fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရင်သားကင်ဆာ

110
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in ရောဂါကြီးများ, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ရင္သားကင္ဆာဟာ အမ်ိဳးသမီးေတြမွာ ျဖစ္ပြားတတ္တဲ့ ကင္ဆာေရာဂါမ်ားအနက္ ဒုတိယအမ်ားဆုံးကင္ဆာျဖစ္ တယ္။ သည္တစ္ပတ္ မဂၤလာေမာင္မယ္ က်န္းမာေရးစကားဝိုင္းမွာ ‘အမ်ိဳးသမီးႏွင့္ ရင္သားကင္ဆာ’အေၾကာင္းေဆြးေႏြး ထားပါတယ္။

ေမာင္– ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) အဆိုအရ၊ ႏွစ္စဥ္ ဘယ္ေလာက္ျဖစ္ပြားေနသလဲဆရာ။
ေဒါက္တာမဂၤလာ– ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) အဆိုအရ ရင္သားကင္ဆာခံရသူ အမ်ိဳးသမီးဦးေရမွာ ႏွစ္စဥ္သန္းဝက္မွ်ရွိၿပီး ယင္းေရာဂါကို ေစာေစာစီးစီး ကုသမႈ မခံရလို႔ ေရာဂါျဖစ္ပြား ထက္ဝက္ေက်ာ္ ေသဆုံးရတယ္။

မယ္– ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ ဘယ္ေလာက္ရွိသလဲဆရာ။
ေဒါက္တာမဂၤလာ– ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ ေရာဂါျဖစ္ပြားသူရဲ႕ ၇၅ ရာခိုင္ႏႈန္းခန႔္ အသက္အႏၲရာယ္ ရင္ဆိုင္ေနရၿပီး ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြမွာ ေရာဂါျဖစ္ပြားသူရဲ႕ ၂၅ ရာခိုင္ႏႈန္းသာ အသက္အႏၲရာယ္ရွိေၾကာင္း သိရတယ္။ ႀကိဳတင္သိရလို႔ ကုသႏိုင္ခဲ့တယ္။

ေမာင္– ရင္သားကင္ဆာဘယ္လိုျဖစ္တာလဲဆရာ။
ေဒါက္တာမဂၤလာ– လူတို႔ခႏၶာကိုယ္မွာ ဆဲလ္အမ်ိဳးမ်ိဳး မတူညီကြဲျပားျခားနားစြာ ဖြဲ႕စည္းထားတယ္။ ဆဲလ္ရဲ႕ သဘာဝဟာ မ်ိဳး႐ိုးဗီဇဆိုင္ရာ အခ်က္အလက္မ်ားတူညီေပမယ့္ မိမိတည္ရွိတဲ့ သက္ဆိုင္ရာ အစိတ္အပိုင္း အလိုက္မတူကြဲ ျပားျခားနားတဲ့ တာဝန္မ်ား၊ ထမ္းေဆာင္ၾကရတယ္။ က်န္းမာတဲ့ဆဲလ္က က်န္းမာတဲ့ခႏၶာကို ျဖစ္ေစၿပီး ဆဲလ္အခ်ိဳ႕ထိခိုက္မႈ ျဖစ္တဲ့အခါ ပုံမွန္မဟုတ္ မွားယြင္းတဲ့ လုပ္ေဆာင္ခ်က္မ်ားက ကင္ဆာျဖစ္လာတယ္။

မယ္– ရင္သားကင္ဆာဆဲလ္မ်ားအေၾကာင္း ေဆြးေႏြးေပးပါဦးဆရာ။
ေဒါက္တာမဂၤလာ– ရင္သားဆဲလ္မ်ားဟာ အဆီတစ္သွ်ဴးနဲ႔ ဆက္သြယ္ေရး တစ္သွ်ဴး ဖြဲ႕စည္းထားတယ္။ ရင္သားဆဲလ္မ်ားဟာ အမ်ိဳးသမီးအသက္အ႐ြယ္အလိုက္ တစ္စတစ္စတိုးတက္ေျပာင္းလဲလာတယ္။ ရင္သားကင္ဆာဆဲလ္ ျဖစ္ေပၚေစတဲ့ ဆဲလ္မ်ားဟာ ဆဲလ္ကြဲရာမွ အထိန္းအကြပ္မဲ့လာၿပီး ေသဆုံးသင့္တဲ့အခ်ိန္မွာ ေသးဆုံးျခင္းမရွိလို႔ ဆဲလ္မ်ားအဆမတန္ မ်ားျပားကာ ရင္သားမွာ အဖုအက်ိတ္မ်ားပိုမိုႀကီးထြားလာရပါတယ္။

ေမာင္-ရင္သားမွာ ပုံမွန္မဟုတ္တဲ့အဖု၊ အက်ိတ္၊ အလုံးမ်ားေတြ႕ရင္ ကင္ဆာလို႔ သံသယ ရွိသင့္တာေပါ့ဆရာ။
ေဒါက္တာမဂၤလာ– ဟုတ္ပါတယ္။ အဖု၊ အက်ိတ္မ်ားစတင္ျဖစ္ပြားစမွာ မိသားစုဆရာဝန္နဲ႔ျပသင့္တယ္။ ကင္ဆာ ျဖစ္မျဖစ္၊ ရွိမရွိ ႏွစ္စဥ္စမ္းသပ္ဖို႔လိုပါတယ္။ ရင္သားကင္ဆာျဖစ္ၿပီဆိုတာနဲ႔ ကုသဖို႔လိုပါတယ္။

မယ္– ကေလးေမြးၿပီး ႏို႔မတိုက္တဲ့မိခင္မ်ား၊ အပ်ိဳႀကီးမ်ား သတိထားသင့္တာေပါ့ဆရာ။
ေဒါက္တာမဂၤလာ– ႏို႔မတိုက္တဲ့မိခင္မ်ားဟာ ရင္သားကင္ဆာျဖစ္ႏႈန္း ပိုမ်ားျပားတယ္။ ႏို႔တိုက္တဲ့မိခင္က ႏို႔မတိုက္တဲ့ မိခင္ထက္ ရင္သားကင္ဆာျဖစ္မႈ (၄.၃)ရာခိုင္ႏႈန္း ေလ်ာ့နည္းတယ္။ ႏို႔တိုက္မိခင္ဟာ ကေလးေမြးဖြားတိုင္း ရင္သားကင္ဆာျဖစ္ပြားႏႈန္း ၇ ရာခိုင္ႏႈန္းေလ်ာ့နည္းတယ္။

ေမာင္– တိရစာၦန္အဆီေတြအေၾကာင္းေဆြးေႏြးပါဦးဆရာ။
ေဒါက္တာမဂၤလာ– တိရစာၦန္အဆီ၊ မလိုင္မထုတ္ထားတဲ့ႏို႔၊ တိရစာၦန္အဆီ (သို႔) ဆီအုန္း (သို႔) ႏွစ္ခါျပန္ေၾကာ္ဆီ တို႔နဲ႔ စီမံထားတဲ့အသင့္စားအစားအစာမ်ား၊ ႏို႔ႏွင့္ႏို႔ထြက္ ပစၥည္းမ်ား အလြန္အကြၽံမစားသင့္ဘူး။ သာမန္မျပည့္ဝဆီ၊ ႏွမ္းဆီ၊ ေျမပဲ၊ ေနၾကာ ဆီသုံးသူမ်ားထက္ (၅ဝ) ရာခိုင္ႏႈန္းခန႔္ ရင္သားကင္ဆာျဖစ္ပြားေၾကာင္းေတြ႕ရွိရပါတယ္။

မယ္– ရင္သားကင္ဆာနဲ႔ မ်ိဳး႐ိုးအေၾကာင္း ေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ– မိခင္မွာ ရင္သားကင္ဆာျဖစ္ခဲ့ရင္ ေဆြမ်ိဳး၊ ေမာင္ႏွမဝမ္းကြဲ၊ အေဒၚတို႔မွာ ရင္သားကင္ဆာ ျဖစ္ရင္ မိမိမွာ မ်ိဳးဗီဇပါလာၿပီး ကင္ဆာ ျဖစ္ႏိုင္ေခ်မ်ားတယ္။ ႐ုပ္ရွင္မင္းသမီး ဂ်ိဳလီရဲ႕မိခင္မွာ ရင္သားကင္ဆာျဖစ္ခဲ့လို႔ ဂ်ိဳလီမွာ လည္း ကင္ဆာျဖစ္ႏိုင္ေခ်မ်ားလို႔ ခြဲစိတ္ဖယ္ရွား ကုသမႈခံယူခဲ့တာေတြ႕ရမွာျဖစ္ပါတယ္။ အခ်ိဳ႕မွာ ကင္ဆာတိုက္ဖ်က္ႏိုင္တဲ့ မ်ိဳးဗီဇပါရွိေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ မ်ိဳးဗီဇပ်က္သြားတဲ့အခါ ကင္ဆာျဖစ္ပြားမႈကို မတိုက္ခိုက္ႏိုင္လို႔ ရင္သားကင္ဆာျဖစ္ၾကရပါတယ္။

ေမာင္– အဝလြန္ျခင္းနဲ႔ ရင္သားကင္ဆာျဖစ္ေၾကာင္း ေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ– အဝလြန္တဲ့ အမ်ိဳးသမီးေတြမွာ ရင္သားကင္ဆာျဖစ္ႏႈန္း ၂ဝ ရာခိုင္ႏႈန္း ပိုမိုေနတယ္။ ရင္သား ကင္ဆာျဖစ္ပြားလို႔ ေဆးကုသမႈခံယူထားတဲ့အတိုင္း အဝလြန္အမ်ိဳးသမီးမ်ား ကင္ဆာျဖစ္ႏႈန္း ၁ဝ ရာခိုင္ႏႈန္းျပန္ျဖစ္ႏိုင္ တယ္။

မယ္– အျခားျဖစ္ပြားႏိုင္တဲ့ အေျခအေနေတြကေရာဆရာ။
ေဒါက္တာမဂၤလာ– ပဋိသေႏၶတားေဆး ကာလၾကာရွည္စားသူမ်ား၊ အ႐ိုးမ်ားႀကီးထြားသန္မာေစတဲ့ ကယ္လ္စီယမ္ ေဖာက္ျပန္ျခင္း၊ နီျမန္းတဲ့အသားကို တာရွည္အသုံးျပဳျခင္း၊ ဝိုင္(သို႔) ဘီယာႏွင့္အရက္ ေန႔စဥ္ေသာက္သူမ်ား၊ အက္စပရင္ အကိုက္အခဲေပ်ာက္ေဆး အလြန္အကြၽံသုံးစြဲသူမ်ား၊ စီးကရက္ေသာက္သူမ်ား ရင္သားကင္ဆာပိုျဖစ္ႏိုင္တယ္။

ေမာင္– ရင္သားကင္ဆာကုသမႈ အေၾကာင္း ေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ– ခြဲစိတ္ကုသျခင္း၊ ဓာတ္ေရာင္ျခည္နဲ႔ကုသျခင္း၊ ဓာတုေဆးဝါးနဲ႔ ကုသျခင္းတို႔ ကုသႏိုင္ပါတယ္။ တစ္ခုနဲ႔ မက ႏွစ္ခု(သို႔) သုံးခုေပါင္းစပ္ကုသျခင္းမ်ိဳးနဲ႔ ရင္သားကင္ဆာအျမစ္ျပတ္ေအာင္ ကုသႏိုင္ပါတယ္။ ေရာဂါျဖစ္သူရဲ႕ ၇၅ ရာခိုင္ႏႈန္းဟာ အသက္အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရေၾကာင္း ကမာၻ႔ကင္ဆာ ေဖာင္ေဒးရွင္းျပန္တမ္း (Report) အရသိရွိရပါ တယ္။

မယ္– ရင္သားကင္ဆာ ဟန႔္တားႏိုင္တဲ့ ေဆးသစ္တစ္မ်ိဳးကို ေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ– ေဆးသိပၸံပညာရွင္မ်ား ႀကိဳးပမ္းခဲ့လို႔ ရင္သားကင္ဆာ ဟန႔္တားႏိုင္တဲ့ ေဆးတစ္မ်ိဳး ေဖာ္စပ္ႏိုင္ပါၿပီ။ ပါဘိုစီကလစ္ (Palbociclib) ကို အီစႀတိဳဂ်င္ (antiestrogen) ကုသေဆး ဖယ္ဗင္စတန႔္ (Fulvestrant) နဲ႔ တြဲဘက္ ကုသရင္ အဆင့္(၁) နဲ႔ (၂) ကင္ဆာအဆင့္ကို ထိန္းထားႏိုင္ပါတယ္။ ကင္ဆာအဆင့္(၃)ကို ရပ္ထားႏိုင္ေၾကာင္းဆိုတယ္။ ပါဘိုစီကလစ္ပါဘဲ ဖယ္ဗင္စတန္း (Fulvestrant) ေဆးတစ္မ်ိဳးတည္းကုသရင္ ရင္သားကင္ဆာတိုးတက္ႏႈန္းေလးလခန႔္ ေႏွာင့္ေႏွးသြားေၾကာင္းေတြ႕ရပါတယ္။ ဖယ္ဗင္စတန႔္က ေဟာ္မုန္းကုထုံးေဆးျဖစ္ၿပီး ပါဘိုစီကလစ္က ရင္သားအက်ိတ္ျဖစ္ျခင္းအားေပးတဲ့ အဓိကပ႐ိုတန္းကို ဟန႔္တားေပးတဲ့ အစြမ္းရွိပါတယ္။ ယင္းေဆး(၂)မ်ိဳးနဲ႔ ကုသရင္ ရင္သားကင္ဆာဟန႔္ တားႏိုင္ၿပီ။

ေမာင္– ရင္သားကင္ဆာရွိမရွိ ကိုယ္တိုင္စမ္းသပ္ေပးသင့္တဲ့ သေဘာေပါ့ဆရာ။
ေဒါက္တာမဂၤလာ– အမ်ိဳးသမီးတိုင္း ေရခ်ိဳးခ်ိန္မ်ားမွာ ဘယ္၊ ညာ ရင္သားနဲ႔ ခ်ိဳင္းေတြမွာ အက်ိတ္အဖု ရွိမရွိ စမ္းသပ္ၾကည့္ရင္း ပိုမိုႀကီးထြားလာရင္ (သို႔) အက်ိတ္အဖုအသစ္ေတြ႕ရင္ မိသားစုအဆရာဝန္နဲ႔ ျပသင့္တယ္။ ရင္သားကင္ဆာ ကင္းေဝေအာင္ ကေလးေမြးဖို႔၊ ေမြးလာတဲ့ကေလး ႏို႔ခ်ိဳတိုက္ေကြၽးဖို႔၊ ပဋိသေႏၶတားေဆးမ်ား ေရွာင္ရွားဖို႔၊ မ်ိဳး႐ိုးရွိသူမ်ား ဆရာဝန္နဲ႔ မွန္မွန္ျပသေဆြးေႏြးဖို႔ လိုအပ္တယ္။ ရွိရင္ ကုသမႈခံယူရမယ္။

မယ္ – ရင္သားကင္ဆာရဲ႕ ေနာက္ဆက္တြဲ ျပႆနာမ်ားက ဘာေတြလဲဆရာ။
ေဒါက္တာမဂၤလာ – ရင္သားကင္ဆာထပ္မံျဖစ္ပြားျခင္း၊ အဆုတ္ကင္ဆာ၊ အ႐ိုးကင္ဆာ၊ သားဥအိမ္ကင္ဆာ၊ အစာအိမ္အူလမ္းေၾကာင္းကင္ဆာ၊ အသည္းကင္ဆာ၊ ပန္ကရိယကင္ဆာ စသျဖင့္ ပ်ံ႕ႏွံ႔သြားႏိုင္တယ္။ တစ္ဖက္က ျဖစ္ၿပီးရင္ အျခားတစ္ဖက္ကူးလြယ္တယ္။ ခြဲစိတ္ျခင္း၊ ကင္ဆာေဆးသြင္းကုသျခင္း၊ ဓာတ္ေရာင္ျခည္ကုျခင္း ခံယူရမယ္။

Author : ေဒါက္တာမဂၤလာ, Healthcare Journal

(Unicode)

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်တဲ့ ကင်ဆာရောဂါများအနက် ဒုတိယအများဆုံးကင်ဆာဖြစ် တယ်။ သည်တစ်ပတ် မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ ‘အမျိုးသမီးနှင့် ရင်သားကင်ဆာ’အကြောင်းဆွေးနွေး ထားပါတယ်။

မောင်– ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုအရ၊ နှစ်စဉ် ဘယ်လောက်ဖြစ်ပွားနေသလဲဆရာ။
ဒေါက်တာမင်္ဂလာ- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုအရ ရင်သားကင်ဆာခံရသူ အမျိုးသမီးဦးရေမှာ နှစ်စဉ်သန်းဝက်မျှရှိပြီး ယင်းရောဂါကို စောစောစီးစီး ကုသမှု မခံရလို့ ရောဂါဖြစ်ပွား ထက်ဝက်ကျော် သေဆုံးရတယ်။

မယ်– ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဘယ်လောက်ရှိသလဲဆရာ။
ဒေါက်တာမင်္ဂလာ– ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရောဂါဖြစ်ပွားသူရဲ့ ၇၅ ရာခိုင်နှုန်းခန့် အသက်အန္တရာယ် ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ရောဂါဖြစ်ပွားသူရဲ့ ၂၅ ရာခိုင်နှုန်းသာ အသက်အန္တရာယ်ရှိကြောင်း သိရတယ်။ ကြိုတင်သိရလို့ ကုသနိုင်ခဲ့တယ်။

မောင်– ရင်သားကင်ဆာဘယ်လိုဖြစ်တာလဲဆရာ။
ဒေါက်တာမင်္ဂလာ– လူတို့ခန္ဓာကိုယ်မှာ ဆဲလ်အမျိုးမျိုး မတူညီကွဲပြားခြားနားစွာ ဖွဲ့စည်းထားတယ်။ ဆဲလ်ရဲ့ သဘာဝဟာ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များတူညီပေမယ့် မိမိတည်ရှိတဲ့ သက်ဆိုင်ရာ အစိတ်အပိုင်း အလိုက်မတူကွဲ ပြားခြားနားတဲ့ တာဝန်များ၊ ထမ်းဆောင်ကြရတယ်။ ကျန်းမာတဲ့ဆဲလ်က ကျန်းမာတဲ့ခန္ဓာကို ဖြစ်စေပြီး ဆဲလ်အချို့ထိခိုက်မှု ဖြစ်တဲ့အခါ ပုံမှန်မဟုတ် မှားယွင်းတဲ့ လုပ်ဆောင်ချက်များက ကင်ဆာဖြစ်လာတယ်။

မယ်– ရင်သားကင်ဆာဆဲလ်များအကြောင်း ဆွေးနွေးပေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ– ရင်သားဆဲလ်များဟာ အဆီတစ်သျှူးနဲ့ ဆက်သွယ်ရေး တစ်သျှူး ဖွဲ့စည်းထားတယ်။ ရင်သားဆဲလ်များဟာ အမျိုးသမီးအသက်အရွယ်အလိုက် တစ်စတစ်စတိုးတက်ပြောင်းလဲလာတယ်။ ရင်သားကင်ဆာဆဲလ် ဖြစ်ပေါ်စေတဲ့ ဆဲလ်များဟာ ဆဲလ်ကွဲရာမှ အထိန်းအကွပ်မဲ့လာပြီး သေဆုံးသင့်တဲ့အချိန်မှာ သေးဆုံးခြင်းမရှိလို့ ဆဲလ်များအဆမတန် များပြားကာ ရင်သားမှာ အဖုအကျိတ်များပိုမိုကြီးထွားလာရပါတယ်။

မောင်-ရင်သားမှာ ပုံမှန်မဟုတ်တဲ့အဖု၊ အကျိတ်၊ အလုံးများတွေ့ရင် ကင်ဆာလို့ သံသယ ရှိသင့်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ– ဟုတ်ပါတယ်။ အဖု၊ အကျိတ်များစတင်ဖြစ်ပွားစမှာ မိသားစုဆရာဝန်နဲ့ပြသင့်တယ်။ ကင်ဆာ ဖြစ်မဖြစ်၊ ရှိမရှိ နှစ်စဉ်စမ်းသပ်ဖို့လိုပါတယ်။ ရင်သားကင်ဆာဖြစ်ပြီဆိုတာနဲ့ ကုသဖို့လိုပါတယ်။

မယ်– ကလေးမွေးပြီး နို့မတိုက်တဲ့မိခင်များ၊ အပျိုကြီးများ သတိထားသင့်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ– နို့မတိုက်တဲ့မိခင်များဟာ ရင်သားကင်ဆာဖြစ်နှုန်း ပိုများပြားတယ်။ နို့တိုက်တဲ့မိခင်က နို့မတိုက်တဲ့ မိခင်ထက် ရင်သားကင်ဆာဖြစ်မှု (၄.၃)ရာခိုင်နှုန်း လျော့နည်းတယ်။ နို့တိုက်မိခင်ဟာ ကလေးမွေးဖွားတိုင်း ရင်သားကင်ဆာဖြစ်ပွားနှုန်း ၇ ရာခိုင်နှုန်းလျော့နည်းတယ်။

မောင်– တိရစ္ဆာန်အဆီတွေအကြောင်းဆွေးနွေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ– တိရစ္ဆာန်အဆီ၊ မလိုင်မထုတ်ထားတဲ့နို့၊ တိရစ္ဆာန်အဆီ (သို့) ဆီအုန်း (သို့) နှစ်ခါပြန်ကြော်ဆီ တို့နဲ့ စီမံထားတဲ့အသင့်စားအစားအစာများ၊ နို့နှင့်နို့ထွက် ပစ္စည်းများ အလွန်အကျွံမစားသင့်ဘူး။ သာမန်မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲ၊ နေကြာ ဆီသုံးသူများထက် (၅ဝ) ရာခိုင်နှုန်းခန့် ရင်သားကင်ဆာဖြစ်ပွားကြောင်းတွေ့ရှိရပါတယ်။

မယ်– ရင်သားကင်ဆာနဲ့ မျိုးရိုးအကြောင်း ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ– မိခင်မှာ ရင်သားကင်ဆာဖြစ်ခဲ့ရင် ဆွေမျိုး၊ မောင်နှမဝမ်းကွဲ၊ အဒေါ်တို့မှာ ရင်သားကင်ဆာ ဖြစ်ရင် မိမိမှာ မျိုးဗီဇပါလာပြီး ကင်ဆာ ဖြစ်နိုင်ချေများတယ်။ ရုပ်ရှင်မင်းသမီး ဂျိုလီရဲ့မိခင်မှာ ရင်သားကင်ဆာဖြစ်ခဲ့လို့ ဂျိုလီမှာ လည်း ကင်ဆာဖြစ်နိုင်ချေများလို့ ခွဲစိတ်ဖယ်ရှား ကုသမှုခံယူခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ အချို့မှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့ မျိုးဗီဇပါရှိပေမယ့် အကြောင်းကြောင်းကြောင့် မျိုးဗီဇပျက်သွားတဲ့အခါ ကင်ဆာဖြစ်ပွားမှုကို မတိုက်ခိုက်နိုင်လို့ ရင်သားကင်ဆာဖြစ်ကြရပါတယ်။

မောင်– အဝလွန်ခြင်းနဲ့ ရင်သားကင်ဆာဖြစ်ကြောင်း ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ– အဝလွန်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နှုန်း ၂ဝ ရာခိုင်နှုန်း ပိုမိုနေတယ်။ ရင်သား ကင်ဆာဖြစ်ပွားလို့ ဆေးကုသမှုခံယူထားတဲ့အတိုင်း အဝလွန်အမျိုးသမီးများ ကင်ဆာဖြစ်နှုန်း ၁ဝ ရာခိုင်နှုန်းပြန်ဖြစ်နိုင် တယ်။

မယ်– အခြားဖြစ်ပွားနိုင်တဲ့ အခြေအနေတွေကရောဆရာ။
ဒေါက်တာမင်္ဂလာ– ပဋိသန္ဓေတားဆေး ကာလကြာရှည်စားသူများ၊ အရိုးများကြီးထွားသန်မာစေတဲ့ ကယ်လ်စီယမ် ဖောက်ပြန်ခြင်း၊ နီမြန်းတဲ့အသားကို တာရှည်အသုံးပြုခြင်း၊ ဝိုင်(သို့) ဘီယာနှင့်အရက် နေ့စဉ်သောက်သူများ၊ အက်စပရင် အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲသူများ၊ စီးကရက်သောက်သူများ ရင်သားကင်ဆာပိုဖြစ်နိုင်တယ်။

မောင်– ရင်သားကင်ဆာကုသမှု အကြောင်း ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ– ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်နဲ့ကုသခြင်း၊ ဓာတုဆေးဝါးနဲ့ ကုသခြင်းတို့ ကုသနိုင်ပါတယ်။ တစ်ခုနဲ့ မက နှစ်ခု(သို့) သုံးခုပေါင်းစပ်ကုသခြင်းမျိုးနဲ့ ရင်သားကင်ဆာအမြစ်ပြတ်အောင် ကုသနိုင်ပါတယ်။ ရောဂါဖြစ်သူရဲ့ ၇၅ ရာခိုင်နှုန်းဟာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကင်ဆာ ဖောင်ဒေးရှင်းပြန်တမ်း (Report) အရသိရှိရပါ တယ်။

မယ်– ရင်သားကင်ဆာ ဟန့်တားနိုင်တဲ့ ဆေးသစ်တစ်မျိုးကို ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ– ဆေးသိပ္ပံပညာရှင်များ ကြိုးပမ်းခဲ့လို့ ရင်သားကင်ဆာ ဟန့်တားနိုင်တဲ့ ဆေးတစ်မျိုး ဖော်စပ်နိုင်ပါပြီ။ ပါဘိုစီကလစ် (Palbociclib) ကို အီစတြိုဂျင် (antiestrogen) ကုသဆေး ဖယ်ဗင်စတန့် (Fulvestrant) နဲ့ တွဲဘက် ကုသရင် အဆင့်(၁) နဲ့ (၂) ကင်ဆာအဆင့်ကို ထိန်းထားနိုင်ပါတယ်။ ကင်ဆာအဆင့်(၃)ကို ရပ်ထားနိုင်ကြောင်းဆိုတယ်။ ပါဘိုစီကလစ်ပါဘဲ ဖယ်ဗင်စတန်း (Fulvestrant) ဆေးတစ်မျိုးတည်းကုသရင် ရင်သားကင်ဆာတိုးတက်နှုန်းလေးလခန့် နှောင့်နှေးသွားကြောင်းတွေ့ရပါတယ်။ ဖယ်ဗင်စတန့်က ဟော်မုန်းကုထုံးဆေးဖြစ်ပြီး ပါဘိုစီကလစ်က ရင်သားအကျိတ်ဖြစ်ခြင်းအားပေးတဲ့ အဓိကပရိုတန်းကို ဟန့်တားပေးတဲ့ အစွမ်းရှိပါတယ်။ ယင်းဆေး(၂)မျိုးနဲ့ ကုသရင် ရင်သားကင်ဆာဟန့် တားနိုင်ပြီ။

မောင်– ရင်သားကင်ဆာရှိမရှိ ကိုယ်တိုင်စမ်းသပ်ပေးသင့်တဲ့ သဘောပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ– အမျိုးသမီးတိုင်း ရေချိုးချိန်များမှာ ဘယ်၊ ညာ ရင်သားနဲ့ ချိုင်းတွေမှာ အကျိတ်အဖု ရှိမရှိ စမ်းသပ်ကြည့်ရင်း ပိုမိုကြီးထွားလာရင် (သို့) အကျိတ်အဖုအသစ်တွေ့ရင် မိသားစုအဆရာဝန်နဲ့ ပြသင့်တယ်။ ရင်သားကင်ဆာ ကင်းဝေအောင် ကလေးမွေးဖို့၊ မွေးလာတဲ့ကလေး နို့ချိုတိုက်ကျွေးဖို့၊ ပဋိသန္ဓေတားဆေးများ ရှောင်ရှားဖို့၊ မျိုးရိုးရှိသူများ ဆရာဝန်နဲ့ မှန်မှန်ပြသဆွေးနွေးဖို့ လိုအပ်တယ်။ ရှိရင် ကုသမှုခံယူရမယ်။

မယ် – ရင်သားကင်ဆာရဲ့ နောက်ဆက်တွဲ ပြဿနာများက ဘာတွေလဲဆရာ။
ဒေါက်တာမင်္ဂလာ – ရင်သားကင်ဆာထပ်မံဖြစ်ပွားခြင်း၊ အဆုတ်ကင်ဆာ၊ အရိုးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ စသဖြင့် ပျံ့နှံ့သွားနိုင်တယ်။ တစ်ဖက်က ဖြစ်ပြီးရင် အခြားတစ်ဖက်ကူးလွယ်တယ်။ ခွဲစိတ်ခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ကုခြင်း ခံယူရမယ်။

Author : ဒေါက်တာမင်္ဂလာ, Healthcare Journal

Previous Post

အကြောပြတ်ခြင်း (အပိုင်း ၁)

Next Post

ခႏၶာကိုယ္က်စ္လ်စ္လွပေစဖို႔ေဆာင္ရန္၊ ေရွာင္ရန္အစားအစာမ်ား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
715

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
698
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2.1k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
842

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခႏၶာကိုယ္က်စ္လ်စ္လွပေစဖို႔ေဆာင္ရန္၊ ေရွာင္ရန္အစားအစာမ်ား

ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၁

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၂

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.