fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်ရောင်ရမ်းခြင်း

7.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ်ဆိုတာ လူသားမျိုးဆက်ပွားများတည်တံဖို့အတွက် အဓိကကျတဲ့ အမျိုးသမီးအင်္ဂါတစ်ခုပါ။
လူဖြစ်လာမယ့်သန္ဓေသားလေးဟာ သားအိမ်ထဲမှာ စပြီးအခြေပြုကြီးထွားရပါတယ်။ သားအိမ်ရောင်တယ်ဆိုတာက တကယ်တော့ သားအိမ်ကိုအတွင်းကနေအုပ်ထားတဲ့ အလွှာ endometruim ရောင်တာပါ ။

သားအိမ်ရောင်တာဟာအများအားဖြင့်အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် သိသိချင်းကုဖို့လိုပါတယ်။ ကုရင်လည်းပျောက်နိုင်ပါတယ်။ မကုဘဲထားမယ်ဆိုရင် တော့ သားအိမ်ရောင်တာကတဆင့် တင်ပဆုံခွက်မှာရှိတဲ့ အင်္ဂါတွေရောင်တာ ၊သားအိမ်မှာပြည်တည်တာ ၊နောက်ပိုင်းကလေးရဖို့ခက်တာ ၊ဆိုးရင် သွေးထဲကိုရောဂါပိုးရောက်သွားပြီး ရှော့ခ်(Septic shock)ရတာတွေဖြစ်နိုင်ပါတယ် ။

သားအိမ်ဘာလို့ရောင်တာလဲ ။
ပိုးဝင်လို့ပါ။ ဘယ်လိုအခြေအနေတွေမှာဝင်လည်းဆိုရင် လိင်ဆက်ဆံရာကနေတဆင့်ပိုးဝင်ခြင်း (ဥပမာ ဂနို) ၊ တီဘီပိုးဝင်ခြင်း ၊ ကလေးမွေးရာကနေတဆင့်ပိုးဝင်ခြင်း ၊ ကလေးဖျက်ချရာကနေတဆင့်ပိုးဝင်ခြင်း၊ သားဆက်ခြားပစ္စည်းထည့်ရာမှတဆင့်ပိုးဝင်ခြင်းစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းရောင်တာ(cervicitis)ကနေတဆင့်လည်း ပိုးဆက်ဝင်ပြီး သားအိမ်ရောင်(Endometritis)ကိုလည်းဖြစ်စေနိုင်ပါတယ် ။

ရောဂါလက္ခဏတွေကတော့ အချိန်အခါမဟုတ်ဘဲသွေးဆင်းတာ၊ အဖြူဆင်းတာ၊ ဗိုက်မှာအလုံးပေါ်တာ၊ ဝမ်းချုပ်တာ၊ ဖျားတာ ၊တင်ပဆုံကိုက်တာနာတာ ၊ ခါးနာတာ စတာတွေဖြစ်နိုင်ပါတယ်။

ဒီလက္ခဏာတွေဖြစ်ရင်တော့ သားအိမ်ရောင်တာဟုတ်မဟုတ် စိတ်ရှင်းအောင် ဆရာဝန်ဆီသွားပြီး အောက်ပါစမ်းသပ်မှုတွေလုပ်နိုင်ပါတယ်။
-သွေးစစ်တာ
-သားအိမ်ကနေအသားစယူစစ်တာ
-သားအိမ်ခေါင်းကအကျိအချွဲကိုယူပြီးစစ်တာ(အထူးသဖြင့် လိင်ဆက်ဆံရာကနေကူးတဲ့ပိုးအတွက်ပါ)
-ဆင်းတဲ့အဖြူကိုယူစစ်တာ
-မှန်ပြောင်းကြည့်တာ (laparoscopy procedure) စတာတွေလုပ်နိုင်ပါတယ်။

ဘယ်လိုကုမလဲ ။
အကြမ်းအားဖြင့်တော့ ပိုးသတ်ဆေး(Antibiotics) ပေးပြီးကုပါတယ်။တကယ်လို့ လိင်ဆက်ဆံရာကနေဝင်တဲ့ပိုး(Gonorrhoea နဲ့ Chlamydia)ဆိုရင်တော့ကိုယ်ရဲ့ဆက်ဆံဖော်(Partner)ပါကုဖို့လိုပါတယ် ။တအားအခြေအနေဆိုးရင်တော့ ဆေးရုံတက်ပြီး ကုသမှုခံယူရပါမယ်။ .

သားအိမ်မရောင်အောင်ဘယ်လိုကာကွယ်မလဲ ။
ပိုးဝင်လို့ဖြစ်တာဆိုတော့ ပိုးမဝင်အောင်ကာကွယ်ဖို့အရေးကြီးပါတယ် ။မိန်းမကိုယ်ကို သေချာသန့်ရှင်းပါ။ အတွင်းပိုင်းအထိရသလောက်သန့်ရှင်းရပါမယ်။ ဆီးသွားပြီးတိုင်းနဲ့ အိမ်ထာင်ရှိရင်တော့ အမျိုးသားနဲ့အတူနေပြီးတိုင်းမျိုးမှာပါ ။သန့်စင်ပြီးတိုင်းမှာခြောက်သွေ့အောင်အဝတ်သန့်သန့်နဲ့သုတ်ပါ ။သန့်စင်ဆေးရည်တွေအလွန်ကျွံမသုံးမိပါစေနဲ့။

အတွင်းခံတင်းကျပ်တာတွေမဝတ်ရပါ။ ချည်သားကို သုံးပါ ။အတွင်းခံကို ဆပ်ပြာနဲ့သေချာလျော်ပါ ။နေပူလှန်း မီးပူတိုက်ပြီးမှသုံးပါ ။ဝမ်းချုပ်မခံပါနဲ့။ ရေများများသောက်ပါ ။ဆီးများများသွားပါ ။အိမ်သာတက်ပြီးသန့်ရှင်းရေးလုပ်ရင် လက်က မိန်းမကိုယ်ကနေ စအိုဘက်ကိုပဲ(ဦးတည်ရာတစ်ဖက်တည်းပဲသွားပါ) ။ စအိုဘက်ကနေ မိန်းမကိုယ်ဆီ လက်ကပြန်လာတာမျိုးလုံးဝမလုပ်ပါနဲ့ ။ မိမိကဆက်ဆံဖော်များရင်သော်လည်းကောင်း ၊သို့မဟုတ် မိမိရဲ့ဆက်ဆံဘက်က
ဆက်ဆံဖော်များရင်သော်လည်းကောင်း ကွန်ဒုံးသုံးသင့်ပါတယ် ။

Author: Dr.528

Previous Post

လေဖြတ်ခြင်းအကြောင်းတစေ့တစောင်း

Next Post

ဦးနှောက်ထဲကရေတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဦးနှောက်ထဲကရေတွေ

ရေရှည်ကျောက်ကပ်အားနည်းရောဂါ

သွားတွေက အရင်လို မဖြူ ၊ဝါကျင့်ကျင့် နီတီတီ အစွန်းအထင်းတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.