(Zawgyi)
အမ်ိဳးသမီးတစ္ေယာက္အဖို႔ အျဖဴဆင္းတယ္ ဆိုတာ အရမ္းေတာ့ မထူးဆန္းလွပါဘူး။ အျဖဴဆင္းတာ ပုံမွန္မွာလည္း ျဖစ္ေလ့ျဖစ္ထ ရွိပါတယ္။ ရာသီစက္ဝိုင္းေပၚ မူတည္ၿပီး အျဖဴဆင္းတတ္ပါတယ္။ ပုံမွန္ အျဖဴဆင္းျခင္းျဖင့္ မိန္းမကိုယ္ကို သန႔္စင္ေစၿပီး ပိုးဝင္ျခင္းမွ ကာကြယ္ေပးပါတယ္။ ပုံမွန္ အျဖဴဆင္းတဲ့အခါမွာ အေရာင္ဟာ အရည္ၾကည္ကေန ႏို႔ႏွစ္ေရာင္ထိ အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္။ သားဥ ေႂကြေနတဲ့အခ်ိန္ေတြ ၊ မိခင္ႏို႔ တိုက္ေကြၽးေနခ်ိန္ေတြမွာ ဆင္းတတ္ပါတယ္။
အျဖဴဆင္းတဲ့ ေနရာမွာ ဒီလကၡဏာေတြ ရွိေနရင္ေတာ့ ပုံမွန္ မဟုတ္ပါဘူး။ မိန္းမကိုယ္မွာ ယားၿပီး ပူေနတာ ၊ အနံ႔ နံတာ၊ အခဲေတြ ဆင္းတာ၊ အမ်ားႀကီးဆင္းေနတာမ်ိဳးဆိုရင္ေတာ့ ပုံမွန္ အျဖဴဆင္းတာ မဟုတ္ေတာ့ပါဘူး။ မိန္းမကိုယ္ ပိုးဝင္တာ ဒါမွမဟုတ္ ေရာဂါတစ္ခုခုေၾကာင့္ ဆင္းတာ ျဖစ္ေနႏိုင္ပါတယ္။ ဒီေဆာင္းပါးေလးမွာ လိင္ကေနတဆင့္ ကူးစက္ေသာ ေရာဂါတစ္ခုျဖစ္တဲ့ မိန္းမကိုယ္ ပိုးဝင္တဲ့ အေၾကာင္းေလး ေျပာျပခ်င္ပါတယ္။
Trichomonas vaginalis (TV) လို႔ ေခၚတဲ့ အလြန္ေသးငယ္လွတဲ့ ကပ္ပါးေကာင္ေလးေတြ ကူးစက္ခံရျခင္းေၾကာင့္ ျဖစ္တာပါ။ လိင္ဆက္ဆံျခင္းကေန တဆင့္ကူးစက္တတ္ပါတယ္။ အမ်ိဳးသားေတြမွာ မ်ားေသာအားျဖင့္ ေရာဂါလကၡဏာ ျပေလ့မရွိပါဘူး။ တခ်ိဳ႕တေလမွာေတာ့ ဆီးသြားစဥ္ သို႔မဟုတ္ သုက္လႊတ္ခ်ိန္မွာ နာက်င္ျခင္း ၊ မၾကာခဏ ဆီးသြားျခင္း ၊ ေယာက္က်ားအဂၤါထိပ္တြင္ နာက်င္ျခင္း ၊ ေရာင္ရမ္းျခင္း ၊ နီရဲေနျခင္း ေတြ ျဖစ္တတ္ပါတယ္။ တစ္ခါတေလ ေယာက္က်ားအဂၤါထိပ္က ျဖဴျဖဴ အရည္ေတြ ထြက္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့ ပုံမွန္မဟုတ္တဲ့ အျဖဴဆင္းတတ္ပါတယ္။ ဆင္းတဲ့ ပမာဏက မ်ားတတ္ၿပီး ငါးညႇီနံ႔ နံတတ္တယ္။ စိမ္းဖန႔္ဖန႔္ အေရာင္ ရွိတတ္တယ္။ အပ်စ္ပုံစံနဲ႔ေကာ အက်ဲပုံ နဲ႔ေရာ ဆင္းႏိုင္တယ္။ အျမႇပ္ထ တတ္တယ္။ မိန္းမကိုယ္မွာ ပူၿပီး ေရာင္ရမ္းေနတတ္တယ္။ မိန္းမကိုယ္တဝိုက္နဲ႔ ေပါင္အတြင္းသားေတြပါ ယားယံေနတတ္တယ္။ ဆီးသြားရင္ နာက်င္တာ စပ္တာေတြ ျဖစ္တတ္တယ္။ အမ်ိဳးသားနဲ႔ အတူေနစဥ္မွာလည္း နာက်င္မႈေတြ ခံစားရႏိုင္တယ္။
ေရာဂါပိုး ရွိသူနဲ႔ အတူေနၿပီး ၅ ရက္ကေန ၂၈ ရက္အတြင္းမွာ ေရာဂါ လကၡဏာေတြ ခံစားရႏိုင္တယ္။ စအိုနဲ႔ လိင္ဆက္ဆံျခင္း ၊ ပါးစပ္နဲ႔ လိင္ဆက္ဆံျခင္း ၊ နမ္းျခင္း ၊ ေပြ႕ဖက္ျခင္းကေနတဆင့္ ကူးေလ့ မရွိပါဘူး။ ဒါ့အျပင္ အမ်ားသုံး ဘိုထိုင္အိမ္သာေတြေနတဆင့္ ကူးစက္တာမ်ိဳးလည္း မရွိပါဘူး။
ဒီေရာဂါရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ အေနနဲ႔ လမေစ့တဲ့ ကေလးေတြ ေမြးတာ ၊ ေပါင္မေစ့ဘဲ ကေလးက ေသးေကြးေနတာေတြ ျဖစ္ႏိုင္တဲ့အျပင္ ေမြးလမ္းေၾကာင္းကေနတဆင့္ ကေလးကို ကူးစက္တာေတြလည္း ျဖစ္တတ္ပါတယ္။ ေရာဂါကူးစက္ခံရျခင္း ရွိမရွိကို အမ်ိဳးသားေတြမွာ ဆီးစစ္ျခင္း၊ အမ်ိဳးသမီးေတြမွာ အခြၽဲယူၾကည့္ၿပီး စစ္ၾကည့္ျခင္းျဖင့္ သိႏိုင္ပါတယ္။
ေရာဂါ ကူးစက္ခံေနရၿပီဆိုရင္ေတာ့ ပိုးသတ္ေဆးေသာက္ဖို႔ လိုပါတယ္။ Metronidazole ေပးေလ့ ရွိပါတယ္။ ေဆးကုသမႈ ခံယူေနစဥ္ တစ္ပတ္အတြင္းမွာ အမ်ိဳးသားနဲ႔ ဆက္ဆံျခင္း မျပဳသင့္ပါဘူး။ ဒါ့အျပင္ ကုသမႈ ခံယူမယ္ဆိုရင္လည္း လင္ေရာ မယားေရာ တစ္ၿပိဳင္တည္း ကုသမႈ ခံယူသင့္ပါတယ္။
ဒီေရာဂါဟာ လိင္ကတဆင့္ ကူးစက္တတ္တဲ့ ေရာဂါျဖစ္လို႔ အဓိက က ကြန္ဒုံးေဆာင္ဖို႔ မွာၾကားခ်င္ပါတယ္။ လင္နဲ႔ မယား သစၥာ ရွိေနရင္ အိမ္ေထာင္ေရးလည္း သာယာစိုေျပ ႏိုင္သလို ဒီလို ေရာဂါဆိုးေတြကိုလည္း ကာကြယ္ၿပီး ျဖစ္ပါတယ္လို႔ အႀကံျပဳရင္း…………..
Author : Dr. မ်ိဳးဆက္
(Unicode)
အမျိုးသမီးတစ်ယောက်အဖို့ အဖြူဆင်းတယ် ဆိုတာ အရမ်းတော့ မထူးဆန်းလှပါဘူး။ အဖြူဆင်းတာ ပုံမှန်မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ရာသီစက်ဝိုင်းပေါ် မူတည်ပြီး အဖြူဆင်းတတ်ပါတယ်။ ပုံမှန် အဖြူဆင်းခြင်းဖြင့် မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးဝင်ခြင်းမှ ကာကွယ်ပေးပါတယ်။ ပုံမှန် အဖြူဆင်းတဲ့အခါမှာ အရောင်ဟာ အရည်ကြည်ကနေ နို့နှစ်ရောင်ထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သားဥ ကြွေနေတဲ့အချိန်တွေ ၊ မိခင်နို့ တိုက်ကျွေးနေချိန်တွေမှာ ဆင်းတတ်ပါတယ်။
အဖြူဆင်းတဲ့ နေရာမှာ ဒီလက္ခဏာတွေ ရှိနေရင်တော့ ပုံမှန် မဟုတ်ပါဘူး။ မိန်းမကိုယ်မှာ ယားပြီး ပူနေတာ ၊ အနံ့ နံတာ၊ အခဲတွေ ဆင်းတာ၊ အများကြီးဆင်းနေတာမျိုးဆိုရင်တော့ ပုံမှန် အဖြူဆင်းတာ မဟုတ်တော့ပါဘူး။ မိန်းမကိုယ် ပိုးဝင်တာ ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့် ဆင်းတာ ဖြစ်နေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ လိင်ကနေတဆင့် ကူးစက်သော ရောဂါတစ်ခုဖြစ်တဲ့ မိန်းမကိုယ် ပိုးဝင်တဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။
Trichomonas vaginalis (TV) လို့ ခေါ်တဲ့ အလွန်သေးငယ်လှတဲ့ ကပ်ပါးကောင်လေးတွေ ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံခြင်းကနေ တဆင့်ကူးစက်တတ်ပါတယ်။ အမျိုးသားတွေမှာ များသောအားဖြင့် ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ တချို့တလေမှာတော့ ဆီးသွားစဉ် သို့မဟုတ် သုက်လွှတ်ချိန်မှာ နာကျင်ခြင်း ၊ မကြာခဏ ဆီးသွားခြင်း ၊ ယောက်ကျားအင်္ဂါထိပ်တွင် နာကျင်ခြင်း ၊ ရောင်ရမ်းခြင်း ၊ နီရဲနေခြင်း တွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ယောက်ကျားအင်္ဂါထိပ်က ဖြူဖြူ အရည်တွေ ထွက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေမှာဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတတ်ပါတယ်။ ဆင်းတဲ့ ပမာဏက များတတ်ပြီး ငါးညှီနံ့ နံတတ်တယ်။ စိမ်းဖန့်ဖန့် အရောင် ရှိတတ်တယ်။ အပျစ်ပုံစံနဲ့ကော အကျဲပုံ နဲ့ရော ဆင်းနိုင်တယ်။ အမြှပ်ထ တတ်တယ်။ မိန်းမကိုယ်မှာ ပူပြီး ရောင်ရမ်းနေတတ်တယ်။ မိန်းမကိုယ်တဝိုက်နဲ့ ပေါင်အတွင်းသားတွေပါ ယားယံနေတတ်တယ်။ ဆီးသွားရင် နာကျင်တာ စပ်တာတွေ ဖြစ်တတ်တယ်။ အမျိုးသားနဲ့ အတူနေစဉ်မှာလည်း နာကျင်မှုတွေ ခံစားရနိုင်တယ်။
ရောဂါပိုး ရှိသူနဲ့ အတူနေပြီး ၅ ရက်ကနေ ၂၈ ရက်အတွင်းမှာ ရောဂါ လက္ခဏာတွေ ခံစားရနိုင်တယ်။ စအိုနဲ့ လိင်ဆက်ဆံခြင်း ၊ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ၊ နမ်းခြင်း ၊ ပွေ့ဖက်ခြင်းကနေတဆင့် ကူးလေ့ မရှိပါဘူး။ ဒါ့အပြင် အများသုံး ဘိုထိုင်အိမ်သာတွေနေတဆင့် ကူးစက်တာမျိုးလည်း မရှိပါဘူး။
ဒီရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့ လမစေ့တဲ့ ကလေးတွေ မွေးတာ ၊ ပေါင်မစေ့ဘဲ ကလေးက သေးကွေးနေတာတွေ ဖြစ်နိုင်တဲ့အပြင် မွေးလမ်းကြောင်းကနေတဆင့် ကလေးကို ကူးစက်တာတွေလည်း ဖြစ်တတ်ပါတယ်။ ရောဂါကူးစက်ခံရခြင်း ရှိမရှိကို အမျိုးသားတွေမှာ ဆီးစစ်ခြင်း၊ အမျိုးသမီးတွေမှာ အချွဲယူကြည့်ပြီး စစ်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
ရောဂါ ကူးစက်ခံနေရပြီဆိုရင်တော့ ပိုးသတ်ဆေးသောက်ဖို့ လိုပါတယ်။ Metronidazole ပေးလေ့ ရှိပါတယ်။ ဆေးကုသမှု ခံယူနေစဉ် တစ်ပတ်အတွင်းမှာ အမျိုးသားနဲ့ ဆက်ဆံခြင်း မပြုသင့်ပါဘူး။ ဒါ့အပြင် ကုသမှု ခံယူမယ်ဆိုရင်လည်း လင်ရော မယားရော တစ်ပြိုင်တည်း ကုသမှု ခံယူသင့်ပါတယ်။
ဒီရောဂါဟာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်လို့ အဓိက က ကွန်ဒုံးဆောင်ဖို့ မှာကြားချင်ပါတယ်။ လင်နဲ့ မယား သစ္စာ ရှိနေရင် အိမ်ထောင်ရေးလည်း သာယာစိုပြေ နိုင်သလို ဒီလို ရောဂါဆိုးတွေကိုလည်း ကာကွယ်ပြီး ဖြစ်ပါတယ်လို့ အကြံပြုရင်း…………..
Author : Dr. မျိုးဆက်