fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

နို့ပါးစပ်

3.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/12/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

၁။ မင်္ဂလာပါဆရာ။ သမီးအသက် ၂၅ ရှိပြီဆရာ။ အိမ်ထောင်သက် ၂ နှစ်ရှိပြီ။ ခုထိနို့သီးခေါင်းမထွက်သေးဘူးဆရာ။ ဘာလုပ်သင့်လဲဆရာ။

၂။ Inverted nipple ဖြစ်နေတော့ နို့တိုက်ရခက်မယ်လို့ ပြောကြလို့ညှစ်တဲ့စကာစလေးနဲ့ လေ့ကျင့်နေတာ အရည်ကြည် အနည်းငယ်ထွက်ပါတယ်။ အဲ့ဒါနို့ဦးရည်ညစ်ထုတ်တဲ့ သဘောဖြစ်လားဆရာ။ မွေးဖို့ ၃ ပတ်ကျော်လောက် လိုပါသေးတယ်။

၃။ ကျွန်တော့် အမျိုးသမီးမှာ နို့ပါးစပ်ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုကုသနိုင်လဲ၊ ဘာကြောင့် ဖြစ်တာလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။ နို့သီးခေါင်းမှာ ပါးစပ်လိုလေး ဖြစ်နေပြီးတော့ ကလေးကို နို့တိုက်ဖို့ နို့မထွက်တာပါ။ နာကျင်တဲ့ ဝေဒနာတော့ မခံစားရပါဘူး။ သူတို့ တစ်မျိုးလုံးဖြစ်တာလို့တော့ ပြောပါတယ်။ ဖြစ်တာကတော့ မွေးရာပါပေါ့ဆရာ။ အသက်ကတော့ ၂၃ ထဲမှာပါ။ ကလေးတော့ မရသေးပါဘူး။ ကလေးယူတဲ့အချိန်ကျရင် ကလေးအတွက် အခက်အခဲဖြစ်မှာစိုးလု့ိ မေးကြည့်တာပါ။ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး သိချင်လို့ပါ။

ဗမာလိုရောဂါနာမည် ပေးတာတွေက တယောက်နဲ့တယောက်၊ တရပ်နဲ့တရပ်မတူကြလို့ အတော်ကြီး ဦးနှောက်စားတယ်။ အဖြစ်နိုင်ဆုံးကတော့ Inverted nipple နို့သီးထိပ်ဖျား အထဲခွက်ဝင်နေတာဖြစ်မယ်။ ရင်သားရောဂါဗေဒစာရင်းထဲမှာ မသွင်းဘူး။ အထူးခွဲစိတ်ပညာထဲမှာသာ ပါတယ်။ ကလေးကိုနို့တိုက်ရတဲ့အခါ ပြဿနာပေါ်တယ်။ ဘယ်လောက်ဆိုးသလဲကို အဆင့်တွေ သတ်မှတ်ထားတယ်။

နို့သီးထိပ်ရဲ့တစိတ်တပိုင်းဝင်နေတာကို Dimpled ခေါ်တယ်။ တချို့ကတဖက်ထဲ ဖြစ်တယ်။ နဲနဲသာဖြစ်သူက ကလေးကိုနို့တိုက်လို့ ပြဿနာမကြီးဘူး။ ကလေးက လမစေ့၊ အလေးချိန်နည်းလွန်းရင်တော့ ခက်မယ်။

အဆင့် (၁) လက်နဲ့ဆွဲထုတ်ပေးလို့ လွယ်တယ်။ နို့သီးဘေးက အညိုရောင်အဝိုင်း Areola ပေါ်မှာဖိထားပြီး၊ ထိပ်ဖျားကို ထုတ်ပေးရတယ်။ အဆင့် (၂) ဆွဲထုတ်လို့ရပြီး၊ ပြန်ဝင်သွားတဲ့အဆင့်။ မခွဲတဲ့နည်းကို စမ်းနိုင်တယ်။ မရရင် ခွဲစိတ်ရမယ်။ အဆင့် (၃) ဆွဲထုတ်လို့မရ။ ခွဲစိတ်ပြုပြင်ရမယ်။

ခွဲစိတ်နည်း
အပြင်လူနာဖြစ်ဖြစ် အတွင်းလူနာဖြစ်ဖြစ် ကုပေးနိုင်တယ်။ ထုံဆေးနဲ့ခွဲတယ်။ နို့သီးထိပ်ရဲ့အခြေ၊ အရောင်ရင့်အဝိုင်း Nipple areola junction မှာ ဓါးနဲ့ခွဲပေးပြီး၊ နို့သီးဖျားကို ခွက်ဝင်နေအောင် ဆွဲထားတဲ့ (တစ်ရှူး) Tethered structure ကို ရှင်းပေးရတယ်။ ဘယ်လောက်အထိ ရှင်းရမလဲဆိုတာက ဖြစ်နေတဲ့အပေါ်မှာ မူတည်တယ်။ ခွဲစိတ်ပြီးနောက် ဆေးထည့်တာကို (စပါယ်ရှယ်) လုပ်ပေးရတယ်။ Plastic and white non-stick padding dressings ကို ခွဲစိတ်အပြီး၊ ၂၄ နာရီအတွင်းမှာ သုံးရတယ်။ နို့သီးထိပ်ပိုင်းကို ဖိနှိပ်ထားသလိုမျိုး မဖြစ်စေအောင် လုပ်ရတယ်။ ဆေးခန်းသုံးဂွမ်းစ အလည်မှာ အပေါက်ဖောက်ပေးတာမျိုး ပြောတာပါ။ ပြီးမှ Bra ခပ်နုနု သိပ်မချောင်တာမျိုး ဝတ်စေရတယ်။ Tape (တိပ်)ကနေ အသားနုတက်လာမဲ့ အရေပြားနဲ့ (တစ်ရှူး)တွေကို မထိခိုက်စေရပါ။ ပိုးသေဆေးအပြင် အနာသက်သာဆေးပေးတယ်။

မခွဲစိတ်နည်း
Hoffman Technique နည်းကတော့ လက်နဲ့ဘဲ ဆွဲထုတ်နည်းပါ။ အရောင်ရင့်အဝိုင်း နို့သီးထိပ်ဘေးကပ်လျက်နေရာမှာ လက်မနဲ့ လက်ညိုးကိုထားပြီး၊ ခပ်တင်းတင်း အောက်ကို ဖိချ၊ တပြိုင်နက်တည်းမှာ ဘက်နှစ်ချောင်းကို အဝေးကို ခွာပေးရတာပါ။ အနည်းဆုံး တနေ့ ၂-၅ ကြိမ်လုပ်ရတယ်။
နို့စုပ်စရာနဲ့စုပ်နည်း၊ ဝယ်လို့လွယ်တယ်။ တောတွေမှာ ဝယ်မတော့ သင်္ဘောရွက်အရိုးနဲ့ စုပ်ပေးကြတယ်။ Evert-it Nipple Enhancer ဆိုတာလည်း (စီလီကွန်) နဲ့လုပ်ထားတဲ့ ဆေးထိုးပိုက်လို ကိရိယာဖြစ်တယ်။ နို့မတိုက်ခင် လုပ်ပေးရတယ်။ နို့သီးထိပ်ကို ဆွပေးတာပါ။ လက်မနဲ့ လက်ညိုးသုံး၊ ၁-၂ မိနစ်ကိုင်ပြီး၊ လှိမ့်ပေးပါ။ ပြီးရင် ချက်ချင်း အေးနေတဲ့ (ရေခဲ)အဝတ်နဲ့ ထိပေးပါ။ ရေခဲကို အကြာကြီးတော့ မသုံးပါနဲ့။ ထုံသွားမှာစိုးလို့။ ဟိုရုပ်ရှင်မျိုးရိုက်ရင် အဲဒီနေရာကို အသားပေးဘို့ လုပ်တဲ့နည်းအတိုင်းပါပဲ။

Medela SoftShells ဆိုတာက မခွဲစိတ်ဘဲ သုံးနိုင်တယ်လို့ ကြော်ညာတဲ့ ပစ္စည်းဖြစ်တယ်။ ခပ်ခုံးခုံး ပလပ်စတစ်ခွံမှာ soft, flexible silicone နူးညံ့တဲ့ (စီလီကွန်) ပစ္စည်းနဲ့လုပ်တာ။ လေဝင်ဘို့ အပေါက်လည်းပါတယ်။ နို့ရည် စုပ်နိုင်အောင် Highly absorbent foam ထည့်ထားတယ်။ နို့ရဲ့ အရောင်ရင့်ပိုင်းကို ဖိပေးထားတာမို့ နို့သီးထိပ်ကို စူထွက်လာစေတယ်။ အပေါ်ကနေ ပုံမှန်ဝတ်ဆင်ထားရင် ပါနေမှန်း မသိရဘူး။

Avent Niplette ဆိုတာကလည်း Plastic thimble-likecup (ပလပ်စတစ်) ခွက်တခုပါ။ နို့ထိပ်ပိုင်းကို ပန်းပုထုသလို လုပ်တာမျိုးပါဘဲ။ ထိပ်ဖျားစူထွက်စေ အောင်ဘေးက အရောင်ရင့်ပိုင်းကို ဖိပေးစရာ ဖြစ်နေအောင်လုပ်တာပါ။ ဘရာကို တလကိုးသီတင်း ဝတ်ထားရင် နို့သီးထွက်နေမယ်လို့ ဆိုတယ်။ ကိုယ်ဝန် မဆောင်ခင်နဲ့ ကိုယ်ဝန် ၆ လအတွင်း သင့်တယ်လို့ ပြောတယ်။ မွေးရာပါ အတွက်တော့ အာမခံတာ မတွေ့ရဘူး။

ဘယ်ကလေးမဆို နို့တိုက်တာကို မွေးပြီး၊ အစောဆုံး (၂-၃ နာရီ အတွင်း) တိုက်သင့်တယ်။ အဖြူရောင်နို့ရည် မထွက်သေးလည်း တိုက်ပါ။ ရောဂါကို ခံနိုင်တဲ့ (အင်တီဘော်ဒီ) တွေပါတယ်။ နို့သိပ်တင်းလာမှာကို ကာကွယ်ရာလည်း ကျတယ်။ ကလေးကိုလည်း နို့တွေ သိပ်မများခင် အစို့သင်ရာလည်း ရောက်တယ်။ နို့တိုက်နေတုံး နို့အုံကို အရောင်ရင့် အဝိုင်း Areola အပြင်မှာ လက်မက အပေါ်၊ ကျန်လက်ချောင်းတွေက အောက်ထားပြီး၊ ဖိပေးရတယ်။ နို့တခါတိုက်ပြီးတိုင်း နို့ထိပ်ကို ခြောက်နေပါစေ။ တချို့က Lansinoh brand lanolin ကိုသုံးတယ်။

ကိုယ်ဝန်ဆောင်ကတည်းက ရေချိုးတိုင်း ထိပ်ဝကို အဝတ်သန့်သန့်နဲ့ နဲနဲကြမ်းကြမ်းလေး ပွတ်ပေးပြီး၊ နို့ထွက်ပြွန် (၇-၁၅) ခုထိပ်မှာ ချွေးစတာတွေ ပိတ်မနေအောင် သန့်ပေးရမယ်။ ဗမာပြည်မှာ တချို့အရပ်တွေမှာ သားဦးမွေးရင် ၃ ယောက်မှာ ၁ ယောက် နို့နာဖြစ် တတ်တယ်။ ပြည်မတည်ခင် နို့တင်း-နာလာချိန်မှာ နို့ညှစ်တာ၊ စုပ်ပေးတာ၊ အပူကပ်ပေးတာ လုပ်ရတယ်။ မရရင် (အင်တီဘိုင်အောတစ်)ဆေးပေးရတယ်။ နောက်ဆုံး ပြည်ရှိရင် ခွဲထုတ်ရတယ်။ တင်ပါးနဲ့နို့က နေရာကျယ်တာမို့ အနာဖြစ်ရင် အကြီးကြီးတွေ။ ခွဲရင် အနာထဲ လက်ချောင်းတခု ဝင်နိုင်အောင်အထိ ကျယ်ရတာမျိုး။ သူများဆီမှာ ကလေးနို့တိုက် (စပါယ်ရှယ်လစ်) ဆိုတာရှိတယ်။

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal,  vol 8, no 42 (3.11.17)

Previous Post

မွေးကင်းစကလေးများတွင် အသားဝါရခြင်းအကြောင်းများ

Next Post

ကိုယ်ဝန်ရှိလာပြီဆို ဒီလိုတွေ ခံစားရတတ်တယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
642

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
616
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ရှိလာပြီဆို ဒီလိုတွေ ခံစားရတတ်တယ်

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဝက်ခြံ (၁)

အမျိုးသမီးသားကြောဖြတ်ခြင်းအကြောင်း(Female Sterilization)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.