အမျိုးသမီးများ ကိုယ်ဝန်ဆောင်လျှင် ဗိုက်အပ်သည်ဟူသော ကိစ္စတစ်ရပ် လုပ်ဆောင်လေ့ရှိကြသည်။ မွေးဖွားလျှင် အရပ်လက်သည်နှင့် မွေးဖွားမည်လား၊ သားဖွားဆရာမနှင့် မွေးမည်လား၊ ရိုးရိုးဆရာဝန် သို့မဟုတ် သားဖွားအထူးကု ဆရာဝန်များနှင့် မွေးဖွားကြမည်လားစသည်ဖြင့်၊ အဓိကဦးတည်သည်မှာ မွေးဖွားကြမည့် ကိစ္စဖြစ် သည်။ မည်သို့ပင်ဆိုစေ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသည် ဗိုက်အပ်ကြစ မြဲပင်ဖြစ်သည်။ ဗိုက်အပ်သည် ဆိုရာတွင် ဗိုက် ၂ လ ၃ လရမှ အပ်ကြသည်။ မွေးဖွားခါနီးရောက်မှ ဗိုက်အပ်ကြသူများလည်း ရှိပါသည်။
အမှန်စင်စစ် ဗိုက်အပ်ခြင်းမှာ မွေးဖွားရန် ကိစ္စတစ်ရပ်အတွက်သာ မဟုတ်ပေ။ မွေးဖွားခြင်းသည်သာ အရေးကြီးသည် မဟုတ်ပေ။ ကိုယ်ဝန်ရှိစဉ်မှာပင် Antenatal Care ခေါ်မမွေးဖွားမီ ကျန်းမာရေး စောင့်ရှောက်မှု အဓိကလိုအပ်ပါသည်။ မမွေးဖွားမီ ကျန်းမာရေး၌ အစစအရာရာကောင်းမွန်မှသာလျှင် မွေးဖွားခြင်းနှင့် မွေးဖွား ပြီးချိန်တို့၌ အစစအရာရာ အဆင်ပြေချောမွေ့နိုင်မည် ဖြစ်သည်။
ဤတွင် Antenatal Care ၊ တစ်နည်းအားဖြင့် ဗိုက်စောင့်ရှောက်မှုသည် မည်သည့်အချိန်တွင် စတင် သင့်သည်ကို သေသေချာချာ သိနားလည်ထားဖို့လိုသည်။ အများအားဖြင့် ကိုယ်ဝန်ရှိစကာလကို အရေးမကြီး ဟု ထင်မြင်ယူဆနေကြခြင်း ဖြစ်သည်။ ကိုယ်ဝန်လရင့်မှ ဗိုက်အပ်ဖို့ လိုသည်ဟု ထင်မှတ်မှားနေကြသည်။ ထို့ ကြောင့်ပင် Antenatal Care မှာ ကိုယ်ဝန်ရယူရန် ကြံစည်စိတ်ကူးချိန်မှ စသည်ဟု ဆေးပညာရှင်များ ကဆိုပါ သည်။ အမျိုးသမီးအဖို့ ကိုယ်ဝန်ယူရန် ရည်ရွယ်ပြီးသည်ဆိုပါက ဆရာဝန်နှင့် ပြသပြီး အကြံဉာဏ်ရယူရန် လိုအပ်ပြီဖြစ်သည်။
အကယ်၍ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားပါက စောနိုင်သမျှစောစွာ ဗိုက်အပ်ကြရန် ဖြစ်ပါသည်။
ကိုယ်ဝန်ယူမည်ဟု ရည်ရွယ်သည်နှင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ စောနိုင်သမျှ စောစွာ ဗိုက်အပ်ရပါမည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)