fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဗိုက်ကြီးနာစွဲခြင်း

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/01/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဗိုက္ႀကီးနာစြဲျခင္း

မိမိရဲ႕ရင္ေသြးရတနာေလးကို ဝမ္းထဲမွာစတင္လြယ္ရၿပီဆိုတာနဲ႔ မိခင္ေလာင္းေတြ အားလုံးနီးပါးဟာ ဗိုက္ႀကီးနာစြဲတဲ့ေဝဒနာကို စတင္ခံစားၾကရေလ့ရွိပါတယ္။ တခ်ိဳ႕ေတြမွာခံစားရတဲ့ ေဝဒနာကသိပ္မဆိုးေပမယ့္ တခ်ိဳ႕မွာက် ေတာ္ေတာ္ျပင္းထန္ပါတယ္။ အလြန္ကံေကာင္းစြာနဲ႔ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဗိုက္ႀကီးနာေဝဒနာမျဖစ္တဲ့မိခင္ေလာင္းေတြလည္းရွိပါတယ္။ သို႔ေသာ္အလြန္နည္းၿပီး အလြန္ရွားပါတယ္။

ဗိုက္ႀကီးနာစြဲတာကို ေဆးပညာအရ (Morning Sickness)လို႔ေခၚပါတယ္။ဘာသာျပန္ရရင္ေတာ့ မနက္ပိုင္းမွာ ပ်ိဳ႕အန္ျခင္းပါ။ဒါေပမယ့္ ကြၽန္ေတာ္ေတြ႕ဖူးေသာ မိခင္ေလာင္းအမ်ားစုကေတာ့ ညေနပိုင္းအခ်ိန္မွာ ပ်ိဳ႕အန္ျခင္းပိုျဖစ္ၾကပါတယ္။

ညေနပိုင္းထမင္းစားၿပီးခ်ိန္၊အိပ္ခါနီးခ်ိန္ေတြမွာ ပ်ိဳ႕ခ်င္သလိုလိုျဖစ္ၿပီး ရင္ထဲေနလို႔မေကာင္းဘဲ အန္လိုက္မွသာေနသာထိုင္သာရွိၿပီး သက္သာသြားၾကတယ္လို႔ ေျပာၾကပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဗိုက္ႀကီးနာစြဲတဲ့ အေၾကာင္းရင္း အတိအက်ကိုေတာ့ ရွာမရေသးပါ။ ေဆးပညာရွင္ႀကီးမ်ားကေတာ့ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ယူဆထားၾကပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ ဗိုက္ႀကီးနာစြဲၿပီး ပ်ိဳ႕အန္တာဟာ သေႏၶသားကို ထိခိုက္မႈရွိႏိုင္လား မိခင္ေလာင္းအမ်ားစုက ေမးၾကေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ မရွိပါဘူး။ သို႔ေသာ္ တခ်ိဳ႕မိခင္ေလာင္းေတြက စားလိုက္ေသာက္လိုက္ရင္ အန္မွာေၾကာက္ၿပီး ဘာကိုမွမစားမေသာက္တာမ်ိဳးရွိပါတယ္။

ဒါမ်ိဳးဆိုရင္ေတာ့ ေရရွည္မွာ ကိုယ္ထဲက အရည္ဓါတ္ ခမ္းေျခာက္ၿပီး အာဟာရဓါတ္ေတြ ခ်ိဳ႕တဲ့လာကာ မိခင္ေရာ ကေလးပါ က်န္းမာေရး ထိခိုက္လာႏိုင္ပါတယ္။ အန္တာမ်ားၿပီး ဆီးသြားနည္းလာရင္ သို႔မဟုတ္ ဆီးလုံးဝမသြားေတာ့ရင္ စိုးရိမ္ရတဲ့အေျခအေနပါ။

ဗိုက္ႀကီးနာစြဲၿပီး ပ်ိဳ႕အန္ျခင္းဟာ ကိုယ္ဝန္သုံးလေက်ာ္မွသာ ေပ်ာက္ႏိုင္မွာမို႔လို႔ အခ်ိန္မတိုင္ခင္မွာ ေပ်ာက္ေအာင္ကုလို႔မရေပမယ့္ သက္သာေအာင္ေတာ့ လုပ္လို႔ရပါတယ္။

အအန္ေပ်ာက္ေဆးျဖစ္တဲ့ ဘီဆစ္(B6)ေဆးျပားေလးေသာက္ႏိုင္ပါတယ္။ တစ္ေန႔၃ႀကိမ္ထိ ေသာက္ႏိုင္ပါတယ္။ အစားမစားခင္ တစ္နာရီေလာက္ ႀကိဳေသာက္ပါ။ ေသာက္ၿပီး နည္းနည္းခ်င္းစီ စားၾကည့္ေသာက္ၾကည့္ပါ။ ဘီဆစ္ေသာက္လို႔လည္း မသက္သာဘူးဆိုရင္ မပူပါနဲ႔။ သားဖြားမီးယပ္ ဆရာဝန္နဲ႔ျပသၿပီး အအန္ေပ်ာက္ေဆးထိုးတာ ၊တျခားအအန္ေပ်ာက္ေဆးေတြ တြဲေသာက္တာေတြ လုပ္ႏိုင္ပါတယ္။

အစားအစာေတြအေနနဲ႔ကေတာ့ အေကာင္းဆုံးက ကိုယ္ခံတြင္းလိုက္တာစားပါ။ အားရွိတဲ့အစားအစာစားသင့္တာေတာ့မွန္ေပမယ့္ ဗိုက္ႀကီးနာစြဲေနတဲ့အခ်ိန္မွာေတာ့ ကိုယ္ခံတြင္းလိုက္မယ့္ အစားေသာက္ စားေသာက္တာ ပိုအဆင္ေျပပါလိမ့္မယ္။

အဆုံးသတ္အေနနဲ႔ေျပာခ်င္တာကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တအားအန္ေနလို႔ရွိရင္ ဗိုက္ႀကီးနာစြဲတာအျပင္ တျခားအေၾကာင္းေတြလည္း ျဖစ္ႏိုင္ပါေသးတယ္။ အဲ့ဒါေတြကေတာ့ အမႊာကိုယ္ဝန္ သို႔မဟုတ္ အမႊာထက္မ်ားတဲ့ ကိုယ္ဝန္ျဖစ္တာ၊ စပ်စ္သီးသေႏၶတည္ေနတာေတြပါ။

ဒါေတြ အတိအက်သိႏိုင္ဖို႔အတြက္က စမ္းသပ္စစ္ေဆးမႈေတြ လုပ္ဖို႔လိုပါတယ္။ ဒါေၾကာင့္ ဆရာဝန္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြက ကိုယ္ဝန္ရွိေၾကာင္း သိၿပီဆိုတာနဲ႔ ကိုယ္ဝန္အပ္တာ၊ အာထရာေဆာင္း႐ိုက္တာေတြလုပ္ဖို႔ တိုက္တြန္းေနရျခင္း ျဖစ္ပါတယ္။

Author : Dr. 528

Unicode

ဗိုက်ကြီးနာစွဲခြင်း

မိမိရဲ့ရင်သွေးရတနာလေးကို ဝမ်းထဲမှာစတင်လွယ်ရပြီဆိုတာနဲ့ မိခင်လောင်းတွေ အားလုံးနီးပါးဟာ ဗိုက်ကြီးနာစွဲတဲ့ဝေဒနာကို စတင်ခံစားကြရလေ့ရှိပါတယ်။ တချို့တွေမှာခံစားရတဲ့ ဝေဒနာကသိပ်မဆိုးပေမယ့် တချို့မှာကျ တော်တော်ပြင်းထန်ပါတယ်။ အလွန်ကံကောင်းစွာနဲ့ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြီးနာဝေဒနာမဖြစ်တဲ့မိခင်လောင်းတွေလည်းရှိပါတယ်။ သို့သော်အလွန်နည်းပြီး အလွန်ရှားပါတယ်။

ဗိုက်ကြီးနာစွဲတာကို ဆေးပညာအရ (Morning Sickness)လို့ခေါ်ပါတယ်။ဘာသာပြန်ရရင်တော့ မနက်ပိုင်းမှာ ပျို့အန်ခြင်းပါ။ဒါပေမယ့် ကျွန်တော်တွေ့ဖူးသော မိခင်လောင်းအများစုကတော့ ညနေပိုင်းအချိန်မှာ ပျို့အန်ခြင်းပိုဖြစ်ကြပါတယ်။

ညနေပိုင်းထမင်းစားပြီးချိန်၊အိပ်ခါနီးချိန်တွေမှာ ပျို့ချင်သလိုလိုဖြစ်ပြီး ရင်ထဲနေလို့မကောင်းဘဲ အန်လိုက်မှသာနေသာထိုင်သာရှိပြီး သက်သာသွားကြတယ်လို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြီးနာစွဲတဲ့ အကြောင်းရင်း အတိအကျကိုတော့ ရှာမရသေးပါ။ ဆေးပညာရှင်ကြီးများကတော့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ချေရှိတယ်လို့ ယူဆထားကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဗိုက်ကြီးနာစွဲပြီး ပျို့အန်တာဟာ သန္ဓေသားကို ထိခိုက်မှုရှိနိုင်လား မိခင်လောင်းအများစုက မေးကြလေ့ရှိပါတယ်။ များသောအားဖြင့်တော့ မရှိပါဘူး။ သို့သော် တချို့မိခင်လောင်းတွေက စားလိုက်သောက်လိုက်ရင် အန်မှာကြောက်ပြီး ဘာကိုမှမစားမသောက်တာမျိုးရှိပါတယ်။

ဒါမျိုးဆိုရင်တော့ ရေရှည်မှာ ကိုယ်ထဲက အရည်ဓါတ် ခမ်းခြောက်ပြီး အာဟာရဓါတ်တွေ ချို့တဲ့လာကာ မိခင်ရော ကလေးပါ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ အန်တာများပြီး ဆီးသွားနည်းလာရင် သို့မဟုတ် ဆီးလုံးဝမသွားတော့ရင် စိုးရိမ်ရတဲ့အခြေအနေပါ။

ဗိုက်ကြီးနာစွဲပြီး ပျို့အန်ခြင်းဟာ ကိုယ်ဝန်သုံးလကျော်မှသာ ပျောက်နိုင်မှာမို့လို့ အချိန်မတိုင်ခင်မှာ ပျောက်အောင်ကုလို့မရပေမယ့် သက်သာအောင်တော့ လုပ်လို့ရပါတယ်။

အအန်ပျောက်ဆေးဖြစ်တဲ့ ဘီဆစ်(B6)ဆေးပြားလေးသောက်နိုင်ပါတယ်။ တစ်နေ့၃ကြိမ်ထိ သောက်နိုင်ပါတယ်။ အစားမစားခင် တစ်နာရီလောက် ကြိုသောက်ပါ။ သောက်ပြီး နည်းနည်းချင်းစီ စားကြည့်သောက်ကြည့်ပါ။ ဘီဆစ်သောက်လို့လည်း မသက်သာဘူးဆိုရင် မပူပါနဲ့။ သားဖွားမီးယပ် ဆရာဝန်နဲ့ပြသပြီး အအန်ပျောက်ဆေးထိုးတာ ၊တခြားအအန်ပျောက်ဆေးတွေ တွဲသောက်တာတွေ လုပ်နိုင်ပါတယ်။

အစားအစာတွေအနေနဲ့ကတော့ အကောင်းဆုံးက ကိုယ်ခံတွင်းလိုက်တာစားပါ။ အားရှိတဲ့အစားအစာစားသင့်တာတော့မှန်ပေမယ့် ဗိုက်ကြီးနာစွဲနေတဲ့အချိန်မှာတော့ ကိုယ်ခံတွင်းလိုက်မယ့် အစားသောက် စားသောက်တာ ပိုအဆင်ပြေပါလိမ့်မယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ တအားအန်နေလို့ရှိရင် ဗိုက်ကြီးနာစွဲတာအပြင် တခြားအကြောင်းတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့ အမွှာကိုယ်ဝန် သို့မဟုတ် အမွှာထက်များတဲ့ ကိုယ်ဝန်ဖြစ်တာ၊ စပျစ်သီးသန္ဓေတည်နေတာတွေပါ။

ဒါတွေ အတိအကျသိနိုင်ဖို့အတွက်က စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်ဝန်ရှိကြောင်း သိပြီဆိုတာနဲ့ ကိုယ်ဝန်အပ်တာ၊ အာထရာဆောင်းရိုက်တာတွေလုပ်ဖို့ တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။

Author : Dr. 528

Previous Post

ခ်စ္တင္းေႏွာၿပီးရင္ ဘာေၾကာင့္ အိပ္ခ်င္

Next Post

ရောဂါပိုးမွှားတွေ ဘယ်လိုဝင်ရောက်လာသလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရောဂါပိုးမွှားတွေ ဘယ်လိုဝင်ရောက်လာသလဲ?

အသံတိတ္ တီဘီ Latent TB infection

လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းဆိုတာ ဘာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.