(၁) Lifestyle changes အနေအထိုင် ပုံစံပြောင်းနည်း
မျှတလုံလောက်တဲ့ အစားအစာတွေ စားပါ။ သကြားများတာရှောင်ပါ။ ကစီဓါတ်များတာ၊ အားလူး၊ ဂျုံ၊ အသားငါး၊ (ပရိုတင်း) စားပါ။ ရောဂတ် (ဒိန်ချဉ်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။ Ginger root tea ချင်းမြစ်ပြုတ်သောက်ပါ။ Junk foods ခေတ်ပေါ်ဆိုင်တွေမှာ အလွယ်စားရတာမျိုးတွေ၊ ဆားများတဲ့အစာတွေ၊ အချိုရည်တွေကို ဖြစ်နေကျအချိန်မတိုင်ခင် တပတ် ကတည်းက ရှောင်ပါ။
Stress reduction စိတ်ဖိအား လျော့ချနည်းတစ်ခုခု ဥပမာ ယောဂနည်း၊ တရားထိုင်နည်း၊ ကိုယ်လက် လေ့ကျင် ခန်းနည်း၊ အစာအာဟာရ ပြုပြင်နည်းတွေလုပ်ပါ။ ကေဖင်းပါတာတွေ လျှော့သောက်ပါ။ အိပ်ရေးဝပါစေ၊ ရေသောက်မနည်း စေနဲ့။ စိတ်ဖိအား လျှော့ချပါ။ အဆင်မပြေတတ်တဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နိုင်ရင်ရှောင်ပါ။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပိုနေထိုင်ပါ။ အသက်ပြင်းပြင်း ရှူပါ။ ကိုယ့်အတွက် အချိန်ကို ယူပါ။
၂။ Alternative approaches တခြားနည်းများ
Herbalsupplements ဟာ ဘယ်ဆေးနည်း။ Flaxseed Capsules, Valerian, Kava Kava, St John’s Wort, Phytoestrogenic herbs (Black Cohosh) ဆေးထဲမှာ အပင်ကနေရတဲ့ Estrogen တွေ ပါတယ်။ ဒီဆေးမျိုးက များရင်မကောင်းဘူး။ ကိုယ်ခန္ဓာကနေ အလိုလိုထုတ်မှာကို နည်းစေတတ်တယ်။ Non-estrogenic herbs f(Macafem) (Macafem) ဆေးလဲသုံးနိုင်တယ်။ နှိပ်နယ်နည်း၊ တရုတ်အပ်စိုက်နည်းတွေလဲ လုပ်နိုင်တယ်။
အထောက်အကူ ပေးနိုင်တာ တွေကတော့ Vitamin E, Gingko Biloba, Huperzine A, Ginseng နဲ့ Acetyl-L camitine တွေဖြစ်တယ်။ Vitamin B, C, B6, Calcium Magnesium ဗီတာမင်နဲ့ ဓါတ်ဆားတွေလဲ Lifestyle changes နဲ့ Alternative medicine တွဲသုံးတာက ပိုကောင်းတာ တွေ့ရတယ်။ မရသူတွေကို ဆေးပေးကုသရမယ်။
၃။ Drugs and surgery ဆေးပေးနည်း
– Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
– Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
– သွေးတိုးအတွက် သုံးတဲ့ Beta blockers ဆေးတွေလဲ သက်သာစေနိုင်တယ်။
– Oral contraceptive pills (OCPs) ကိုယ်ဝန်တားစားဆေး အိမ်ထောင်မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
– ဆေးသာမက ကိုယ်လက် လေ့ကျင့်ခန်းနဲ့ အစာအာဟာရနည်းပါ တွဲသင့်တယ်။
တားဆေးတွေရဲ့ ရာသီအပေါ် အကျိုးသက်ရောက်မှု
ကိုယ်ဝန်တားဆေးတွေဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ဘူး။ ဒါပေမဲ့ ရာသီစက်ဝန်းကို လိုသလို ပြုပြင်ပေးနိုင်စွမ်းရှိတယ်။ ၁၉၆ဝ ကျော်ကတည်းက သုံးနေခဲ့တဲ့ ကိုယ်ဝန်တားဆေးတွေ ပေါ်ကာစမှာ ဆေးသုတေသန လုပ်သူတွေက ရက် ၉ဝ မှ တစ်ခါ ရာသီလာအောင် လုပ်ဘို့ဘဲ။ နောက်မှ ပုံမှန်နဲ့တူအောင် ၂၈ရက်တခါလာတဲ့ ဆေးကိုသာ ထုတ်လုပ်တယ်။ Roman Catholic Church ရဲ့ သဘောတူညီချက်ရအောင် ဆုံးဖြတ်ခဲ့ ရတာဖြစ်တယ်။
ဟော်မုန်းပါ ကိုယ်ဝန်တားဆေးတွေက ၂၁-၂၈ ရက်သောက်ရတယ်။ အစပိုင်း ၂၁ ရက် သောက်ရတဲ့ ဆေးကုန်တာ နဲ့ အရောင့်ရင့်ဆေးပြား ၇ ပြားကို မသောက်တော့ဘဲ၊ နောက်ဆေးကဒ်သစ်ကို ဆက်သောက်ရတယ်။ အဲလိုသာ နေ့စဉ်သောက်နေရင် သောက်နေသမျှ ကာလပတ်လုံး ရာသီမလာတော့ဘူး။ Depo-provera ထိုးဆေးက ဆေးထိုးပြီး၊ ရာသီမလာသူတွေ များတယ်။ Norplant ခေါ်တဲ့ Progestogen implants သန္ဓေတားဆေးချောင်းထည့်ထားသူတွေမှာ တစ်နှစ်ကို ၃-၄ခါ ရာသီမလာတော့ဘူး။ Progestogen-only pills (mini-pill) ကို တောက်လျှောက် မနားဘဲပေးရင် ရာသီ လုံးဝမလာတော့ဘူး။ ပုံမှန်က ၇ရက်ခြားပေးရတာမျိုး ဖြစ်တယ်။
၄။ ခွဲစိတ်ကုသနည်း
Partialf hysterectomy သားအိမ်ကို တဝက်တပျက် ထုတ်ပေးတာလည်း လုပ်နိုင်တယ်။
၅။ စိတ်ပိုင်းကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။
Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 35 (15.9.17)