fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဒေါင်းကလေးများ

129
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/08/2016
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကလေးငယ်များတွင် Down Syndrome (Mongolism) ဒေါင်းလက္ခဏာစုဟု ခေါ်တွင်သော မွေးရာပါ ချို့ယွင်းမှုတစ်မျိုး တွေ့ရတတ်သည်။ ဤလက္ခဏာစုမှာ ခရိုမိုဆုန်း Chromosome အရေအတွက် မှားယွင်းမှု ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ လူတစ်ယောက်၌ ခရိုမိုဆုန်း ၄၆ ခု သို့မဟုတ် ၂၃ စုံ ပါဝင်သည်။ ရိုးရိုးသာမန် ခရိုမိုဆုန်း ၄၄ ခုနှင့် လိင်ခရိုမိုဆုန်း ၂ ခု တို့ဖြစ်သည်။ ခရိုမိုဆုန်းများကို အမှတ်စဉ် တပ်ပေးထားသည်။ ဒေါင်းလက္ခဏာစုတွင် ခရိုမိုဆုန်းနံပါတ် ၂၁ ၌ တစ်စုံ (နှစ်ခု) ရှိရမည့်အစား၊ တစ်ခုပိုကာ ခရိုမိုဆုန်း ၃ ခု ပါရှိနေကြောင်းတွေ့ရသည်။ ကလပ်စည်းများ ပွားများရာ၌ ခရိုမိုဆုန်းများ ကွဲထွက်ရာတွင် ချို့ယွင်းချက် ကြောင့် တစ်ဖက်သို့ ခရိုမိုဆုန်းတစ်ခု အပိုပါသွားခြင်းဖြစ်သည်။ အသက် ၄၀ ကျော်အမျိုးသမီးများ၏မမျိုးဥတွင်ထိုသို့ ဖြစ်တတ်သည်။ သုတေသနပညာရှင်တချို့က ဒေါင်းလက္ခဏာစုမှာမိခင်များကြောင့်သာမဟုတ်ပဲ၊ဖခင်များကြောင့်လည်း ဖြစ်နိုင်သည်ဟုဆိုသည်။ ဒေါင်းလက္ခဏာစုရှိသောကလေးငယ်များသည်ဉာဏ်ရည်နိမ့်ကျနေလေ့ရှိသည်။
ဒေါင်းလက္ခဏာစု၌ အောက်ပါသွင်ပြင်လက္ခဏာများ တွေ့ရနိုင်ပါသည်။
– ဦးခေါင်းအရွယ်အစား သေးငယ်ခြင်း
– မျက်စိသည် ဘေးဘက်သို့ မြင့်တက်နေသကဲ့သို့ တွေ့မြင်ရခြင်း
-လက်ဖဝါးကျယ်ကားနေခြင်း
-လက်သန်းအနည်းငယ်ကွေးနေခြင်း
-ဒုတိယနှင့်တတိယခြေချောင်းလေးကြားနေရာကျယ်ခြင်း
– အဆစ်များပျော့ခွေခြင်း – နားရွက်အရွယ်အစားသေးငယ်ခြင်း
-ပါးစပ်ဟစိဟစိဖြစ်နေခြင်း၊ပွင့်နေခြင်း
-ပါးနီမြန်းနေခြင်း
-သွားများမညီညာခြင်း
-လျှာအရွယ်အစားကြီးနေခြင်း
– အာခေါင်မိုး မြင့်နေခြင်း
– မွေးရာပါနှလုံးရောဂါ၊ သွေးကင်ဆာရောဂါများရှိနေတတ်ခြင်း ဒေါင်းလက္ခဏာစု ကလေးငယ်များသည် စာသင်ကြားရန်အခက်အခဲရှိနေတတ်သည်။ သို့သော် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပညာများသင်ကြားပေးပါက တတ်မြောက်နိုင်ကြသည်။တချို့သောကလေးငယ်များ မွေးရာပါချို့ယွင်းချက်များကြောင့်ငယ်ရွယ်စဉ်အခါမှာပင် သေဆုံးသွားခဲ့ကြသည်။ တချို့နိုင်ငံများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုယ်ဝန် ၁၄ ပတ်အချိန်၌သန္ဓေသားဝန်းကျင်မှ ရေမွှာရည်ကိုရယူပြီး၊ဗီဇစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်။ ဒေါင်းလက္ခဏာစုတွေ့ရပါက၊ကိုယ်ဝန်ကိုပျက်အောင် ပြုလုပ်ပေးတတ်ကြသည်။ ဒေါင်းလက္ခဏာစုဟုအမည်ခေါ်တွင်ရခြင်းမှာ ၁၈၂၈ ခုနှစ်တွင် မွေးဖွားခဲ့သော သမားတော်ကြီး Dr. John Langdon Down အား ဂုဏ်ပြုခေါ်ဆိုထားခြင်းဖြစ်သည်။အဆိုပါလက္ခဏာစုကိုယင်းသမားတော်ကြီးကစတင်ဖော်ထုတ်တင်ပြပေးခဲ့သည်။ ဒေါင်းလက္ခဏာစု၏သွင်ပြင်လက္ခဏာများသည် ရှေးမွန်ဂိုလစ်ဇင်Mongolismဟုလည်း ခေါ်ဆိုတတ်ကြသည်။ ဒေါင်းကလေးများသည်မည်သို့သောသွင်ပြင်လက္ခဏာရှိနေပါစေ၊ဉာဏ်ရည်နိမ့်ကျမှုရှိနေပါစေ သူတို့အား မြင်တွေ့သူတိုင်းက ချစ်ခင်ကြင်နာကြသည်။ ဒေါင်းလက္ခဏာစုကလေးငယ်များသည် ကံမကြောင်း၍ဉာဏ်ရည်နိမ့်ကျနေကြသော်လည်း၊မျက်နှာမြင်ချစ်ခင်ပါစေဟူသောဆုတောင်းပြည့်ကြသည်ဟု စာရေးသူ အနေဖြင့် ယုံကြည်လက်ခံမိပါသည်။

 

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

 

Previous Post

ကူးစက်မဟုတ်သောရောဂါများ

Next Post

အပင်းလုံး အပင်းသွင်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပင်းလုံး အပင်းသွင်းခြင်း

Honeymoon မှာပျော်ရွှင်ကြပါစေ…

အာသီးရောင်ခြင်း အပိုင်း (၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.