fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးမွေးရင် ယောက်ျားလေးရချင်သလား

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/11/2017
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

ယောက်ျားလေးရစေမဲ့ အစားအသောက်တွေကို အရပ်စကားပြောကြတာရှိတယ်။ အသား၊ အထူးသဖြင့် အမဲသား၊ ဆိတ်သား၊ ဆားပါတဲ့သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊ (ကေဖင်း) ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်။ အစဉ်အဆက် မိန်းမဘက်ကို အာရုံထားကြတယ်။ နောက်မှာ ယောက်ျားတွေကို စမ်းကြပြန်တယ်။ Testicle ယောက်ျား အစိတစ်ဖက်ကို ခြည်နှောင်ပေးတာကို စမ်းသပ်ခဲ့ကြဘူးတယ်။ တခြားနည်းတွေလဲ တရွာတပုဒ်ဆန်း မနည်းလှပါ။

Boys Hint အရပ်ပြော သားယောက်ျားလေး ရစေနည်းတွေကတော့…………
– ကပ်ပယ်အိတ် အေးစေအောင် (ဘော်ဆာ) အတွင်းခံ ဝတ်ထားပါ။
– ယောက်ျားက အရင် (အော်ဂဇင်) ရအောင်နေပါ။
– အိမ်ထောင်ဖက်နဲ့သာ (မ) ဂဏန်းရက်တွေမှာ အတူနေရင် မိန်းကလေး မွေးမယ်။
– အတူနေဘို့ ယောက်ျားကစပါ။
– ယောက်ျားက အထက်ကအနေအထားနဲ့ ဆက်ဆံပါ။
– မတ်တပ်ရပ် အနေအထားနဲ့ စခန်းသွားပါ။
– ညအချိန်မှာ ဆက်ဆံပါ။
– လပြည့်ရက်၊ လဆန်းရက်တွေရှောင်ပါ။ လပြည့်ကျော် တပတ်မှာ အတူနေကြပါ။

ဆရာဝန်တွေကနေပြောတာထဲမှာ (သီအိုရီ) တခုရှိပါတယ်။ (ဘိုင်အိုရစ်သမ်) နည်းလို့ခေါ်တယ်။ ၁၉ ရာစုကတည်းက ပေါ်တာပါ။ မိခင်လောင်းရဲ့ ဇီဝ-စည်းချက်နဲ့ သန္ဓေယူချိန်နဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။ ဇီဝ-စည်းချက် အတက်-အကျဆိုတာ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရဲ့ အက်စစ်ဓာတ်နဲ့ ဆက်စပ်နေတယ်။

ဒါ့အပြင် မ-မျိုးဥ အဖုံးလွှာရဲ့ လျှပ်စစ်-သံလိုက် အခြေအနေနဲ့လဲ ဆက်စပ်ပါသေးတယ်။ ဟိုရှေးရှေး ဆေးပညာဖခင်ကြီး (ဟစ်ပိုခရေးတီးစ်)လက်ထက်ကတည်းက နေ့ကောင်းရက်သာနဲ့ ပြဿဒါးရက်တွေဟာ Cycles တလှည့်စီသဘောဖြစ်နေပါသတဲ့။ သိပ္ပံနည်းကျ ဖြစ်လာတာကတော့ ၁၈၉၇ ရောက်မှ Dr Wilhelm flies ကနေစပြီး ရုပ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်းဇီဝ-စည်းချက်တွေက်ု ဖေါ်ထုတ်ပါတယ်။

လူတိုင်းဟာ မွေးကတည်းက ဇီဝ-စည်းချက် (အပင်)နဲ့ ရှိလာကြတယ်။ အိပ်ချိန်နဲ့ နိုးထချိန်၊ ဟော်မုန်း တမျိုးစီထွက်ချိန်တွေ အလှည့်ကျ ဖြစ်ရတယ်။ ဇီဝ-စည်းချက် အဓိက ၃ မျိုးရှိတယ်။ ရုပ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနဲ့ ဉာဏ်ရည်ပိုင်းတွေ ဖြစ်ကြတယ်။ ၁၉၀၂ ခုနှစ်မှာ ဗီယက်နာတက္ကသိုလ်က စိတ်ပညာရှင် Dr Hermann Swobodaကလဲ ဒီအချက်ကို ထောက်ခံချက် ပေးလာတယ်။ သူကနေ ခန့်မှန်းချက်ရတဲ့အထိ လေ့လာမှုပြုနိုင်ခဲ့တယ်။ သူ့နောက် ၁၉၂၀ ခုနှစ်မှာ နာမည်ကျော်သင်္ချာပညာရှင် Alfred Teltscher ကနေ Intellectual thythm ကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။

လူတွေဟာ တချို့အချိန်ကာလတွေမှာ ညံ့နေကြတာ တွေ့ရှိလာတယ်။ ပညာရှင်တွေကနေ ဇီဝ-စည်းချက်ကျပုံတွေကို အမျိုးမျိုးသော ဂဏန်းသသင်္ချာ ဥပဒေသတွေ ထုတ်ယူကြတယ်။ ရလာတဲ့ ဖေါ်မြူလာတွေကို အသုံးချရင် မိခင်လောင်းအတွက် ယောက်ျားလေးရစေဘို့၊ မိန်းကလေးရစေဘို့ ပြက္ခဒိန်တခု ရလာလိမ့်မယ်။ ၉၅% အောင်မြင်တယ်လို့ ဆိုပါတယ်။

(ဗဂျိုင်းနား)ဟာလဲ သူ့စည်းချက်နဲ့သူ ပြောင်းနေတယ်။ (ဗဂျိုင်းနား) အက်စစ်ဓာတ် ဖြစ်နေချိန်မှာ မ-မျိုးဥဟာ သုက်ပိုးထဲက X (အိတ်က်စ်-ခရိုမိုဇုမ်း) ကိုဆွဲယူမှာဖြစ်လို့ မိန်းကလေးရစေနိုင်တယ်။ (ဗဂျိုင်းနား)က (အယ်လ်ကာလိုင်း)ဓာတ် ဖြစ်နေချိန်ဆိုရင် Y (ဝိုင်ခရိုမိဇုမ်း)ကို ဆွဲဆောင်ပေးတာမို့ ယောက်ျားလေး ဖြစ်စေမယ်။

အမျိုးသမီးတယောက်ရဲ့ ဇီဝ-စည်းချက်ကနေ ဟော်မုန်းထွက်တာကို သက်ရောက်စေတယ်။ တဆက်ထဲ သူကနေမွေးလာမဲ့ ကလေးရဲ့ ကျား-မ ဆိုတာကိုပါ သက်ရောက်စေတယ်လို့လဲ ယူဆကြတယ်။ မိခင်ရဲ့ ဇီဝ-စည်းချက်ကိုကြည့်ပြီး မွေးလာမဲ့ကလေး ကျား-မ ခွဲနိုင်စေဘို့ ခန့်မှန်းချက်ကို တွေ့လာတာကတော့ ၁၉၆၀ကျော်မှ ဖြစ်ပါတယ်။

Dr Irvin Fisher နဲ့ John Toran တို့ကနေ ၁၉၆၂ မှာ Ladie’s Home Journal မှာ စရေးခဲ့ပါတယ်။မငြင်းနိုင်တဲ့ ဆေးပညာက လက်ခံထားတဲ့ အချက်ကတော့ မိခင်မှာရှိတဲ့ XX ခရိုမိုဇုမ်းနဲ့ ဖခင်မှာရှိတဲ့ XY ခရိုမိုဇုမ်း အတွဲတွေကနေ ကျား-မ လိင်ကိုဖြစ်စေတယ်။ ကလေးရဲ့(လိင်) ရွေးခြယ်ရာမှာ အမေရောအဖေပါ တဝက်စီဆိုင်တယ်။ မိခင်မှာ XX ရှိနေလို့ သူကနေ X တခုကိုသာ ထုတ်ပေးနိုင်တယ်။ ဖခင်မှာ XY ရှိနေလို့ X ဖြစ်ဖြစ် Y ဖြစ်ဖြစ်တခုခုကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကလေးရဲ့(လိင်)အတွက် ဖခင်ဟာ အလွန်အရေးပါတဲ့ အဆုံးအဖြတ်ကို ပေးတယ်။

လိင်ဆက်ဆံမှုတခု ပြုပြီးတာနဲ့ ယောက်ျားကပြီးစီးချိန်မှာ သုက်ကောင်ရေပေါင်း သန်း ၂၀၀ ထုတ်ပေးတယ်။ အဲဒီထဲက ဖခင်ရဲ့ X ဒါမှမဟုတ် Y တခုတည်းကသာ မ-မျိုးဥနဲ့ ပေါင်းစပ်ပြီး ကလေးကို (ကျား) ရယ်၊ (မ) ရယ် ခွဲခြားဖြစ်စေနိုင်တယ်။

Shettles Method (ရှက်တဲလ်စ်)နည်း မိန်းကလေး ဘယ်လိုရစေမလဲကို အထူးပြုတဲ့နည်းဖြစ်ပေမဲ့ (ကျား) ရော (မ)ပါ ရအောင်လုပ်နည်း ဖြစ်တယ်။ Y ပါတဲ့ သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာမနေနိုင်ဘူး။ ဒါကြောင့် မမျိုးဥထွက်နေချိန်မှာ အမျိုးသမီးရဲ့ ကိုယ်ထဲမှာ သုက်ပိုး လုံးဝ ရှိမနေစေဘဲ၊ မ-မျိုးဥ ထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေလာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့သုက်ပိုးတွေက အရင်ရောက်လာလို့ ယောက်ျားလေးရစေမယ်။ဒီလိုဖြစ်လာစေဘို့ အမျိုးသမီးဟာ ကိုယ့်ရာသီရက်-လ အတိအကျ သိရမယ်။

ဘာတစ်ခုမှ မလုပ်သေချင် မနက်အိပ်ရာထချိန်မယ်တိုင်းယူတဲ့ ကိုယ်အပူချိန်တိုင်းယူပြီး ဇယားချထားနိုင်တယ်။ ၃-၄ လလောက် အဲလိုတွက်ချက်မှတ်သားထားပါ။ မျိုးဥ ဘယ်ရက်မှာ အတိအကျ ထွက်တယ် ဆိုတာ သေချာပေါက်သိနိုင်တယ်။ ကြားရက်တရက် (လလည်ရက်) မှာ ကိုယ်အပူချိန် နဲနဲလေးတက်နေတာ တွေ့မယ်။ အဲဒါ မျိုးဥထွက်တဲ့ရက် ဖြစ်တယ်။

အဲဒီရက်မတိုင်ခင် ၄-၅ ရက် အတွင်း အတူနေကြရင်တောင်မှ ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့အင်္ဂါထဲကို သုက်မလွှတ်ပါနဲ့။ အပြင်ထုတ်နည်းဖြစ်ဖြစ် (ကွန်ဒွမ်)သုံးတာဖြစ်ဖြစ် လုပ်ပါ။ တွက်ချက်ထားတဲ့ မျိုးဥထွက်မဲ့ရက်မှာ (ကွန်ဒွမ်)မပါဘဲ ဗဂျိုင်းနားထဲမှာ သုက်လွှတ်ပါ။ အတိအကျပြောရရင် ထွက်ချိန်မတိုင်ခင် ၁၂နာရီမှာ အတူနေပြီး သုက်ထည့်ပေးပါ။ဆက်ဆံနည်းကလည်း လိင်တံထိပ်ဖျားဟာ သားအိမ်အဝနဲ့ ထိထိမိမိဖြစ်စေရမယ်။ နောက်ကနေ ဆက်ဆံနည်းလဲ အပါအဝင်ဖြစ်တယ်။ မိန်းမဖြစ်သူကပြီးရင် သုက်ပိုးကို မ-မျိုးဥဆီရောက်စေဘို့ အားပေးရာကျတယ်။

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal,vol 8,no 37 (29.9.17)

Previous Post

လိင်အင်္ဂါမှာ ပေါက်တဲ့ အဖု

Next Post

အမျိုးသမီးများနှင့် ဒေါက်မြင့်ဖိနပ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
631

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
601
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
780

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများနှင့် ဒေါက်မြင့်ဖိနပ်

သီတင်းကျွတ်ရင် ဖတ်စေချင်

နမိုးနီးယားခေါ် အဆုတ်အအေးမိခြင်းဆိုသည်မှာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.