နောက်ဆုံးတွေ့ရှိထားသော သုတေသနတစ်ခုအရ မူကြိုအရွယ်ကလေးများ ည ရှစ်နာရီထိုးချိန်တွင် အိပ်ရာဝင်ပါက ဆယ်ကျော်သက်အရွယ်၌ အဝလွန်နိုင်ချေကို လျော့ချနိုင်ကြောင်း၊ ညအိပ်ရာဝင်ချိန်ပို နောက်ကျလေ အဝလွန်နိုင်ခြေပိုများလေဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သုတေသနကို အိုဟိုင်းရိုးတက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက လေ့လာခဲ့ကြပြီး ကလေးကျန်းမာရေး ဂျာနယ်၌ဖော်ပြကာ မိဘများနှင့် ကလေးအထူးကု ဆရာဝန်များကို သတိပြုစေခဲ့သည်။
သုတေသန ပညာရှင်များသည် ကျန်းမာစွာ မွေးဖွားခဲ့သော မူကြိုအရွယ်ကလေးငယ် ၉၇၇ ယောက်ကို လေ့လာခဲ့ခြင်းဖြစ်ပြီး အဖွဲ့သုံးဖွဲ့ခွဲခဲ့သည်။ ညရှစ်နာရီမတိုင်မီ အိပ်ရာဝင်သော အဖွဲ့ညရှစ်နာရီမှ ကိုးနာရီအတွင်း အိပ်ရာဝင်သော အဖွဲ့တို့ဖြစ်ကြသည်။
တွေ့ရှိချက်များတွင် ညရှစ်နာရီမတိုင်မီ အိပ်ရာဝင်သော ကလေးငယ်များသည် ဆယ်ကျော်သက်အရွယ်၌ ၁၀ ရာခိုင်နှုန်းခန့်သာ အဝလွန်ခဲ့ပြီး ညရှစ်နာရီမှ ကိုးနာရီအတွင်း အဖွဲ့မှာ ၁၆ ရာခိုင်နှုန်းကျော်နှင့် ညကိုးနာရီနောက်ပိုင်းအဖွဲ့မှာ ၂၃ ရာခိုင်နှုန်းကျော်အထိ အဝလွန်ခဲ့ကြောင်း တွေ့ခဲ့ရသည်။
ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို၏ အဆိုအရ အသက် ၂-၁၉ နှစ်အတွင်းရှိသော အရွယ်၏ ၁၇ ရာခိုင်နှုန်းကျော်မှာ အဝလွန်နေပြီး နာတာရှည်ရောဂါများဖြစ်သည့် နှလုံးရောဂါအမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါများ ဖြစ်နိုင်ခြေပိုများကြောင်း သိရှိရသည်။
Credit to: Health Care Journal (Vol-7, No-27)