမ့္မည္။အမွန္တကယ္ေတာ့ ေဆးစာမွာ ရာသီလာေနခ်ိန္ ေခါင္းမလွ်ာ္ရလို႔ မေရးထားပါ။ ရာသီလာတာနဲ႔ သင့္ပုံမွန္တစ္ကိုယ္ေရသန႔္ရွင္းမႈ အေလ့အထေျပာင္းဖို႔မလိုပါ။ ေလွ်ာ္လို႔၇ပါတယ္ ။ေရတအားေအးတာနဲ႔မေလွ်ာ္မိဖို႔တာအေရးႀကီးပါတယ္ ။ဘာလို႔လဲဆိုေတာ့ ေရေအးနဲ႔ေလွ်ာ္မိရင္ ဆီးစပ္ကိုက္တာ ေအာင့္တာ ပိုဆိုးႏိုင္လို႔ပါ။ ပုံမွန္ေရအပူခ်ိန္နဲ႔ေလွ်ာ္ႏိုင္ပါတယ္ ။ေဆာင္းတြင္းမွာဆိုရင္ေတာ့ ခပ္ေႏြးေႏြးနဲ႔ေလွ်ာ္ေပါ့။

၂။ရာသီလာခ်ိန္ေရမကူးပါနဲ႔ ။
ဒီအမွာစကားက အမ်ိဳးသမီးလစဥ္သုံးပစၥည္းေတြမေပၚခင္တုန္းက ေရွးလူႀကီးသူမမ်ားက အမ်ားသုံးေရကန္သို႔မဟုတ္ ေရခ်ိဴးဆိပ္ေတြမွာ ဆင္းကူးတဲ့အခါမွာ ရာသီေသြးမ်ားနဲ႔ အမ်ားသုံးေရ မ်ားညစ္ပတ္ကုန္မွာစိုးရာကေန ေပၚေပါက္ခဲ့ဟန္တူသည္.။ ယခုေခတ္တြင္ေတာ့ အမ်ိဳးသမီးသုံးပစၥည္မ်ား သုံးပါကရာသီလာေနစဥ္ ေရကူးႏိုင္ပါသည္။ေရေအးထဲအၾကာႀကီးကူးရင္ေတာ့ ရာသီခ်ဳပ္တာမ်ိဳးျဖစ္ႏိုင္ေခ်ရွိပါတယ္။

၃။ရာသီလာေနစဥ္ လိင္မဆက္ဆံပါနဲ႔ ။
မဟုတ္ပါ။ဆက္ဆံလို႔၇ပါတယ္။ရာသီလာေနစဥ္ လိင္ဆက္ဆံပါက ကိုယ္ဝန္ရဖို႔အခြင့္အလမ္းနည္းပါတယ္(လုံးဝမ၇လို႔မဆိုလိုပါ ရႏိုင္ေျခရွိပါတယ္)။ သို႔ေသာ္ ဆိုးက်ိဳးတခုကေတာ့ ရာသီလာေနစဥ္ ဆက္ဆံပါက ေရာဂါပိုး ပိုဝင္ႏိုင္ေျခလည္းမ်ားပါတယ္။

၄။ရာသီလာေနခ်ိန္မွာ ကိုယ္လက္လႈပ္ရွားမႈမလုပ္ပါနဲ႔ ။
ေရွးတုန္းကရာသီေပၚေနတဲ့အခ်ိန္ဆိုရင္ ဖ်ားေနတယ္လို႔ယူဆပီး နားနားေနေန ေနခိုင္းတာမ်ိဳးေတြရွိပါတယ္။ အခုေခတ္မွာေတာ့ ရာသီလာခ်ိန္မွာ ကိုယ္လက္လႈပ္ရွားတာက ေသြးလည္ပတ္မႈ ကိုေကာင္းေစၿပီး ဆီးစပ္ေအာင့္တာ ခါးကိုက္တာေတြကို သက္သာေစတယ္လို႔ သိလာၾကတဲ့အတြက္ ရာသီလာခ်ိန္မွာ ကိုယ္လက္လႈပ္ရွားဖို႔ အားေပးလာၾကပါၿပီ ။

၅။ရာသီလာခ်ိန္တြင္ အမ်ိဳးသမီးသုံးပစၥည္းကို ေတာက္ေလွ်ာက္မလဲဘဲ ခံထားရမည္ ။
ဒါမွားပါတယ္ ။ရာသီလာစဥ္သုံးတဲ့ပစၥည္းေတြ သန႔္ရွင္းပါေစ။ ၃-၄ နာရီမွာတစ္ခါ အသစ္လဲေပးပါ။ – လက္ကို ခါတိုင္းထက္ပိုေဆးပါ။ မဟုတ္ပါက ပိုးဝင္ႏိုင္ပါတယ္။

ကဲဒီေလာက္ဆိုရင္ ပ်ိဳေမတို႔ ရာသီလာရင္ ဘာလုပ္ရမယ္ မလုပ္ရဘူးဆိုတာေတြနဲ႔ ပတ္သက္ၿပီး ေက်နပ္ၾကလိမ့္မယ္လို႔ထင္ပါတယ္။ အဆုံးသတ္အေနနဲ႔ကေတာ့ ရာသီလာစဥ္ ဗိုက္နာတာသိပ္ဆိုးရင္၊ ကိုယ္ပူရင္၊ ဝမ္းပ်က္ရင္၊ အန္ရင္၊ ေခါင္းထဲမ်ာေပါ့ေနၿပီးစိတ္ရႈတ္ေတြးရင္၊ အေရျပားမွာအနီကြက္ေတြထြက္လာရင္ ဆရာဝန္ျပပါ လို႔ မွာခ်င္ပါတယ္။

Author: Dr.528

(Unicode)

မိန်းကလေးတစ်ယောက်အတွက်ရာသီလာချိန်သည် စိတ်ဖိစီးမှုများရသောအချိန်ဖြစ်သည်။ရာသီလာချိန်ရောက်ရက်နဲ့ ရာသီမလာရင်လည်းစိတ်ပူရသည်။ ရာသီလာချိန်မှာလာတာများနေရင်လည်း စိတ်မအေးဖြစ်ရသည်။ ရာသီလာချိန်တွင်ပုံမှန်ရက်ထက်ပိုဆင်းနေရင်လည်း ဘာများဖြစ်လို့ပါလိမ့်ဟုတွေးပူရပြန်သည်။ ရာသီလာတော့မယ်ဆိုရင် ခံစားရမှာတွေရှိတယ်။ ဘယ်ဟာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မတူပါ။ တချို့ကရာသီမပေါ်မီမှာခံစားရတာရှိသလို တချို့ကျ ရာသီလာနေစဉ်မှာခံစားရသည်။ တစ်ယောက်တည်းမှာလဲ တစ်လနဲ့တစ်လ မတူတတ်ပါ။

ရာသီနဲ့ဆက်ပြီး ခံစားရတာတွေကို (PMS) လို့ခေါ်တယ်။ ဆီးစပ် (ဝမ်းဗိုက်အောက်ပိုင်း) နဲ့ ခါးနာတယ်။ အသင့်အတင့်ကနေ ဆိုးတိုးဝါးဝါးနာနိုင်တယ်။ စိတ်လှုပ်ရှားမှု နဲ့ စိတ်ပြောင်းလဲမှု ရှိတတ်တယ်။ ခေါင်းကိုက်၊ ခေါင်းမူး၊ ရင်ပြည့်တာနဲ့ အန်ချင်တာတွေဖြစ်နိုင်တယ်။ ပင်ပန်းအားနည်းတာ၊ ရင်သား တင်းတာ၊ နာတာလဲ ရှိနိုင်တယ်။ အိပ်ရေးပျက်တတ်သေးတယ်။ စိတ်မူပြောင်းတာလဲ ရှိတတ်တယ်။ ဥပမာ ဝမ်းနည်းတာ၊ စိုးရိမ်တာ။ ဒီလိုစိတ်ဖိစီးမှုများရတဲ့အပြင် ရှေးယခင်ကတည်းကရာသီလာစဉ် ခေါင်းမလျှော်ရ ရေမကူးရ စသည့် လက်ဆင့်ကမ်း ကြားဖူးနား၀ စကားများလည်းရှိသည်။ ထိုစကားများမှန်မမှန်ကို
အတူတူအဖြေရှာကြည့်ရအောင်ပါ ။

၁။ရာသီလာစဉ်ခေါင်းမလျှော်ပါနဲ့ ။
ဒီစကားကို မြန်မာမိန်းကလေးတော်တော်များများကြားဖူးကြလိမ့်မည်။အမှန်တကယ်တော့ ဆေးစာမှာ ရာသီလာနေချိန် ခေါင်းမလျှာ်ရလို့ မရေးထားပါ။ ရာသီလာတာနဲ့ သင့်ပုံမှန်တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထပြောင်းဖို့မလိုပါ။ လျှော်လို့၇ပါတယ် ။ရေတအားအေးတာနဲ့မလျှော်မိဖို့တာအရေးကြီးပါတယ် ။ဘာလို့လဲဆိုတော့ ရေအေးနဲ့လျှော်မိရင် ဆီးစပ်ကိုက်တာ အောင့်တာ ပိုဆိုးနိုင်လို့ပါ။ ပုံမှန်ရေအပူချိန်နဲ့လျှော်နိုင်ပါတယ် ။ဆောင်းတွင်းမှာဆိုရင်တော့ ခပ်နွေးနွေးနဲ့လျှော်ပေါ့။

၂။ရာသီလာချိန်ရေမကူးပါနဲ့ ။
ဒီအမှာစကားက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေမပေါ်ခင်တုန်းက ရှေးလူကြီးသူမများက အများသုံးရေကန်သို့မဟုတ် ရေချိူးဆိပ်တွေမှာ ဆင်းကူးတဲ့အခါမှာ ရာသီသွေးများနဲ့ အများသုံးရေ များညစ်ပတ်ကုန်မှာစိုးရာကနေ ပေါ်ပေါက်ခဲ့ဟန်တူသည်.။ ယခုခေတ်တွင်တော့ အမျိုးသမီးသုံးပစ္စည်များ သုံးပါကရာသီလာနေစဉ် ရေကူးနိုင်ပါသည်။ရေအေးထဲအကြာကြီးကူးရင်တော့ ရာသီချုပ်တာမျိုးဖြစ်နိုင်ချေရှိပါတယ်။

၃။ရာသီလာနေစဉ် လိင်မဆက်ဆံပါနဲ့ ။
မဟုတ်ပါ။ဆက်ဆံလို့၇ပါတယ်။ရာသီလာနေစဉ် လိင်ဆက်ဆံပါက ကိုယ်ဝန်ရဖို့အခွင့်အလမ်းနည်းပါတယ်(လုံးဝမ၇လို့မဆိုလိုပါ ရနိုင်ခြေရှိပါတယ်)။ သို့သော် ဆိုးကျိုးတခုကတော့ ရာသီလာနေစဉ် ဆက်ဆံပါက ရောဂါပိုး ပိုဝင်နိုင်ခြေလည်းများပါတယ်။

၄။ရာသီလာနေချိန်မှာ ကိုယ်လက်လှုပ်ရှားမှုမလုပ်ပါနဲ့ ။
ရှေးတုန်းကရာသီပေါ်နေတဲ့အချိန်ဆိုရင် ဖျားနေတယ်လို့ယူဆပီး နားနားနေနေ နေခိုင်းတာမျိုးတွေရှိပါတယ်။ အခုခေတ်မှာတော့ ရာသီလာချိန်မှာ ကိုယ်လက်လှုပ်ရှားတာက သွေးလည်ပတ်မှု ကိုကောင်းစေပြီး ဆီးစပ်အောင့်တာ ခါးကိုက်တာတွေကို သက်သာစေတယ်လို့ သိလာကြတဲ့အတွက် ရာသီလာချိန်မှာ ကိုယ်လက်လှုပ်ရှားဖို့ အားပေးလာကြပါပြီ ။

၅။ရာသီလာချိန်တွင် အမျိုးသမီးသုံးပစ္စည်းကို တောက်လျှောက်မလဲဘဲ ခံထားရမည် ။
ဒါမှားပါတယ် ။ရာသီလာစဉ်သုံးတဲ့ပစ္စည်းတွေ သန့်ရှင်းပါစေ။ ၃-၄ နာရီမှာတစ်ခါ အသစ်လဲပေးပါ။ – လက်ကို ခါတိုင်းထက်ပိုဆေးပါ။ မဟုတ်ပါက ပိုးဝင်နိုင်ပါတယ်။

ကဲဒီလောက်ဆိုရင် ပျိုမေတို့ ရာသီလာရင် ဘာလုပ်ရမယ် မလုပ်ရဘူးဆိုတာတွေနဲ့ ပတ်သက်ပြီး ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။ အဆုံးသတ်အနေနဲ့ကတော့ ရာသီလာစဉ် ဗိုက်နာတာသိပ်ဆိုးရင်၊ ကိုယ်ပူရင်၊ ဝမ်းပျက်ရင်၊ အန်ရင်၊ ခေါင်းထဲမျာပေါ့နေပြီးစိတ်ရှုတ်တွေးရင်၊ အရေပြားမှာအနီကွက်တွေထွက်လာရင် ဆရာဝန်ပြပါ လို့ မှာချင်ပါတယ်။

Author: Dr.528

Previous Post

အစာရေမျိုပြွန်ကင်ဆာ

Next Post

အစာစားပြီး ဘယ်အချက်တွေ မလုပ်သင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာစားပြီး ဘယ်အချက်တွေ မလုပ်သင့်လဲ

အူစွပ်ခြင်း

အူမကြီးကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.