အမျိုးသမီးများ သားသမီးမွေးဖွားခြင်းကို လွှမ်းမိုးသည့် အကြောင်းခြင်းရာများကို ကျွမ်းကျင်ပညာရှင် များက လေ့လာဖော်ထုတ်ထားသည်။
(၁) လက်ထပ်သော အသက်အရွယ်
အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ပါက သားသမီးမွေးဖွားနှုန်း မြင့်မားကြောင်း တွေ့ရသည်။ အိန္ဒိယ နိုင်ငံတွင် အသက် ၁၆ နှစ်အရွယ် လက်ထပ်ခြင်းမှ ၂၀ နှင့် ၂၁ နှစ်အရွယ်တွင် လက်ထပ်မှု ပိုမိုများပြား လာခြင်းကြောင့် မွေးဖွားမှုနှုန်း ၂၀- ၃၀ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့သည်။
(၂) အိမ်ထောင်သက်
အိမ်ထောင်သက တစ်နှစ်မှ ငါးနှစ်အတွင်း၌ မွေးဖွားမှုမှာ ၁၀ – ၂၅ ရာခိုင်နှုန်းနှင့် အိမ်ထောင်သက် ငါးနှစ်မှ ၁၅ နှစ်တွင်း၌ မွေးဖွားမှု ၅၀-၅၅ ရာခိုင်နှုန်းရှိကြသည်။ အိမ်ထောင်သက် ၂၅ နှစ်တွင် မွေးဖွားမှုနှုန်း လျော့နည်းလာကြသည်။
(၃) သားဆက်ခြားခြင်း
သားဆက်ခြားစီမံကိန်းဆောင်ရွက်မှုကြောင့် မွေးဖွားမှုနှုန်း လျော့ကျစေနိုင်သည်။ စီမံကိန်း ဆောင်ရွက် နိုင်မှု အတိုင်းအတာပေါ်တွင် မှုတည်သည်။
(၄) ပညာအရည်အချင်း
ပညာအရည်အချင်းနှင့် သားသမီးမွေးဖွားမှုမှာ ပြောင်းပြန်အချိုးကျသည်။ ပညာတတ်သော အမျိုးသမီးများတွင် မွေးဖွားမှုနှုန်းနည်းကြသည်။
(၅) စီးပွားရေးအခြေအနေ
စီးပွားရေးအခြေအနေနှင့် သားသမီးမွေးဖွားမှုတို့မှာလည်း ပြောင်းပြန်ဆက်နွယ်မှုရှိကြောင်း တွေ့ရ သည်။ စီးပွားရေးမြင့်မားမှုများတွင် သားသမီးအရေအတွက် နည်းကြသည်။
(၆) လူမျိုးနှင့် ကိုးကွယ်မှု
သားသမီးရယူမှု အရေအတွက်သည် လူမျိုးနှင့် ကိုးကွယ်မှုတို့အပေါ်၌လည်း မှုတည်သည်။
(၇) အစားအစာစားသုံးမှု
သားသမီးထွန်းကားမှုနှင့် အစားအစာစားသုံးမှု အခြေအနေတို့ ဆက်နွယ်နေကြောင်းလည်း တွေ့ရသည်။ အစားအစာ ပြည့်ဝကြသူများ၌ မွေးဖွာနှုန်းနည်း၍ အစားအစာချို့တဲ့သူများတွင် မွေးဖွားနှုန်း မြင့်မား လျက် ရှိသည်။
(၈) မိသားစု စီမံကိန်း
မိသားစုစီမံကိန်းချမှတ်ခြင်းသည် သားသမီးအရေအတွက် လျော့နည်းစေသော အကြောင်းတစ်ခု ဖြစ်သည်။
(၉) အခြားသော အခြေအနေများ
သားသမီးထွန်းကားမှုမှာ ရုပ်ပိုင်း၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် အချက်များပေါ်တွင် မှီတည် နေကြောင်းလည်း တွေ့ရသည်။ လူမှုအသိုက်အဝန်းတွင် အမျိုးသမီးများအား နေရာပေးမှု၊ မုဆိုးဖို၊ မုဆိုးမများ ပြန်လည်အိမ်ထောင်ပြုခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း၊ ရိုးရာဓလေ့နှင့် ယုံုကြည်မှုများ၊ စက်မှုဖွံ့ဖြိုးမှု၊ မြို့ပြဖွံ့ဖြိုးမှု၊ ကျန်းမာရေးအခြေအနေ၊ အိမ်ရာဖွံ့ဖြိုးမှု စသည်တို့သည် သားသမီးထွန်းကားမှုကို လွှမ်းမိုးနိုင်ကြသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)