fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သွေးလွန်တုပ်ကွေးဖြစ်ရင် တိုက်လို့ရတဲ့ဆေးဆိုလို့ ပါရာစီတမောပဲ ရှိတယ်

56
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ေသြးလြန္တုပ္ေကြးျဖစ္ရင္ တိုက္လို႔ရတဲ့ေဆးဆိုလို႔ ပါရာစီတေမာပဲ ရွိတယ္။ တျခားအကိုက္အခဲေပ်ာက္ေဆးေတြတိုက္လို႔မရဘူး။

ရန္ကုန္တိုင္းေဒသႀကီး ျပည့္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာေအးမြန္မြန္ေက်ာ္ႏွင့္ ေတြ႕ဆုံေမးျမန္းျခင္း

ေမး – ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလကေန အခု ဇြန္လအထိ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ ဘယ္ေလာက္အထိ ရွိပါသလဲ။
ေျဖ – ရန္ကုန္တိုင္း ေဒသႀကီးအေနနဲ႔ ေသြးလြန္တုပ္ေကြးျဖစ္ပြားတာ အခု ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလကေန ဇြန္လအထိေပါ့။ ျဖစ္ပြားတဲ့လူနာက ၂၀၀၀      ေလာက္ရွိပါတယ္။ ေသဆုံးတာက ၁၃ ေယာက္ရွိတယ္။

ေမး – ရန္ကုန္တိုင္းေဒသႀကီး ၄၆ ၿမိဳ႕နယ္ထဲမွာ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ အမ်ားဆုံးျဖစ္တဲ့ ၿမိဳ႕နယ္ေတြကေရာ ဘယ္ၿမိဳ႕နယ္ေတြပါလဲ။
ေျဖ – ဘယ္ၿမိဳ႕နယ္ေတြမွာ ျဖစ္ပြားမႈအမ်ားဆုံးလဲဆိုေတာ့ ေသြးလြန္တုပ္ေကြးေရာဂါက လူဦးေရထူထပ္မ်ားျပားတဲ့ၿမိဳ႕နယ္ေတြမွာ အျဖစ္မ်ားတာေပါ့ေနာ္။ လူထူထပ္တာရယ္၊ ေရသိုေလွာင္မႈမ်ားတာေၾကာင့္ေပါ့ေနာ္။ အဲဒီေနရာေတြမွာ အျဖစ္မ်ားတယ္။ အျဖစ္မ်ားတဲ့ ၿမိဳ႕နယ္ေတြထဲမွာေတာ့ လႈိင္သာယာ၊ ေတာင္ဒဂုံ၊ အေရွ႕ဒဂုံ၊ တြံေတး၊ ဒလ စတဲ့ ေရသိုေလွာင္မႈ မ်ားတဲ့ေနရာေတြေပါ့ေနာ္။ အဲဒီေနရာေတြမွာ အျဖစ္မ်ားတယ္။ ေနာက္ မရမ္းကုန္း၊ အင္းစိန္၊ သန္လ်င္   ၿမိဳ႕နယ္ စတဲ့ လူဦးေရမ်ားျပားတဲ့ၿမိဳ႕နယ္ေတြမွာလည္း အျဖစ္မ်ားပါတယ္။

ေမး – ေသြးလြန္တုပ္ေကြးေရာဂါက ဘယ္လိုကေနစျဖစ္တာပါလဲ။
ေျဖ – ျဖစ္ပြားရတဲ့အေၾကာင္းရင္းကေတာ့ အစ္မတို႔က Dengue Virus လို႔ေခၚတဲ့ ဗိုင္းရပ္စ္ပိုးကို သယ္ေဆာင္လာတဲ့ျခင္ အကိုက္ခံရတာကေန ကူးစက္ခံရတာပါ။ အဲဒီဗိုင္းရပ္စ္ကို ျခင္က်ား၊ ျခင္ပုန္းတို႔က သယ္ေဆာင္တယ္။ အဲဒီျခင္က ဘယ္မွာေပါက္တတ္လဲဆိုေတာ့ ေရၾကည္ေရသန႔္ ေရေသေတြမွာ ေပါက္တယ္။ အဲဒီေရေတြက ဘယ္မွာရွိလဲဆိုရင္ ေနရာအားျဖင့္ သုံးေနရာေပါ့။

ေမး – ဘယ္လိုေရသိုေလွာင္တဲ့ ေနရာေတြမွာ ဒီျခင္က်ားေတြက ေပါက္ဖြားတာလဲဆိုတာ သိပါရေစ။
ေျဖ – အဓိကကေတာ့ ေရသိုေလွာင္ထားတဲ့ေနရာျဖစ္တဲ့ ေရတိုင္ကီ၊ အုတ္ကန္၊ ေရေလွာင္ထားတဲ့ ေရပုံးေတြ၊ မိုးေရခံထားတဲ့ေနရာေတြမွာ ေပါက္ဖြားတယ္။ ေနာက္တစ္ခုက စြန႔္ပစ္လိုက္တဲ့ ပစၥည္းေတြျဖစ္တဲ့ ေဖာ့ဘူးတို႔ အေအးဘူးတို႔ေပါ့။ အေအးဘူးဆိုရင္ ေသာက္တယ္။ ၿပီးရင္ လႊင့္ပစ္လိုက္ေတာ့ စြန႔္ပစ္လိုက္တဲ့ ပစၥည္းေတြမွာ ျခင္က ဥဥသြားတယ္။ အဲဒါကို မျမင္ႏိုင္ဘူး။ ေနာက္ မိုး႐ြာတဲ့အခါမွာ မိုးေရနဲ႔ ျခင္ဥထိလိုက္တဲ့အခါမွာ ေပါက္ဖြားလာတာပါ။ တစ္  ပတ္အတြင္း သို႔မဟုတ္ ဆယ္ရက္အတြင္းမွာ ျခင္ေတြေပါက္ဖြားလာတယ္။ ဒါ့ေၾကာင့္ အဲဒီလိုပစၥည္းေတြကိုလည္း ျပည္သူလူထုအေနနဲ႔ သိမ္းဆည္းၿပီး စ  နစ္တက် စြန႔္ပစ္ဖို႔လိုပါတယ္။ ေနာက္ရန္ကုန္မွာဆိုရင္ နတ္တင္ထားတဲ့ ကၫြတ္အိုးေတြေပါ့။ သဘာဝအတိုင္း ေရဝင္ႏိုင္တဲ့ဝါးပင္ေတြ ေနာက္ သစ္ငုတ္     ေတြေပါ့။ အဲဒီေတြထဲမွာ ေရဝင္ရင္လည္း ျခင္ေပါက္ဖြားမႈက ျဖစ္ႏိုင္ပါတယ္။

ေမး – ဒီ ေသြးလြန္တုပ္ေကြးေရာဂါက တစ္ႏွစ္ပတ္လုံးျဖစ္တတ္တဲ့ ေရာဂါလား၊ မိုးတြင္းမွသာ ျဖစ္တတ္တဲ့ ကူးစက္ေရာဂါလားဆိုတာ သိပါရေစ။
ေျဖ – ရန္ကုန္တိုင္းအေနနဲ႔ကေတာ့ တစ္ႏွစ္ပတ္လုံး ျဖစ္ေနတာပါ။ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္လက ျဖစ္ပြားမႈအျမင့္ဆုံးပဲ။

ေမး – ဒီ ေသြးလြန္တုပ္ေကြးေရာဂါ စျဖစ္ၿပီဆိုရင္ေရာ ျဖစ္ပြားတဲ့ ကေလးငယ္မွာ ဘယ္လိုလကၡဏာေတြ ေတြ႕ရတတ္လဲဆိုတာ သိပါရေစ။
ေျဖ – ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္လွ်င္ အျပင္းဖ်ားတယ္။ ကိုယ္ပူတယ္။ မ်ားေသာအားျဖင့္ ႏွာေစးေခ်ာင္းဆိုး ျဖစ္ေလ့ျဖစ္ထမရွိဘူး။နည္းတယ္။ ေရာဂါျဖစ္လို႔ဖ်ားရင္ ကိုယ္ေတြ ျခစ္ျခစ္ေတာက္ပူတယ္။ ေနာက္ ပ်ိဳ႕ခ်င္အန္ခ်င္တဲ့စိတ္ေတြ ျဖစ္တယ္။ ေနာက္တစ္ခါ ဗိုက္နာတတ္တယ္။ ခႏၶာကိုယ္မွာ အနီစက္       ေလးေတြ ထြက္တတ္တယ္။ ေနာက္ထပ္သတိထားရမွာက ဖ်ားတာက တစ္ပတ္အတြင္းမွာပဲ ဖ်ားတတ္တာ။ ဒီေန႔ကေလးကေကာင္းတယ္ ေနာက္ေန႔က်  ရင္ဖ်ားသြားတယ္။ ေနာက္သုံးရက္ကေန ငါးရက္အတြင္းဆိုရင္ ဘာလကၡဏာေတြ ျဖစ္တတ္လဲဆိုရင္ ေသြးလန႔္တဲ့လကၡဏာေတြ ျဖစ္တတ္တယ္။ ေသြး လန႔္တဲ့ လကၡဏာက အဖ်ားရွိရာကေန သုံးရက္ေလာက္ၾကာရင္ အဖ်ားက်သြားတယ္။ ေနာက္ ကေလးက အဖ်ားက်ၿပီး မွိန္းေနတယ္။ ေနာက္ ကေယာင္ကတမ္းေတြ ေျပာတယ္။ ေနာက္ အထိမခံေလာက္ေအာင္ ဗိုက္ေအာင့္တယ္။ ေနာက္ ဆက္တိုက္ဆက္တိုက္ အန္တယ္။ ေနာက္ ႏွာေခါင္းေသြးယိုတာတို႔ ပါးစပ္ကေသြးယိုတာတို႔၊ အန္တဲ့အခါက်ရင္လည္း ေကာ္ဖီဖတ္၊ အမႈန႔္အေရာင္ေတြ အန္တယ္။ ေနာက္တစ္ခါ ဝမ္းသြားရင္လည္း ဝမ္းမည္းမည္းႀကီးေတြ သြားတယ္။ ကေလးကို သုံးရက္အတြင္းကေန ငါးရက္အတြင္းမွာ ဒီလကၡဏာေတြကို ၾကည့္ရမယ္။ ေနာက္ ေသြးစမ္းၾကည့္ရင္ေတာင္မွ ေသြးေၾကာစမ္းလို႔ မမိဘူးေပါ့။ အဲလိုမ်ိဳးေတြျဖစ္တယ္။ ဒါမ်ိဳးေတြဆိုရင္ေတာ့ ေဆး႐ုံကို ခ်က္ခ်င္းပို႔ဖို႔ လိုတာေပါ့။

ေမး- ဒီ ေသြးလြန္တုပ္ေကြး ကူးစက္ေရာဂါ ျဖစ္ေနၿပီဆိုရင္ေရာ ေဆး႐ုံကို မပို႔ခင္ ဘယ္လိုေရွးဦးျပဳစုျခင္းေတြ လုပ္ရမလဲ။ ဘယ္လိုအရာေတြကို ေရွာင္ၾကဥ္ရမလဲဆိုတာလည္း သိခ်င္ပါတယ္။
ေျဖ – အရင္ဆုံးကေတာ့ ကေလးကို အရည္မ်ားမ်ား တိုက္ရမယ္။ ဓာတ္ဆားရည္တိုက္လို႔ရတယ္။ ေနာက္သစ္သီးေဖ်ာ္ရည္တို႔ စြပ္ျပဳတ္တို႔ ဒါမ်ိဳးေတြကို    တိုက္လို႔ရပါတယ္။ ဒါေပမယ့္ အညိဳေရာင္ အရည္ေတြကိုေတာ့ တိုက္လို႔မရဘူး။ အညိဳေရာင္အရည္ မေသာက္ရဘူးဆိုတာအန္လိုက္တဲ့အခါမွာအညိဳေရာင္အရည္ အန္တဲ့အတြက္ ေသာက္လိုက္တဲ့အရည္ေၾကာင့္ အညိဳေရာင္အန္တာလား ေသြးယိုစီးလို႔ အန္တာလား၊ ဒါမ်ိဳးေတြေၾကာင့္ အညိဳေရာင္အရည္     မေသာက္ရဘူး။ ေနာက္တစ္ခါ ေဆးဆိုင္ေတြမွာ စပ္တဲ့ စပ္ေဆးေတြ ဝယ္ေသာက္တာမ်ိဳးကို ေရွာင္ၾကဥ္ရပါမယ္။

သတင္းႏွင့္ဓာတ္ပုံ – လူသစ္

(Unicode)

သွေးလွန်တုပ်ကွေးဖြစ်ရင် တိုက်လို့ရတဲ့ဆေးဆိုလို့ ပါရာစီတမောပဲ ရှိတယ်။ တခြားအကိုက်အခဲပျောက်ဆေးတွေတိုက်လို့မရဘူး။

ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး – ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလကနေ အခု ဇွန်လအထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဘယ်လောက်အထိ ရှိပါသလဲ။
ဖြေ – ရန်ကုန်တိုင်း ဒေသကြီးအနေနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားတာ အခု ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လအထိပေါ့။ ဖြစ်ပွားတဲ့လူနာက ၂၀၀၀      လောက်ရှိပါတယ်။ သေဆုံးတာက ၁၃ ယောက်ရှိတယ်။

မေး – ရန်ကုန်တိုင်းဒေသကြီး ၄၆ မြို့နယ်ထဲမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ မြို့နယ်တွေကရော ဘယ်မြို့နယ်တွေပါလဲ။
ဖြေ – ဘယ်မြို့နယ်တွေမှာ ဖြစ်ပွားမှုအများဆုံးလဲဆိုတော့ သွေးလွန်တုပ်ကွေးရောဂါက လူဦးရေထူထပ်များပြားတဲ့မြို့နယ်တွေမှာ အဖြစ်များတာပေါ့နော်။ လူထူထပ်တာရယ်၊ ရေသိုလှောင်မှုများတာကြောင့်ပေါ့နော်။ အဲဒီနေရာတွေမှာ အဖြစ်များတယ်။ အဖြစ်များတဲ့ မြို့နယ်တွေထဲမှာတော့ လှိုင်သာယာ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ တွံတေး၊ ဒလ စတဲ့ ရေသိုလှောင်မှု များတဲ့နေရာတွေပေါ့နော်။ အဲဒီနေရာတွေမှာ အဖြစ်များတယ်။ နောက် မရမ်းကုန်း၊ အင်းစိန်၊ သန်လျင်   မြို့နယ် စတဲ့ လူဦးရေများပြားတဲ့မြို့နယ်တွေမှာလည်း အဖြစ်များပါတယ်။

မေး – သွေးလွန်တုပ်ကွေးရောဂါက ဘယ်လိုကနေစဖြစ်တာပါလဲ။
ဖြေ – ဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ အစ်မတို့က Dengue Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာတဲ့ခြင် အကိုက်ခံရတာကနေ ကူးစက်ခံရတာပါ။ အဲဒီဗိုင်းရပ်စ်ကို ခြင်ကျား၊ ခြင်ပုန်းတို့က သယ်ဆောင်တယ်။ အဲဒီခြင်က ဘယ်မှာပေါက်တတ်လဲဆိုတော့ ရေကြည်ရေသန့် ရေသေတွေမှာ ပေါက်တယ်။ အဲဒီရေတွေက ဘယ်မှာရှိလဲဆိုရင် နေရာအားဖြင့် သုံးနေရာပေါ့။

မေး – ဘယ်လိုရေသိုလှောင်တဲ့ နေရာတွေမှာ ဒီခြင်ကျားတွေက ပေါက်ဖွားတာလဲဆိုတာ သိပါရစေ။
ဖြေ – အဓိကကတော့ ရေသိုလှောင်ထားတဲ့နေရာဖြစ်တဲ့ ရေတိုင်ကီ၊ အုတ်ကန်၊ ရေလှောင်ထားတဲ့ ရေပုံးတွေ၊ မိုးရေခံထားတဲ့နေရာတွေမှာ ပေါက်ဖွားတယ်။ နောက်တစ်ခုက စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဖော့ဘူးတို့ အအေးဘူးတို့ပေါ့။ အအေးဘူးဆိုရင် သောက်တယ်။ ပြီးရင် လွှင့်ပစ်လိုက်တော့ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေမှာ ခြင်က ဥဥသွားတယ်။ အဲဒါကို မမြင်နိုင်ဘူး။ နောက် မိုးရွာတဲ့အခါမှာ မိုးရေနဲ့ ခြင်ဥထိလိုက်တဲ့အခါမှာ ပေါက်ဖွားလာတာပါ။ တစ်  ပတ်အတွင်း သို့မဟုတ် ဆယ်ရက်အတွင်းမှာ ခြင်တွေပေါက်ဖွားလာတယ်။ ဒါ့ကြောင့် အဲဒီလိုပစ္စည်းတွေကိုလည်း ပြည်သူလူထုအနေနဲ့ သိမ်းဆည်းပြီး စ  နစ်တကျ စွန့်ပစ်ဖို့လိုပါတယ်။ နောက်ရန်ကုန်မှာဆိုရင် နတ်တင်ထားတဲ့ ကညွတ်အိုးတွေပေါ့။ သဘာဝအတိုင်း ရေဝင်နိုင်တဲ့ဝါးပင်တွေ နောက် သစ်ငုတ်     တွေပေါ့။ အဲဒီတွေထဲမှာ ရေဝင်ရင်လည်း ခြင်ပေါက်ဖွားမှုက ဖြစ်နိုင်ပါတယ်။

မေး – ဒီ သွေးလွန်တုပ်ကွေးရောဂါက တစ်နှစ်ပတ်လုံးဖြစ်တတ်တဲ့ ရောဂါလား၊ မိုးတွင်းမှသာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါလားဆိုတာ သိပါရစေ။
ဖြေ – ရန်ကုန်တိုင်းအနေနဲ့ကတော့ တစ်နှစ်ပတ်လုံး ဖြစ်နေတာပါ။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လက ဖြစ်ပွားမှုအမြင့်ဆုံးပဲ။

မေး – ဒီ သွေးလွန်တုပ်ကွေးရောဂါ စဖြစ်ပြီဆိုရင်ရော ဖြစ်ပွားတဲ့ ကလေးငယ်မှာ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်လဲဆိုတာ သိပါရစေ။
ဖြေ – သွေးလွန်တုပ်ကွေးရောဂါ ဖြစ်လျှင် အပြင်းဖျားတယ်။ ကိုယ်ပူတယ်။ များသောအားဖြင့် နှာစေးချောင်းဆိုး ဖြစ်လေ့ဖြစ်ထမရှိဘူး။နည်းတယ်။ ရောဂါဖြစ်လို့ဖျားရင် ကိုယ်တွေ ခြစ်ခြစ်တောက်ပူတယ်။ နောက် ပျို့ချင်အန်ချင်တဲ့စိတ်တွေ ဖြစ်တယ်။ နောက်တစ်ခါ ဗိုက်နာတတ်တယ်။ ခန္ဓာကိုယ်မှာ အနီစက်       လေးတွေ ထွက်တတ်တယ်။ နောက်ထပ်သတိထားရမှာက ဖျားတာက တစ်ပတ်အတွင်းမှာပဲ ဖျားတတ်တာ။ ဒီနေ့ကလေးကကောင်းတယ် နောက်နေ့ကျ  ရင်ဖျားသွားတယ်။ နောက်သုံးရက်ကနေ ငါးရက်အတွင်းဆိုရင် ဘာလက္ခဏာတွေ ဖြစ်တတ်လဲဆိုရင် သွေးလန့်တဲ့လက္ခဏာတွေ ဖြစ်တတ်တယ်။ သွေး လန့်တဲ့ လက္ခဏာက အဖျားရှိရာကနေ သုံးရက်လောက်ကြာရင် အဖျားကျသွားတယ်။ နောက် ကလေးက အဖျားကျပြီး မှိန်းနေတယ်။ နောက် ကယောင်ကတမ်းတွေ ပြောတယ်။ နောက် အထိမခံလောက်အောင် ဗိုက်အောင့်တယ်။ နောက် ဆက်တိုက်ဆက်တိုက် အန်တယ်။ နောက် နှာခေါင်းသွေးယိုတာတို့ ပါးစပ်ကသွေးယိုတာတို့၊ အန်တဲ့အခါကျရင်လည်း ကော်ဖီဖတ်၊ အမှုန့်အရောင်တွေ အန်တယ်။ နောက်တစ်ခါ ဝမ်းသွားရင်လည်း ဝမ်းမည်းမည်းကြီးတွေ သွားတယ်။ ကလေးကို သုံးရက်အတွင်းကနေ ငါးရက်အတွင်းမှာ ဒီလက္ခဏာတွေကို ကြည့်ရမယ်။ နောက် သွေးစမ်းကြည့်ရင်တောင်မှ သွေးကြောစမ်းလို့ မမိဘူးပေါ့။ အဲလိုမျိုးတွေဖြစ်တယ်။ ဒါမျိုးတွေဆိုရင်တော့ ဆေးရုံကို ချက်ချင်းပို့ဖို့ လိုတာပေါ့။

မေး- ဒီ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်နေပြီဆိုရင်ရော ဆေးရုံကို မပို့ခင် ဘယ်လိုရှေးဦးပြုစုခြင်းတွေ လုပ်ရမလဲ။ ဘယ်လိုအရာတွေကို ရှောင်ကြဉ်ရမလဲဆိုတာလည်း သိချင်ပါတယ်။
ဖြေ – အရင်ဆုံးကတော့ ကလေးကို အရည်များများ တိုက်ရမယ်။ ဓာတ်ဆားရည်တိုက်လို့ရတယ်။ နောက်သစ်သီးဖျော်ရည်တို့ စွပ်ပြုတ်တို့ ဒါမျိုးတွေကို    တိုက်လို့ရပါတယ်။ ဒါပေမယ့် အညိုရောင် အရည်တွေကိုတော့ တိုက်လို့မရဘူး။ အညိုရောင်အရည် မသောက်ရဘူးဆိုတာအန်လိုက်တဲ့အခါမှာအညိုရောင်အရည် အန်တဲ့အတွက် သောက်လိုက်တဲ့အရည်ကြောင့် အညိုရောင်အန်တာလား သွေးယိုစီးလို့ အန်တာလား၊ ဒါမျိုးတွေကြောင့် အညိုရောင်အရည်     မသောက်ရဘူး။ နောက်တစ်ခါ ဆေးဆိုင်တွေမှာ စပ်တဲ့ စပ်ဆေးတွေ ဝယ်သောက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။

သတင်းနှင့်ဓာတ်ပုံ – လူသစ်

Previous Post

သန္ဓေတားဆေး ယုံတမ်းစကားတွေ

Next Post

သမီးကညာ အရွယ်ရောက်လာ ၊မိဘများ သတိပြုစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
592

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
551
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သမီးကညာ အရွယ်ရောက်လာ ၊မိဘများ သတိပြုစရာ

တစ်ခုခေါင်းထောင်ချက်ခြင်းနှိပ်ကွပ်

မိန်းမကိုယ်ကို သန့်စင်ဆေးနဲ့ နေ့စဉ် ဆေးကြောတာ ကောင်းရဲ့လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.