fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများ တစ်ကိုယ်ရေသန့်ရှင်းရေး (အပိုင်း ၁)

131
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/09/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

၁။ မဂၤလာပါဆရာ သမီးအသက္က ၂၇ပါ။ သားသားကို ႐ိုး႐ိုးေမြးထားတာပါဆရာ။ ေမြးတုန္းက ခ်ဳပ္ထားပါတယ္ဆရာ။ အခု ကေလးက ၈ လထဲ ေရာက္ပါၿပီဆရာ။ နားနဲ႔မနာ ဖဝါးနာပါဆရာ သမီးေရခ်ိဳးရင္ Lactacid သုံးတိုင္း မိန္းမကိုယ္က စပ္လို႔ပါဆရာ။ အဲ့ဒါ ဘာျဖစ္လို႔လဲ သိခ်င္လို႔ပါရွင္။ ဘာေဆးသုံးရမလဲဆရာ။ တစ္ခါမွ မေမးဖူးလို႔ အမွားပါရင္ ခြင့္လႊတ္ပါဆရာ။

၂။ ဆရာရွင့္ သမီးအသက္ ၂၄ ႏွစ္ပါ။ အိမ္ေထာင္သည္ပါ။ မ႐ိုမေသစကားပါရွင့္ သမီးမိန္းမကိုယ္ထဲမွာ ယားၿပီး ေနရခက္ေနပါတယ္ရွင့္။ ရာသီလာရမယ့္ရက္ျဖစ္ေပမယ့္ အျဖဴဆင္းၿပီး အခုလို ျဖစ္ေနတာပါ။ တစ္ပတ္ေလာက္ ရွိပါၿပီရွင့္။ အျဖဴက တစ္သွ်ဴးကို ေရဆြတ္ထားသလို အဖတ္ေတြလဲ ပါပါတယ္ရွင့္။ pH care လည္းသုံးပါတယ္ရွင့္။ ဘာျဖစ္တာလဲဆရာ။ သမီးဘာေဆးေသာက္ရမလဲ၊ ဘယ္လိုဆိုျဖစ္တတ္လဲ ေျဖေပးပါဆရာ။ ႐ိုေသအားကိုးလ်က္။

၃။ ဆရာရွင့္ သမီးကိုယ္ဝန္ ၃၁ ပတ္ထဲမွာပါ။ အခုသုံးေနတာက lifebuoy and Dettol shower cream ေတြကို ကိုယ္ဝန္မရွိခင္တည္းသုံးတာပါ။ အခု attached article ကို ေတြ႕ေတာ့ နည္းနည္းစိတ္ပူသြားပါတယ္။ အႏၲရာယ္ရွိမရွိ ေျပာျပေပးပါဦးေနာ္။ ေက်းဇူးပါ ဆရာရွင့္။

အမ်ိဳးသမီးေတြ တစ္ကိုယ္ေရသန႔္ရွင္းေရးကို လိုတာထက္မပိုသင့္ပါ။ အဆန္းေတြ မသုံးသင့္ပါ။ ဗဂ်ိဳင္းနားမွာ အက်ိဳးရွိေစတဲ့ ပိုးေတြရွိေနတာ ေကာင္းတယ္။ သန႔္ရွင္းေအာင္ဆိုၿပီး ေဆးေတြနဲ လုပ္ရင္ ပိုးအေကာင္းေတြပါေသေစၿပီး၊ (ဖန္းဂတ္စ္) မႈိပိုး ဝင္လာေစတတ္တယ္။ ႐ိုး႐ိုးဆပ္ျပာနဲ႔ေရဆိုရင္ လုံေလာက္ပါတယ္။ ေမႊးတိုင္းမေကာင္းပါ။ ေဈးႀကီးတိုင္းမေကာင္းပါ။

တခ်ိဳ႕ အေမႊးအႀကိဳင္ ဆပ္ျပာေတြ မတည့္ဘူး။ ဆပ္ျပာက (အယ္လ္ကာလီ) ဓါတ္ပါတာမ်ိဳး မသင့္ပါ။ တခ်ိဳ႕က Fabric softeners ေတြနဲ႔ မတည့္ဘူး။ ပူေႏြးစိုထိုင္းေနတာ ၾကာရင္မေကာင္းပါ။ မိုးရာသီမွာ အထူးဆင္ျခင္ပါ။ သၾကၤန္ကာလ တစ္ခ်ိန္လုံး ေရစိုေနရင္ သတိထားပါ။ အဲဒီေနရာကို ေျခာက္ေသြ႕ေစပါ။ ေလသလပ္တာ ျဖစ္ႏိုင္သေလာက္ လုပ္ေပးပါ။

ဝါဂြမ္းနဲ႔ လုပ္တဲ့အတြင္းခံသာ ဝတ္ဆင္ပါ။ ရာသီလာစဥ္သုံးပစၥည္း သန႔္ပါေစ။ အသုံးအေဆာင္ပစၥည္း၊ ေဆးဝါးေတြနဲ႔ ကိုယ္နဲ႔မတည့္၊ မသင့္လို႔ျဖစ္ႏိုင္တယ္။ ကိုယ္ဝန္မရေအာင္ထည့္တဲ့ IUCD ထည့္သူ ၅ ရာခိုင္ႏႈန္းမွာ ပိုးဝင္တတ္တယ္။ Vinegar douches ဆိုတဲ့ (ဗဂ်ိဳင္းနား) သန႔္ေအာင္ ဗနီဂါနဲ႔ ေဆးေၾကာနည္း မသင့္ပါ။ သန႔္ရွင္းေရးကို လိုတာထက္ မပိုေစနဲ႔။ (ဗဂ်ိဳင္းနား) ဟာ သူ႔အလိုလို သန႔္ေအာင္ႀကိဳးစားႏိုင္တယ္။

အျဖဴဆင္းရင္

ရာသီလာေနခ်ိန္ဆိုတာ ပိုးဝင္ဖို႔ အေျခအေနေကာင္း တစ္ခုျဖစ္တယ္။ အျဖဴဆင္းလို႔ ေဆးသာက္၊ ေဆးထည့္ေနရရင္ ရာသီလာေနခ်ိန္မွာလဲ ဆက္လုပ္ရမယ္။ အိမ္ေထာင္သည္ေတြဆိုရင္ ႏွစ္ေယာက္လုံးကို ေဆးတၿပိဳင္တည္း ကုသရမယ္။ အျဖဴဆင္းၿပီး ယားတာက ခဏခဏျဖစ္ေလ့ရွိတယ္။ မႈိ(ဖန္းဂတ္စ္) ပိုးဝင္လို႔ျဖစ္တယ္။ လိင္ဆက္ဆံမႈနဲ႔ မဆိုင္ပဲလည္း ျဖစ္တတ္တယ္။ (ထ႐ြိဳင္ကိုမိုးနပ္စ္) အမ်ိဳးအစားကေတာ့ လိင္ကတဆင့္ကူးစက္တယ္။ ခပ္စိုထိုင္းထိုင္းနဲ႔ ပူေႏြးေႏြး အေျခအေနကို ဖန္းဂတ္စ္မႈိပိုးေတြက ႀကိဳက္တယ္။

ေမြးလမ္းေၾကာင္းေရာင္တာ

သန႔္ရွင္းေရးနည္းလို႔လည္း ျဖစ္တတ္တယ္။ ပိုးက အဝတ္စိုလိုမ်ိဳးမွာ ၁ နာရီေလာက္ ရွင္ေနႏိုင္လို႔ အဝတ္စိုကို အတူသုံးမိရင္ ကူးႏိုင္တယ္။ ဖိုဆိုရင္ ယင္ဖိုေတာင္ မသန္းဘူးတဲ့ အမ်ိဳးသမီးမ်ားမွာေတာင္မွ ဗက္တီးရီးယား အေရအတြက္ အေျပာင္းအလဲေၾကာင့္ ျဖစ္ရတတ္တယ္။ (ဗဂ်ိဳင္းနား) သန႔္ခ်င္လို႔ ပိုးသန႔္ေဆးပါတဲ့ ေဆးရည္ကို ဆရာဝန္ မၫႊန္ဘဲ မသုံးပါနဲ႔။ (အင္တီဟစ္တမင္း) လိမ္းေဆး၊ ထုံေဆးလိမ္းရင္ နာတာ၊ ယားတာ သက္သာေစမယ္။ အတူေနတာ အထူးသတိထားပါ။ ပဋိဇီဝေဆးကို လိုမွသာသုံးပါ။

ေမြးလမ္းေၾကာင္းယားတာ

အပ်ိဳေတြလည္း ျဖစ္ၾကတယ္။ အျဖစ္မနည္းပါ။ တခ်ိဳ႕မွာ တစ္ခါတေလသာျဖစ္ၿပီး တခ်ိဳ႕တာရွည္ျဖစ္တယ္။ တာရွည္နဲ႔ ခဏခဏ ျဖစ္ဖန္မ်ားရင္ ေနာင္မွာ ကင္ဆာအထိ ျဖစ္မလာဘူးလို႔ မေျပာႏိုင္ပါ။ မစိုးရိမ္ပါနဲ႔။ ရွားလြန္းပါတယ္။ ေအာက္ခံေရာဂါ တစ္ခုခုရွိေနလို႔ ျဖစ္တာမ်ားတယ္။ ေရာဂါရယ္လို႔ မဟုတ္ဘဲ အစိုဓါတ္ကေနလဲ ျဖစ္ေစႏိုင္တယ္။ အစိုဓါတ္ဆိုတာ ဆီးစိုေနတာ၊ ဝမ္းသြားတာ၊ နဲနဲေပက်န္တာ၊ ေခြၽးထြက္မ်ားတာ၊ အစားအေသာက္ထဲမွာ ကိုယ္နဲ႔အဆင္မေျပတာ ဥပမာ ကဖင္း၊ ခရမ္းခ်ဥ္သီးနဲ႔ ေျမပဲ ပါေနတာေတြကေန ျဖစ္ေစႏိုင္တယ္။

Moisturisers (Emollients) လိမ္းေဆးအေနနဲ႔လာတယ္။ ဘာလို႔ ယားတာျဖစ္ျဖစ္ေနေန သက္သာေစမယ္။ ေဆးမ်ားသြားလို႔လည္း ကိစၥမရွိဘူး။ ယားလို႔ကုတ္ရင္ ပိုဆိုးေစတယ္။ အတတ္ႏိုင္ဆုံး မကုတ္မိေအာင္ ထိန္းပါ။ (ေကာ္တြန္) လက္အိတ္သုံးပါ။ လက္သည္း အတိုျဖတ္ပါ။ လက္သည္းနီဆိုးတာ သတိထားပါ။ ဆက္ရန္…

Author: Dr.တင့္ေဆြ, Healthcare Journal, vol 8,no 29 (4.8.17)

(Unicode)

၁။ မင်္ဂလာပါဆရာ သမီးအသက်က ၂၇ပါ။ သားသားကို ရိုးရိုးမွေးထားတာပါဆရာ။ မွေးတုန်းက ချုပ်ထားပါတယ်ဆရာ။ အခု ကလေးက ၈ လထဲ ရောက်ပါပြီဆရာ။ နားနဲ့မနာ ဖဝါးနာပါဆရာ သမီးရေချိုးရင် Lactacid သုံးတိုင်း မိန်းမကိုယ်က စပ်လို့ပါဆရာ။ အဲ့ဒါ ဘာဖြစ်လို့လဲ သိချင်လို့ပါရှင်။ ဘာဆေးသုံးရမလဲဆရာ။ တစ်ခါမှ မမေးဖူးလို့ အမှားပါရင် ခွင့်လွှတ်ပါဆရာ။

၂။ ဆရာရှင့် သမီးအသက် ၂၄ နှစ်ပါ။ အိမ်ထောင်သည်ပါ။ မရိုမသေစကားပါရှင့် သမီးမိန်းမကိုယ်ထဲမှာ ယားပြီး နေရခက်နေပါတယ်ရှင့်။ ရာသီလာရမယ့်ရက်ဖြစ်ပေမယ့် အဖြူဆင်းပြီး အခုလို ဖြစ်နေတာပါ။ တစ်ပတ်လောက် ရှိပါပြီရှင့်။ အဖြူက တစ်သျှူးကို ရေဆွတ်ထားသလို အဖတ်တွေလဲ ပါပါတယ်ရှင့်။ pH care လည်းသုံးပါတယ်ရှင့်။ ဘာဖြစ်တာလဲဆရာ။ သမီးဘာဆေးသောက်ရမလဲ၊ ဘယ်လိုဆိုဖြစ်တတ်လဲ ဖြေပေးပါဆရာ။ ရိုသေအားကိုးလျက်။

၃။ ဆရာရှင့် သမီးကိုယ်ဝန် ၃၁ ပတ်ထဲမှာပါ။ အခုသုံးနေတာက lifebuoy and Dettol shower cream တွေကို ကိုယ်ဝန်မရှိခင်တည်းသုံးတာပါ။ အခု attached article ကို တွေ့တော့ နည်းနည်းစိတ်ပူသွားပါတယ်။ အန္တရာယ်ရှိမရှိ ပြောပြပေးပါဦးနော်။ ကျေးဇူးပါ ဆရာရှင့်။

အမျိုးသမီးတွေ တစ်ကိုယ်ရေသန့်ရှင်းရေးကို လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင်ဆိုပြီး ဆေးတွေနဲ လုပ်ရင် ပိုးအကောင်းတွေပါသေစေပြီး၊ (ဖန်းဂတ်စ်) မှိုပိုး ဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ရေဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်းမကောင်းပါ။ ဈေးကြီးတိုင်းမကောင်းပါ။

တချို့ အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ တချို့က Fabric softeners တွေနဲ့ မတည့်ဘူး။ ပူနွေးစိုထိုင်းနေတာ ကြာရင်မကောင်းပါ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ သင်္ကြန်ကာလ တစ်ချိန်လုံး ရေစိုနေရင် သတိထားပါ။ အဲဒီနေရာကို ခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။

ဝါဂွမ်းနဲ့ လုပ်တဲ့အတွင်းခံသာ ဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့မတည့်၊ မသင့်လို့ဖြစ်နိုင်တယ်။ ကိုယ်ဝန်မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅ ရာခိုင်နှုန်းမှာ ပိုးဝင်တတ်တယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။

အဖြူဆင်းရင်

ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဖို့ အခြေအနေကောင်း တစ်ခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသာက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်း ကုသရမယ်။ အဖြူဆင်းပြီး ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို(ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့ မဆိုင်ပဲလည်း ဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေး အခြေအနေကို ဖန်းဂတ်စ်မှိုပိုးတွေက ကြိုက်တယ်။

မွေးလမ်းကြောင်းရောင်တာ

သန့်ရှင်းရေးနည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်ကို ဆရာဝန် မညွှန်ဘဲ မသုံးပါနဲ့။ (အင်တီဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ အတူနေတာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။

မွေးလမ်းကြောင်းယားတာ

အပျိုတွေလည်း ဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တစ်ခါတလေသာဖြစ်ပြီး တချို့တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့။ ရှားလွန်းပါတယ်။ အောက်ခံရောဂါ တစ်ခုခုရှိနေလို့ ဖြစ်တာများတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ၊ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ၊ အစားအသောက်ထဲမှာ ကိုယ်နဲ့အဆင်မပြေတာ ဥပမာ ကဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

Moisturisers (Emollients) လိမ်းဆေးအနေနဲ့လာတယ်။ ဘာလို့ ယားတာဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လည်း ကိစ္စမရှိဘူး။ ယားလို့ကုတ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုတ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။ ဆက်ရန်…

Author: Dr.တင့်ဆွေ, Healthcare Journal, vol 8,no 29 (4.8.17)

Previous Post

သန်ထခြင်းနဲ့ အစားအသောက်

Next Post

ဆီးချိုသွေးချိုဖြစ်ရင် သောက်ဆေးထိုးဆေးနဲ့တင် လုံလောက်ပြီလား။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုသွေးချိုဖြစ်ရင် သောက်ဆေးထိုးဆေးနဲ့တင် လုံလောက်ပြီလား။

အမျိုးသမီးများ တစ်ကိုယ်ရေသန့်ရှင်းရေး (အပိုင်း ၂)

သေးသေးလေးပဲလား ကြီးကြီးလား မသေးမကြီးလား ကိုရွှေဘသား ကျားဆိုမှ ကျား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.