(Zawgyi)
ဒီေဆာင္းပါးမွာ ေတာ့ သားသား မီးမီးတို႔ကို လိမ္းေပးေလ့ရွိတဲ့ ကိုယ္လိမ္းေပါင္ဒါမ်ားရဲ႕ က်န္းမာေရးအေပၚ အက်ိဳးသက္ေရာက္မႈမ်ား အေၾကာင္းေျပာျပပါ့မယ္ ။
ကေလးငယ္ေတြမွာကိုယ္လိမ္းေပါင္ဒါသုံးတာဟာ ကမာၻနဲ႔အဝွမ္းမွာ လုပ္႐ိုးလုပ္စဥ္တစ္ခုအျဖစ္ ႏွစ္ေပါင္းမ်ားစြာ တည္ရွိခဲ့ပါတယ္။ ေပါင္ဒါလိမ္းျခင္းေၾကာင့္ အေရျပားေျခာက္ေသြ႕ၿပီး ေသးခံမေလာင္ ေအာင္ ကာကြယ္တယ္လို႔ ယူဆသုံးသူမ်ားရွိသလို ကေလးကိုယ္ေမႊးေအာင္ ေရခ်ိဳးၿပီးတိုင္း ထည့္ေပးသူမ်ားလည္းရွိပါတယ္။ အဲဒီလို အသုံးမ်ားတဲ့ ကေလးကိုယ္လိမ္းေပါင္ဒါေတြမွာ Talc / Talcum လို႔ ေခၚတဲ့ ဓာတုပစၥည္းတစ္မ်ိဳး အဓိက ပါဝင္ပါတယ္ ။
ေလ့လာထားခ်က္မ်ားအရ ထို Talc ဆိုသည့္ဓာတုပစၥည္းတြင္ Magnesium နဲ႔ silicon တို႔ပါဝင္တဲ့အတြက္အသားအေရစိုထိုင္းမႈကို စုပ္ယူေပးသလို ပြတ္တိုက္မႈ ဒဏ္ေတြကိုလည္း ေလ်ာ့ခ်ေပးျခင္းျဖင့္ အသားအေရကိုေျခာက္ေသြ႕ေစကာ အေရျပားကို မယားေစလို႔ အလွကုန္ေတြမွာပါ ထည့္သြင္းအသုံးျပဳၾကတာ ေတြ႕ရတယ္။ ထိုသို႔ေသာ ေကာင္းက်ိဳးမ်ား ရွိလင့္ကစား တျခားပါဝင္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ Asbestos အမႈန္မ်ားသည္ က်န္းမာေရးဆိုးက်ိဳးမ်ားကို ျဖစ္ေစေၾကာင္း ေတြ႕ရွိရပါတယ္ ။
အေမရိကန္ ကင္ဆာ အဖြဲ႕အစည္း American Cancer Society နဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း လက္ေအာက္ခံ အဖြဲ႕ျဖစ္တဲ့ IARC ( International Agency for Research on Cancer ) တို႔ရဲ႕ ေလ့လာထားခ်က္မ်ားအရ Talc powder ကို ရွဴမိက အဆုတ္ကင္ဆာ ျဖစ္ေစတယ္။ မိန္းမကိုယ္ တစ္ဝိုက္ လိမ္းမိက သားဥအိမ္ကင္ဆာတို႔နဲ႔ စပ္ဆိုင္မႈ ရွိတယ္လို႔ ဆိုၾကပါတယ္ ။ ဒါ့အျပင္ေပါင္ဒါမ်ားဟာ ကေလးက်န္းမာေရးမွာ ေအာက္ပါအတိုင္း အက်ိဳးသက္ေရာက္မႈမ်ား ရွိပါေသးတယ္။ ေမြးကင္းစမွ ကေလးငယ္အားလုံးရဲ႕ အေရျပားဟာ အင္မတန္ႏူးညံ့ ပါးလႊာတဲ့အတြက္ ေပါင္ဒါမွာ ပါဝင္တဲ့ အေမႊးနံရွိေအာင္ သုံးေသာ ဓာတုေဗဒ ပစၥည္းအမ်ိဳးမ်ိဳး၊ သိမ္းဆည္းရာမွာ ဝင္ေအာင္းေနႏိုင္ေသာ ဖုန္မႈန႔္မ်ားနဲ႔ ပိုးမႊားမ်ားက ကေလးအေရျပားနဲ႔ မတည့္တာ ျဖစ္တတ္ပါတယ္။
လိမ္းေပးေနစဥ္မွာ ေလထဲလြင့္သြားတဲ့ ေပါင္ဒါမႈန႔္မ်ားဟာ ကေလး အသက္ရွဴလမ္းေၾကာင္းထဲ ဝင္ေရာက္ၿပီး အသက္ရွဴ လမ္းေၾကာင္း ျပႆနာမ်ား ရွိတတ္ပါတယ္။ အထူးသျဖင့္ လမေစ့ဘဲ ေမြး ေသာ ကေလးမ်ား၊ ေမြးရာပါ ႏွလုံးေရာဂါရွိသူမ်ား၊ မၾကာခဏ အဆုတ္ထဲပိုးဝင္သူကေလးမ်ားမွာ လုံးဝ မသုံးသင့္ပါ။ လိမ္းေပးေနစဥ္မွာ ေလထဲလြင့္သြားတဲ့ ေပါင္ဒါမႈန႔္မ်ားဟာ ကေလးမ်က္လုံးထဲ မေတာ္တဆ ဝင္ေရာက္ၿပီး မ်က္သားကို ေရာင္ရမ္းေစႏိုင္ပါတယ္။ဒါ့ေၾကာင့္ ကေလးေပါင္ဒါမ်ား သုံးလွ်င္ Talc မပါေသာ ေပါင္ဒါမ်ားအသုံးျပဳပါ ။Talc အစားထိုးအျဖစ္ အသုံးမ်ားတဲ့ပစၥည္းေတြက ေျပာင္းဖူးကရတဲ့ ကစီဓာတ္ ၊ ေျပာင္းဖူးမႈန႔္ ၊ မုန႔္ဖုတ္ဆိုဒါမ်ား ၊ ဂ်ဳံမႈန႔္မ်ား စတဲ့ ပစၥည္းေတြပဲ ျဖစ္ပါတယ္။ ထိုပစၥည္းမ်ား ကိုထည့္သြင္းသုံးထားတဲ့ ေပါင္ဒါမ်ား ကို သုံးႏိုင္ပါတယ္။
ေပါင္ဒါမ်ား လိမ္းေပးရင္လည္း တတ္ႏိုင္သမွ် အႀကိမ္အေရအတြက္ ေလ်ာ့လိမ္းပါ ။ ပမာဏ ေလ်ာ့လိမ္းပါ ။ ကေလးရဲ႕ ေအာက္ခံမ်ားကိုသာ အဓိက ထားလိမ္းပါ။
Author : ေခတ္သစ္ ဇီဝက
(unicode)
(Zawgyi)
ဒီဆောင်းပါးမှာ တော့ သားသား မီးမီးတို့ကို လိမ်းပေးလေ့ရှိတဲ့ ကိုယ်လိမ်းပေါင်ဒါများရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများ အကြောင်းပြောပြပါ့မယ် ။
ကလေးငယ်တွေမှာကိုယ်လိမ်းပေါင်ဒါသုံးတာဟာ ကမ္ဘာနဲ့အဝှမ်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပါတယ်။ ပေါင်ဒါလိမ်းခြင်းကြောင့် အရေပြားခြောက်သွေ့ပြီး သေးခံမလောင် အောင် ကာကွယ်တယ်လို့ ယူဆသုံးသူများရှိသလို ကလေးကိုယ်မွှေးအောင် ရေချိုးပြီးတိုင်း ထည့်ပေးသူများလည်းရှိပါတယ်။ အဲဒီလို အသုံးများတဲ့ ကလေးကိုယ်လိမ်းပေါင်ဒါတွေမှာ Talc / Talcum လို့ ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး အဓိက ပါဝင်ပါတယ် ။
လေ့လာထားချက်များအရ ထို Talc ဆိုသည့်ဓာတုပစ္စည်းတွင် Magnesium နဲ့ silicon တို့ပါဝင်တဲ့အတွက်အသားအရေစိုထိုင်းမှုကို စုပ်ယူပေးသလို ပွတ်တိုက်မှု ဒဏ်တွေကိုလည်း လျော့ချပေးခြင်းဖြင့် အသားအရေကိုခြောက်သွေ့စေကာ အရေပြားကို မယားစေလို့ အလှကုန်တွေမှာပါ ထည့်သွင်းအသုံးပြုကြတာ တွေ့ရတယ်။ ထိုသို့သော ကောင်းကျိုးများ ရှိလင့်ကစား တခြားပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Asbestos အမှုန်များသည် ကျန်းမာရေးဆိုးကျိုးများကို ဖြစ်စေကြောင်း တွေ့ရှိရပါတယ် ။
အမေရိကန် ကင်ဆာ အဖွဲ့အစည်း American Cancer Society နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း လက်အောက်ခံ အဖွဲ့ဖြစ်တဲ့ IARC ( International Agency for Research on Cancer ) တို့ရဲ့ လေ့လာထားချက်များအရ Talc powder ကို ရှူမိက အဆုတ်ကင်ဆာ ဖြစ်စေတယ်။ မိန်းမကိုယ် တစ်ဝိုက် လိမ်းမိက သားဥအိမ်ကင်ဆာတို့နဲ့ စပ်ဆိုင်မှု ရှိတယ်လို့ ဆိုကြပါတယ် ။ ဒါ့အပြင်ပေါင်ဒါများဟာ ကလေးကျန်းမာရေးမှာ အောက်ပါအတိုင်း အကျိုးသက်ရောက်မှုများ ရှိပါသေးတယ်။ မွေးကင်းစမှ ကလေးငယ်အားလုံးရဲ့ အရေပြားဟာ အင်မတန်နူးညံ့ ပါးလွှာတဲ့အတွက် ပေါင်ဒါမှာ ပါဝင်တဲ့ အမွှေးနံရှိအောင် သုံးသော ဓာတုဗေဒ ပစ္စည်းအမျိုးမျိုး၊ သိမ်းဆည်းရာမှာ ဝင်အောင်းနေနိုင်သော ဖုန်မှုန့်များနဲ့ ပိုးမွှားများက ကလေးအရေပြားနဲ့ မတည့်တာ ဖြစ်တတ်ပါတယ်။
လိမ်းပေးနေစဉ်မှာ လေထဲလွင့်သွားတဲ့ ပေါင်ဒါမှုန့်များဟာ ကလေး အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး အသက်ရှူ လမ်းကြောင်း ပြဿနာများ ရှိတတ်ပါတယ်။ အထူးသဖြင့် လမစေ့ဘဲ မွေး သော ကလေးများ၊ မွေးရာပါ နှလုံးရောဂါရှိသူများ၊ မကြာခဏ အဆုတ်ထဲပိုးဝင်သူကလေးများမှာ လုံးဝ မသုံးသင့်ပါ။ လိမ်းပေးနေစဉ်မှာ လေထဲလွင့်သွားတဲ့ ပေါင်ဒါမှုန့်များဟာ ကလေးမျက်လုံးထဲ မတော်တဆ ဝင်ရောက်ပြီး မျက်သားကို ရောင်ရမ်းစေနိုင်ပါတယ်။ဒါ့ကြောင့် ကလေးပေါင်ဒါများ သုံးလျှင် Talc မပါသော ပေါင်ဒါများအသုံးပြုပါ ။Talc အစားထိုးအဖြစ် အသုံးများတဲ့ပစ္စည်းတွေက ပြောင်းဖူးကရတဲ့ ကစီဓာတ် ၊ ပြောင်းဖူးမှုန့် ၊ မုန့်ဖုတ်ဆိုဒါများ ၊ ဂျုံမှုန့်များ စတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ထိုပစ္စည်းများ ကိုထည့်သွင်းသုံးထားတဲ့ ပေါင်ဒါများ ကို သုံးနိုင်ပါတယ်။
ပေါင်ဒါများ လိမ်းပေးရင်လည်း တတ်နိုင်သမျှ အကြိမ်အရေအတွက် လျော့လိမ်းပါ ။ ပမာဏ လျော့လိမ်းပါ ။ ကလေးရဲ့ အောက်ခံများကိုသာ အဓိက ထားလိမ်းပါ။
Author : ခေတ်သစ် ဇီဝက