fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

နိုဗူးတိုက်ကျွေးခြင်း

443
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/09/2016
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် ဆေးပညာရှင်များသည် မိခင်နို့ရည်တိုက်ကျွေးရန်သာ အားပေး ကြသည်။ နို့ဘူးတိုက်ကျွေးခြင်းကိုမှု အားမပေးကြပါ။ မတတ်သာမှသာ နို့ဗူးတိုက်ဖို့ အကြံပြုတတ်ကြသည်။

မိခင်နို့ရည်သည် ကလေးအတွက် အကောင်းဆုံးအာဟာရ ဖြစ်သည်။ အဆင်သင့် အချိန်အခါမရွေး ရနိုင်သည်။ အပူအအေးအားဖြင့် ကလေးငယ်အတွက် အကောင်းဆုံုးဖြစ်သည်။ ကုန်ကျစရိတ်မရှိ။ ရောဂါပိုးမွှား များနှင့် ထိတွေ့မှုလည်းမရှိနိုင်။ ကလေးငယ်အတွက် ရောဂါပိုးမွှားများ၏ ကူးစက်နိုင်မှုကို ကာကွယ်ပေးနိုင်သည့် ပဋိပစ္စည်းများစွာလည်း ပါဝင်သည်။

နို့ဗူးတိုက်ကျွေးခြင်းသည် ကျန်းမာရေး ဗဟုသုတ တော်သင့်ရုံရှိ၍ မရ၊ ပြည့်ပြည့်စုံစုံ သိထားဖို့လိုသည်။ မိခင်၏ ပညာအရည်အချင်း မြင့်မားမှု ရှိခြင်းသည်လည်း နို့ဘူးတိုက်ကျွေးခြင်းနှင့် ပတ်သတ်၍ အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။ သို့မဟုတ်ပါက ကလေးငယ်ကျန်းမာရေးအတွက် အန္တရာယ်ပိုကြီးမားစေသည်။ အကြောင်း အမျိုးမျိုးကြောင့် မိခင်နို့ရည်တိုက်ကျွေးရန် မဖြစ်နိုင်မှသာ နို့ဘူးတိုက်ကျွေးရမည် ဖြစ်ပါသည်။
နို့ဘူးတိုက်မည်ဆိုသည်နှင့် ပထမဦးဆုံး အရေးကြီးသည့်အချက်မှာ တိုက်ကျွေးမည့် နို့မှုန့်ရွေးချယ် ရန်ဖြစ်သည်။ ထုတ်လုပ်သူများအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းအား အကောင်းဆုံးဖြစ်အောင် တီထွင် ဖန်တီး ကြိုးစားထားကြသည် ဖြစ်သော်လည်း ကလေးငယ်အတွက် သင့်တော်မှုရှိမရှိ အတိအကျ တွက်ဆထား ရန် ခက်ခဲလှပါသည်။ ဤအချက်ကို အာဟာရပညာရှင် သို့မဟုတ် ကလေးအထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင် သင့်သည်။
နို့မှုန့်များသည် နွားနို့ကို ပြုပြင်ဖြည့်စွက် ထုတ်ထားဖြစ်သည်။ ကလေးငယ်၏ အသက်အရွယ်နှင့် လိုက်လျောညီထွေရှိစေရန် ပြုပြင်ထိန်းသိမ်း ပေးထားကြသည်။ သို့သော် တချို့ကလေးများသည် နို့တွင်ပါသော သကြားဓာတ် (Lactose) နှင့် ဓာတ်မတည့်မှုများ ရှိတတ်သည်။ ထိုသို့ဖြစ်ပါက ပဲပုပ်နို့ရည် (Soya Milk) ကို တိုက်ကျွေးသင့်သည်။ ပဲပုပ်စေ့မှ ထုတ်လုပ်ထားသော နို့ရည်မှာ နို့မှုန့်ကဲ့သို့ပင် အာဟာရ ဓာတ်ပြည့်ဝမှု ရှိကြောင်း တွေ့ရပါသည်။ တစ်ခါတစ်ရံ အကောင်းဆုံးဟု ရွေးချယ်ဝယ်ယူတိုက်ကျွေးသော နို့မှုန့်ပင်လျှင် ကလေးငယ်နှင့် အဆင်မပြေ ဖြစ်တတ်သည်ကို သတိပြုသင့်သည်။
နို့ဘူးတိုက်ရာတွင် ဒုတိယအရေးကြီးသည့် ကိစ္စတစ်ရပ်မှာ နို့ဘူး သို့မဟုတ် နို့ပုလင်းရွေးချယ် ဝယ်ယူ ခြင်းဖြစ်သည်။ နို့ဘူး သို့မဟုတ် နို့ပုလင်းကို အနည်းဆုံး အရေအတွက်အားဖြင့် ခြောက်ဘူး သို့မဟုတ် ခြောက်ပုလင်းဝယ်ရန် ဖြစ်သည်။ ထို့အပြင် အဝကျယ်သော ဘူးမျိုး၊ ပုလင်းမျိုးကို ရွေးချယ်သင့်သည်။ အဝကျယ်မှသာလျှင် ဆေးကြောသန့်စင်ရာတွင် လွယ်ကူမည်ဖြစ်သည်။
နို့ဘူးအတွက် နို့သီးခေါင်းရွေးချယ်မှာလည်း အရေးကြီးပါသည်။ နို့သီးခေါင်းသည် နို့ရည်ကို ဖြည်းဖြည်းနှင့် မှန်မှန်ထွက်စေဖို့ လိုအပ်ပါသည်။ အကယ်၍ ပျက်စီးယိုယွင်းမှုရှိလျှင် နို့သီးခေါင်းကို ချက်ချင်း အသစ်လဲလှယ်ပေးရန် ဖြစ်ပါသည်။
နို့ဘူးတိုက်ကျွေးခြင်း၏ အသက်ဟုဆိုသည်မှာ ပိုးမွှားသန့်စင်အောင် ပြုလုပ်ခြင်းဖြစ်၏။ အလွန် အရေးကြီးသည့် အချက်ဖြစ်ပါသည်။ နို့ဘူးအား ပိုးမွှားသန့်စင်အောင် ပြုဆောင်ရာတွင် အများအားဖြင့် နည်းလမ်းသုံးမျိုးကို သုံနိုင်ပါသည်။ ပထမနည်းမှာ ပိုးမွှားသန့်စင်နိုင်သော အရည် သို့မဟုတ် ဆေးခဲထည့်၍ ရေအေးဖြင့် ဆေးကြောခြင်းဖြစ်သည်။ တတိယနည်းမှာ လျှပ်စစ် ရေနွေးငွေ့ဖြင့် ပိုးမွှားသန့်စင်စေခြင်း ဖြစ်သည်။
နို့ဘူးကို ပိုးမွှားသန့်စင်အောင်မပြုမီ စင်ကြယ်အောင်ဆေးကြောရန် လိုးအပ်ပါသည်။ ပိုးမွှားသန့်စင် ဆေးရည် သို့မဟုတ် ဆေးခဲသုံးပါက ၂၄ နာရီတွင်တစ်ကြိမ် အသစ်လဲပေးရန် ဖြစ်ပါသည်။ ထို့အပြင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှု မရှိအောင်လည်း ဂရုစိုက်ရပါမည်။ ပိုးမွှားသန့်စင်ပြီးသော နို့ဘူးများကို သေချာစွာ သိမ်းဆည်းထားရန်လည်း အရေးကြီးပါသည်။
နို့ဘူးဖျော်မည်ဆိုပါလျှင် လိုက်နာရမည့် စည်းကမ်းချက်များလည်း ရှိပါသည်။ ဦးစွာပထမ နို့ဖျော်မည့် သူသည် မိမိ၏ လက်ကို စင်ကြယ်အောင် ဆေးကြောရပါမည်။ ပြီးမှသာ နို့ဘူး၊ နို့သီးခေါင်းနှင့် နို့ဖျော်ရာတွင် အသုံးပြုမည့် ပစ္စည်းများကို ကိုင်တွယ်ရန်ဖြစ်ပါသည်။ ဖျော်စပ်ရာတွင် အညွှန်းအတိုင်း အတိအကျ လိုက်နာ ရပါမည်။ ဖျော်လိုက်သော နို့ရည်သည် ပျစ်လွန်းခြင်း သို့မဟုတ် ကျဲလွန်းခြင်း မရှိစေရပါ။ ကလေးငယ်၏ ကျန်းမာရေးကို ထိခိိုက်စေနိုင်ပါသည်။ ဖျော်ပြီး ချက်ချင်းမတိုက်သေးလျှင် ရေခဲသေတ္တာ၌ ၂၄ နာရီ သိမ်းလှောင်ထားနိုင်ပါသည်။
အကယ်၍ ကလေးငယ်အား တိုက်မည်ဆိုလျှင် နို့အပူချိန်ကို မျှတစေရန် ရေနွေးခွက်တွင် ခေတ္တ ပြန်ထည့်ပေးရပါမည်။ (Microwave ကို အသုံးပြု၍ နွေးစေခြင်းမပြုသင့်ပါ။) နို့ဘူးတိုက်စဉ် ကလေး အနေ အထား မှန်ကန်စေရန်လည်း သတိပြုရပါမည်။ မတ်မတ်အနေအထား သို့မဟုတ် လုံးဝလဲလျောင်းလျက် အနေ အထားမျိုး မဖြစ်သင့်ပါ။ Semi- Upright Position ခေါ် ခန့်မှန်း ၄၅ ဒီဂရီ ထောင်လျက် အနေအထား၌ နို့ဘူး တိုက်သင့်သည်။
နို့ဘူးတိုက်စဉ် နို့ဘူး၏အနေအထား မှန်စေရပါမည်။ အဓိက အရေးကြီးသည်မှာ နို့သီးခေါင်းအတွင်း နို့ရည်မပြတ်သွားစေရန် နို့ဘူးအနေအထား ချိန်ဆပေးရန် လိုအပ်ပါသည်။ နို့သီးခေါင်း၌ နို့ရည်ပြတ်လျှင် ကလေး၏ အစာလမ်းကြောင်းသို့ လေများ ဝင်ရောက်ကာ နို့သီးခြင်း ဖြစ်တတ်ပါသည်။ နို့သီးခေါင်းအပေါက် ကျယ်လွန်းလျှင် ကလေးငယ်အတွက် အခက်အခဲဖြစ်စေနိုင်ပါသည်။ ဤအချက်ကိုလည်း သတိပြုစစ်ဆေး ကြည့်ရပါမည်။
ကလေးသည် နို့စို့သည့်အရှိန် နှေးသွားလျှင် သို့မဟုတ် နို့ဘူးတစ်ဝက်ခန့် ကုန်သွားလျှင် နို့ဘူ;ကို ခေတ္တ ဖယ်ရှားပေးပါ။ ကလေးငယ်အား လေထုတ်ပေးပါ။လေတက်အောင် ပြုပေးပါ။
ကလေးငယ်အတွက် ပမာဏမည်မျှ တိုက်ကျွေးသင့်သည်ဆိုခြင်းမှာ အတိအကျပြောရန် ခက်ပါသည်။ သို့သော် ပထမ ရက်သတ္တပတ်တွင် ကလေးငယ် ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ၆၀ အောင်စ ဖြစ်ပါသည်။ နောက်ပိုင်းတွင် တစ်ကီလိုဂရမ် အတွက် ၁၅၀ အောင်စအထိ တိုက်ကျွေးနိုင်ပါသည်။ တိုက်ရမည့် အကြိမ် အရေအတွက် လိုအပ်သော ပမာဏကို ၂၄ နာရီ အတွင်း ခြောက်ကြိမ်ခွဲ၍ တိုက်ကျွေးရန် ဖြစ်ပါသည်။
နို့ဘူးတိုက်ကျွေးရာတွင် ဖော်ပြပါ အကြံပေးလမ်းညွှန်မှုများအတိုင်း အတိအကျ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါသည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

သတိပြုရမည့် ခေါင်းကိုက်ခြင်း

Next Post

အသားစားလျှင် သန်ထမည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
597

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
554
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားစားလျှင် သန်ထမည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေ ယမကာလေး မှီဝဲသောအခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.