fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးဖျားနေသည်

80
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/12/2016
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

“ဆရာေရ ကေလးဖ်ားေနလို႔ပါ”

ညေနခင္း ေဆးခန္းဖြင့္ကာစအခ်ိန္တြင္ လမ္းထိပ္မွ ေဒၚစိန္ခင္တစ္ေယာက္ ေျမးကေလးကို ပိုက္၍ ေဆးခန္းထဲသို႔ ဝင္ေရာက္လာသည္။ ကေလးအေမျဖစ္သူ မျမက ေနာက္မွ ကပ္လိုက္လာသည္။ သားအခ်စ္ ေျမးအႏွစ္ဆိုသည့္အတိုင္း ေဒၚစိန္ခင္သည္ သားကေမြးေသာ ေျမးဦးေလးကို အလြန္အမင္း ခ်စ္ခင္ ျမတ္ႏိုးပုံရသည္။ ကေလးကို ေစာင္ကေလးႏွင့္ ေသေသခ်ာခ်ာ ထုပ္ၿပီး ကေလးကို သူကိုယ္တိုင္ခ်ီထားသည္။

“ဖ်ားတာဘယ္ႏွစ္ရက္ရွိၿပီလဲ”
“မေန႔ည က စဖ်ားတာ။”

ကေလး အေမက မေျဖ။ ေဒၚစိန္ခင္မွ သြက္လက္စြာ ျပန္ေျဖသည္။
“တျခားဘာေတြျဖစ္ေသးလဲ။ ေခ်ာင္းဆိုးတာ ႏွာေစးတာေတြရွိလား”
“တျခားဘာမွ မျဖစ္ဖူး ဆရာ။ ကိုယ္ပူေနတာေလးပဲရွိတာ”
“ကေလးကို အဖ်ားတိုင္းၾကည့္တာေပါ့။ ေစာင္ေလးဖယ္လိုက္ပါ”
ေစာင္က သိုးေမြးေစာင္ထူထူေလး။ “ေစာင္ကလည္းထူလိုက္တာ။ ေစာင္ၿခဳံထားစရာမလိုပါဘူး။ ”

ေဒၚစိန္ခင္မွ ဆရာေလးအားသူ႔ေလာက္ မသိနားမလည္ဟန္ ပုံစံႏွင့္
“ဆရာကလည္း ကေလးကို ေဆးခန္းေခၚလာဖို႔ အျပင္ထုတ္ရတယ္။ အျပင္မွာ ေလစိမ္းတိုက္မွာ ဆိုးလို႔ ေစာင္နဲ႔ပတ္ထားရတာေပါ့။ အခုေတာင္ အျပင္မွာ ေလစိမ္းေတြ ဒီေလာက္တိုက္ေနတာ”
“ေလစိမ္းတိုက္တာက နည္းနည္းေလး။ ကေလးကို သိုးေမြးေစာင္ အထူႀကီးနဲ႔ပတ္ထားေတာ့ ကေလးက ဘယ္လိုလုပ္ အပူက်မလဲ။ အဖ်ားေတြႀကီးေနမွာေပါ့”

ေဒါက္တာ ေအာင္ႏိုင္တစ္ေယာက္ ကေလးလက္ေမာင္းၾကားသို႔ ျပဒါးတိုင္ေလးထည့္ၿပီး အဖ်ားတိုင္းလိုက္သည္။
“အက်ႌကလည္း အထူႀကီးပဲ။ ဒီေလာက္ အက်ီထၤူႀကီး ဘာလို႔ဝတ္ထားရတာလဲ”
“ေၾသာ္ ဆရာရယ္။ ကေလးက ဖ်ားေနတာေလ”
“အက်ၤ ီအထူႀကီးမဝတ္ပဲ့နဲ႔ ပါးပါးေလးဝတ္ေပးထားရမွာေပါ့။ ခ်ည္သားပါးပါးေလးဆိုေတာ္ၿပီေပ့ါ။ အထူႀကီးဝတ္ေပးထားစရာ မလိုပါဘူး”

“ဆရာရယ္ ကြၽန္မ ကေလး ငါးေယာက္ ေမြးထားတဲ့ အေမတစ္ေယာက္ပါ။ ကေလး ဘယ္လို ျပဳစုထိန္းသိမ္းရမယ္ဆိုတာကို ကြၽန္မသိပါတယ္”

သူက သိသည္ဆိုေတာ့ဆရာဝန္ျဖစ္သူ ေဒါက္တာေအာင္ႏိုင္ကမသိသည့္ သေဘာမ်ိဳးေပါက္ေနသည္။ဟုတ္ပါတယ္ေလ။ ကိုယ့္မွာက သူေျပာသလို ကေလးငါးေယာက္မေျပာႏွင့္ မိန္းမေတာင္ ဘယ္   ေနမွန္းမသိေသးသူ။ ဒါေပမဲ့ အႏွစ္အႏွစ္ အလလ ကိုယ္သင္ယူခဲ့သည္မ်ားက ေဒၚစိန္ခင္ထက္ေတာ့ ပိုမွန္းသိေအာင္ေျပာရမည္။

“ကေလးက အပူႀကီးတယ္။ အဖ်ားေတြ တက္ေနတယ္”
“ဒါေၾကာင့္မို႔ အဝတ္ေတြ ဝတ္ေပးထားရတာေပါ့။”

ေဒၚစိန္ခင္မွ သူ႔ယူဆခ်က္ကို ထပ္ေျပာသည္။
“ေဆးတိုက္ထားေသးလား။ဘာေဆးေတြတိုက္ထားလဲ”
“အဖ်ားက်ေဆးေလးေတာ့ တိုက္ထားတာပဲ။”

“ကေလးကအဖ်ားမက်တာလား။”
“တိုက္တုန္းေလးခဏက်ၿပီးျပန္တက္လာတယ္”
“ကေလးကို အိမ္မွာလည္း ဒီလိုမ်ိဳး ေစာင္ေတြၿခဳံေပးတာလား”
“ဟုတ္တယ္ေလ။ အေပၚက ၿခဳံေပးထားတာေပါ့။ ဖ်ားေနပါတယ္ဆိုမွ ဆရာရယ္”
သူ႔ကပဲ ဆရာဝန္ေမးတာကို စိတ္မရွည္သည့္ ပုံစံမ်ိဳး ေဒၚစိန္ခင္တို႔က ေျပာေနၿပီ။

“ကေလးဖ်ားရင္ အဖ်ားက်ေဆးတိုက္ရတယ္။ မွန္တယ္။ ေခ်ာင္းဆိုးရင္ မွိန္းရင္ ႏို႔မစို႔ရင္ စိုးရိမ္ရတယ္။ ဒါမ်ိဳးလကၡဏာေတြ မရွိရင္ ကိစၥမရွိဘူး။ အခုေတာ့ ကေလးက ကိုယ္အပူေလးနည္းနည္း တက္႐ုံရွိေသးတယ္။ ေဒၚေဒၚက အက်ၤ ီအထူေတြဝတ္ထား၊ ေစာင္ေတြပတ္ထားမွေတာ့ ကေလးက အဖ်ား ဘယ္က်ေတာ့မလဲ။”

“ဖ်ားေနပါတယ္ဆိုမွ”
“အခုေဆးေပးလိုက္မယ္။ ေဆးလည္းတိုက္ပါ။ ဒီေစာင္ႀကီးကိုလည္းဖယ္လိုက္ပါ။ အိမ္ေရာက္ရင္လည္း အက်ၤ ီကို ခ်ည္ထည္ေလး လဲေပးထားလိုက္ပါ။”
ေဒါက္တာ ေအာင္ႏိုင္တစ္ေယာက္ ေဒၚစိန္ခင္ကို ေျပာလို႔မႏိုင္လို႔ အေမျဖစ္သူကို လွမ္းၿပီး မွာစရာရွိသည္မ်ားကို ေျပာလိုက္သည္။
“ဟုုတ္ကဲ့ပါ ေဒါက္တာ”
အေမျဖစ္သူကေတာ့ ေဒါက္တာေအာင္ႏိုင္ကို ကတိေပးလိုက္သည္။
ေဒၚစိန္ခင္ကေတာ့ ေခြၽးမျဖစ္သူကို လွမ္းၿပီး မ်က္ေစာင္းထိုးလိုက္သည္။

“ေဒၚေဒၚ ကြၽန္ေတာ္မွာတာေတြ မေမ့နဲ႔ေနာ္ ။ ကေလးကို ေစာင္ႀကီး ပတ္မထားနဲ႔ ခ်ည္ထည္ေလးေတြဝတ္ေပးထား။ အဲဒါဆိုရင္ ကေလး အပူက်မယ္။ ဒါမွ မဟုတ္ရင္ေတာ့အဖ်ားက်မွာ မဟုတ္ဘူး”
ေဒၚစိန္ခင္ဆီမွ ဘာသံမွ ထြက္မလာ။ ကလး အေမျဖစ္သူကသာ အားနာ၍ “ဟုတ္ကဲ့ပါ ဆရာ” လို႔ေျပာေဖာ္ရသည္။

“ေနာက္လည္းမွတ္ထား။ ကေလးအဖ်ားႀကီးရင္ ေစာင္ေတြ အုပ္မထားရဘူး။ အဝတ္အစားအထူေတြ လည္း ဝတ္မေပးရဘူး။ ဒါမ်ိဳးေတြနဲ႔ဆို အဖ်ားဘယ္ေတာ့မွ မက်ဘူး။ ”

စိတ္မခ်သျဖင့္ေနာက္တစ္ေခါက္ထပ္မွာလိုက္သည္။

ကေလးကို ခ်ီ၍ ေဒၚစိန္ခင္အေရွ႕မွထြက္သြားသည္။ ကေလးအေမမွ ေနာက္ မွ ကေလးၿခဳံခဲ့ေသာ ေစာင္ေလးပိုက္၍ထြက္သြားသည္။အိမ္ျပန္ေရာက္ရင္ေတာ့ ကေလးအေမႏွင့္ ေဒၚစိန္ခင္တို႔ ရန္ျဖစ္    ၾကမလားလို႔ ေဒါက္တာ ေအာင္ႏိုင္တစ္ေယာက္ စိုးရိမ္စိတ္ဝင္မိသည္။ ကေလး အဖ်ားက်ဖို႔က အဘြားေပၚမူတည္ေနသည္။ နက္ျဖန္မ်ားျပန္လာၾကမလားလို႔ ေတြးေတာရင္ ရင္တမမျဖစ္ၿပီး က်န္ရစ္ခဲ့သည္။

(Unicode)

“ဆရာရေ ကလေးဖျားနေလို့ပါ”

ညနေခင်း ဆေးခန်းဖွင့်ကာစအချိန်တွင် လမ်းထိပ်မှ ဒေါ်စိန်ခင်တစ်ယောက် မြေးကလေးကို ပိုက်၍ ဆေးခန်းထဲသို့ ဝင်ရောက်လာသည်။ ကလေးအမေဖြစ်သူ မမြက နောက်မှ ကပ်လိုက်လာသည်။ သားအချစ် မြေးအနှစ်ဆိုသည့်အတိုင်း ဒေါ်စိန်ခင်သည် သားကမွေးသော မြေးဦးလေးကို အလွန်အမင်း ချစ်ခင် မြတ်နိုးပုံရသည်။ ကလေးကို စောင်ကလေးနှင့် သေသေချာချာ ထုပ်ပြီး ကလေးကို သူကိုယ်တိုင်ချီထားသည်။

“ဖျားတာဘယ်နှစ်ရက်ရှိပြီလဲ”
“မနေ့ည က စဖျားတာ။”

ကလေး အမေက မဖြေ။ ဒေါ်စိန်ခင်မှ သွက်လက်စွာ ပြန်ဖြေသည်။
“တခြားဘာတွေဖြစ်သေးလဲ။ ချောင်းဆိုးတာ နှာစေးတာတွေရှိလား”
“တခြားဘာမှ မဖြစ်ဖူး ဆရာ။ ကိုယ်ပူနေတာလေးပဲရှိတာ”
“ကလေးကို အဖျားတိုင်းကြည့်တာပေါ့။ စောင်လေးဖယ်လိုက်ပါ”
စောင်က သိုးမွေးစောင်ထူထူလေး။ “စောင်ကလည်းထူလိုက်တာ။ စောင်ခြုံထားစရာမလိုပါဘူး။ ”

ဒေါ်စိန်ခင်မှ ဆရာလေးအားသူ့လောက် မသိနားမလည်ဟန် ပုံစံနှင့်
“ဆရာကလည်း ကလေးကို ဆေးခန်းခေါ်လာဖို့ အပြင်ထုတ်ရတယ်။ အပြင်မှာ လေစိမ်းတိုက်မှာ ဆိုးလို့ စောင်နဲ့ပတ်ထားရတာပေါ့။ အခုတောင် အပြင်မှာ လေစိမ်းတွေ ဒီလောက်တိုက်နေတာ”
“လေစိမ်းတိုက်တာက နည်းနည်းလေး။ ကလေးကို သိုးမွေးစောင် အထူကြီးနဲ့ပတ်ထားတော့ ကလေးက ဘယ်လိုလုပ် အပူကျမလဲ။ အဖျားတွေကြီးနေမှာပေါ့”

ဒေါက်တာ အောင်နိုင်တစ်ယောက် ကလေးလက်မောင်းကြားသို့ ပြဒါးတိုင်လေးထည့်ပြီး အဖျားတိုင်းလိုက်သည်။
“အကျႌကလည်း အထူကြီးပဲ။ ဒီလောက် အကျီင်္ထူကြီး ဘာလို့ဝတ်ထားရတာလဲ”
“သြော် ဆရာရယ်။ ကလေးက ဖျားနေတာလေ”
“အင်္ကျ ီအထူကြီးမဝတ်ပဲ့နဲ့ ပါးပါးလေးဝတ်ပေးထားရမှာပေါ့။ ချည်သားပါးပါးလေးဆိုတော်ပြီပေ့ါ။ အထူကြီးဝတ်ပေးထားစရာ မလိုပါဘူး”

“ဆရာရယ် ကျွန်မ ကလေး ငါးယောက် မွေးထားတဲ့ အမေတစ်ယောက်ပါ။ ကလေး ဘယ်လို ပြုစုထိန်းသိမ်းရမယ်ဆိုတာကို ကျွန်မသိပါတယ်”

သူက သိသည်ဆိုတော့ဆရာဝန်ဖြစ်သူ ဒေါက်တာအောင်နိုင်ကမသိသည့် သဘောမျိုးပေါက်နေသည်။ဟုတ်ပါတယ်လေ။ ကိုယ့်မှာက သူပြောသလို ကလေးငါးယောက်မပြောနှင့် မိန်းမတောင် ဘယ်   နေမှန်းမသိသေးသူ။ ဒါပေမဲ့ အနှစ်အနှစ် အလလ ကိုယ်သင်ယူခဲ့သည်များက ဒေါ်စိန်ခင်ထက်တော့ ပိုမှန်းသိအောင်ပြောရမည်။

“ကလေးက အပူကြီးတယ်။ အဖျားတွေ တက်နေတယ်”
“ဒါကြောင့်မို့ အဝတ်တွေ ဝတ်ပေးထားရတာပေါ့။”

ဒေါ်စိန်ခင်မှ သူ့ယူဆချက်ကို ထပ်ပြောသည်။
“ဆေးတိုက်ထားသေးလား။ဘာဆေးတွေတိုက်ထားလဲ”
“အဖျားကျဆေးလေးတော့ တိုက်ထားတာပဲ။”

“ကလေးကအဖျားမကျတာလား။”
“တိုက်တုန်းလေးခဏကျပြီးပြန်တက်လာတယ်”
“ကလေးကို အိမ်မှာလည်း ဒီလိုမျိုး စောင်တွေခြုံပေးတာလား”
“ဟုတ်တယ်လေ။ အပေါ်က ခြုံပေးထားတာပေါ့။ ဖျားနေပါတယ်ဆိုမှ ဆရာရယ်”
သူ့ကပဲ ဆရာဝန်မေးတာကို စိတ်မရှည်သည့် ပုံစံမျိုး ဒေါ်စိန်ခင်တို့က ပြောနေပြီ။

“ကလေးဖျားရင် အဖျားကျဆေးတိုက်ရတယ်။ မှန်တယ်။ ချောင်းဆိုးရင် မှိန်းရင် နို့မစို့ရင် စိုးရိမ်ရတယ်။ ဒါမျိုးလက္ခဏာတွေ မရှိရင် ကိစ္စမရှိဘူး။ အခုတော့ ကလေးက ကိုယ်အပူလေးနည်းနည်း တက်ရုံရှိသေးတယ်။ ဒေါ်ဒေါ်က အင်္ကျ ီအထူတွေဝတ်ထား၊ စောင်တွေပတ်ထားမှတော့ ကလေးက အဖျား ဘယ်ကျတော့မလဲ။”

“ဖျားနေပါတယ်ဆိုမှ”
“အခုဆေးပေးလိုက်မယ်။ ဆေးလည်းတိုက်ပါ။ ဒီစောင်ကြီးကိုလည်းဖယ်လိုက်ပါ။ အိမ်ရောက်ရင်လည်း အင်္ကျ ီကို ချည်ထည်လေး လဲပေးထားလိုက်ပါ။”
ဒေါက်တာ အောင်နိုင်တစ်ယောက် ဒေါ်စိန်ခင်ကို ပြောလို့မနိုင်လို့ အမေဖြစ်သူကို လှမ်းပြီး မှာစရာရှိသည်များကို ပြောလိုက်သည်။
“ဟုုတ်ကဲ့ပါ ဒေါက်တာ”
အမေဖြစ်သူကတော့ ဒေါက်တာအောင်နိုင်ကို ကတိပေးလိုက်သည်။
ဒေါ်စိန်ခင်ကတော့ ချွေးမဖြစ်သူကို လှမ်းပြီး မျက်စောင်းထိုးလိုက်သည်။

“ဒေါ်ဒေါ် ကျွန်တော်မှာတာတွေ မမေ့နဲ့နော် ။ ကလေးကို စောင်ကြီး ပတ်မထားနဲ့ ချည်ထည်လေးတွေဝတ်ပေးထား။ အဲဒါဆိုရင် ကလေး အပူကျမယ်။ ဒါမှ မဟုတ်ရင်တော့အဖျားကျမှာ မဟုတ်ဘူး”
ဒေါ်စိန်ခင်ဆီမှ ဘာသံမှ ထွက်မလာ။ ကလး အမေဖြစ်သူကသာ အားနာ၍ “ဟုတ်ကဲ့ပါ ဆရာ” လို့ပြောဖော်ရသည်။

“နောက်လည်းမှတ်ထား။ ကလေးအဖျားကြီးရင် စောင်တွေ အုပ်မထားရဘူး။ အဝတ်အစားအထူတွေ လည်း ဝတ်မပေးရဘူး။ ဒါမျိုးတွေနဲ့ဆို အဖျားဘယ်တော့မှ မကျဘူး။ ”

စိတ်မချသဖြင့်နောက်တစ်ခေါက်ထပ်မှာလိုက်သည်။

ကလေးကို ချီ၍ ဒေါ်စိန်ခင်အရှေ့မှထွက်သွားသည်။ ကလေးအမေမှ နောက် မှ ကလေးခြုံခဲ့သော စောင်လေးပိုက်၍ထွက်သွားသည်။အိမ်ပြန်ရောက်ရင်တော့ ကလေးအမေနှင့် ဒေါ်စိန်ခင်တို့ ရန်ဖြစ်    ကြမလားလို့ ဒေါက်တာ အောင်နိုင်တစ်ယောက် စိုးရိမ်စိတ်ဝင်မိသည်။ ကလေး အဖျားကျဖို့က အဘွားပေါ်မူတည်နေသည်။ နက်ဖြန်များပြန်လာကြမလားလို့ တွေးတောရင် ရင်တမမဖြစ်ပြီး ကျန်ရစ်ခဲ့သည်။

Previous Post

ကိုဘချစ်ရန်ကုန်ကိုလာမည်

Next Post

အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာကျန်းမာရေး

မသောက်တာအကောင်းဆုံး

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ်(၂) ရက်ရှောင်နည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.