fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နို့ချိုနှင့်ဖြည့်စွက်စာ (အပိုင်း ၁)

47
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မွေးကင်းစကလေးကို နွေးနွေးထွေးထွေးထားရှိဖို့လိုပါတယ်။ မွေးကင်းစကလေးကို ခြောက်သွေ့နွေးထွေးတဲ့အနှီး နဲ့ တစ်ကိုယ်လုံးခေါင်းပါလုံအောင် ထွေးပတ်ထားသင့်ပါတယ်။ နွေးထွေးတဲ့အခန်းမှာ မိခင်နဲ့ကလေး မိခင်လက်လှမ်းမီတဲ့နေ ရာမှာ ထားရှိဖို့လိုတယ်။ မစင်ပေနေတဲ့ သေစိုနေတဲ့ အဝတ်အနှီးတွေကို ဂရုစိုက်ပြီး ချက်ချင်းလဲလှယ် ပေးသင့်ပါတယ်။

(၄)နာ ရီခြားတစ်ခါကလေးရဲ့ ခြေဖျားလက်ဖျားတွေ စမ်းကြည့်သင့်တယ်။ ခြေဖျားလက်ဖျားများက အစဉ်အမြဲနွေးပြီး ပန်းရောင်သန်းနေရမယ်။ အေးနေ(သို့) အေးပြီး အပြာရောင်သန်းနေပါက ပြန်လည်နွေးထွေးစေဖို့ ချက်ချင်းလုပ်ဆောင် သင့်ပါတယ်။ စောင်တစ်ထပ်ပိုပြီး ခြုံပေးခြင်း၊ မိခင်ရင်ခွဲထဲ အသားချင်းထိကပ်စွာထားပြီး စောင်နဲ့အုပ်ခြင်း၊ ခြေအိတ်၊ လက်အိတ်စွပ်ပေးခြင်း၊ လုပ်ပေးသင့်ပါတယ်။ ကလေးကိုနေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေသင့်ပါဘူး။ ကလေးဟာ နုနယ်လို့ အအေးမိပြီးဖျားရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ကလေးကို မွေးပြီးတစ်နာရီအတွင်း မိခင်နို့စတင်တိုက်ကျွေးနိုင်ပါပြီ။ နို့ဦးရည်ကို ညှစ်မပစ်သင့်ပါဘူး။ ကလေးကို တိုက်ပေးရမယ်။ နို့ဦးရည်မှာ ရောဂါကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တယ်။ ကလေးငိုတိုင်း ကလေးဆာတဲ့ အချိန်တိုင်း မိမိနို့စို့စေသင့်တယ်။ အနည်းဆုံး (၈)ကြိမ် တိုက်ကျွေးသင့်တယ်။ မွေးစမှ အသက်(၆)လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်။ ရေနဲ့အခြား အစားအစာအရည်များကို တိုက်ဖို့မလိုအပ်ပါဘူး။ အသက်(၂)နှစ်ပြည့်ပြီး တဲ့အထိ မိခင်နို့ ဆက်တိုက်သင့်ပါတယ်။

အသက် (၆)လစပြီး ဗီတာမင်အေ၊ သံဓာတ်စတဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာကျွေးရမယ်။ ကလေးဖြည့်စွက် စာမှာ (၁)ခန္ဓာကိုယ်ကြီးထွားစေနိုင်တဲ့ အသား၊ ငါး၊ ပုစွန်၊ နို့ထွက်ပစ္စည်း အစားအစာနဲ့ (၂)ပဲအမျိုးမျိုး၊ ဂျုံ၊ ဂျုံထွက်အစား အစာတွေ၊ ပြောင်းဖူး၊ ကန်စွမ်းဥ၊ ပိန်းဥ၊ သကြား၊ အဆီစတဲ့ ကစီဓာတ်အစာအုပ်စုနဲ့ (၃)ခန္ဓာကိုယ်အတွင်းအပြင် ရောဂါဘေး အန္တရာယ်အပေါင်းမှ ကာကွယ်နိုင်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ သစ်သီးဝလံများပါဝင်တဲ့ အစာအုပ်စု သုံးမျိုးလုံးပါဝင်အောင် ကျွေးသင့်တယ်။ ရေဆာရင် ရေပဲတိုက်သင့်ပါတယ်။ အချိုရည်အချိုရည်ဗူးမတိုက်သင့်ပါဘူး။

မိခင်နို့က ကလေးအသက်(၆)လအထိ အာဟာရလုံလောက်တယ်။ အသက်(၂)နှစ်အထိ တိုက်ပေးသင့်တယ်။ မိခင်နို့ဟာ အာဟာရဓာတ်လုံလောက်စွာ အပြည့်အဝပါဝင်ပြီး၊ သန့်ရှင်းပြီး ရောဂါကင်းစေပါတယ်။ မိခင်နို့မတိုက်ပဲ နို့ဗူးတိုက်ရင် ငွေကုန်ကြေးကျများခြင်း၊ ကလေးဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်း၊ ကျန်းမာရေးကောင်းခြင်းတွေ ဖြစ်နိုင်တယ်။ ချိုလိမ် (သို့) အခြားနို့သီးခေါင်းအတုတွေ မသုံးသင့်ပါဘူး။ မိခင်နို့တိုက်ကျွေးရာမှာ စနစ်တကျမှန်ကန်စေဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမများ သက်ကြီးမိခင်တွေကို မေးမြန်းဆွေးနွေးသင့်ပါတယ်။

မိခင်နို့တိုက်ကျွေးတဲ့မိခင်ဟာ တစ်ကိုယ်ရေသန့်ရှင်းဖို့ လိုအပ်ပါတယ်။ ကလေးကို မကိုင်မီ၊ ကလေးအညစ်အကြေး တွေကို မကိုင်မီ၊ ကလေးအညစ်အကြေးတွေကို ကိုင်ပြီးတိုင်း လက်များကို ဆပ်ပြာ၊ ရေတိုနဲ့ စက္ကန့် (၂ဝ)ကျော်ကြာဆေးရ မယ်။ ကလေးရဲ့ အသုံးအဆောင် အနှီး၊ စောင်၊ အခင်း၊ သီးသန့် သန့်ရှင်းခြောက်သွေ့စွာထားသင့်တယ်။

ကလေးမျက်နှာ၊ ကလေးနားနောက်၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့ကို နေ့စဉ်သန့်စင်ပေးရမယ်။ အဝတ်သန့် (သို့) မျက်နှာသုတ်ပုဝါ သုံးရမယ်။ မျက်စိထဲကို ဘယ်အရာမှ မထည့်သင့်ပါဘူး။ မလိုအပ်ပဲ မသန့်ရှင်းတဲ့အဝတ်၊ ဂွမ်းတို့ပြီး မျက်စိသန့်ရှင်းရေး မလုပ်သင့်ဘူး။ ဆီး၊ ဝမ်း ပေကျံရင် ချက်ချင်းသန့်စင်ပေးပြီး ပြန်လည်ခြောက်သွေ့ နွေးထွေးစွာထားသင့် ပါတယ်။

Author: ဒေါက်တာလွင်သန့်, Healthcare Journal, vol 8,no 33 (1.9.17)

 

Previous Post

ပါးချိတ်ရောင်နာ မကြောက်ပါနဲ့

Next Post

ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရ

အကြောပြတ်ခြင်း (အပိုင်း ၁)

ရင်သားကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.