fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

DUB အခါမဟုတ် ရာသီဆင်းခြင်း

180
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/07/2017
in အမျိုးသမီး ကျန်းမာရေး
2 min read
A A

(Zawgyi)

ဆရာ အခု ေရာဂါျပန္ျဖစ္ခ်င္ေနသလိုျဖစ္လိုပါဆရာ။ ဆီးစပ္ ဘယ္ဘက္ျခမ္းကလဲ ျပန္ေအာင့္ေနပါတယ္။ တင္ပါးဆုံအတြင္းထဲကလဲ ျပန္ေအာင့္ေနသလိုပါဆရာ။ အသက္ ၃၉ ျပည့္ခဲ့ပါၿပီဆရာ။ သမီးတစ္ေယာက္ရွိပါတယ္ဆရာ။ ေမးခ်င္ေဇာနဲ႔ ေမးနည္းမမွန္ကန္ရင္ ေတာင္းပန္ပါတယ္ ဆရာရွင့္။

အမ်ိဳးသမီးေတြမွာ Abnormal uterine bleeding (AUB) နဲ႔ Dysfunctional uterine bleeding (DUB) အခါမဟုတ္ ေသြးဆင္းတာေတြက အျဖစ္မ်ားတယ္။ အတြင္းေရာဂါ မယ္မယ္ရရ မေတြ႕ရဘဲ ေသြးဆင္းတာမ်ိဳး ျဖစ္တယ္။ ရာသီစက္ဝန္းတစ္ခုဟာ အမ်ားအားျဖင့္ ၄ ပါတ္ (၂၈ ရက္) ၾကာတယ္။ ပထမ ၁၄ ရက္ကို (ေဖာ္လီကူတာ) အဆင့္ လို႔ေခၚတယ္။ သားအိမ္- အတြင္းလႊာက ပါးရာကေန ထူထူလာမယ္။ (အီစထိုဂ်င္) ေဟာ္မုန္းအစြမ္းေၾကာင့္ ျဖစ္လာတာဘဲ။ ဒါကို တုံ႔ျပန္တဲ့အေနနဲ႔ ဦးေႏွာက္ထဲက (ပစ္က်ဴရီ) အက်ိတ္ေလးကေန ေနာက္ေဟာ္မုန္း ၂ မ်ိဳးကို ထုတ္ေပးလာမယ္။ (FSH) နဲ႔ (LH) ဆိုတဲ့ေဟာ္ မုန္းေတြ ျဖစ္တယ္။ သူတို႔ေၾကာင့္ မ်ိဳးဥအိမ္ကေန မ်ိဳးဥကို လလယ္ရက္မွာ ထုတ္ေပးေတာ့မယ္။

မ်ိဳးဥထြက္ၿပီးတာနဲ႔ (လူတီရယ္) အဆင့္ကို ေျပာင္းေတာ့တယ္။ (ပ႐ိုဂ်က္စတီ႐ုန္း) ဆိုတဲ့ ေဟာ္မုန္း ထြက္လာမယ္။ ဒီေဟာ္မုန္းကေန သေႏၶလာၿပီး တြယ္ကပ္ႏိုင္ေအာင္ သားအိမ္အတြင္းနံရံကို ျပဳျပင္ေပးတယ္။ သေႏၶ လာတြယ္ကပ္ဘို႔ရာ (HCG) ေဟာ္မုန္းတမ်ိဳး ရွိမွသာ ေအာင္ျမင္ႏိုင္မယ္။ (ပ႐ိုဂ်က္စတီ႐ုန္း) နဲ႔ (အီစထိုဂ်င္) ေတြ ေလွ်ာ့က်လာေတာ့မယ္။ ဒီလိုျဖစ္ေတာ့ သားအိမ္အတြင္း က်ဳံ႔လာတယ္။ ၂၈ ရက္ေျမာက္ ေန႔ေလာက္မွာ ရာသီေသြး ဆင္းလိမ့္မယ္။   ေသြးေကာင္းေကာင္းမရေတာ့ သားအိမ္အတြင္းလႊာနံရံက အနာျဖစ္သလို မေကာင္းေတာ့တဲ့ (တစ္ရွဴး) ေတြလဲ ဆင္းတာထဲမွာ ပါလာလိမ့္မယ္။ မ်ိဳးဥမ  ထြက္ရင္ (ပ႐ိုဂ်က္စတီ႐ုန္း) ကေနလုပ္ေပးစရာေတြကို လုပ္မေပးႏိုင္ေတာ့ဘူး။ ရာသီလာတာေရာ မလာတာပါ ျဖစ္ေစႏိုင္တယ္။ (ပ႐ိုစတက္ဂလင္ဒင္) အနည္း၊ အမ်ားေၾကာင့္ အလိုျဖစ္တယ္လို႔ ယူဆရတယ္။ မ-မ်ိဳးဥ ထြက္လို႔ဆင္းရတာက ပုံမွန္ရက္ရွိမယ္။

အသက္ ၃၀ ကေန ၄၉ ႏွစ္ၾကား အမ်ိဳးသမီးေတြမွာ DUB ၅% ရွိတယ္။ အပ်ိဳေပါက္အ႐ြယ္ေတြလဲ ပထမ ၂ ႏွစ္ အတြင္းမွာျဖစ္ၾကတယ္။ ေသြးမဆုံးခင္ ဆိုရင္ ၅၀% အထိမ်ားတယ္။ မ်ိဳးဥမထြက္တာမ်ိဳးျဖစ္လာလို႔ ေသြးဆင္းတယ္။
DUB ဟုတ္၊ မဟုတ္ကို မျဖစ္ႏိုင္တာေတြကို ဖယ္ထုတ္နည္းနဲ႔ နာမည္တပ္ရတယ္။

၁။ ၉၀% ဟာ မ-မ်ိဳးဥမထြက္ဘဲ ေသြးဆင္းတာျဖစ္တယ္။
၂။ ၁၀% ေလာက္နီးနီး မ-မ်ိဳးဥထြက္လို႔ နည္းနည္းဆင္းတာလဲ ျဖစ္တယ္။
၃။ ေဆးတခ်ိဳ႕ကေနလဲ ျဖစ္ေစတယ္။ မ်ိဳးပြားလမ္းေရာဂါ တစ္ခုခု၊ ကင္ဆာနဲ႔ တျခားေရာဂါေတြကေနလဲ ျဖစ္ႏိုင္ေသးတယ္။

တျခားေနရာေတြမွာ ရွိတဲ့ေရာဂါေတြဆိုတာ ေဟာ္မုန္း ၂ မ်ိဳးတြဲပါ ကိုယ္ဝန္တားစားေဆး၊ IUD ကိုယ္ဝန္တားပစၥည္း၊ ကိုယ္ဝန္ပ်က္တာ၊ စပ်စ္သီးကိုယ္ဝန္၊ အခ်င္းအတြင္းမွာကြာျခင္း၊ သားအိမ္ျပင္ပ ကိုယ္ဝန္၊ လည္ပင္းႀကီး- ေဟာ္မုန္းနည္းေရာဂါ၊ လည္ပင္းႀကီး-ေဟာ္မုန္းမ်ားေရာဂါ၊ (ကူရွင္း-ဆင္ဒရမ္း) ေဟာ္  မုန္းေရာဂါ၊ အသည္းေရာဂါ ဆီးခ်ိဳ၊ တျခားေဟာ္မုန္းေရာဂါေတြ၊ သားအိမ္ဝ၊ မိန္းမကိုယ္၊ ဗဂ်ိဳင္းနား ထိခိုက္မိတာ၊ ဗဂ်ိဳင္းနား၊ သားအိမ္၊ သားအိမ္ဝ၊ မ်ိဳးဥအိမ္ကင္ဆာေတြ၊ Functional ovarian cysts, Cervicitis, Endometritis, Salpingitis, Fibroids (Leiomyomas), and Adenomyosis ကင္ဆာမဟုတ္တဲ့ မ်ိဳးပြားလမ္းေရာဂါေတြ၊ Cervical dysplasia ဆိုတာကေန လိင္ဆက္ဆံအၿပီးမွာ ေသြးထြက္တာ ျဖစ္ႏိုင္တယ္။ တင္ပါးဆုံတြင္း အဂၤါေတြေရာင္တာ၊ Polycystic Ovarian Syndrome မ်ိဳးဥအိမ္အက်ိတ္မ်ားေရာဂါ၊ Myeloproliferative disorders, von Willebrand disease, Immune thrombocytopenia ေသြးခဲစနစ္ ေရာဂါေတြကေနလဲ ျဖစ္ေစႏိုင္တယ္။ Estrogen Therapy, Anticoagulants, Antipsychotics ေဆးေတြ၊ ေလ့က်င့္ခန္းအလုပ္မ်ားတာ၊ စိတ္ဖိအားမ်ားတာနဲ႔ ကိုယ္အေလးခ်ိန္ က်တာေတြကေနလဲ ျဖစ္ႏိုင္ျပန္တယ္။

ေဆးစစ္စရာေတြ- ကိုယ္ဝန္ရွိ- မရွိ၊ Complete blood count ေသြးစစ္ျခင္း၊ Coagulation studies ေသြးခဲမႈစစ္ျခင္း၊ Thyroid function tests and prolactin levels လည္ပင္းႀကီးအလုပ္စစ္ေဆးျခင္း၊ Pelvic ultrasonography (အာလ္ထြာေဆာင္း) Endometrial stripe တိုင္းလို႔ ၄ စင္တီထက္မပိုရင္ Endometrial hyperplasia နဲ႔ Cancer မဟုတ္ဘို႔ မ်ားတယ္။ 5-12mm ရွိရင္ Biopsy လုပ္မယ္။ Transvaginal ultrasonography လုပ္ရင္ Ovarian cysts မ်ိဳးဥအိမ္- အက်ိတ္နဲ႔ Fluid in the cul-de-sac ေမြးလမ္းေနာက္နားမွာ အရည္ ရွိ- မရွိ ေတြကိုပါ ရွိရင္ေတြ႕မယ္။

ကုသနည္းေတြ
အျခားေရာဂါေတြရွိရင္ သပ္သပ္ေဆးကုရမယ္။ ေသြးအဆင္းမ်ားလို႔ အေရးေပၚလာတတ္သူေတြကို အေရးေပၚကုသမႈ လုပ္ရမယ္။ တခ်ိဳ႕ကို သားအိမ္ျခစ္  ေပးမယ္။ ကိုယ္ဝန္မရွိတာ ေသခ်ာသူေတြကို ေဟာ္မုန္း ၂ မ်ိဳးတြဲတားေဆး ေပးတတ္တယ္။ Ethinyl estradiol 35 mcg ပါတဲ့ တားေဆးကို တခါေသာက္ ၁ လုံး၊ တေန႔ ၂ ႀကိမ္၊ ေသြးရပ္ၿပီးေနာက္ ၇ ရက္အထိေသာက္ရတယ္။ ဒီေနာက္မွာ တေန႔ ၁ လုံးနဲ႔ ေဆးကပ္ကုန္တဲ့အထိ ေလွ်ာ့လိုက္ရတယ္။ Progesterone တမ်ိဳးထဲပါတဲ့ေဆးကို မ-မ်ိဳးဥမထြက္လို႔ ေသြးဆင္းသူေတြအတြက္ ပိုေကာင္းတယ္။

Medroxyprogesterone acetate 10 mg ကို တေန႔ ၁ လုံး၊ ၁၀ ရက္ေသာက္ရတယ္။ ၃- ၅ ရက္အတြင္း ေသြးျပန္ဆင္းမယ္။ ဒီေဆး ၂ မ်ိဳးမွာ ဘယ္ဟာက ပိုထိေရာက္သလဲ မကြဲျပားဘူး။ အကိုက္အခဲေပ်ာက္ေဆးေတြကို ရာသီလာလို႔ နာတာတြက္သာမက DUB အတြက္ပါ သုံးႏိုင္တယ္။ Prostaglandin ကို တားေပးႏိုင္တယ္။ Naproxen (Naprosyn, Aleve, Naprelan) ကို အသုံးမ်ားတယ္။

Danazol ဟာ စတီ႐ြိဳက္ေဆးျဖစ္တယ္။ သားအိမ္အတြင္းလႊာကို ပါးေစတယ္။ ဒါေပမယ့္ ေယာက်္ားေဟာ္မုန္း Testosterone နဲ႔တူတာမို႔ ရင္သားေသးေစ ႏိုင္တယ္။ ႂကြက္သား- အဆစ္ေတြ နာေစႏိုင္တယ္။ လူကို ဝေစတယ္။ ကိုယ္ေမႊးပိုေပါက္ေစတယ္။ ဝက္ၿခံထြက္မယ္။ Gonadotropin- releasing hormone ကိုလဲ ယာယီသေဘာေပးႏိုင္တယ္။ Tranexamic acid ကိုလဲ သုံးတတ္တယ္။ သားအိမ္ထုတ္ေပးနည္းကေတာ့ ေနာက္ဆုံးသုံးတယ္။

Primolut N (Generic Norethisterone) ေဆးထဲမွာ Norethisterone ေခၚတဲ့ Progesterones ေဟာ္မုန္းပါတယ္။ Estrogen မပါဘူး။ ဦးေႏွာက္ထဲရွိတဲ့ Pitutitary ကေနထုတ္တဲ့ Gonadotropins ေဟာ္မုန္းကို တားဆီးေပးတယ္။ Mini- pill ကိုယ္ဝန္တားေဆးေခၚတယ္။ ဒီေဆးစြဲေသာက္ေနသူတဝက္မွာ ရာသီလာေပမယ့္ မ်ိဳးဥမထြက္ဘူး။ ေဟာ္မုန္း ၂ မ်ိဳးတြဲ တားေဆးထဲက Estrogen ေဟာ္မုန္းနဲ႔ မသင့္သူေတြကို ေပးတယ္။ ကိုယ္ဝန္ရွိေနရင္၊ ႏို႔္တိုက္ေနရင္၊  ေသြးခဲေရာဂါ ရွိရင္၊ ဆီးခ်ိဳရွိရင္၊ အသည္းမေကာင္းရင္၊ အသည္းကင္ဆာရွိရင္၊ လိင္ေဟာ္မုန္းနဲ႔ ဆိုင္တဲ့ကင္ဆာရွိရင္ မေပးရပါ။

၁။ Dysfunctional uterine bleeding ရာသီဆင္း မရပ္တာကို Primolut N တခါေသာက္ ၁ ျပား၊ တေန႔ ၃ ႀကိမ္၊ ၁၀ ရက္ေပးတယ္။ ၁-၃ ရက္အတြင္း   ေကာင္းမယ္။ ေနာက္ထပ္အဲ့လို မျဖစ္ေအာင္ ၃ ပါတ္ေလာက္ ထပ္ေပးတယ္။ တခါေသာက္ ၁ ျပား၊ တေန႔ ၂-၃ ႀကိမ္၊ ရာသီစက္ဝန္းရဲ႕ ၁၉ ရက္ကေန ၂၆ ရက္အတြင္းမွာ ေပးတယ္။

၂။ ေမြးကတည္းကျဖစ္ျဖစ္၊ ေနာက္မွျဖစ္ျဖစ္ ကိုယ္ဝန္မဟုတ္ဘဲ ရာသီထိန္ေနသူေတြကို Prolactinproducting pituitary tumour ေရာဂါမရွိတာ ေသခ်ာေအာင္ အရင္လုပ္ရမယ္။ ပထမေန႔မွာ Estradiol valerate 10 mg ထိုးေဆး ၂ လုံးထိုးတယ္။ ၁၄ ရက္ၾကာရင္ Estradiol valerate 10 mg ၁ လုံးထိုး မယ္။ ရာသီစဆင္းတဲ့ေန႔ေနာက္ ၁၉- ၂၆ ရက္အတြင္းေတြမွာ Primolut N ေဆးျပားကို တေန႔ ၂-၃ ႀကိမ္ေပးမယ္။ ၂၈ ရက္မွာ ေသြးဆင္းမယ္။ ေနာက္ ထပ္ အဲလို ၂-၃ ပါတ္ ဆက္ေပးမယ္။ ရာသီစဆင္းတဲ့ေန႔ေနာက္ ၆ရက္ေျမာက္နဲ႔ ၁၆ ရက္ေျမာက္ေန႔ေတြမွာ Estradiol valerate 10 mg ၁ လုံးထိုးမယ္။ ၁၉ ရက္နဲ႔ ၂၆ ရက္ေျမာက္ေန႔ေတြမွာ Primolut N ေဆးျပားကို တေန႔ ၂ ႀကိမ္ေပးမယ္။ ထိုးေဆးမပါဘဲ ရာသီစဆင္းတဲ့ေန႔ေနာက္ ၁၉ ရက္ကေန ၂၆ ရက္ေန႔ေတြအတြင္း Primolut N ေဆးကို တေန႔ ၂ ႀကိမ္ေပးၿပီးလဲ စမ္းႏိုင္ပါတယ္။

၃။ ရာသီမလာခင္ ျဖစ္တတ္တဲ့ ေခါင္းကိုက္၊ စိတ္က်၊ ကိုယ္ေရာင္၊ ရင္သားတင္း စတာေတြ သက္သာေစဘို႔ ရာသီစဆင္းတဲ့ေန႔ေနာက္ ၁၉ ရက္ကေန ၂၆ ရက္ေန႔အတြင္း Primolut N ေဆးကို တေန႔ ၂-၃ ႀကိမ္ေပးတယ္။

၄။ ရာသီလာရက္သတ္မွတ္ျခင္း၊ ေဟာ္မုန္း ၂ မ်ိဳးပါ တားေဆးက ပိုသင့္ေတာ္တယ္။ Primolut N တခါေသာက္ ၁ ျပား၊ တေန႔ ၃ ႀကိမ္၊ ၁၀-၁၄ ရက္ေသာက္ပါ။ ေဆးကုန္ၿပီး ၂-၃ ရက္မွာ ေသြးဆင္းပါမယ္။

၅။ Endometriosis သားအိမ္ေရာဂါတမ်ိဳး၊ ရာသီလတခုနဲ႔ ၅ ရက္ေျမာက္ေန႔မွာ Primolut N ေဆး တေန႔ ၂ ႀကိမ္ ေသာက္ပါ။ ေသြးတစက္စက္စလာရင္ ၂ ျပား၊ ၂ ႀကိမ္တိုးေသာက္ပါ။ ေသြးရပ္သြားရင္ ေဆးျပန္ေလ်ာ့ပါ။ ၄-၆ လၾကာ ေသာက္ရမယ္။ ေဆးကုသေနတုံးမွာ မ်ိဳးဥလဲ မထြက္ဘူး။ ရာသီလဲမဆင္းးဘူး။ ေဆးရပ္လိုက္မွ ေသြးဆင္းမယ္။

ေဘးထြက္ဆိုးက်ိဳးေတြ – မ်က္စိၾကည့္မေကာင္း၊ ပ်ိဳ႕ခ်င္၊ ေခါင္းကိုက္၊ ကိုယ္ေရာင္၊ မိုင္းဂရင္း အမူးေရာဂါ၊ အသက္ရွဴခက္၊ အေရျပားအနီျပင္ထြက္၊ လိင္ဆႏၵျဖစ္တာ အေျပာင္းအလဲ ရွိတတ္တယ္။ လူဝလာတတ္တယ္။ ဆံပင္ကြၽတ္တတ္တယ္။ ဒါမွမဟုတ္ အေမႊးထူတတ္တယ္။ အိပ္ခ်င္တယ္။ ဒါမွမဟုတ္ အအိပ္ခက္တယ္။
အထူးသတိထားစရာေတြ – ဆီးခ်ိဳရွိေနသူမ်ား၊ စိတ္က်ေရာဂါရွိသူမ်ား၊ Phenytoin, Barbiturates, Primidone, Carbamazepine, Rifampicin, Griseofulvin, Oxcarbazepine, Rifabutin ေဆးေတြနဲ႔ တြဲေပးတာ သတိထားရမယ္။

Author : Dr.တင့္ေဆြ ,Healthcare Journal, vol 8,no 20 (2.6.17)

(Unicode)

ဆရာ အခု ရောဂါပြန်ဖြစ်ချင်နေသလိုဖြစ်လိုပါဆရာ။ ဆီးစပ် ဘယ်ဘက်ခြမ်းကလဲ ပြန်အောင့်နေပါတယ်။ တင်ပါးဆုံအတွင်းထဲကလဲ ပြန်အောင့်နေသလိုပါဆရာ။ အသက် ၃၉ ပြည့်ခဲ့ပါပြီဆရာ။ သမီးတစ်ယောက်ရှိပါတယ်ဆရာ။ မေးချင်ဇောနဲ့ မေးနည်းမမှန်ကန်ရင် တောင်းပန်ပါတယ် ဆရာရှင့်။

အမျိုးသမီးတွေမှာ Abnormal uterine bleeding (AUB) နဲ့ Dysfunctional uterine bleeding (DUB) အခါမဟုတ် သွေးဆင်းတာတွေက အဖြစ်များတယ်။ အတွင်းရောဂါ မယ်မယ်ရရ မတွေ့ရဘဲ သွေးဆင်းတာမျိုး ဖြစ်တယ်။ ရာသီစက်ဝန်းတစ်ခုဟာ အများအားဖြင့် ၄ ပါတ် (၂၈ ရက်) ကြာတယ်။ ပထမ ၁၄ ရက်ကို (ဖော်လီကူတာ) အဆင့် လို့ခေါ်တယ်။ သားအိမ်- အတွင်းလွှာက ပါးရာကနေ ထူထူလာမယ်။ (အီစထိုဂျင်) ဟော်မုန်းအစွမ်းကြောင့် ဖြစ်လာတာဘဲ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဦးနှောက်ထဲက (ပစ်ကျူရီ) အကျိတ်လေးကနေ နောက်ဟော်မုန်း ၂ မျိုးကို ထုတ်ပေးလာမယ်။ (FSH) နဲ့ (LH) ဆိုတဲ့ဟော် မုန်းတွေ ဖြစ်တယ်။ သူတို့ကြောင့် မျိုးဥအိမ်ကနေ မျိုးဥကို လလယ်ရက်မှာ ထုတ်ပေးတော့မယ်။

မျိုးဥထွက်ပြီးတာနဲ့ (လူတီရယ်) အဆင့်ကို ပြောင်းတော့တယ်။ (ပရိုဂျက်စတီရုန်း) ဆိုတဲ့ ဟော်မုန်း ထွက်လာမယ်။ ဒီဟော်မုန်းကနေ သန္ဓေလာပြီး တွယ်ကပ်နိုင်အောင် သားအိမ်အတွင်းနံရံကို ပြုပြင်ပေးတယ်။ သန္ဓေ လာတွယ်ကပ်ဘို့ရာ (HCG) ဟော်မုန်းတမျိုး ရှိမှသာ အောင်မြင်နိုင်မယ်။ (ပရိုဂျက်စတီရုန်း) နဲ့ (အီစထိုဂျင်) တွေ လျှော့ကျလာတော့မယ်။ ဒီလိုဖြစ်တော့ သားအိမ်အတွင်း ကျုံ့လာတယ်။ ၂၈ ရက်မြောက် နေ့လောက်မှာ ရာသီသွေး ဆင်းလိမ့်မယ်။   သွေးကောင်းကောင်းမရတော့ သားအိမ်အတွင်းလွှာနံရံက အနာဖြစ်သလို မကောင်းတော့တဲ့ (တစ်ရှူး) တွေလဲ ဆင်းတာထဲမှာ ပါလာလိမ့်မယ်။ မျိုးဥမ  ထွက်ရင် (ပရိုဂျက်စတီရုန်း) ကနေလုပ်ပေးစရာတွေကို လုပ်မပေးနိုင်တော့ဘူး။ ရာသီလာတာရော မလာတာပါ ဖြစ်စေနိုင်တယ်။ (ပရိုစတက်ဂလင်ဒင်) အနည်း၊ အများကြောင့် အလိုဖြစ်တယ်လို့ ယူဆရတယ်။ မ-မျိုးဥ ထွက်လို့ဆင်းရတာက ပုံမှန်ရက်ရှိမယ်။

အသက် ၃၀ ကနေ ၄၉ နှစ်ကြား အမျိုးသမီးတွေမှာ DUB ၅% ရှိတယ်။ အပျိုပေါက်အရွယ်တွေလဲ ပထမ ၂ နှစ် အတွင်းမှာဖြစ်ကြတယ်။ သွေးမဆုံးခင် ဆိုရင် ၅၀% အထိများတယ်။ မျိုးဥမထွက်တာမျိုးဖြစ်လာလို့ သွေးဆင်းတယ်။
DUB ဟုတ်၊ မဟုတ်ကို မဖြစ်နိုင်တာတွေကို ဖယ်ထုတ်နည်းနဲ့ နာမည်တပ်ရတယ်။

၁။ ၉၀% ဟာ မ-မျိုးဥမထွက်ဘဲ သွေးဆင်းတာဖြစ်တယ်။
၂။ ၁၀% လောက်နီးနီး မ-မျိုးဥထွက်လို့ နည်းနည်းဆင်းတာလဲ ဖြစ်တယ်။
၃။ ဆေးတချို့ကနေလဲ ဖြစ်စေတယ်။ မျိုးပွားလမ်းရောဂါ တစ်ခုခု၊ ကင်ဆာနဲ့ တခြားရောဂါတွေကနေလဲ ဖြစ်နိုင်သေးတယ်။

တခြားနေရာတွေမှာ ရှိတဲ့ရောဂါတွေဆိုတာ ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားစားဆေး၊ IUD ကိုယ်ဝန်တားပစ္စည်း၊ ကိုယ်ဝန်ပျက်တာ၊ စပျစ်သီးကိုယ်ဝန်၊ အချင်းအတွင်းမှာကွာခြင်း၊ သားအိမ်ပြင်ပ ကိုယ်ဝန်၊ လည်ပင်းကြီး- ဟော်မုန်းနည်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ (ကူရှင်း-ဆင်ဒရမ်း) ဟော်  မုန်းရောဂါ၊ အသည်းရောဂါ ဆီးချို၊ တခြားဟော်မုန်းရောဂါတွေ၊ သားအိမ်ဝ၊ မိန်းမကိုယ်၊ ဗဂျိုင်းနား ထိခိုက်မိတာ၊ ဗဂျိုင်းနား၊ သားအိမ်၊ သားအိမ်ဝ၊ မျိုးဥအိမ်ကင်ဆာတွေ၊ Functional ovarian cysts, Cervicitis, Endometritis, Salpingitis, Fibroids (Leiomyomas), and Adenomyosis ကင်ဆာမဟုတ်တဲ့ မျိုးပွားလမ်းရောဂါတွေ၊ Cervical dysplasia ဆိုတာကနေ လိင်ဆက်ဆံအပြီးမှာ သွေးထွက်တာ ဖြစ်နိုင်တယ်။ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ၊ Polycystic Ovarian Syndrome မျိုးဥအိမ်အကျိတ်များရောဂါ၊ Myeloproliferative disorders, von Willebrand disease, Immune thrombocytopenia သွေးခဲစနစ် ရောဂါတွေကနေလဲ ဖြစ်စေနိုင်တယ်။ Estrogen Therapy, Anticoagulants, Antipsychotics ဆေးတွေ၊ လေ့ကျင့်ခန်းအလုပ်များတာ၊ စိတ်ဖိအားများတာနဲ့ ကိုယ်အလေးချိန် ကျတာတွေကနေလဲ ဖြစ်နိုင်ပြန်တယ်။

ဆေးစစ်စရာတွေ- ကိုယ်ဝန်ရှိ- မရှိ၊ Complete blood count သွေးစစ်ခြင်း၊ Coagulation studies သွေးခဲမှုစစ်ခြင်း၊ Thyroid function tests and prolactin levels လည်ပင်းကြီးအလုပ်စစ်ဆေးခြင်း၊ Pelvic ultrasonography (အာလ်ထွာဆောင်း) Endometrial stripe တိုင်းလို့ ၄ စင်တီထက်မပိုရင် Endometrial hyperplasia နဲ့ Cancer မဟုတ်ဘို့ များတယ်။ 5-12mm ရှိရင် Biopsy လုပ်မယ်။ Transvaginal ultrasonography လုပ်ရင် Ovarian cysts မျိုးဥအိမ်- အကျိတ်နဲ့ Fluid in the cul-de-sac မွေးလမ်းနောက်နားမှာ အရည် ရှိ- မရှိ တွေကိုပါ ရှိရင်တွေ့မယ်။

ကုသနည်းတွေ
အခြားရောဂါတွေရှိရင် သပ်သပ်ဆေးကုရမယ်။ သွေးအဆင်းများလို့ အရေးပေါ်လာတတ်သူတွေကို အရေးပေါ်ကုသမှု လုပ်ရမယ်။ တချို့ကို သားအိမ်ခြစ်  ပေးမယ်။ ကိုယ်ဝန်မရှိတာ သေချာသူတွေကို ဟော်မုန်း ၂ မျိုးတွဲတားဆေး ပေးတတ်တယ်။ Ethinyl estradiol 35 mcg ပါတဲ့ တားဆေးကို တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ သွေးရပ်ပြီးနောက် ၇ ရက်အထိသောက်ရတယ်။ ဒီနောက်မှာ တနေ့ ၁ လုံးနဲ့ ဆေးကပ်ကုန်တဲ့အထိ လျှော့လိုက်ရတယ်။ Progesterone တမျိုးထဲပါတဲ့ဆေးကို မ-မျိုးဥမထွက်လို့ သွေးဆင်းသူတွေအတွက် ပိုကောင်းတယ်။

Medroxyprogesterone acetate 10 mg ကို တနေ့ ၁ လုံး၊ ၁၀ ရက်သောက်ရတယ်။ ၃- ၅ ရက်အတွင်း သွေးပြန်ဆင်းမယ်။ ဒီဆေး ၂ မျိုးမှာ ဘယ်ဟာက ပိုထိရောက်သလဲ မကွဲပြားဘူး။ အကိုက်အခဲပျောက်ဆေးတွေကို ရာသီလာလို့ နာတာတွက်သာမက DUB အတွက်ပါ သုံးနိုင်တယ်။ Prostaglandin ကို တားပေးနိုင်တယ်။ Naproxen (Naprosyn, Aleve, Naprelan) ကို အသုံးများတယ်။

Danazol ဟာ စတီရွိုက်ဆေးဖြစ်တယ်။ သားအိမ်အတွင်းလွှာကို ပါးစေတယ်။ ဒါပေမယ့် ယောကျ်ားဟော်မုန်း Testosterone နဲ့တူတာမို့ ရင်သားသေးစေ နိုင်တယ်။ ကြွက်သား- အဆစ်တွေ နာစေနိုင်တယ်။ လူကို ဝစေတယ်။ ကိုယ်မွှေးပိုပေါက်စေတယ်။ ဝက်ခြံထွက်မယ်။ Gonadotropin- releasing hormone ကိုလဲ ယာယီသဘောပေးနိုင်တယ်။ Tranexamic acid ကိုလဲ သုံးတတ်တယ်။ သားအိမ်ထုတ်ပေးနည်းကတော့ နောက်ဆုံးသုံးတယ်။

Primolut N (Generic Norethisterone) ဆေးထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းပါတယ်။ Estrogen မပါဘူး။ ဦးနှောက်ထဲရှိတဲ့ Pitutitary ကနေထုတ်တဲ့ Gonadotropins ဟော်မုန်းကို တားဆီးပေးတယ်။ Mini- pill ကိုယ်ဝန်တားဆေးခေါ်တယ်။ ဒီဆေးစွဲသောက်နေသူတဝက်မှာ ရာသီလာပေမယ့် မျိုးဥမထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ်။ ကိုယ်ဝန်ရှိနေရင်၊ နို့်တိုက်နေရင်၊  သွေးခဲရောဂါ ရှိရင်၊ ဆီးချိုရှိရင်၊ အသည်းမကောင်းရင်၊ အသည်းကင်ဆာရှိရင်၊ လိင်ဟော်မုန်းနဲ့ ဆိုင်တဲ့ကင်ဆာရှိရင် မပေးရပါ။

၁။ Dysfunctional uterine bleeding ရာသီဆင်း မရပ်တာကို Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁၀ ရက်ပေးတယ်။ ၁-၃ ရက်အတွင်း   ကောင်းမယ်။ နောက်ထပ်အဲ့လို မဖြစ်အောင် ၃ ပါတ်လောက် ထပ်ပေးတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။

၂။ မွေးကတည်းကဖြစ်ဖြစ်၊ နောက်မှဖြစ်ဖြစ် ကိုယ်ဝန်မဟုတ်ဘဲ ရာသီထိန်နေသူတွေကို Prolactinproducting pituitary tumour ရောဂါမရှိတာ သေချာအောင် အရင်လုပ်ရမယ်။ ပထမနေ့မှာ Estradiol valerate 10 mg ထိုးဆေး ၂ လုံးထိုးတယ်။ ၁၄ ရက်ကြာရင် Estradiol valerate 10 mg ၁ လုံးထိုး မယ်။ ရာသီစဆင်းတဲ့နေ့နောက် ၁၉- ၂၆ ရက်အတွင်းတွေမှာ Primolut N ဆေးပြားကို တနေ့ ၂-၃ ကြိမ်ပေးမယ်။ ၂၈ ရက်မှာ သွေးဆင်းမယ်။ နောက် ထပ် အဲလို ၂-၃ ပါတ် ဆက်ပေးမယ်။ ရာသီစဆင်းတဲ့နေ့နောက် ၆ရက်မြောက်နဲ့ ၁၆ ရက်မြောက်နေ့တွေမှာ Estradiol valerate 10 mg ၁ လုံးထိုးမယ်။ ၁၉ ရက်နဲ့ ၂၆ ရက်မြောက်နေ့တွေမှာ Primolut N ဆေးပြားကို တနေ့ ၂ ကြိမ်ပေးမယ်။ ထိုးဆေးမပါဘဲ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့တွေအတွင်း Primolut N ဆေးကို တနေ့ ၂ ကြိမ်ပေးပြီးလဲ စမ်းနိုင်ပါတယ်။

၃။ ရာသီမလာခင် ဖြစ်တတ်တဲ့ ခေါင်းကိုက်၊ စိတ်ကျ၊ ကိုယ်ရောင်၊ ရင်သားတင်း စတာတွေ သက်သာစေဘို့ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့အတွင်း Primolut N ဆေးကို တနေ့ ၂-၃ ကြိမ်ပေးတယ်။

၄။ ရာသီလာရက်သတ်မှတ်ခြင်း၊ ဟော်မုန်း ၂ မျိုးပါ တားဆေးက ပိုသင့်တော်တယ်။ Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁၀-၁၄ ရက်သောက်ပါ။ ဆေးကုန်ပြီး ၂-၃ ရက်မှာ သွေးဆင်းပါမယ်။

၅။ Endometriosis သားအိမ်ရောဂါတမျိုး၊ ရာသီလတခုနဲ့ ၅ ရက်မြောက်နေ့မှာ Primolut N ဆေး တနေ့ ၂ ကြိမ် သောက်ပါ။ သွေးတစက်စက်စလာရင် ၂ ပြား၊ ၂ ကြိမ်တိုးသောက်ပါ။ သွေးရပ်သွားရင် ဆေးပြန်လျော့ပါ။ ၄-၆ လကြာ သောက်ရမယ်။ ဆေးကုသနေတုံးမှာ မျိုးဥလဲ မထွက်ဘူး။ ရာသီလဲမဆင်းးဘူး။ ဆေးရပ်လိုက်မှ သွေးဆင်းမယ်။

ဘေးထွက်ဆိုးကျိုးတွေ – မျက်စိကြည့်မကောင်း၊ ပျို့ချင်၊ ခေါင်းကိုက်၊ ကိုယ်ရောင်၊ မိုင်းဂရင်း အမူးရောဂါ၊ အသက်ရှူခက်၊ အရေပြားအနီပြင်ထွက်၊ လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်။ လူဝလာတတ်တယ်။ ဆံပင်ကျွတ်တတ်တယ်။ ဒါမှမဟုတ် အမွှေးထူတတ်တယ်။ အိပ်ချင်တယ်။ ဒါမှမဟုတ် အအိပ်ခက်တယ်။
အထူးသတိထားစရာတွေ – ဆီးချိုရှိနေသူများ၊ စိတ်ကျရောဂါရှိသူများ၊ Phenytoin, Barbiturates, Primidone, Carbamazepine, Rifampicin, Griseofulvin, Oxcarbazepine, Rifabutin ဆေးတွေနဲ့ တွဲပေးတာ သတိထားရမယ်။

Author : Dr.တင့်ဆွေ ,Healthcare Journal, vol 8,no 20 (2.6.17)

Previous Post

ပျိုမေတိုင်း ကျန်းမာဖွံ့ဖြိုးအလှတိုးရန်

Next Post

ဆီးမထိန်းနိုင်ခြင်းကို လျှော့ချပေးနိုင်မည့် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
626

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
595
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးမထိန်းနိုင်ခြင်းကို လျှော့ချပေးနိုင်မည့် နည်းလမ်းများ

တစ်နှစ်တစ်ခါပြီးနေတာ

စံလွဲသော စိတ်ဆန္ဒနှင့် အပြုအမူများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.