(Zawgyi)
သေႏၶတည္ပုံဟာ အံ့ဖြယ္တစ္ပါးျဖစ္ပုံကို ေဆးသိပၸံက ေဖာ္ထုတ္ခဲ့တယ္။ ဒါကို ေယးလ္တကၠသိုလ္မွ သားဖြားနဲ႔ မီးယပ္ပါရဂူ ေဒါက္တာ ဟားဗတ္သြမ္စ္က အေသးစိတ္ ေဖာ္ျပလိုက္ပါတယ္။ သေႏၶသားကို ဖန္တီးတဲ့ အံ့ၾသေလာက္တဲ့ အခိုက္အတန႔္ဟာ ၁၂ နာရီအတြင္း ျဖစ္ေလ့ရွိတဲ့ ျဖစ္ရပ္တစ္ခု၏ အထြဋ္အထိပ္ျဖစ္သည္။ ဒီအခ်ိန္မွာ အမ်ိဳးသားရဲ႕ သုက္ပိုးဟာ အမ်ိဳးသမီးရဲ႕ မ်ိဳးဥထဲဝင္တိုးသြားၿပီး မ်ိဳးေအာင္ျခင္းကို သေႏၶတည္ျခင္းဟုေခၚတယ္။
လူသားတို႔ရဲ႕ မ်ိဳးဥဟာ ခပ္ဝိုင္းဝိုင္းျဖစ္ၿပီး မင္နဲ႔တို႔လိုက္တဲ့ အစက္ကေလးေလာက္ပဲ ရွိတယ္။ ၎ဟာ အေရာင္မရွိဘဲ အရည္ျပည့္ေနတဲ့ အမႈန္ျဖစ္တယ္။ ဒီအမႈန္ဟာ နည္းနည္းေလး ပိုၾကည္လင္ရင္ ၎ကို ျမင္ရမွာ မဟုတ္ေတာ့ဘူး။ မ်ိဳးဥဟာ ဆဲလ္တစ္ခုျဖစ္ေပမဲ့ နက္နဲတယ္။ ၎ကိုအဆေပါင္း ၅၀၀ခ်ဲ႕လိုက္လို႔ ပင္ေပါင္ေဘာလုံးေလာက္ ရွိလာရင္ လူရဲ႕မ်က္ေစ့နဲ႔ ၎ရဲ႕ ဖြဲ႕စည္းတည္ေဆာက္ပုံကို ျမင္ႏိုင္တယ္။
ခ်ဲ႕ထားတဲ့ မ်ိဳးဥရဲ႕ အလယ္ဗဟိုမွာ စပ်စ္သီးအမဲေျခာက္အ႐ြယ္ရွိၿပီး၊ ေဘးနားမွာရွိတဲ့ အရည္ေတြထက္ အနည္းငယ္ ပိုနက္ၿပီး ထူးပိန္းတဲ့ န်ဴကလီးယပ္စ္ရွိတယ္။ ဒီန်ဴကလီးယပ္စ္အလယ္မွာ အေရာင္နက္တဲ့ အစက္ကေလးပါရွိၿပီး အဲဒီအစက္ကေလးထဲမွာ ခ႐ိုမိုဇုမ္း ၂၄ ခုရွိၿပီး၊ ၎တို႔ဟာ အေရာင္ေဖ်ာ့နဲ႔ အနက္ေရာင္အစင္းေတြ အလ်ားလိုက္ တည္ရွိတဲ့ သန္ေကာင္ကဲ့သို႔ပုံစံရွိတယ္။
ဒီခ႐ိုမိုဇုမ္းတြင္ မ်ိဳး႐ိုးဗီဇ ၃၀၀၀ခန႔္ရွိတယ္။ ထို မ်ိဳး႐ိုးဗီဇေတြဟာ သုတ္ပိုးမွ မ်ိဳး႐ိုးဗီဇနဲ႔ေပါင္းစည္းၿပီး ကေလးရဲ႕ ေမြးရာပါ ပင္ကိုလကၡဏာေတြကို အဆုံးအျဖတ္ေပးတယ္။ မ်က္လုံးနဲ႔ ဆံပင္အေရာင္၊ ေမး႐ိုးပုံစံ၊ ဖို/မျဖစ္ျခင္းတို႔အျပင္ ကေလးဘယ္ေလာက္ ျမန္ျမန္ႀကီးထြားမယ္ဆိုတဲ့ အခ်က္ေတြလည္း ပါတယ္။
သေႏၶတည္ျခင္းကိစၥ အစပထမတြင္ မ်ိဳးဥသည္ မ်ိဳးဥအိမ္(သားအိမ္) ႏွစ္ခုမွ တစ္ခု၏ မ်က္ႏွာျပင္ေပၚ အရည္ၾကည္ဖုေလးမွ ေဖာက္ထြက္သည္။ သားအိမ္ႏွစ္ခုသည္ ၁ လက္မခန႔္စီရွိၿပီး၊ တင္ပါးဆုံ႐ိုး ေခါင္းေပါက္ ထိပ္ဖ်ားတြင္ တည္ရွိၿပီး အယ္လ္မြန္သီးပုံစံ အၾကမ္းအားျဖင့္ ရွိတယ္။ ဥတစ္လုံး (လက္ေတြ႕အားျဖင့္ အၿမဲတစ္လုံး)ဟာ ဒီနည္းအတိုင္း ၂၈ ရက္ၾကာတိုင္း ျဖစ္ေပၚတယ္။ အရည္ၾကည္ဖုဟာ သားအိမ္တစ္ခုခုမွာ ျဖစ္ေပၚႏိုင္တယ္။ သားအိမ္တစ္ခုဟာ အလုပ္မလုပ္ႏိုင္ရင္ (ခြဲထုတ္ခဲ့ရလွ်င္) ေနာက္တစ္ခုက ေကာင္းစြာလုပ္ႏိုင္တယ္။ ဥဟာရင့္က်က္လာၿပီး အရင္အတိုင္း လႊတ္လိုက္ခံရတယ္။
အသက္ရွိေနတဲ့ အစက္ကေလးက က်ယ္တဲ့ေနရာမွာ လြတ္ေနၿပီး၊ သေႏၶတည္ဖို႔ ျဖစ္လာရင္။ ဒီမ်ိဳးဥဟာ သားအိမ္ႁပြန္ႏွစ္ခုမွ တစ္ခု၏ အေပၚပိုင္းစြန္းသို႔ ေမ်ာပါလာရမယ္။ သားအိမ္ႁပြန္ႏွစ္ခုဟာ သားအိမ္ထိပ္ေပၚမွာ ဘယ္ဘက္၊ ညာဘက္ခြဲထုတ္ၿပီး မမ်ိဳးဥအိမ္ေတြဆီသို႔ ေရာက္တယ္။ သားအိမ္ႁပြန္တစ္ခုစီသည္ ေလးလက္မခန႔္ ရွည္ၿပီး ေျဖာင့္မေနဘဲ၊ တြန႔္ေခါက္ေနတယ္။ ဥသည္ နံရံေတြရဲ႕ တေ႐ြ႕ေ႐ြ႕ ခ်ဳံ႔ျခင္းအတိုင္း စည္း၊ ဝါးမွန္မွန္ ညႇစ္ခံရတယ္။ ရည္ၾကည္ဖုပြင့္သြားၿပီး ၁၂ နာရီအတြင္း ဥဟာ ႁပြန္၏ အလယ္ပိုင္းအထိ ေမ်ာေနတယ္။ သေႏၶတည္ဖို႔ရွိရင္၊ သုက္ပိုးနဲ႔ဥဟာ ႁပြန္အတြင္း လမ္းတစ္ဝက္မွာ ေတြ႕ဆုံၾကလိမ့္မယ္။
မ်ိဳးဥနဲ႔ သုက္ပိုးဟာ သီးျခားဆဲလ္ေတြ ျဖစ္တယ္။ မတူၾကပါ။ ဥဟာ သုက္ပိုးေခါင္းအ႐ြယ္ရဲ႕အဆ ၃၅ မွ ၄၀ အထိရွိတယ္။ ဥဟာ သူ႔ဖာသူမေ႐ြ႕ႏိုင္၊ သုက္ပိုးက (၈)မိနစ္မွာ တစ္လက္မႏႈန္းနဲ႔ ေ႐ြ႕တယ္။ ဥတစ္လုံးအတြက္ သုက္ပိုး သန္း ၂၀၀ မွ ၅၀၀ ထိရွိတယ္။ အီလက္ထ႐ြန္ မိုက္ခ႐ိုစကုပ္ျဖင့္ သုက္ပိုးကိုၾကည့္ရင္ သုက္ပိုးတစ္ေကာင္ဟာ ဖားေလာင္းတစ္ေကာင္လိုရွိၿပီး ေ႐ြ႕လ်ားႏိုင္တယ္။ ၾကက္ဥပုံေခါင္းရွိၿပီး ၎မွာ ခ႐ိုမိုဇုမ္းနဲ႔ မ်ိဳး႐ိုးဗီဇျဖစ္တဲ့ န်ဴကလီးယပ္စ္ပါဝင္တယ္။ ဦးေခါင္းေလာက္ရွည္တဲ့ ဆလင္ဒါပုံအလယ္ပိုင္းျဖစ္ၿပီး ဦးေခါင္းအလ်ား၏ ကိုးဆရွည္တဲ့ အၿမီးပိုင္းရွိတယ္။ သုက္ပိုးအသက္ရွင္သမွ် အၿမီးဟာ ဝက္အူလွည့္ပုံစံအတိုင္း ၎ကို ေရွ႕သို႔သြားေစတယ္။
သန္းေပါင္းရာခ်ီရွိတဲ့ သုတ္ပိုးေတြဟာ အတူတူစတင္ၿပီး မ်ိဳးဥကိုရွာဖို႔ အလ်င္အျမန္ ေ႐ြ႕လ်ားၾကတယ္။ ၎တို႔ဟာ ေဝွးေစ့အိတ္မွ ဝမ္းဗိုက္သို႔ ဆီးအိမ္အေနာက္ဘက္မွာ ဝိုင္းပတ္ေစၿပီး ဆီးေခ်ာင္းကိုျဖတ္ကာ လိင္တံကိုသြားၾကတယ္။ သုတ္ပိုးဟာ ေဝွးေစ့ထဲမွာ သုတ္ရည္ကို တြန္းထုတ္လိုက္စဥ္ သုတ္ပိုးေတြဟာ သားအိမ္လမ္းေၾကာင္းမွာတင္ေနၿပီး ၎တို႔ရဲ႕ ဦးတည္ရာဟာ သားအိမ္ဆီသို႔သြားရာ လမ္းက်ဥ္းေလးျဖစ္တဲ့ သားအိမ္ေခါင္းျဖစ္တယ္။
သားအိမ္လမ္းေၾကာင္း စိမ့္ထြက္ရည္ေတြဟာ အက္စစ္ျဖစ္ၿပီး သုက္ပိုးတို႔ ဆန႔္က်င္ၾကလို႔ သန္းေပါင္း ၃၀၀ နီးပါးဟာ အခ်ိန္အနည္းငယ္အတြင္း ေသဆုံးသြားၾကတယ္။ အနည္းငယ္သာ သားအိမ္ေပါက္ဝသို႔ ကူးသြားႏိုင္တယ္။ သုက္ပိုးမ်ားဟာ မ်ိဳးဥဆီသို႔ ခ်က္ခ်င္းမေရာက္ႏိုင္ပါ။ အခက္အခဲမ်ားစြာ ရွိပါတယ္။ ႁပြန္နံရံေတြရဲ႕ ႂကြက္သားက်ဳံ႔ျခင္း၊ ႁပြန္ရဲ႕ဖ်စ္ညႇစ္ေနတဲ့ လႈပ္ရွားမႈက သုက္ပိုးရဲ႕ ေ႐ြ႕လ်ားမႈကို အခက္အခဲ ျဖစ္ေစတယ္။ ဒါ့အျပင္ ႁပြန္ရဲ႕ အတြင္းခံအနားေတြရဲ႕ ရႈပ္ေထြးေနတဲ့ အတြန႔္အေခါက္ေတြမွ သုက္ပိုးဟာ ႐ုန္းမထြက္ႏိုင္ေအာင္ ပိတ္မိေနတတ္တယ္။ သုက္ပိုးတစ္ရာခန႔္သာ မ်ိဳးဥဆီသို႔ ေရာက္သြားႏိုင္တယ္။ တစ္ခ်ိဳ႕ကလည္း ေက်ာ္သြားတယ္။
မ်ိဳးဥဟာ အရည္ၾကည္ဖုရဲ႕ အတြင္းနံရံရဲ႕ အစိတ္အပိုင္းတစ္ခုက ဝန္းရံထားလို႔ သုက္ပိုးဟာ ဒီအျပင္ဘက္ အကာအရံကို ထိုးေဖာက္ရပါမယ္။ မ်ိဳးဥရဲ႕ အကာကို ေလ်ာ့သြားေစတဲ့ အစြမ္းရွိ အင္ဇိုင္း (hyaluronidase) အနည္းငယ္ဟာ သုက္ပိုးတြင္ပါရွိလို႔ ေဖာက္ထြင္းဝင္ေရာက္ႏိုင္တယ္။ သုက္ပိုးရဲ႕ ဦးေခါင္းဟာ ေဖာက္ထြင္းလိုက္တာနဲ႔ ၎ရဲ႕ အၿမီးက ပ်က္စီးသြားတယ္။ မ်ိဳးဥရဲ႕ နံရံကလည္း ေျပာင္းသြားတယ္။ အျခားသုက္ပိုးေတြ မဝင္ႏိုင္ေတာ့ဘဲ ပထမဆုံးဝင္လာတဲ့ သုက္ပိုးကိုသာ လက္ခံတယ္။ သုက္ပိုးရဲ႕ ဦးေခါင္းမွာရွိတဲ့ န်ဴကလီးယား ပစၥည္းငယ္ကေလးဟာ မ်ိဳးဥရဲ႕ န်ဴကလီးယပ္စ္ဆီသို႔ ဦးတည္သြားတယ္။ ဒီျဒပ္ထုႏွစ္ခုဟာ ေပါင္းစည္းသြားၿပီး န်ဴကလီးယပ္စပ္ အသစ္တစ္ခု ျဖစ္လာတယ္။ ဒါဟာ သေႏၶတည္ျခင္း ျဖစ္တယ္။
Author: ႏွင္းေအးေဝ, Healthcare Journal, vol 8, no 31 (18.8.17)
(Unicode)
သန္ဓေတည်ပုံဟာ အံ့ဖွယ်တစ်ပါးဖြစ်ပုံကို ဆေးသိပ္ပံက ဖော်ထုတ်ခဲ့တယ်။ ဒါကို ယေးလ်တက္ကသိုလ်မှ သားဖွားနဲ့ မီးယပ်ပါရဂူ ဒေါက်တာ ဟားဗတ်သွမ်စ်က အသေးစိတ် ဖော်ပြလိုက်ပါတယ်။ သန္ဓေသားကို ဖန်တီးတဲ့ အံ့သြလောက်တဲ့ အခိုက်အတန့်ဟာ ၁၂ နာရီအတွင်း ဖြစ်လေ့ရှိတဲ့ ဖြစ်ရပ်တစ်ခု၏ အထွဋ်အထိပ်ဖြစ်သည်။ ဒီအချိန်မှာ အမျိုးသားရဲ့ သုက်ပိုးဟာ အမျိုးသမီးရဲ့ မျိုးဥထဲဝင်တိုးသွားပြီး မျိုးအောင်ခြင်းကို သန္ဓေတည်ခြင်းဟုခေါ်တယ်။
လူသားတို့ရဲ့ မျိုးဥဟာ ခပ်ဝိုင်းဝိုင်းဖြစ်ပြီး မင်နဲ့တို့လိုက်တဲ့ အစက်ကလေးလောက်ပဲ ရှိတယ်။ ၎င်းဟာ အရောင်မရှိဘဲ အရည်ပြည့်နေတဲ့ အမှုန်ဖြစ်တယ်။ ဒီအမှုန်ဟာ နည်းနည်းလေး ပိုကြည်လင်ရင် ၎င်းကို မြင်ရမှာ မဟုတ်တော့ဘူး။ မျိုးဥဟာ ဆဲလ်တစ်ခုဖြစ်ပေမဲ့ နက်နဲတယ်။ ၎င်းကိုအဆပေါင်း ၅၀၀ချဲ့လိုက်လို့ ပင်ပေါင်ဘောလုံးလောက် ရှိလာရင် လူရဲ့မျက်စေ့နဲ့ ၎င်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို မြင်နိုင်တယ်။
ချဲ့ထားတဲ့ မျိုးဥရဲ့ အလယ်ဗဟိုမှာ စပျစ်သီးအမဲခြောက်အရွယ်ရှိပြီး၊ ဘေးနားမှာရှိတဲ့ အရည်တွေထက် အနည်းငယ် ပိုနက်ပြီး ထူးပိန်းတဲ့ နျူကလီးယပ်စ်ရှိတယ်။ ဒီနျူကလီးယပ်စ်အလယ်မှာ အရောင်နက်တဲ့ အစက်ကလေးပါရှိပြီး အဲဒီအစက်ကလေးထဲမှာ ခရိုမိုဇုမ်း ၂၄ ခုရှိပြီး၊ ၎င်းတို့ဟာ အရောင်ဖျော့နဲ့ အနက်ရောင်အစင်းတွေ အလျားလိုက် တည်ရှိတဲ့ သန်ကောင်ကဲ့သို့ပုံစံရှိတယ်။
ဒီခရိုမိုဇုမ်းတွင် မျိုးရိုးဗီဇ ၃၀၀၀ခန့်ရှိတယ်။ ထို မျိုးရိုးဗီဇတွေဟာ သုတ်ပိုးမှ မျိုးရိုးဗီဇနဲ့ပေါင်းစည်းပြီး ကလေးရဲ့ မွေးရာပါ ပင်ကိုလက္ခဏာတွေကို အဆုံးအဖြတ်ပေးတယ်။ မျက်လုံးနဲ့ ဆံပင်အရောင်၊ မေးရိုးပုံစံ၊ ဖို/မဖြစ်ခြင်းတို့အပြင် ကလေးဘယ်လောက် မြန်မြန်ကြီးထွားမယ်ဆိုတဲ့ အချက်တွေလည်း ပါတယ်။
သန္ဓေတည်ခြင်းကိစ္စ အစပထမတွင် မျိုးဥသည် မျိုးဥအိမ်(သားအိမ်) နှစ်ခုမှ တစ်ခု၏ မျက်နှာပြင်ပေါ် အရည်ကြည်ဖုလေးမှ ဖောက်ထွက်သည်။ သားအိမ်နှစ်ခုသည် ၁ လက်မခန့်စီရှိပြီး၊ တင်ပါးဆုံရိုး ခေါင်းပေါက် ထိပ်ဖျားတွင် တည်ရှိပြီး အယ်လ်မွန်သီးပုံစံ အကြမ်းအားဖြင့် ရှိတယ်။ ဥတစ်လုံး (လက်တွေ့အားဖြင့် အမြဲတစ်လုံး)ဟာ ဒီနည်းအတိုင်း ၂၈ ရက်ကြာတိုင်း ဖြစ်ပေါ်တယ်။ အရည်ကြည်ဖုဟာ သားအိမ်တစ်ခုခုမှာ ဖြစ်ပေါ်နိုင်တယ်။ သားအိမ်တစ်ခုဟာ အလုပ်မလုပ်နိုင်ရင် (ခွဲထုတ်ခဲ့ရလျှင်) နောက်တစ်ခုက ကောင်းစွာလုပ်နိုင်တယ်။ ဥဟာရင့်ကျက်လာပြီး အရင်အတိုင်း လွှတ်လိုက်ခံရတယ်။
အသက်ရှိနေတဲ့ အစက်ကလေးက ကျယ်တဲ့နေရာမှာ လွတ်နေပြီး၊ သန္ဓေတည်ဖို့ ဖြစ်လာရင်။ ဒီမျိုးဥဟာ သားအိမ်ပြွန်နှစ်ခုမှ တစ်ခု၏ အပေါ်ပိုင်းစွန်းသို့ မျောပါလာရမယ်။ သားအိမ်ပြွန်နှစ်ခုဟာ သားအိမ်ထိပ်ပေါ်မှာ ဘယ်ဘက်၊ ညာဘက်ခွဲထုတ်ပြီး မမျိုးဥအိမ်တွေဆီသို့ ရောက်တယ်။ သားအိမ်ပြွန်တစ်ခုစီသည် လေးလက်မခန့် ရှည်ပြီး ဖြောင့်မနေဘဲ၊ တွန့်ခေါက်နေတယ်။ ဥသည် နံရံတွေရဲ့ တရွေ့ရွေ့ ချုံ့ခြင်းအတိုင်း စည်း၊ ဝါးမှန်မှန် ညှစ်ခံရတယ်။ ရည်ကြည်ဖုပွင့်သွားပြီး ၁၂ နာရီအတွင်း ဥဟာ ပြွန်၏ အလယ်ပိုင်းအထိ မျောနေတယ်။ သန္ဓေတည်ဖို့ရှိရင်၊ သုက်ပိုးနဲ့ဥဟာ ပြွန်အတွင်း လမ်းတစ်ဝက်မှာ တွေ့ဆုံကြလိမ့်မယ်။
မျိုးဥနဲ့ သုက်ပိုးဟာ သီးခြားဆဲလ်တွေ ဖြစ်တယ်။ မတူကြပါ။ ဥဟာ သုက်ပိုးခေါင်းအရွယ်ရဲ့အဆ ၃၅ မှ ၄၀ အထိရှိတယ်။ ဥဟာ သူ့ဖာသူမရွေ့နိုင်၊ သုက်ပိုးက (၈)မိနစ်မှာ တစ်လက်မနှုန်းနဲ့ ရွေ့တယ်။ ဥတစ်လုံးအတွက် သုက်ပိုး သန်း ၂၀၀ မှ ၅၀၀ ထိရှိတယ်။ အီလက်ထရွန် မိုက်ခရိုစကုပ်ဖြင့် သုက်ပိုးကိုကြည့်ရင် သုက်ပိုးတစ်ကောင်ဟာ ဖားလောင်းတစ်ကောင်လိုရှိပြီး ရွေ့လျားနိုင်တယ်။ ကြက်ဥပုံခေါင်းရှိပြီး ၎င်းမှာ ခရိုမိုဇုမ်းနဲ့ မျိုးရိုးဗီဇဖြစ်တဲ့ နျူကလီးယပ်စ်ပါဝင်တယ်။ ဦးခေါင်းလောက်ရှည်တဲ့ ဆလင်ဒါပုံအလယ်ပိုင်းဖြစ်ပြီး ဦးခေါင်းအလျား၏ ကိုးဆရှည်တဲ့ အမြီးပိုင်းရှိတယ်။ သုက်ပိုးအသက်ရှင်သမျှ အမြီးဟာ ဝက်အူလှည့်ပုံစံအတိုင်း ၎င်းကို ရှေ့သို့သွားစေတယ်။
သန်းပေါင်းရာချီရှိတဲ့ သုတ်ပိုးတွေဟာ အတူတူစတင်ပြီး မျိုးဥကိုရှာဖို့ အလျင်အမြန် ရွေ့လျားကြတယ်။ ၎င်းတို့ဟာ ဝှေးစေ့အိတ်မှ ဝမ်းဗိုက်သို့ ဆီးအိမ်အနောက်ဘက်မှာ ဝိုင်းပတ်စေပြီး ဆီးချောင်းကိုဖြတ်ကာ လိင်တံကိုသွားကြတယ်။ သုတ်ပိုးဟာ ဝှေးစေ့ထဲမှာ သုတ်ရည်ကို တွန်းထုတ်လိုက်စဉ် သုတ်ပိုးတွေဟာ သားအိမ်လမ်းကြောင်းမှာတင်နေပြီး ၎င်းတို့ရဲ့ ဦးတည်ရာဟာ သားအိမ်ဆီသို့သွားရာ လမ်းကျဉ်းလေးဖြစ်တဲ့ သားအိမ်ခေါင်းဖြစ်တယ်။
သားအိမ်လမ်းကြောင်း စိမ့်ထွက်ရည်တွေဟာ အက်စစ်ဖြစ်ပြီး သုက်ပိုးတို့ ဆန့်ကျင်ကြလို့ သန်းပေါင်း ၃၀၀ နီးပါးဟာ အချိန်အနည်းငယ်အတွင်း သေဆုံးသွားကြတယ်။ အနည်းငယ်သာ သားအိမ်ပေါက်ဝသို့ ကူးသွားနိုင်တယ်။ သုက်ပိုးများဟာ မျိုးဥဆီသို့ ချက်ချင်းမရောက်နိုင်ပါ။ အခက်အခဲများစွာ ရှိပါတယ်။ ပြွန်နံရံတွေရဲ့ ကြွက်သားကျုံ့ခြင်း၊ ပြွန်ရဲ့ဖျစ်ညှစ်နေတဲ့ လှုပ်ရှားမှုက သုက်ပိုးရဲ့ ရွေ့လျားမှုကို အခက်အခဲ ဖြစ်စေတယ်။ ဒါ့အပြင် ပြွန်ရဲ့ အတွင်းခံအနားတွေရဲ့ ရှုပ်ထွေးနေတဲ့ အတွန့်အခေါက်တွေမှ သုက်ပိုးဟာ ရုန်းမထွက်နိုင်အောင် ပိတ်မိနေတတ်တယ်။ သုက်ပိုးတစ်ရာခန့်သာ မျိုးဥဆီသို့ ရောက်သွားနိုင်တယ်။ တစ်ချို့ကလည်း ကျော်သွားတယ်။
မျိုးဥဟာ အရည်ကြည်ဖုရဲ့ အတွင်းနံရံရဲ့ အစိတ်အပိုင်းတစ်ခုက ဝန်းရံထားလို့ သုက်ပိုးဟာ ဒီအပြင်ဘက် အကာအရံကို ထိုးဖောက်ရပါမယ်။ မျိုးဥရဲ့ အကာကို လျော့သွားစေတဲ့ အစွမ်းရှိ အင်ဇိုင်း (hyaluronidase) အနည်းငယ်ဟာ သုက်ပိုးတွင်ပါရှိလို့ ဖောက်ထွင်းဝင်ရောက်နိုင်တယ်။ သုက်ပိုးရဲ့ ဦးခေါင်းဟာ ဖောက်ထွင်းလိုက်တာနဲ့ ၎င်းရဲ့ အမြီးက ပျက်စီးသွားတယ်။ မျိုးဥရဲ့ နံရံကလည်း ပြောင်းသွားတယ်။ အခြားသုက်ပိုးတွေ မဝင်နိုင်တော့ဘဲ ပထမဆုံးဝင်လာတဲ့ သုက်ပိုးကိုသာ လက်ခံတယ်။ သုက်ပိုးရဲ့ ဦးခေါင်းမှာရှိတဲ့ နျူကလီးယား ပစ္စည်းငယ်ကလေးဟာ မျိုးဥရဲ့ နျူကလီးယပ်စ်ဆီသို့ ဦးတည်သွားတယ်။ ဒီဒြပ်ထုနှစ်ခုဟာ ပေါင်းစည်းသွားပြီး နျူကလီးယပ်စပ် အသစ်တစ်ခု ဖြစ်လာတယ်။ ဒါဟာ သန္ဓေတည်ခြင်း ဖြစ်တယ်။
Author: နှင်းအေးဝေ, Healthcare Journal, vol 8, no 31 (18.8.17)