fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးအသက်ရှုလမ်းကြောင်းပိတ်ခြင်းနှင့် ကလေးကာကွယ်ဆေး

241
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/08/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ကေလးငယ္ေတြမွာ ႐ုတ္တရက္ အသက္ရႈလမ္းေၾကာင္းပိတ္ျခင္း၊ နာတာရွည္ အသက္ရႈလမ္းေၾကာင္းေရာဂါတို႔ စြဲကပ္ကာ အသက္အႏၲရာယ္ ရွိႏိုင္ပါတယ္။
ကေလးေတြရဲ႕ ႐ုတ္တရက္ အသက္ရႈလမ္းေၾကာင္းပိတ္ေရာဂါဟာ ကေလးေတြရဲ႕ အသက္အႏၲရာယ္ျဖစ္ေစတဲ့ (upper Airway Obstruction) က အသက္အ႐ြယ္မေ႐ြး၊ က်ားမမေ႐ြး ျဖစ္ေပမယ့္ ခုခံမႈစနစ္မျပည့္စုံေသးတဲ့ ငါးႏွစ္ေအာက္ကေလးေတြမွာ အျဖစ္မ်ားတာေတြ႕ရတယ္။ တျဖည္းျဖည္းနဲ႔ အသက္ရႈလမ္းေၾကာင္းပိတ္တာ ေတြ႕သလို၊ ႐ုတ္တရက္ပိတ္သြားတာ ရွိႏိုင္ပါတယ္။ “ခိုညည္းသံ” လို အသံႀကီးထြက္လာတယ္။

ေဆးပညာရႈေထာင့္က ျဖစ္ေစႏိုင္တဲ့ အေၾကာင္းတရားမ်ိဳးစုံ ရွိတယ္။ အျဖစ္မ်ားဆုံးေရာဂါေတြက ကေလးဘဝကူးစက္ေရာဂါ မ်ားပါတယ္။ ေလႁပြန္အေပၚပိုင္းေရာင္ရမ္းေရာဂါ၊ (Acute Laryngotracheobronchitis) ၊ ဆုံဆို႔နာ (Diptheria)၊ အစာေရမ်ိဳနဲ႔ ေလႁပြန္ျခားတံခါး၊ အသံအိုး အဖုံးေရာင္ရမ္းေရာဂါ (Acute Epiglottits) လည္ေခ်ာင္းေလႁပြန္ေနာက္ ျပည္တည္ေရာဂါ (Retropharyngeal Abscess) ဓာတ္မတည့္လို႔ ေလႁပြန္႐ုတ္တရက္ေရာင္ရမ္းေရာဂါ (Angioneurotic oedema) ၾကက္ညႇာေရာဂါ (purtussis)၊ ေလႁပြန္ထဲအရာဝတၳဳတစ္ခု ရႈိက္သြင္းပိတ္ဆို႔ျခင္း (Foreign body inhalation) ေတြျဖစ္ႏိုင္ပါတယ္။

ေဆး႐ုံအခ်ိန္မီ မေရာက္ရင္ အသက္အႏၲရာယ္ကို ဒုကၡေပးၾကမယ္။ ေလႁပြန္အေပၚပိုင္း ေရာင္ရမ္းေရာဂါ (ALTB)က ဗိုင္းရပ္ေၾကာင့္ျဖစ္တယ္။ တစ္ရက္ႏွစ္ရက္ ဖ်ားမယ္။ ညည္းသံထြက္လာမယ္။ ေဆး႐ုံေရာက္လာလို႔ သူ႔အတြက္ အသက္ရႈလမ္းေၾကာင္းအတြက္ သင့္ေတာ္တဲ့ ေဆးတစ္ႀကိမ္ႏွစ္ႀကိမ္တိုက္႐ုံနဲ႔ ေပ်ာက္တယ္။ (Acute Epiglottitis) က ပိုၿပီးျပင္းထန္တယ္။ ကေလးအဖ်ားႀကီးတယ္။ အရမ္းနာလို႔ ငိုမယ္။ ဂနာမၿငိမ္ျဖစ္မယ္။ သြားရည္ေတြ မ်ိဳမခ်ရဲလို႔ သြားရည္ေတြက်မယ္။ လိုအပ္တဲ့ ပဋိဇီဝေဆးေပးရင္ ေပ်ာက္ပါတယ္။ အမ်ားအားျဖင့္ တုပ္ေကြး (H-Influenza) ပိုးေၾကာင့္ ျဖစ္ရတာပဲ။ ကေလးအခ်င္းခ်င္း ကူးစက္လြယ္တယ္။

တုပ္ေကြးေရာဂါျဖစ္ရင္ အနားယူျခင္း၊ ေရမ်ားမ်ားေသာက္ျခင္း၊ ေရပတ္တိုက္ျခင္း၊ စြပ္ျပဳတ္ဆန္ျပဳတ္တိုက္ျခင္းနဲ႔ ေရာဂါသက္သာႏိုင္တယ္။ ေရာဂါလကၡဏာသက္သာေစဖို႔၊ အကိုက္အခဲေပ်ာက္ေဆး၊ ေခ်ာင္းဆိုးေပ်ာက္ေဆး၊ ႏွာေစးေဆး အစရွိတဲ့ေဆးေတြ ေသာက္သုံးရင္ ေပ်ာက္ႏို္င္ပါတယ္။

ရာသီတုပ္ေကြးေရာဂါဟာ ဗိုင္းရပ္စ္ (H-Influenzue) ေၾကာင့္ျဖစ္ၿပီး၊ အသက္ရႈလမ္းေၾကာင္း မွတစ္ဆင့္ ဝင္ေရာက္ကာ အေအးမိျခင္း၊ ႏွာေစးျခင္း၊ ဖ်ားျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္း၊ ေခါင္းကိုက္ျခင္း၊ ႂကြက္သားနဲ႔ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္း၊ ကိုက္လက္မအီမသာျဖစ္ျခင္း၊ လည္ေခ်ာင္းနာျခင္းနဲ႔ ႏွာေစးျခင္း တို႔ျဖစ္တယ္။ တစ္ပတ္အတြင္း ျပန္လည္ေကာင္းမြန္ႏိုင္တယ္။ နာတာရွည္လူနာမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ ကေလးငယ္ေတြမွာ ေရာဂါျပင္းထန္ႏိုင္ၿပီး အသက္ဆုံးတဲ့အထိ ျဖစ္ပြားႏိုင္ပါတယ္။

လူစုလူေဝးျဖစ္တဲ့ မူႀကိဳေက်ာင္းေတြ၊ ေက်ာင္းေတြ၊ ေဆး႐ုံေတြ၊ အားကစားကြင္း၊ ႐ုံး၊ ေနရာ ဘတ္စ္ကားဂိတ္၊ ဘူတာ၊ ေလဆိပ္ေတြမွာေရာဂါ ကူးစက္ႏိုင္ပါတယ္။ ေရာဂါျဖစ္သူနဲ႔ ကားအတူတူစီးမိျခင္း၊ တအိပ္ရာထဲ အတူအိပ္ျခင္း၊ တစ္အိမ္ထဲေနျခင္းက ေရာဂါကူးစက္လြယ္ပါတယ္။

တုပ္ေကြးေရာဂါျဖစ္ပြားမႈမ်ားရင္ က်န္းမာေရးဌာန အေၾကာင္းၾကားၿပီး ေရာဂါကုသမႈခံယူရမယ္။ ေခ်ာင္းဆိုးျခင္း ႏွာေခ်ျခင္းျပဳလုပ္ရင္ လက္ကိုင္ပဝါ အသုံးျပဳသင့္ပါတယ္။ ေရာဂါျဖစ္ပြားရင္ ႏွာေခါင္းစည္းကို အသုံးျပဳသင့္တယ္။ ေရာဂါျဖစ္သူကို ထိေတြ႕ကိုင္တြယ္ၿပီးရင္ လက္ေဆးရမယ္။ တုပ္ေကြးေရာဂါ ကာကြယ္ေဆးဟာ တုပ္ေကြးေရာဂါျဖစ္ပြားမႈနဲ႔ ေရာဂါျပင္းထန္မႈကို ေလ်ာ့နည္းႏိုင္ပါတယ္။ တုပ္ေကြးေရာဂါ ကာကြယ္ေဆးထိုးႏွံသင့္သူေတြမွာ အသက္ႀကီးသူေတြ၊ နာတာရွည္ေရာဂါရွိသူေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ကေလးေတြပဲ ျဖစ္ပါတယ္။ ကာကြယ္ေဆး ထိုးႏွံျခင္းက တုပ္ေကြးေရာဂါကို ကာကြယ္ႏိုင္တယ္။

ကေလးဘဝ ကာကြယ္ေဆး ငါးမ်ိဳးစပ္ေဆး (Penta valid) ကို အသက္ (၂)လ (၄)လနဲ႔(၆)လမွာ ထိုးႏွံၾကတယ္။ ၾကက္ညႇာ၊ ဆုံဆို႔၊ ေမးခိုင္၊ အသည္းေရာင္ဘီနဲ႔ ဦးေႏွာက္အေျမႇးေရာင္ စတဲ့ေရာဂါ ၅ မ်ိဳး ကာကြယ္ႏိုင္တဲ့ေဆးပါ။ အသက္ (၂)လမွာ တီဘီကာကြယ္ေဆး (BCG) ထိုးႏွံေပးၿပီး၊ အသက္(၉)လနဲ႔ တစ္ႏွစ္ခြဲမွာ ဝက္သက္ကာကြယ္ေဆး ထိုးႏွံရပါမယ္။ ေဆးထိုးႏွံမႈတိုင္းမွာ ပိုလီယိုအစက္ခ် ကာကြယ္ေဆးခ်ေပးရပါမယ္။

ကေလး႐ုတ္တရက္ အသက္ရႈလမ္းေၾကာင္းပိတ္ေရာဂါမွ လည္ေခ်ာင္းေလႁပြန္ေနာက္ျပည္တည္နာ ေရာဂါ (Retro pheryngeal Abscess) က ျပင္းထန္တယ္။ ႐ုတ္တရက္ အသက္ရႈက်ပ္၊ ခိုညည္းသံ ထြက္ေပၚမလာမီ ေလးငါးရက္မတိုင္ခင္ကတည္းက ဖ်ားတယ္။ လိုအပ္တဲ့ ပဋိဇီဝေဆးထိုးႏွံ တိုက္ေကြၽးျခင္းနဲ႔ လိုအပ္ရင္ ခြဲစိတ္ကုသရပါမယ္။

ဓာတ္မတည့္လို႔ ေလႁပြန္ေရာင္ရမ္းနာ (Arigioneurotic Oedema) က တစ္ခုခုဓာတ္မတည့္လို႔ ႐ုတ္တရက္ျဖစ္တာမ်ားတယ္။ ႏိုင္ငံျခားက ကေလးအခ်ိဳ႕မွာ ေျမပဲဆန္မတည့္ဘူး။ အခ်ိဳ႕ပင္နဆလင္၊ ဆာလ္ဖာေဆးမတည့္ဘူး။ အခ်ိဳ႕ ပ်ားတုတ္ခံရလို႔ ျဖစ္တယ္။ ေဆး႐ုံအခ်ိန္မီေရာက္လို႔ ကုသေပးရင္ ေပ်ာက္တယ္။ ျပင္ပပစၥည္း (Foreign body inhalation) က ကေလးေတြမွာ အျဖစ္မ်ားတယ္။ အခ်ိဳ႕ေကာ္ေစ့ေတြ၊ ဖန္လုံးေတြ ပါးစပ္ထဲထည့္ေတာ့ လမ္းေၾကာင္းမွားၿပီး အသက္ရႈလမ္းေၾကာင္းထဲ ရႈိက္သြင္းမိတယ္။ ေဆာ့ကစားေနရာကေန ႐ုတ္ခ်ည္း အသက္ရႈက်ပ္လာတယ္ ဆိုရင္ ျပင္ပပစၥည္းရႈမိတာ ျဖစ္ႏိုင္တယ္။ ေဆး႐ုံေရာက္၊ မွန္ေျပာင္းၾကည့္တာ၊ ဓာတ္မွန္႐ိုက္တာ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းအထူးကုေတြနဲ႔ ျပသင့္တယ္။

ဆုံဆို႔နာ (Diptheriae) က အသက္ရႈလမ္းေၾကာင္း ကူးစက္ေရာဂါ ျဖစ္ေစတယ္။ လကၡဏာေတြက အျပင္းဖ်ားတယ္။ ႏြမ္းနယ္တယ္။ စားခ်င္စိတ္ေလ်ာ့တယ္။ လည္ေခ်ာင္းနာနဲ႔ အသက္ရႈက်ပ္တာ ျဖစ္ႏိုင္တယ္။ အာေခါင္(သို႔)လည္ေခ်ာင္း(သို႔)အသံအိုးပတ္ဝန္းက်င္မွာ ေလႁပြန္လမ္းေၾကာင္းပိတ္ဆို႔ ေစႏိုင္တဲ့ အေျမႇးပါးတစ္ခုေပၚလာကာ အသက္ရႈက်ပ္လာမယ္။ တျဖည္းျဖည္း ပိတ္လာတာနဲ႔အမွ် အဆုတ္ထဲ ေလမဝင္ႏိုင္ရင္ အသက္အႏၲရာယ္ရွိတယ္။ ေဆး႐ုံအခ်ိန္မီမေရာက္လို႔ ခြဲစိတ္ၿပီးေလႁပြန္ကို လည္ပင္း (Trachee) လမ္းေၾကာင္းလႊဲေဖာက္ၿပီး အသက္ကယ္ႏိုင္တယ္။

အသည္းအသန္ျဖစ္ရင္ ႏွစ္ပတ္မွ တစ္လခြဲအၾကာမွာ ႏွလုံးႂကြက္သားေရာင္ရမ္းမႈျဖင့္ ႐ုတ္တရက္ေသဆုံးေစႏိုင္တယ္။
ကေလးဘဝ ကာကြယ္ေဆးေတြက ႐ုတ္တရက္ အသက္ရႈလမ္းေၾကာင္းပိတ္ေရာဂါေတြကို ကာကြယ္ႏိုင္တယ္။ ငါးမ်ိဳးစပ္ေဆးက ဆုံဆို႔၊ ၾကက္ညႇာ၊ ေမးခိုင္၊ အသည္းေရာင္ဘီ၊ တုပ္ေကြး (Hinlnglenzae B) စတဲ့ေရာဂါေတြ ကာကြယ္ေပးႏိုင္လို႔ ကေလးငယ္တိုင္း ထိုးထားေပးသင့္တယ္။ ေရာဂါျဖစ္ရင္ မိသားစုဆရာဝန္ ကြၽမ္းက်င္တဲ့ ကေလးဆရာဝန္၊ ေဆး႐ုံ၊ ေဆးခန္းျပသ ကုသသင့္ပါတယ္။

Author: Dr.လြင္သန႔္, Healthcare Journal, vol 8,no 27 ( 21.7.17)

(Unicode)

ကလေးငယ်တွေမှာ ရုတ်တရက် အသက်ရှုလမ်းကြောင်းပိတ်ခြင်း၊ နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါတို့ စွဲကပ်ကာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။
ကလေးတွေရဲ့ ရုတ်တရက် အသက်ရှုလမ်းကြောင်းပိတ်ရောဂါဟာ ကလေးတွေရဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့ (upper Airway Obstruction) က အသက်အရွယ်မရွေး၊ ကျားမမရွေး ဖြစ်ပေမယ့် ခုခံမှုစနစ်မပြည့်စုံသေးတဲ့ ငါးနှစ်အောက်ကလေးတွေမှာ အဖြစ်များတာတွေ့ရတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှုလမ်းကြောင်းပိတ်တာ တွေ့သလို၊ ရုတ်တရက်ပိတ်သွားတာ ရှိနိုင်ပါတယ်။ “ခိုညည်းသံ” လို အသံကြီးထွက်လာတယ်။

ဆေးပညာရှုထောင့်က ဖြစ်စေနိုင်တဲ့ အကြောင်းတရားမျိုးစုံ ရှိတယ်။ အဖြစ်များဆုံးရောဂါတွေက ကလေးဘဝကူးစက်ရောဂါ များပါတယ်။ လေပြွန်အပေါ်ပိုင်းရောင်ရမ်းရောဂါ၊ (Acute Laryngotracheobronchitis) ၊ ဆုံဆို့နာ (Diptheria)၊ အစာရေမျိုနဲ့ လေပြွန်ခြားတံခါး၊ အသံအိုး အဖုံးရောင်ရမ်းရောဂါ (Acute Epiglottits) လည်ချောင်းလေပြွန်နောက် ပြည်တည်ရောဂါ (Retropharyngeal Abscess) ဓာတ်မတည့်လို့ လေပြွန်ရုတ်တရက်ရောင်ရမ်းရောဂါ (Angioneurotic oedema) ကြက်ညှာရောဂါ (purtussis)၊ လေပြွန်ထဲအရာဝတ္ထုတစ်ခု ရှိုက်သွင်းပိတ်ဆို့ခြင်း (Foreign body inhalation) တွေဖြစ်နိုင်ပါတယ်။

ဆေးရုံအချိန်မီ မရောက်ရင် အသက်အန္တရာယ်ကို ဒုက္ခပေးကြမယ်။ လေပြွန်အပေါ်ပိုင်း ရောင်ရမ်းရောဂါ (ALTB)က ဗိုင်းရပ်ကြောင့်ဖြစ်တယ်။ တစ်ရက်နှစ်ရက် ဖျားမယ်။ ညည်းသံထွက်လာမယ်။ ဆေးရုံရောက်လာလို့ သူ့အတွက် အသက်ရှုလမ်းကြောင်းအတွက် သင့်တော်တဲ့ ဆေးတစ်ကြိမ်နှစ်ကြိမ်တိုက်ရုံနဲ့ ပျောက်တယ်။ (Acute Epiglottitis) က ပိုပြီးပြင်းထန်တယ်။ ကလေးအဖျားကြီးတယ်။ အရမ်းနာလို့ ငိုမယ်။ ဂနာမငြိမ်ဖြစ်မယ်။ သွားရည်တွေ မျိုမချရဲလို့ သွားရည်တွေကျမယ်။ လိုအပ်တဲ့ ပဋိဇီဝဆေးပေးရင် ပျောက်ပါတယ်။ အများအားဖြင့် တုပ်ကွေး (H-Influenza) ပိုးကြောင့် ဖြစ်ရတာပဲ။ ကလေးအချင်းချင်း ကူးစက်လွယ်တယ်။

တုပ်ကွေးရောဂါဖြစ်ရင် အနားယူခြင်း၊ ရေများများသောက်ခြင်း၊ ရေပတ်တိုက်ခြင်း၊ စွပ်ပြုတ်ဆန်ပြုတ်တိုက်ခြင်းနဲ့ ရောဂါသက်သာနိုင်တယ်။ ရောဂါလက္ခဏာသက်သာစေဖို့၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေးဆေး အစရှိတဲ့ဆေးတွေ သောက်သုံးရင် ပျောက်နို်င်ပါတယ်။

ရာသီတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ် (H-Influenzue) ကြောင့်ဖြစ်ပြီး၊ အသက်ရှုလမ်းကြောင်း မှတစ်ဆင့် ဝင်ရောက်ကာ အအေးမိခြင်း၊ နှာစေးခြင်း၊ ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ကိုက်လက်မအီမသာဖြစ်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ နှာစေးခြင်း တို့ဖြစ်တယ်။ တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်နိုင်တယ်။ နာတာရှည်လူနာများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်တွေမှာ ရောဂါပြင်းထန်နိုင်ပြီး အသက်ဆုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

လူစုလူဝေးဖြစ်တဲ့ မူကြိုကျောင်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ အားကစားကွင်း၊ ရုံး၊ နေရာ ဘတ်စ်ကားဂိတ်၊ ဘူတာ၊ လေဆိပ်တွေမှာရောဂါ ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်သူနဲ့ ကားအတူတူစီးမိခြင်း၊ တအိပ်ရာထဲ အတူအိပ်ခြင်း၊ တစ်အိမ်ထဲနေခြင်းက ရောဂါကူးစက်လွယ်ပါတယ်။

တုပ်ကွေးရောဂါဖြစ်ပွားမှုများရင် ကျန်းမာရေးဌာန အကြောင်းကြားပြီး ရောဂါကုသမှုခံယူရမယ်။ ချောင်းဆိုးခြင်း နှာချေခြင်းပြုလုပ်ရင် လက်ကိုင်ပဝါ အသုံးပြုသင့်ပါတယ်။ ရောဂါဖြစ်ပွားရင် နှာခေါင်းစည်းကို အသုံးပြုသင့်တယ်။ ရောဂါဖြစ်သူကို ထိတွေ့ကိုင်တွယ်ပြီးရင် လက်ဆေးရမယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေးဟာ တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ရောဂါပြင်းထန်မှုကို လျော့နည်းနိုင်ပါတယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံသင့်သူတွေမှာ အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံခြင်းက တုပ်ကွေးရောဂါကို ကာကွယ်နိုင်တယ်။

ကလေးဘဝ ကာကွယ်ဆေး ငါးမျိုးစပ်ဆေး (Penta valid) ကို အသက် (၂)လ (၄)လနဲ့(၆)လမှာ ထိုးနှံကြတယ်။ ကြက်ညှာ၊ ဆုံဆို့၊ မေးခိုင်၊ အသည်းရောင်ဘီနဲ့ ဦးနှောက်အမြှေးရောင် စတဲ့ရောဂါ ၅ မျိုး ကာကွယ်နိုင်တဲ့ဆေးပါ။ အသက် (၂)လမှာ တီဘီကာကွယ်ဆေး (BCG) ထိုးနှံပေးပြီး၊ အသက်(၉)လနဲ့ တစ်နှစ်ခွဲမှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံရပါမယ်။ ဆေးထိုးနှံမှုတိုင်းမှာ ပိုလီယိုအစက်ချ ကာကွယ်ဆေးချပေးရပါမယ်။

ကလေးရုတ်တရက် အသက်ရှုလမ်းကြောင်းပိတ်ရောဂါမှ လည်ချောင်းလေပြွန်နောက်ပြည်တည်နာ ရောဂါ (Retro pheryngeal Abscess) က ပြင်းထန်တယ်။ ရုတ်တရက် အသက်ရှုကျပ်၊ ခိုညည်းသံ ထွက်ပေါ်မလာမီ လေးငါးရက်မတိုင်ခင်ကတည်းက ဖျားတယ်။ လိုအပ်တဲ့ ပဋိဇီဝဆေးထိုးနှံ တိုက်ကျွေးခြင်းနဲ့ လိုအပ်ရင် ခွဲစိတ်ကုသရပါမယ်။

ဓာတ်မတည့်လို့ လေပြွန်ရောင်ရမ်းနာ (Arigioneurotic Oedema) က တစ်ခုခုဓာတ်မတည့်လို့ ရုတ်တရက်ဖြစ်တာများတယ်။ နိုင်ငံခြားက ကလေးအချို့မှာ မြေပဲဆန်မတည့်ဘူး။ အချို့ပင်နဆလင်၊ ဆာလ်ဖာဆေးမတည့်ဘူး။ အချို့ ပျားတုတ်ခံရလို့ ဖြစ်တယ်။ ဆေးရုံအချိန်မီရောက်လို့ ကုသပေးရင် ပျောက်တယ်။ ပြင်ပပစ္စည်း (Foreign body inhalation) က ကလေးတွေမှာ အဖြစ်များတယ်။ အချို့ကော်စေ့တွေ၊ ဖန်လုံးတွေ ပါးစပ်ထဲထည့်တော့ လမ်းကြောင်းမှားပြီး အသက်ရှုလမ်းကြောင်းထဲ ရှိုက်သွင်းမိတယ်။ ဆော့ကစားနေရာကနေ ရုတ်ချည်း အသက်ရှုကျပ်လာတယ် ဆိုရင် ပြင်ပပစ္စည်းရှုမိတာ ဖြစ်နိုင်တယ်။ ဆေးရုံရောက်၊ မှန်ပြောင်းကြည့်တာ၊ ဓာတ်မှန်ရိုက်တာ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုတွေနဲ့ ပြသင့်တယ်။

ဆုံဆို့နာ (Diptheriae) က အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါ ဖြစ်စေတယ်။ လက္ခဏာတွေက အပြင်းဖျားတယ်။ နွမ်းနယ်တယ်။ စားချင်စိတ်လျော့တယ်။ လည်ချောင်းနာနဲ့ အသက်ရှုကျပ်တာ ဖြစ်နိုင်တယ်။ အာခေါင်(သို့)လည်ချောင်း(သို့)အသံအိုးပတ်ဝန်းကျင်မှာ လေပြွန်လမ်းကြောင်းပိတ်ဆို့ စေနိုင်တဲ့ အမြှေးပါးတစ်ခုပေါ်လာကာ အသက်ရှုကျပ်လာမယ်။ တဖြည်းဖြည်း ပိတ်လာတာနဲ့အမျှ အဆုတ်ထဲ လေမဝင်နိုင်ရင် အသက်အန္တရာယ်ရှိတယ်။ ဆေးရုံအချိန်မီမရောက်လို့ ခွဲစိတ်ပြီးလေပြွန်ကို လည်ပင်း (Trachee) လမ်းကြောင်းလွှဲဖောက်ပြီး အသက်ကယ်နိုင်တယ်။

အသည်းအသန်ဖြစ်ရင် နှစ်ပတ်မှ တစ်လခွဲအကြာမှာ နှလုံးကြွက်သားရောင်ရမ်းမှုဖြင့် ရုတ်တရက်သေဆုံးစေနိုင်တယ်။
ကလေးဘဝ ကာကွယ်ဆေးတွေက ရုတ်တရက် အသက်ရှုလမ်းကြောင်းပိတ်ရောဂါတွေကို ကာကွယ်နိုင်တယ်။ ငါးမျိုးစပ်ဆေးက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ တုပ်ကွေး (Hinlnglenzae B) စတဲ့ရောဂါတွေ ကာကွယ်ပေးနိုင်လို့ ကလေးငယ်တိုင်း ထိုးထားပေးသင့်တယ်။ ရောဂါဖြစ်ရင် မိသားစုဆရာဝန် ကျွမ်းကျင်တဲ့ ကလေးဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းပြသ ကုသသင့်ပါတယ်။

 

Author: Dr.လွင်သန့်, Healthcare Journal, vol 8,no 27 ( 21.7.17)

Previous Post

လက်သည်းဆိုးတာဟာ အရေပြားကင်ဆာဖြစ်စေနိုင်သလား

Next Post

သြားပိုးစားထားတဲ့ ဂလိုင္မရွိတဲ့သြားေတြ ေပၚေအာင္ရီျပလိုက္ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
625

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
595
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သြားပိုးစားထားတဲ့ ဂလိုင္မရွိတဲ့သြားေတြ ေပၚေအာင္ရီျပလိုက္ပါ

ဆန္ဒလွန်ကဲခြင်း

အုံးလွဲခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.