တစ်ချိန်တုန်းကသင့်ကလေးအတွက် အစစအရာရာလုပ်ပေးခဲ့တယ်။ ဒါပေမယ့် အခုကလေးက ကြီးလာပြီဖြစ်လို့ လုပ်ပေးဖို့ မသင့်တော့ဘူး။ လွတ်လပ်တဲ့ ကလေးအတွက် စိတ်ကြိုက်လုပ်ပိုင်ခွင့်နဲ့ မှန်ကန်တဲ့ မျှတမှုကို သင်ဘယ်လို စွမ်းဆောင်နိုင်မလဲဆိုတာ ကြည့်ရအောင်။
မိဘတွေအနေနဲ့ အကြီးမားဆုံးရည်မှန်းချက်တွေထဲမှ တစ်ခုဟာ ကိုယ့်ကလေးအား လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုမှီခိုတဲ့သူဖြစ်လာအောင် ပျိုးထောင်ပေးလိုခြင်း ဖြစ်ပါတယ်။ ကလေးငယ်ကိုလက်မောင်းနဲ့ ပွေ့ပိုက် ထားစဉ်ကတည်းက မိခင်ဟာ ကလေးအား ကာကွယ်ဖို့ မွေးရာပါ ပြင်းပြတဲ့စိတ်ဟာ အမြဲစွမ်းအားကြီးပါတယ်။
သိပ်များများလား၊ သိပ်နည်နည်းလား
ကလေးတွေကြီးလာတာနဲ့ သူတို့ကိုဘယ်လောက်လွတ်လပ်ခွင့်ပေးရမလဲဆိုတာမိဘအများစုအနေနဲ့ စိတ်ရှုပ်ထွေး၊ စိတ်ပူပန်ဖြစ်ပြီးအားမလိုအားအရ ဖြစ်ရတယ်။ ကလေးတွေရဲ့ ဘေးကင်းမှုနဲ့ ပတ်သက်ပြီး အမြဲစိတ်ပူပြီး သူတို့ကို တစ်ယောက်တည်း ထားခဲ့ရမှာကို စဉ်းစားမိတာနဲ့ ချောက်ချားသွားတဲ့သူတွေ အများကြီး ရှိပါတယ်။
သင့်ရဲ့ အုပ်ထိန်းမှုပုံစံကကလေးကိုဘယ်လောက်ထိရောက်မှုရှိလဲဆိုတာသင့်ကိုယ်သင် ပညာပေးဖို့နဲ့ ထိန်းချုပ်မှုလွန်ကဲတာဟာကလေးရဲ့ ဖွံ့ဖြိုးမှုကိုဟန့်တားတယ်ဆိုတာသိဖို့အရေးကြီးပါတယ်။ သင်တို့မရှိတဲ့အ ခါ တည်ငြိမ်ပြီး၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ အသိတရားရှိတဲ့ ဆုံးဖြတ်ချက်ကိုရွေးချယ်တတ်သူ ဖြစ်စေချင်တယ်။ သင့်ကလေးအဲဒီလိုဖြစ်ဖို့ဆိုတာ မိဘကအုပ်ထိန်းမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်ဆိုတာပေါ် မူတည်ပါ တယ်။
ကလေးတွေကိုလွှတ်ပေးပါ
ကျောင်းကားမလာလို့ ကိုးနှစ်ရွယ်သားလေးကိုဘတ်စ်ကားစီးပြီးသွားဖို့ မိခင်ကလွှတ်လိုက်တယ်။၎င်း ရဲ့လုပ်ရပ်က ကလေးအားပျော်ရွှင်စေရန် ကိုယ်အောင်မြင်အောင်လုပ်တဲ့ အလုပ်နဲ့ ကျေနပ်မှုရှိစေရန် ဖြစ်တယ်။ မိခင်ကသားလေးအနေနဲ့ ဘတ်စ်ကားစီးပြီးသွားနိုင်တယ်လို့ ယုံကြည်တယ်။ ကလေးကိုအိမ်မှာထားပြီး ဆဲလ်ဖုန်း ဝယ်ပေးထားကာ အမြဲစောင့်ကြည့်နေတာဟာ ကလေးအား ကြီးပြင်းလာအောင် ကျွေးမွေး စောင့်ရှောက်တဲ့ နည်းလမ်းမှန် မဟုတ်ပါ။ ဒါဟာမိဘတွေအတွက်နဲ့ ကလေးတွေအတွက် အားလျော့စေပါ တယ်။
အရှိကိုအရှိအတိုင်းထားပါ
အကြမ်းဖက်မှု၊ဘေးအန္တရာယ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေ ရုပ်သံဇာတ်လမ်းတွေကို ကျွန်မတို့ ကြားနေ၊ မြင်နေရလို့ သင့်ကလေးရဲ့ လုံခြုံမှုနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေတာကိုနားလည်သဘောပေါက်ပါ တယ်။ ဒါပေမယ့် အကြမ်းဖက်မှုဟာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလို့ မှတ်ထားပါ။ ဒါတွေဟာမီဒီယာလုပ်ငန်းတွေရဲ့ လူပြိန်းကြိုက်သည်းထိတ်ရင်ဖိုစရာဖန်တီးမှုသာဖြစ်လို့ အမှန်တကယ်ပို့ဖြစ်ခဲ့ပါတယ်။
ယခုခေတ်မိဘတွေအနေနဲ့ အရှိကိုအရှိတိုင်းမြင်ပြီး၊ လွန်ကဲသောရင်အုပ်မကွာစောင့်ရှောက်မှုရဲ့ အန္တရာယ်တွေကို သဘောပေါက်ရမယ်။ ကိုယ့်ဘာသာ ဘာမှအလုပ်နိုင်ဘူးလို့ သဘောရှိတဲ့ ကလေးဟာ နောက်ဆုံးတော့ ဘာမှ မလုပ်တတ်တော့ဘူး။ ဒီကိစ္စဟာ သင့်ကလေးမှာ ရှိပြီးဖြစ်တဲ့ ရင့်ကျက်မှုနဲ့ယုံကြည်မှု အမြင်နဲ့ ၎င်းမှာ ပင်ကိုအားဖြင့် လုပ်ဖို့ အဆင်သင့်ဖြစ်မှုအပေါ် မူတည်ပါတယ်။ ကလေးကသူ့ကိုလုပ်ဖို့ ခွင့်ပေးပါလို့ တောင်းဆိုတာကသူ့မှာအဆင်သင့်ဖြစ်နေလို့ပဲ။ သင့်မှာတော့ စိုးရိမ်မှုနဲ့ ခွင့်ပေးဖို့ ချီတုံ ချတုံဖြစ်နေမှာပဲ။
လွတ်လပ်မှုကိုတစ်ဆင့်ပြီးမှတစ်ဆင့်ပေးပါ
လွတ်လပ်ခွင့်ကိုချက်ချင်းလွတ်မပေးပါနဲ့။ သင့်ကလေးမှာကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိလာအောင် စောနိုင်သမျှ စောစောတည်ဆောက်ပေးပါ။ ကလေးတွေအတွက် မိဘအနေနဲ့ လုပ်ပေးရမယ့်အစား သူတို့ ဘာသာလုပ်ဖို့ အခွင့်အရေးပေးပါ။ ကိုယ်ဘာသာအင်္ကျီဝတ်ဖို့၊ ကျောင်းသွားဖို့ အတွက် ပြင်ဆင်တာကအစ၊ ကလေးတွေကို လုပ်ခိုင်းပြီးနောက်ပိုင်းဘတ်စ်ကားစီးပြီးကျောင်းသွားနိုင်ဖို့ ၎င်းတို့အား ယုံကြည်လိုက်ပါ။
ကလေးတွေအနေနဲ့ စိတ်ချယုံကြည်ရတယ်လို့ ပြလာရင်၊ ငွေပေးကိုင်ပြီးကိုယ်လိုချင်တဲ့ စာရေး ကိရိယာတွေကို ဝယ်ဖို့ ဆုံးဖြတ်တဲ့အခါ ပေးထားတဲ့ ငွေနဲ့ လုံလောက်စွာသုံးတတ်ဖို့ သိလာမယ်။
ကျန်းမာရေးနဲ့ ဘေးကင်းရေးကပထမ
ကလေးပေါ် အကျိုးသက်ရောက်မယ့် ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ ပြုလုပ်ဖို့ ကလေးအား အခွင့်ပေးပါ။ ဒါပေမယ့် ၎င်းရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းမှုကိုထိခိုက်စေမယ့် လှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင် ကန့်သတ်ချက်များပေးပြီးအမိန့်ပေးသင့်ရင် ပေးရမယ်။ ဥပမာ – ကိုးနှစ်အရွယ်ကလေးကိုဘတ်စ်ကားနဲ့ သွားစေတဲ့အခါမှာ နေ့ပိုင်းမှာခွင့်ပြုပြီးညပိုင်းမှာပေးမသွားသင့်ပါ။ ငါးနှစ်အရွယ် ကလေးနဲ့ လမ်းဖြတ်ကူးရင်၊ ၎င်းရဲ့လက်ကိုကိုင်ပြီးကူးရမှာဖြစ်တယ်။
လှုပ်ရှားမှုတွေမှာအကျိုးဆက်တွေရှိတယ်
သင့်ကလေးက လွတ်လပ်မှုအသစ်တစ်ခု လိုချင်တယ်။ သူအဆင်သင့်ဖြစ်နေသလားဆိုတာ သင်မသေချာဘူး။ ကောင်းတဲ့ လက်သုံးဖြတ်လမ်းဟာ ဒီလွတ်လပ်မှုရဲ့ အကန့်အသတ်တွေကိုထူထောင်ဖို့နဲ့ ၎င်းကို အလွဲသုံးစားပြုရင် ပြန်ယူငင်သွားမှာကိုရှင်းရှင်းလင်းလင်းဖော်ပြဖို့ဖြစ်တယ်။ လွတ်လပ်မှုတိုင်းဟာ တာဝန်ယူမှုနဲ့ အတူလာပြီးတလွဲအသုံးမပြုဖို့ သင့်ကလေးနားလည်တဲ့အခါ ကလေးဟာကိုယ့်ကိုယ်ကိုထိန်းဖို့ လေ့လာသင်ယူပြီးလုပ်ပေးထားတဲ့ လွတ်လပ်မှုကိုတန်ဖိုးထားလိမ့်မယ်။
Authoe – နှင်းအေးဝေ