fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နို့ချို တိုက်ကျွေးခြင်းနဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

74
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/12/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိခင်နို့ချို တိုက်ကျွေးရင် ကလေးအတွက်သာမက မိခင်အတွက်ပါ ကျန်းမာရေးသုခနဲ့ ပြည့်စုံပါတယ်။ဘယ်လို ကျန်းမာရေးသုခတွေလဲ ဆိုတာ သိချင်ကြမယ် ထင်ပါတယ်။ မိခင်နို့တိုက်ကျွေးရင် အောက်ပါ ကျန်းမာရေးသုခများနဲ့ပြည့်စုံပါတယ်။

-မိခင်နို့တိုက်ကျွေးတဲ့အခါ မိခင်နဲ့ မိမိကလေး အကြည့်ချင်းဆုံသဖြင့် ပီတိသောမနာသဖြစ်ကာ မိခင်မှာ စိတ်ဘဝင် ရွှင်လန်းချမ်းမြေ့ရပါတယ်။
-ကလေးက မိခင်နို့ကို စို့တဲ့အခါ အောက်ဆီတိုစင် ဆိုတဲ့ ဟော်မုန်းလ် ထွက်လာကာ မိခင်နဲ့ ကလေးကြား ယုံကြည်မှုတိုးလာစေကာ ကြောက်ရွံ့မှုတွေကို လျော့နည်းစေပါတယ်။
-ထို အောက်ဆီတိုစင်သည် မိခင်ရဲ့ သားအိမ်ညှစ်အားကို အားပေးသဖြင့် မီးဖွားပြီးသွေးသွန်တာကို လျော့နည်းစေပါသေးတယ်။
-မိခင်နို့ထဲမှာ မပြည့်ဝတဲ့ ဖက်တီးအက်ဆစ် Poly unsaturated fatty acid ပါတဲ့အတွက် အင်ဆူလင်အာနိသင်ကျလို့ ဖြစ်တဲ့ ဆီးချိုသွေးချိုနဲ့ အဝလွန်ခြင်း ၊ သွေးတိုးခြင်းများကို ကလေးငယ်မှာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
-ထို့အပြင် ထို မပြည့်ဝတဲ့ ဖက်တီးအက်ဆစ်သည် ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုလည်း တိုးတက်စေပါတယ်။
-နို့ဦးရည်မှာ အန်ဒေါဖင်း Endorphine ပါတဲ့အတွက် မီးဖွားစဉ် ကြုံခဲ့ရတဲ့ စိတ်ဖိစီးမှုဒဏ်တွေကို လျော့နည်းစေပါတယ်။
-မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့ အင်မျူနိုဂလိုဗျူလင် Immunoglobulin A နဲ့ တခြား ခုခံအားဓာတ်တွေ ပါတဲ့အတွက် ကလေးကို ရောဂါပိုးများ ကူးစက်မှုမှ ကာကွယ်ပေးပါတယ်။
-မိခင်နို့မှာပါတဲ့ အက်ဆစ်ဓာတ်တွေကြောင့် ကလေးရဲ့ အူလမ်းကြောင်းမှာ လိုအပ်တဲ့ လက်တိုဘက်ဆီလိုင် lactobacilli လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးတွေ ပုံမှန်ရှင်သန်နိုင်အောင် ကူညီပေးပါတယ်။ ဒါမှ ကလေးဝမ်းမှန်လာမှာပါ။
-မိခင်နို့တိုက်ကျွေးရင် ဝမ်းပျက်ဝမ်းလျော ဖြစ်နှုန်း ၊နမိုးနီးယားဖြစ်နှုန်းတွေနည်းကာ ကလေး သေပျောက်နှုန်းလည်း ကျဆင်းလာနိုင်ပါတယ်။
-မိခင်နို့မှာ ကလေးအတွက် လိုအပ်တဲ့ အငန်ဓာတ် စိုဒီယမ် ကလိုရိုက်ဓာတ်၊ပိုတက်စီယမ် နဲ့ ကယ်လ်စီယမ်ဓာတ်များ သင့်တင့်လျောက်ပတ်တဲ့ ပမာဏပါပါတယ်။
-မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးမှာ အမျိုးအစား ၁ သွေးချို ဆီးချိုရောဂါ ၊ အဆစ်အမြစ်ရောင်နာ ၊အစားအသောက် စတဲ့ ဓာတ်မတည့်ရောဂါများ ဖြစ်ပွားနိုင်ခြေ လျော့နည်းစေပါတယ်။
-မိခင်မှာလည်း ရင်သားနဲ့ ပတ်သက်တဲ့ ပြဿနာများ ဖြစ်တဲ့ ရင်သားနာခြင်း ရောင်ခြင်း၊ရင်သားတင်းခြင်း ၊ပြည်တည်ခြင်း စတာတွေ အဖြစ်နည်းသွားပါတယ်။
-ဒါ့အပြင် မိခင်မှာ ကလေးကို နို့ချိုတိုက်ကျွေးခြင်းဖြင့် အဝမလွန်စေတဲ့ အကျိုးကျေးဇူး ရပါတယ်။
-ထို့အပြင် ကလေးကို နို့တိုက်နေသောမိခင်တို့မှာ ကိုယ်ဝန်ရနိုင်ခြေနည်းတယ်လို့ဆိုကြပါတယ်။

Author : ခေတ်သစ် ဇီဝက

Previous Post

အခက်အခဲတွေက လွတ်ပါစေသား

Next Post

ကြာညိုရနံ့ သင်းစေသော်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
567
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြာညိုရနံ့ သင်းစေသော်

သန္ဓေတားဆေးအမျိုးမျိုးနှင့် ကလေးယူခြင်း

နှလုံးကျန်းမာရေးအတွက် သတိထားရှောင်ရှားရမယ့် အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.