fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ပျိုမေများနဲ့ အဖြူကတစ်မျိုး အနီကတစ်မျိုး အပိုင်း(၁)

351
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/11/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

မိန္းမသားရယ္လို႔ျဖစ္လာရင္ အပ်ိဳေဖာ္ဝင္စအ႐ြယ္ကေန ေသြးဆုံးခ်ိန္ထိ အျဖဴဆင္းတာေတြ တစ္လတစ္ခါအနီဆင္းတာ(ရာသီေပၚတာ)ေတြ ျဖစ္ေလ့ရွိပါတယ္။ မိန္းမသားေတြဟာ ထိုအျဖဴဆင္းတာ အနီဆင္းတာေတြမွာမွ နည္းတာ၊ မ်ားတာ မဆင္းရမယ့္အခ်ိန္မွာဆင္းတာ ဆင္းရမယ့္အခ်ိန္မွာ မဆင္းတာ စတဲ့အေျခအေနေတြ ျဖစ္လာရင္ စိုးရိမ္ပူပန္ၾကရျပန္ပါတယ္။

အခုတေခါက္ ပ်ိဳေမေတြကို ေျပာျပခ်င္တာကေတာ့ အျဖဴဆင္းတဲ့အေၾကာင္းပါ။ အျဖဴဆင္းတယ္ဆိုတာ ဘာလဲ။ ဘာျဖစ္လို႔ အျဖဴဆင္းရတာလဲ။

လူ႔ခႏၶာကိုယ္ေနရာအႏွံ႔အျပားမွာ ရွိတဲ့ဆဲလ္အမ်ားစုက အခ်ိန္တိုင္း အခ်ိန္တိုင္း ေသေၾကပ်က္စီးၿပီး ကြာက်လိုက္၊ ေသသြားတဲ့ ဆဲလ္ေနရာမွာ အစားထိုးဖို႔ အသစ္ျဖစ္ေပၚလိုက္ ျဖစ္ေနပါတယ္။ အဲ့ဒီလိုပဲ မမ်ိဳးပြား အဂၤါအဖြဲ႕အစည္းမွာ ရွိတဲ့ဆဲလ္ေတြကလည္း ေသေၾကပ်က္စီးလိုက္ အသစ္ျဖစ္ေပၚလိုက္ ျဖစ္ေနပါတယ္။

အဲ့ဒီဆဲလ္အေသေတြကို ရွင္းလင္းဖို႔ သားအိမ္အဝနဲ႔ ေမြးလမ္းမွာ အရည္ထြက္ႏိုင္တဲ့ ဂလင္း ေခၚ အက်ိတ္ေလးေတြရွိတယ္။ အဲ့ဒါေတြက ဆဲလ္အေသေတြကို ခႏၶာကိုယ္ အျပင္ဘက္ေရာက္ေအာင္ ရွင္းဖို႔အတြက္ အရည္ၾကည္ေတြ ထုတ္ေပးပါတယ္။ ထိုအခါ ဆဲလ္အေသေတြဟာ အရည္နဲ႔ေရာၿပီးမိန္းမကိုယ္ကေန ထြက္လာတယ္။ ဒီျဖစ္စဥ္ကို အျဖဴဆင္းတယ္လို႔ ေခၚပါတယ္။

အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ အၾကမ္းအားျဖင့္ တစ္လကို ၂ႀကိမ္ေလာက္ အျဖဴဆင္းတတ္တယ္။ တစ္ႀကိမ္က လအလယ္(မမ်ိဳးဥေႂကြခ်ိန္) ေလာက္မွာ ဆင္းတယ္။ ေနာက္တစ္ႀကိမ္က ေသြးမေပၚခင္ တစ္ရက္ႏွစ္ရက္အလိုမွာ ဆင္းတတ္တယ္။ ဒီလိုဆင္းတာကို သတိျပဳမိခ်င္မွလည္း ျပဳမိမယ္။ အထဲမွာ ေျခာက္မေနဘဲနဲ႔ စိုစိုစိစိေနတာေလးေလာက္ပဲ ရွိခ်င္ရွိမယ္။ ပမာဏမ်ားတာလဲ ျဖစ္ႏိုင္တယ္။

ရာသီလာေနခ်ိန္မွာ၊ ရာသီလာၿပီးခ်ိန္မွာ၊ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ၊ ကေလးႏို႔တိုက္ေနခ်ိန္မွာ ၊လိင္စိတ္ျဖစ္ေပၚလာခ်ိန္မွာလည္း အျဖဴဆင္းတတ္တယ္။ ေနာက္ထပ္အျဖဴဆင္းႏိုင္တဲ့ အေျခအေနေတြကေတာ့ အေရးေပၚ သားဆက္ျခားေဆးေတြ အသုံးမ်ားတာ၊ စိတ္ပင္ပန္း လူပင္ပန္းျဖစ္တာ၊အစားအေသာက္ေတြ ပ်က္တာ၊ အိပ္ေရးေတြ ပ်က္တာ၊ ေသြးအားနည္းတာ၊ Dettol, Aseptol, Spirt စတဲ့ ဓာတုေဗဒပစၥည္းေတြ၊ ေဆး႐ြက္ႀကီးစိမ္ေရေတြနဲ႔ မိန္းမကိုယ္အတြင္းပိုင္းထိ ေဆးေၾကာျခင္းခဏခဏ ျပဳလုပ္တာ၊ ပိုးဝင္တာ စတဲ့ အေျခအေနေတြပါ။

အၾကမ္းအားျဖင့္ လြယ္လြယ္ေျပာရရင္ ပိုးဝင္လို႔ အျဖဴဆင္းတာကိုေတာ့ မူမမွန္အျဖဴ (Abnormal Viganal Discharge)လို႔ ေခၚၿပီး တျခားအေၾကာင္းေၾကာင့္ ဆင္းတာဆိုရင္ေတာ့ မူမွန္အျဖဴ (Normal Vaginal Discharge) လို႔ ေခၚပါတယ္။

မူမွန္အျဖဴဆင္းတဲ့ အေရာင္က ၾကည္တယ္၊ မၾကည္ရင္ ႏို႔လိုေနတယ္၊ အနံ႔အသက္ မရွိပါ။ အေရာင္နဲ႔ အပ်စ္အခြၽဲကေတာ့ ဆင္းတဲ့အခ်ိန္ေပၚ မူတည္ၿပီး ေျပာင္းလဲႏိုင္တယ္။ ရာသီနဲ႔ အစဆင္းတဲ့ အျဖဴမ်ိဳးက ပ်စ္ၿပီး၊ ျဖဴတယ္။ လအလယ္ေလာက္မွာ ဆင္းတဲ့အျဖဴကက် ခြၽဲၿပီးက်ဲတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ ဆင္းတဲ့အျဖဴမ်ိဳးက် ခပ္က်ဲက်ဲ၊ ခပ္ျဖဴျဖဴ၊ အနံ႔နည္းနည္းရွိတယ္။ သို႔ေသာ္ တအားအနံဆိုးတာမ်ိဳးေတာ့ မဟုတ္ပါ။

မူမမွန္အျဖဴဆင္းတာရဲ႕ ေယဘူယ် လကၡဏာေတြကေတာ့ မိန္းမကိုယ္ပူစပ္မယ္၊ ဆင္းတဲ့အျဖဴက ခပ္ပ်စ္ပ်စ္ျဖစ္မယ္၊ အေရာင္က အဝါေရာင္ျဖစ္မယ္ သို႔မဟုတ္ ခပ္စိမ္းစိမ္း ျဖစ္မယ္၊ အနံ႔နံမယ္၊မိန္းမကိုယ္ယားမယ္၊ ဆီးစပ္ေနရာ နာမယ္၊ ဆီးပူတာ၊ က်င္တာ၊ ေအာင့္တာေတြ ရွိႏိုင္တယ္။

ေယဘုယ်အားျဖင့္ေတာ့ ဗက္တီးရီးယား(Bacteria)နဲ႔ မႈိ(Fungus)ပိုးေတြ ဝင္တာမ်ားပါတယ္။ အမ်ားအားျဖင့္ လိင္ဆက္ဆံဖက္ကမသန႔္လို႔ လိင္ဆက္ဆံရာကေန ဝင္တာမ်ားပါတယ္။ သို႔ေသာ္ ဖိုဆိုလို႔ ယင္ဖိုေတာင္မသန္းဖူးတဲ့ အပ်ိဳစင္ေလးေတြမွာ ဒီေရာဂါျဖစ္ႏိုင္ပါတယ္။ ဘယ္လိုနည္းေတြနဲ႔ ျဖစ္ႏိုင္လဲဆိုေတာ့ ရာသီလာတဲ့အခါမွာ သုံးတဲ့ပစၥည္းက မသန႔္ရင္ ပိုးဝင္ႏိုင္တယ္။

က်ား-မ အတူေနသူမ်ား သို႔မဟုတ္ အိမ္ေထာင္ရွင္မမ်ားအေနနဲ႔ လိင္ဆက္ဆံရာကေနတဆင့္ ပိုးဝင္လို႔ မူမမွန္အျဖဴဆင္းရင္ ႏွစ္ေယာက္လုံးကို တၿပိဳက္နက္ ေဆးကုရပါမယ္။ မဟုတ္ရင္ ေပ်ာက္သြားလည္းခဏပဲ။ ျပန္ျပန္ျဖစ္ႏိုင္လို႔ပါ။

ပိုးဝင္လို႔ မူမမွန္ အျဖဴဆင္းၿပီး ဆီးစပ္ကိုက္တာ၊ ဆီးက်င္တာ၊ ေအာင့္တာကို မကုဘဲထားရင္ ေနာက္ဆက္တြဲအေနနဲ႔ ဘာျဖစ္ႏိုင္လဲဆိုေတာ့ ပိုးကဆီးလမ္းေၾကာင္းကေန အထက္တက္ၿပီး တင္ပဆုံကြင္းအ႐ိုးထဲမွာရွိတဲ့ မမ်ိဳးပြားအဂၤါေတြထိပါ ေရာက္ႏိုင္တယ္။ အဲ့အခါက် မ်ိဳးပြားအဂၤါေတြ ေရာင္ႏိုင္တယ္။ ေဆးမကုရင္ ေယာက္်ားေရာ မိန္းမပါ ကေလးမရတာ ျဖစ္သြားတတ္ပါတယ္။

အဆုံးသတ္အေနနဲ႔ ေျပာခ်င္တာကေတာ့ အျဖဴဆင္းတိုင္းလည္းအရမ္းႀကီး စိုးရိမ္စရာမလိုပါဘူး။စိုးရိမ္စရာမလိုဘူး ဆိုေသာ္လည္း မေပါ့ဆပါနဲ႔။ မူမမွန္အျဖဴဆင္းတဲ့ လကၡဏာေတြရွိခဲ့ရင္ေတာ့ ေစာေစာေဆးခန္းျပသၿပီး ေစာေစာကုသျခင္းျဖင့္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားကို ကာကြယ္ႏိုင္ပါတယ္။

Author : Dr. 528

(Unicode)

မိန်းမသားရယ်လို့ဖြစ်လာရင် အပျိုဖော်ဝင်စအရွယ်ကနေ သွေးဆုံးချိန်ထိ အဖြူဆင်းတာတွေ တစ်လတစ်ခါအနီဆင်းတာ(ရာသီပေါ်တာ)တွေ ဖြစ်လေ့ရှိပါတယ်။ မိန်းမသားတွေဟာ ထိုအဖြူဆင်းတာ အနီဆင်းတာတွေမှာမှ နည်းတာ၊ များတာ မဆင်းရမယ့်အချိန်မှာဆင်းတာ ဆင်းရမယ့်အချိန်မှာ မဆင်းတာ စတဲ့အခြေအနေတွေ ဖြစ်လာရင် စိုးရိမ်ပူပန်ကြရပြန်ပါတယ်။

အခုတခေါက် ပျိုမေတွေကို ပြောပြချင်တာကတော့ အဖြူဆင်းတဲ့အကြောင်းပါ။ အဖြူဆင်းတယ်ဆိုတာ ဘာလဲ။ ဘာဖြစ်လို့ အဖြူဆင်းရတာလဲ။

လူ့ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ရှိတဲ့ဆဲလ်အများစုက အချိန်တိုင်း အချိန်တိုင်း သေကြေပျက်စီးပြီး ကွာကျလိုက်၊ သေသွားတဲ့ ဆဲလ်နေရာမှာ အစားထိုးဖို့ အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။ အဲ့ဒီလိုပဲ မမျိုးပွား အင်္ဂါအဖွဲ့အစည်းမှာ ရှိတဲ့ဆဲလ်တွေကလည်း သေကြေပျက်စီးလိုက် အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။

အဲ့ဒီဆဲလ်အသေတွေကို ရှင်းလင်းဖို့ သားအိမ်အဝနဲ့ မွေးလမ်းမှာ အရည်ထွက်နိုင်တဲ့ ဂလင်း ခေါ် အကျိတ်လေးတွေရှိတယ်။ အဲ့ဒါတွေက ဆဲလ်အသေတွေကို ခန္ဓာကိုယ် အပြင်ဘက်ရောက်အောင် ရှင်းဖို့အတွက် အရည်ကြည်တွေ ထုတ်ပေးပါတယ်။ ထိုအခါ ဆဲလ်အသေတွေဟာ အရည်နဲ့ရောပြီးမိန်းမကိုယ်ကနေ ထွက်လာတယ်။ ဒီဖြစ်စဉ်ကို အဖြူဆင်းတယ်လို့ ခေါ်ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ အကြမ်းအားဖြင့် တစ်လကို ၂ကြိမ်လောက် အဖြူဆင်းတတ်တယ်။ တစ်ကြိမ်က လအလယ်(မမျိုးဥကြွေချိန်) လောက်မှာ ဆင်းတယ်။ နောက်တစ်ကြိမ်က သွေးမပေါ်ခင် တစ်ရက်နှစ်ရက်အလိုမှာ ဆင်းတတ်တယ်။ ဒီလိုဆင်းတာကို သတိပြုမိချင်မှလည်း ပြုမိမယ်။ အထဲမှာ ခြောက်မနေဘဲနဲ့ စိုစိုစိစိနေတာလေးလောက်ပဲ ရှိချင်ရှိမယ်။ ပမာဏများတာလဲ ဖြစ်နိုင်တယ်။

ရာသီလာနေချိန်မှာ၊ ရာသီလာပြီးချိန်မှာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ၊ ကလေးနို့တိုက်နေချိန်မှာ ၊လိင်စိတ်ဖြစ်ပေါ်လာချိန်မှာလည်း အဖြူဆင်းတတ်တယ်။ နောက်ထပ်အဖြူဆင်းနိုင်တဲ့ အခြေအနေတွေကတော့ အရေးပေါ် သားဆက်ခြားဆေးတွေ အသုံးများတာ၊ စိတ်ပင်ပန်း လူပင်ပန်းဖြစ်တာ၊အစားအသောက်တွေ ပျက်တာ၊ အိပ်ရေးတွေ ပျက်တာ၊ သွေးအားနည်းတာ၊ Dettol, Aseptol, Spirt စတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးရွက်ကြီးစိမ်ရေတွေနဲ့ မိန်းမကိုယ်အတွင်းပိုင်းထိ ဆေးကြောခြင်းခဏခဏ ပြုလုပ်တာ၊ ပိုးဝင်တာ စတဲ့ အခြေအနေတွေပါ။

အကြမ်းအားဖြင့် လွယ်လွယ်ပြောရရင် ပိုးဝင်လို့ အဖြူဆင်းတာကိုတော့ မူမမှန်အဖြူ (Abnormal Viganal Discharge)လို့ ခေါ်ပြီး တခြားအကြောင်းကြောင့် ဆင်းတာဆိုရင်တော့ မူမှန်အဖြူ (Normal Vaginal Discharge) လို့ ခေါ်ပါတယ်။

မူမှန်အဖြူဆင်းတဲ့ အရောင်က ကြည်တယ်၊ မကြည်ရင် နို့လိုနေတယ်၊ အနံ့အသက် မရှိပါ။ အရောင်နဲ့ အပျစ်အချွဲကတော့ ဆင်းတဲ့အချိန်ပေါ် မူတည်ပြီး ပြောင်းလဲနိုင်တယ်။ ရာသီနဲ့ အစဆင်းတဲ့ အဖြူမျိုးက ပျစ်ပြီး၊ ဖြူတယ်။ လအလယ်လောက်မှာ ဆင်းတဲ့အဖြူကကျ ချွဲပြီးကျဲတယ်။

ကိုယ်ဝန်ဆောင်ချိန် ဆင်းတဲ့အဖြူမျိုးကျ ခပ်ကျဲကျဲ၊ ခပ်ဖြူဖြူ၊ အနံ့နည်းနည်းရှိတယ်။ သို့သော် တအားအနံဆိုးတာမျိုးတော့ မဟုတ်ပါ။

မူမမှန်အဖြူဆင်းတာရဲ့ ယေဘူယျ လက္ခဏာတွေကတော့ မိန်းမကိုယ်ပူစပ်မယ်၊ ဆင်းတဲ့အဖြူက ခပ်ပျစ်ပျစ်ဖြစ်မယ်၊ အရောင်က အဝါရောင်ဖြစ်မယ် သို့မဟုတ် ခပ်စိမ်းစိမ်း ဖြစ်မယ်၊ အနံ့နံမယ်၊မိန်းမကိုယ်ယားမယ်၊ ဆီးစပ်နေရာ နာမယ်၊ ဆီးပူတာ၊ ကျင်တာ၊ အောင့်တာတွေ ရှိနိုင်တယ်။

ယေဘုယျအားဖြင့်တော့ ဗက်တီးရီးယား(Bacteria)နဲ့ မှို(Fungus)ပိုးတွေ ဝင်တာများပါတယ်။ အများအားဖြင့် လိင်ဆက်ဆံဖက်ကမသန့်လို့ လိင်ဆက်ဆံရာကနေ ဝင်တာများပါတယ်။ သို့သော် ဖိုဆိုလို့ ယင်ဖိုတောင်မသန်းဖူးတဲ့ အပျိုစင်လေးတွေမှာ ဒီရောဂါဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းတွေနဲ့ ဖြစ်နိုင်လဲဆိုတော့ ရာသီလာတဲ့အခါမှာ သုံးတဲ့ပစ္စည်းက မသန့်ရင် ပိုးဝင်နိုင်တယ်။

ကျား-မ အတူနေသူများ သို့မဟုတ် အိမ်ထောင်ရှင်မများအနေနဲ့ လိင်ဆက်ဆံရာကနေတဆင့် ပိုးဝင်လို့ မူမမှန်အဖြူဆင်းရင် နှစ်ယောက်လုံးကို တပြိုက်နက် ဆေးကုရပါမယ်။ မဟုတ်ရင် ပျောက်သွားလည်းခဏပဲ။ ပြန်ပြန်ဖြစ်နိုင်လို့ပါ။

ပိုးဝင်လို့ မူမမှန် အဖြူဆင်းပြီး ဆီးစပ်ကိုက်တာ၊ ဆီးကျင်တာ၊ အောင့်တာကို မကုဘဲထားရင် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်နိုင်လဲဆိုတော့ ပိုးကဆီးလမ်းကြောင်းကနေ အထက်တက်ပြီး တင်ပဆုံကွင်းအရိုးထဲမှာရှိတဲ့ မမျိုးပွားအင်္ဂါတွေထိပါ ရောက်နိုင်တယ်။ အဲ့အခါကျ မျိုးပွားအင်္ဂါတွေ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ အဖြူဆင်းတိုင်းလည်းအရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။စိုးရိမ်စရာမလိုဘူး ဆိုသော်လည်း မပေါ့ဆပါနဲ့။ မူမမှန်အဖြူဆင်းတဲ့ လက္ခဏာတွေရှိခဲ့ရင်တော့ စောစောဆေးခန်းပြသပြီး စောစောကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ပါတယ်။

Author : Dr. 528

Previous Post

သားအိမ်ခေါင်းဝကင်ဆာ စမ်းသပ်နည်း

Next Post

ဂေါက်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
615

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
577
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဂေါက်ရောဂါ

HERPES ဗိုင်းရပ်စ်ရောဂါ

အသက်အရွယ်နှင့် အသားအရေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.