(Zawgyi)
အမ်ိဳးသမီးထုေတြမွာ မိန္းမကိုယ္မွာ တစ္စို႔စို႔ ျဖစ္တယ္ဆို သားအိမ္မ်ားက်ေနတာလား ဆိုၿပီး ထင္တတ္ၾကတယ္။
သားအိမ္က်တယ္ဆိုတာ အသက္ငယ္ပိုင္းထက္စာရင္အသက္ႀကီးပိုင္းေတြ ပိုျဖစ္ႏိုင္ပါတယ္။ အပ်ိဳေတြထက္စာရင္လည္း အိမ္ေထာင္သည္ ကေလးအေမေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။ အပ်ိဳေတြမွာ အေလးအပင္အရမ္းမတာေတြဆိုရင္ေရာ သားအိမ္က်ႏိုင္လားလို႔ေမးတတ္ၾကတယ္။ သားအိမ္က်တာထက္ အူက်တာမ်ိဳးက ပိုျဖစ္ႏိုင္ပါတယ္။
သားအိမ္က်တာက အိမ္ေထာင္သည္ အမ်ိဳးသမီးေတြမွာေတာင္မွ ကေလးအေမေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။ ကေလးေမြးတာမွာလည္း ခြဲေမြးတာထက္စာရင္ ႐ိုး႐ိုးေမြးထားတဲ့ သူေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။ ႐ိုး႐ိုးေမြးတဲ့ကေလး မ်ားေလ သားအိမ္ပိုက်ႏိုင္ေလပါပဲ။
ဘာေၾကာင့္ သားအိမ္က်ရတာလဲ။
သားအိမ္ကို အေထာက္အပံ့ေပးထားတဲ့ ႂကြက္သားေတြက သားအိမ္ေဘးပတ္လည္မွာရွိပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သားအိမ္က တစ္ျဖည္းျဖည္းႀကီးလာတာနဲ႔အမွ် ထိန္းေပးတဲ့ ႂကြက္သားေတြကပါ ပိုအလုပ္လုပ္ရပါတယ္။
ကေလးကို႐ိုး႐ိုးေမြးတဲ့အခါဆို ပိုဆိုးပါတယ္။ ကေလးမေမြးခင္ အနည္းဆုံး ေျခာက္နာရီ ခုႏွစ္နာရီေလာက္က ဗိုက္ကနာလိုက္ ညႇစ္ေနသလိုျဖစ္လိုက္နဲ႔ ေတာက္ေလွ်ာက္ခံစားရပါတယ္။ ကေလးေမြးေတာ့လည္း အားကုန္ညႇစ္ရတာပါ။ မိန္းမကိုယ္လမ္းေၾကာင္းမွာရွိတဲ့ ႂကြက္သားေတြကလည္း ကေလးေမြးတဲ့အခါ ေပ်ာ့လာၿပီး မိန္းမကိုယ္လမ္းေၾကာင္းကို ပိုက်ယ္ေအာင္ခ်ဲ႕ေပးၾကပါတယ္။
ဒီလိုမ်ိဳး ႂကြက္သားေတြ ဆန႔္လိုက္ေလ်ာ့လိုက္နဲ႔ျဖစ္ရာကေန ႀကိမ္ဖန္မ်ားလာတယ္ဆို ဒီႂကြက္သားေတြက ေလ်ာ့တိေလ်ာ့ရဲ ျဖစ္လာၿပီး သားအိမ္ကိုလည္း ေကာင္းေကာင္းမထိန္းႏိုင္ေတာ့ပါဘူး။
သားအိမ္ကြၽံတာက အဆင့္ေတြသတ္မွတ္ထားပါတယ္။ မိန္းမကိုယ္အထဲမွာတင္လား မိန္းမကိုယ္အဝထိေရာက္ေနလား မိန္းမကိုယ္အျပင္ဘက္ကို ကြၽံထြက္လာၿပီလား စသျဖင့္ပါ မိန္းမကိုယ္အျပင္ဘက္ကိုကြၽံထြက္လာၿပီဆို ဆီးအိမ္ေတြပါလာတာလည္းရွိတတ္ပါတယ္။
သားအိမ္ကြၽံက်တဲ့အခါ အစပိုင္းမွာေတာ့ မိန္းမကိုယ္အဝမွာပဲ တစ္စို႔စို႔ျဖစ္ႏိုင္ပါတယ္။ တစ္စို႔စို႔ျဖစ္တိုင္းေတာ့ သားအိမ္မက်ပါဘူး။ အိမ္ေထာင္သည္ေတြမွာ လိင္ဆက္ဆံဖူးတဲ့သူေတြမွာ တစ္ခါတစ္ေလလည္း တစ္စို႔စို႔လိုမ်ိဳးကို ခံစားရတတ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ေတာ့ အဲဒီလိုခံစားေနရရင္ သက္ေတာင့္သက္သာေနရမွာပါ။ ပက္လက္လွဲတာ တင္ပါးေအာက္မွာ ေစာင္ျဖစ္ျဖစ္ ခုၿပီးလွဲေနပါ။
အေလးအပင္မတာ ကုံးကြတာေတြကိုေတာ့ ေရွာင္ၾကဥ္ရမွာပါ။ သားအိမ္က်ျခင္းကို ပိုဆိုးေစႏိုင္ပါတယ္။ သားအိမ္က်တာၾကာလာတာနဲ႔အမွ် တစ္ျဖည္းျဖည္းနဲ႔ မိန္းမကိုယ္အျပင္ဘက္ထိ ထြက္လာတတ္တယ္။ တစ္ခ်ိဳ႕ အမ်ိဳးသမီးေတြက တစ္ခါတစ္ေလ တန္းမကုျဖစ္တဲ့အခါ ကြၽံထြက္လာတဲ့ သားအိမ္ ထိပ္ပိုင္းေတြမွာ အနာေတြျဖစ္လာတတ္တယ္။
သားအိမ္ကြၽံက်တဲ့အခါမွာ အဓိက ကုသတာကေတာ့ ခြဲစိတ္ရတာပါပဲ။ ႂကြက္သားေတြကိုတင္းတင္းရင္းရင္းျဖစ္ေအာင္ျပန္ခ်ဳပ္ရတယ္။ မိန္းမကိုယ္လမ္းေၾကာင္းကတစ္ဆင့္ခြဲေပးတာပါ။
အသက္ႀကီးပိုင္းေတြ မခြဲခ်င္ေသးတဲ့သူေတြမွာေတာ့ ကြင္း ခံေပးလို႔ရပါတယ္။ ကြင္း ခံမယ္ဆိုရင္လည္း အေပၚမွာေျပာထားသလို အနာျဖစ္ေနရင္ အနာကို အရင္က်က္ေအာင္ေစာင့္ရပါတယ္။ အနာက်က္မွ ကြင္း ခံေပးလို႔ရပါတယ္။
ကြင္းခံတဲ့အခါမွာလည္း အ႐ြယ္အစားအလိုက္ ေျပာင္းေျပာင္းသြားႏိုင္ပါတယ္။ ကြင္း က တစ္ခါခံထားရင္ သုံးလေလာက္ေနမွ တစ္ခါျပန္လဲေပးလို႔ရပါတယ္။ ကြင္း က တစ္ခါတစ္ေလ ထြက္က်တာလည္းျဖစ္တတ္တယ္။ အဲလိုအခါေတြမွာေတာ့ သားဖြားမီးယပ္ဆရာဝန္ေတြကို ျပန္ၿပီးတိုင္ပင္ဖို႔လိုပါတယ္။
ဘာပဲျဖစ္ျဖစ္ေတာ့ ကိုယ့္ကိုယ္ကို သားအိမ္ကြၽံက်တယ္လို႔ စိတ္ထဲခံစားေနရၿပီဆိုရင္ သားဖြားမီးယပ္ဆရာေတြနဲ႔ ေသခ်ာတိုင္ပင္လိုက္တာက ပိုၿပီးသင့္ေတာ့ပါလိမ့္မယ္။
Author: Dr. CST
(Unicode)
အမျိုးသမီးထုတွေမှာ မိန်းမကိုယ်မှာ တစ်စို့စို့ ဖြစ်တယ်ဆို သားအိမ်များကျနေတာလား ဆိုပြီး ထင်တတ်ကြတယ်။
သားအိမ်ကျတယ်ဆိုတာ အသက်ငယ်ပိုင်းထက်စာရင်အသက်ကြီးပိုင်းတွေ ပိုဖြစ်နိုင်ပါတယ်။ အပျိုတွေထက်စာရင်လည်း အိမ်ထောင်သည် ကလေးအမေတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အပျိုတွေမှာ အလေးအပင်အရမ်းမတာတွေဆိုရင်ရော သားအိမ်ကျနိုင်လားလို့မေးတတ်ကြတယ်။ သားအိမ်ကျတာထက် အူကျတာမျိုးက ပိုဖြစ်နိုင်ပါတယ်။
သားအိမ်ကျတာက အိမ်ထောင်သည် အမျိုးသမီးတွေမှာတောင်မှ ကလေးအမေတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ကလေးမွေးတာမှာလည်း ခွဲမွေးတာထက်စာရင် ရိုးရိုးမွေးထားတဲ့ သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးတဲ့ကလေး များလေ သားအိမ်ပိုကျနိုင်လေပါပဲ။
ဘာကြောင့် သားအိမ်ကျရတာလဲ။
သားအိမ်ကို အထောက်အပံ့ပေးထားတဲ့ ကြွက်သားတွေက သားအိမ်ဘေးပတ်လည်မှာရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်က တစ်ဖြည်းဖြည်းကြီးလာတာနဲ့အမျှ ထိန်းပေးတဲ့ ကြွက်သားတွေကပါ ပိုအလုပ်လုပ်ရပါတယ်။
ကလေးကိုရိုးရိုးမွေးတဲ့အခါဆို ပိုဆိုးပါတယ်။ ကလေးမမွေးခင် အနည်းဆုံး ခြောက်နာရီ ခုနှစ်နာရီလောက်က ဗိုက်ကနာလိုက် ညှစ်နေသလိုဖြစ်လိုက်နဲ့ တောက်လျှောက်ခံစားရပါတယ်။ ကလေးမွေးတော့လည်း အားကုန်ညှစ်ရတာပါ။ မိန်းမကိုယ်လမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကလည်း ကလေးမွေးတဲ့အခါ ပျော့လာပြီး မိန်းမကိုယ်လမ်းကြောင်းကို ပိုကျယ်အောင်ချဲ့ပေးကြပါတယ်။
ဒီလိုမျိုး ကြွက်သားတွေ ဆန့်လိုက်လျော့လိုက်နဲ့ဖြစ်ရာကနေ ကြိမ်ဖန်များလာတယ်ဆို ဒီကြွက်သားတွေက လျော့တိလျော့ရဲ ဖြစ်လာပြီး သားအိမ်ကိုလည်း ကောင်းကောင်းမထိန်းနိုင်တော့ပါဘူး။
သားအိမ်ကျွံတာက အဆင့်တွေသတ်မှတ်ထားပါတယ်။ မိန်းမကိုယ်အထဲမှာတင်လား မိန်းမကိုယ်အဝထိရောက်နေလား မိန်းမကိုယ်အပြင်ဘက်ကို ကျွံထွက်လာပြီလား စသဖြင့်ပါ မိန်းမကိုယ်အပြင်ဘက်ကိုကျွံထွက်လာပြီဆို ဆီးအိမ်တွေပါလာတာလည်းရှိတတ်ပါတယ်။
သားအိမ်ကျွံကျတဲ့အခါ အစပိုင်းမှာတော့ မိန်းမကိုယ်အဝမှာပဲ တစ်စို့စို့ဖြစ်နိုင်ပါတယ်။ တစ်စို့စို့ဖြစ်တိုင်းတော့ သားအိမ်မကျပါဘူး။ အိမ်ထောင်သည်တွေမှာ လိင်ဆက်ဆံဖူးတဲ့သူတွေမှာ တစ်ခါတစ်လေလည်း တစ်စို့စို့လိုမျိုးကို ခံစားရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ အဲဒီလိုခံစားနေရရင် သက်တောင့်သက်သာနေရမှာပါ။ ပက်လက်လှဲတာ တင်ပါးအောက်မှာ စောင်ဖြစ်ဖြစ် ခုပြီးလှဲနေပါ။
အလေးအပင်မတာ ကုံးကွတာတွေကိုတော့ ရှောင်ကြဉ်ရမှာပါ။ သားအိမ်ကျခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ သားအိမ်ကျတာကြာလာတာနဲ့အမျှ တစ်ဖြည်းဖြည်းနဲ့ မိန်းမကိုယ်အပြင်ဘက်ထိ ထွက်လာတတ်တယ်။ တစ်ချို့ အမျိုးသမီးတွေက တစ်ခါတစ်လေ တန်းမကုဖြစ်တဲ့အခါ ကျွံထွက်လာတဲ့ သားအိမ် ထိပ်ပိုင်းတွေမှာ အနာတွေဖြစ်လာတတ်တယ်။
သားအိမ်ကျွံကျတဲ့အခါမှာ အဓိက ကုသတာကတော့ ခွဲစိတ်ရတာပါပဲ။ ကြွက်သားတွေကိုတင်းတင်းရင်းရင်းဖြစ်အောင်ပြန်ချုပ်ရတယ်။ မိန်းမကိုယ်လမ်းကြောင်းကတစ်ဆင့်ခွဲပေးတာပါ။
အသက်ကြီးပိုင်းတွေ မခွဲချင်သေးတဲ့သူတွေမှာတော့ ကွင်း ခံပေးလို့ရပါတယ်။ ကွင်း ခံမယ်ဆိုရင်လည်း အပေါ်မှာပြောထားသလို အနာဖြစ်နေရင် အနာကို အရင်ကျက်အောင်စောင့်ရပါတယ်။ အနာကျက်မှ ကွင်း ခံပေးလို့ရပါတယ်။
ကွင်းခံတဲ့အခါမှာလည်း အရွယ်အစားအလိုက် ပြောင်းပြောင်းသွားနိုင်ပါတယ်။ ကွင်း က တစ်ခါခံထားရင် သုံးလလောက်နေမှ တစ်ခါပြန်လဲပေးလို့ရပါတယ်။ ကွင်း က တစ်ခါတစ်လေ ထွက်ကျတာလည်းဖြစ်တတ်တယ်။ အဲလိုအခါတွေမှာတော့ သားဖွားမီးယပ်ဆရာဝန်တွေကို ပြန်ပြီးတိုင်ပင်ဖို့လိုပါတယ်။
ဘာပဲဖြစ်ဖြစ်တော့ ကိုယ့်ကိုယ်ကို သားအိမ်ကျွံကျတယ်လို့ စိတ်ထဲခံစားနေရပြီဆိုရင် သားဖွားမီးယပ်ဆရာတွေနဲ့ သေချာတိုင်ပင်လိုက်တာက ပိုပြီးသင့်တော့ပါလိမ့်မယ်။
Author: Dr. CST