ကြီးမားသော ပြဿနာတစ်ရပ် မဟုတ်သော်လည်း မိဘများအခက်ကြုံကြရသည့် ကိစ္စတစ်ရပ်ရှိသည်။ ဤသည်ကား အခြားမဟုတ်ပေ။ မိမိတို့၏ ရင်သွေးငယ်များ ဆံပင်ညှပ်သောအခါ အငြိမ်မနေ၊ ငိုယိုရုန်းကန် တတ်ကြခြင်းဖြစ်သည်။ ဦးခေါင်းကို ဟိုလှည့်၊ ဒီလှည့်နှင့် ခန္ဓာကိုယ်ကလည်း လှုပ်လှုပ်ရွရွ အငြိမ်မနေဘဲ ရှိနေ သဖြင့် ဆံပင်ညှပ်ရာတွင် အခက်အခဲ တွေ့ကြရသည်။ ထိုသို့ဖြစ်ခြင်းမှာ-
ပတ်ဝန်းကျင်အသစ်သို့ ရောက်ရှိခြင်း
ဆံပင်ညှပ်ဆိုင်သည် ကလေးငယ်အတွက် နေရာသစ်တစ်ခု ဖြစ်သည်။ ဆံပင်ညှပ်သူသည် မိမိမြင်တွေ့ နေကျ မဟုတ်သော လူစိမ်းတစ်ဦးဖြစ်သည်။ ဆံပင်ညှပ်နေသူနှင့် ဆံပင်ညှပ်ပေးသူများ ကြားစကားပြောဆိုသံ များကလည်း ကလေးငယ်အဖို့ ဆူညံနေသကဲ့သို့ ခံစားရသည်။ ဆံပင်ညှပ်ရန် စောင့်ဆိုင်းနေကြသော လူများ ကလည်း ရှိနေပြန်သည်။ တချို့က ကလေးချစ်၍ စခြင်း၊ နောက်ပြောင်ခြင်းမှာလည်း ကလေးငယ်အဖို့ စိတ်ညစ် စရာဖြစ်နေရသည်။
ဆံပင်ညှပ်သည့် ပစ္စည်းကိရိယာများ
ဆံပင်ညှပ်ရာတွင် သုံးသော စက်ကတ်ကြေး၊ ကတ်ကြေး၊ ဓား၊ ဘီးမှစပြီး အသုံးအဆောင်များသည် ကလေးငယ်အတွက် အသစ်အဆန်းများသာ ဖြစ်ကြသည်။ ပတ်ဝန်းကျင်အသစ်၊ မျက်နှာစိမ်း လူသစ်များနှင့်
ပစ္စည်းကိရိယာအသစ်များကြားတွင် ကလေးငယ် နေထိုင်လိုစိတ်မရှိပေ။ ရုန်းကန်ခြင်း၊ ငိုယိုခြင်းနှင့် အငြိမ်မနေ နိုင်ခြင်းတို့ ဖြစ်လာပေသည်။ ဆံပင်ညှပ်ခံနေရသည်ပင်လျှင် ကလေးငယ်အတွက် အနေအထိုင် ကျဉ်းကျပ်စေ သည်။
ကလေးငယ်များအား ဆံပင်ညှပ်သောအခါ ကြုံတွေ့ကြရမည့် အခက်အခဲများကို မကြုံတွေ့ကြစေရန် အလေ့အကျင့်နှင့် ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါသည်။
ကလေးငယ်ကို ပထမဦးဆုံးအကြိမ် ဆံပင်ညှပ်ခြင်းကို နေအိမ်မှာပင် ပြုလုပ်ပေးသင့်သည်။ မိခင်၊ ဖခင် သို့မဟုတ် ကလေးပြုစုစောင့်ရှောက်သူကိုယ်တိုင် လုပ်ဆောင်ပေးနိုင်ပါက ပိုပြီးသင့်တော် ကောင်းမွန်သည်။ အကယ်၍ မိဘများအနေဖြင့် အဆင်မပြေဖြစ်လျှင် ဆံပင်ညှပ်ဆရာကို အိမ်သို့ခေါ်၍ ညှပ်စေသင့်သည်။
အကယ်၍ ဆံပင်ညှပ်ဆိုင်သို့ သွားရောက်ပြီး ဆံပင်ညှပ်မည်ဆိုလျှင်လည်း အခက်အခဲမရှိစေရန် ကြိုတင်လုပ်ဆောင်သင့်သည်များ ရှိသည်။ အမှန်တကယ် ဆံပင်မညှပ်မီ ကလေးငယ်အား ဆံပင်ညှပ်ဆိုင်သို့ အလည်အပတ်ခေါ် သွားပေးရပါမည်။ ကလေးငယ်၏ အစ်ကို၊ အစ်မများဆံပင် ညှပ်သောအခါ ခေါ်သွားနိုင် သည်။ မိဘများ ဆံပင်ညှပ်သောအခါမျိုးတွင်လည်း ခေါ်သွားနိုင်ပါသည်။ ဆံပင်ညှပ်ဆိုင်၏ ပတ်ဝန်းကျင်ကို ကလေးငယ် ယဉ်ပါးသွားစေရန် ဖြစ်သည်။
ဆံပင်ညှပ်ခြင်းနှင့် ပတ်သက်၍ ရှင်းပြနားလည်နိုင်သော အရွယ်ဖြစ်လျှင် ကြိုတင်ရှင်းပြသင့်သည်။ အသုံးပြုသော ကိရိယာများသည် နာကျင်မှုဝေဒနာ မဖြစ်စေနိုင်ကြောင်းနှင့် အန္တရာယ်မရှိကြောင်းပြေပြ ပေးထားရပါသည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)